June 23, 2007

Windows XP ကို ပိုမြန်စေမယ့်နည်းလမ်းများ

Prefetcher ကို Tweak လုပ်ခြင်း
Windows XP တွင် Prefetcher ဟုခေါ်သောကြိုတင်စုဆောင်းသည့်စနစ်ပါရှိပါသည်။ ထို Prefetcher သည် မကြာခဏ
အသုံးပြုသော Application များဖွင့်ရာတွင် လိုအပ်သော Files များကိုကြိုတင်စုဆောင်းထားသောကြောင့် နောင်တစ်ဖန် ထို
Application များကို ဖွင့်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းမရှိတော့ပေ။
Prefecher ၏ Value ကိုဤကဲ့သို့ပြောင်းလဲနိုင်သည်။
Registry Editor ကိုဖွင့်ပါ။
HKEY_LOCAL_MACHINE\SYSTEM\ControlSet001\Control\Session Manager\Memory Management\PrefetchParameters
သို့သွားပါ။
EnablePrefetcher Value ကို ပြောင်းပါ။
1 သည် Application Files များကို Prefetch လုပ်ခိုင်းခြင်းဖြစ်သည်။
2 ဟုရိုက်ထည့်ပါက Boot Files များကို Prefetch လုပ်ပေးလိမ့်မည်။
3 ဆိုပါက မိမိအသုံးပြုသော Files များကို တတ်နိုင်သလောက် Prefetch လုပ်ပေးပါလိမ့်မည်။

ဆက်လက်ရေးသားပါမည်။

About CCleaner

အလွန်ကောင်းတဲ့ သန့်ရှင်းရေး software လေးတစ်ခုပါ။ အောက်မှာ ဖော်ပြထားတဲ့ဖိုင်
တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
1. IE Temp Files
2. IE Cookies
3. IE Recentlry Typed URLs
4. IE Index.dat files
5. IE Last Download Location
6. Windows Explorer Recent Documents List
7. Run List
8. Search Autocomplete List
9. Other Explorer MRUs
10. Empty Recycle Bins
11. Windows Temp Files
12. Data in Clipboard
13. Memory Dumps Files
14. Chkdsk File Fragment
15. Old Prefetch Data
16. Menu Order Cache
17. Tray notification Cache
18. Windows Size/location Cache
19. User Assist Histroy
20. IIS Log Files
21. Hotfix Uninstallters
22. Adobe Reader 5.0 Temp Files
23. Office 03, XP Temp Files
24. Flash Player Temp Files
25. Windows Media Player Temp Files
26. MS Paint Temp Files
တခြား အပို Tools အနေနဲ့ Registry Scan ကိုထည့်ပေးထားပါတယ်။
Program Unistaller လည်းပါပါသေးတယ်။
Download လုပ်ချင်ရင်တော့ www.ccleaner.com ကိုသွားလိုက်ပါ။
Download လုပ်တဲ့သူ သန်းချီနေပြီလို့ သိရပါတယ်။

June 12, 2007

Wallpaper Website

It is the Best Website to download high resolution, high quality wallpaper. All images can free download. Suprise!


Click this link: http://wallpaperstock.net

June 10, 2007

Welcome Anyone Who Want to Write Post At This Blog

ဒီ Blog လေးမှာ Post ၀င်ရေးချင်တဲ့သူတွေကို ဖိတ်ခေါ်ပါတယ်။ကျွန်တော် Profile မှာ ကျွန်တော့် Email Address ပေးထားပါတယ်။ကျွန်တော့်ဆီ Email ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

Gmail And Plus Addressing

gmail ရဲ့ plus addressing ဆိုတာက အတော်အသုံးဝင်ပါတယ်။Website တွေမှာ Register လုပ်တဲ့အခါ ဒီ Website ဟာ ကိုယ့် email address ကိုspammer တွေဆီ ရောင်းစား/မစားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် အဲဒီလို Website တွေကို register လုပ်ရင်း ကိုယ့် email address ကိုရိုက်ထည့်တဲ့အခါကိုယ့်အီးမေးလ်နောက်မှာ plus sign လေးထည့်ပေးလိုက်ပါ။ဥပမာ ခင်ဗျားမေးလ်က kyawkyaw@gmail.com လို့ဆိုပါတော့။ Email ထည့်ခိုင်းတဲ့Website က gogo.com ဆိုပါတော့။ ဒါဆိုရင် kyawkyaw+gogo@gmail.com လို့ရိုက်ပေးလိုက်ပါ။ အဲဒီ Website ကမေးလ်ပို့တဲ့အခါ kyawkyaw+gogo@gmail.com နဲ့ပို့မှာပါ။ kyawkyaw+gogo@gmail.com နဲ့ kyawkyaw@gmail.com ကအတူတူပါပဲ။ဒါပေမဲ့ Plus ခံထားတဲ့အတွက် Filter လုပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ Gmail ထဲက Filter Option က To: မှာ kyawkyaw+gogo@gmail.com လို့ထည့်ပါ။ပြီးရင် အဲဒီ Address နဲ့ လာတဲ့Mail တွေကို Star ပဲလုပ်လုပ်၊ Delete ပဲလုပ်လုပ်ကိုယ်ကြိုက်တာ လုပ်ခိုင်းလို့ရပါပြီ။

June 8, 2007

Running Multiple Instances of Google Talk

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။



၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။


၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

Post From notes4pc.blogspot.com

June 6, 2007

အဘွား

လောကမှာလူဘယ်နှစ်ယောက်လောက်
အဘွားအိုဖြစ်ခွင့်ရှိပါသလဲ
မွေးခါစကနေ အဘွားအိုဘ၀ထိရောက်အောက် အရာရာကို
သူဖြတ်သန်းခဲ့တယ်
တွန့်တွနေတဲ့ ပါးရေနားရေတွေဟာ ဖျော့တော့အေးမြတဲ့
မျက်လုံးတွေကို ကွေ့ဝိုက်ထားပုံ
ချိုင့်နေတဲ့ပါး၊ ကျိုးနေတဲ့သွား၊ ကိုင်းနေတဲ့ခါး၊ ထိုင်းနေတဲ့နား၊
ဝါးနေတဲ့မျက်စိနဲ့ သား၊မြေး၊မြစ် ဘုစုခရုတွေကို ဆံပင်ဖြူ
နုတ်ခိုင်းနေတဲ့အဘွား
ကျွန်တော်ကိုယ့်အဘွားကိုကြည့်ပြီး ရယ်ချင်တယ်
သူ့အနားဗျောက်ဖောက်ရင် `ဘုရားကြီးငုတ်တုတ်´ လို့
ယောက်တတ်တဲ့အဘွား
ထန်းလျက်နဲ့လက်ဖက်ကို ကျောသားရင်သားမခွဲခြား
မှီဝဲတဲ့အဘွား
တုတ်ကောက်နဲ့ကုန်းကွကွ လမ်းလျှောက်တဲ့အဘွား
အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ၀င်ရီမှာ ပြောင်းဖူးဖက်ဆေးလိပ်
တဖွားဖွား ဖွာနေပြန်တဲ့အဘွား
အဘွားဟာ ကျွန်တော်တို့အမျိုးရဲ့ သမိုင်းစာအုပ်
အဘွားဟာ ကျွန်တော်တို့ရဲ့ ပုံပြင်စာအုပ်၊
ဘုရားရှိခိုးအမျိုးမျိုးစာအုပ်
အဘွားဟာ ငါးရာ့ငါးဆယ်နိပါတ်တော်စာအုပ်ပေါ့
အဘွားဟာ အင်တာနက်မဖတ်တတ်ပေမဲ့ ပရိတ်ကြီး (၁၁) သုတ်
အလွတ်ရတယ်
အဘွားဟာ ကုလားကားမကြည့်ရပေမဲ့ ကုလားမုန့်လေးတွေ
ကျွေးတတ်တယ်
အိမ်တစ်အိမ်မှာ ကလေးတစ်ယောက်ရှိနေတာဟာ သာယာသလို
အိမ်တစ်အိမ်မှာ အဘွားအိုတစ်ယောက်ရှိနေတာလည်း ပျော်စရာပါ
ကြောင်အိုတော့ ကြွက်မလေးဆိုသလို
အဘွားရိုက်ရင် မနာဘူး
အဘွားဘာစားစား မကုန်ဘူး
အဘွားဟာ ဆန်မကုန်မြေမလေး သက်ရှိရုပ်ကြွင်းလား
မယားဆိုပျိုမှ
အဘွားဆိုအိုမှ
အိုတာကိုက လှတာပါပဲ
ဒီအဘွားဟာ
နောက်ထပ်အဘွားတွေဘယ်လောက်များများမွေးထုတ်ပေးမလဲ
ဆိုတာတော့
အဘွားရော အဘွားဖြစ်လာမယ့်သူတွေရော ဘယ်သူမှ ဖွင့်
ကြည့်ခွင့်မရခဲ့ဘူး။
ဝိုင်ချို

June 2, 2007

အဖေ့ကိုနားလည်စာနာပါ

အဖေချစ်တဲ့သား.... သားအမြင်မှာ အဖေအိုလာပြီလို့ ထင်နေမလားပဲ။ အဖေမအိုသေးပါဘူး။ အဖေ့ကိုသည်းခံနားလည်ပေးပါ။ အဖေစားသောက်တဲ့အခါ အဖေ့အ၀တ်အစားတွေ ညစ်ပတ်ပေရေတဲ့အခါကျရင်သားငယ်ငယ်က ညစ်ပတ်ပေရေလာတိုင်း အဖေကရေမိုးသန့်စင်ပေးခဲ့တာလေးတွေ၊ ခြေသည်း၊လက်သည်းညှပ်ပေးခဲ့တာလေးတွေ ပြန်သတိရလိုက်စမ်းပါ။ အဖေက အကြောင်းအရာတစ်ခုကို ထပ်တလဲလဲပြောမိခဲ့ရင်လည်း နားမငြီးပါနဲ့။သားစိတ်မှာအနှောင့်အယှက်မဖြစ်ပါနဲ့။ သည်းခံနားထောင်ပေးပါ။ သားငယ်ငယ်တုန်းက သားအိပ်မပျော်မချင်း ပုံပြင်တစ်ပုဒ်ကို ထပ်တလဲလဲအဖေပြောပြခဲ့တယ်လေ။ အဖေ ရေမချိုးချင်လို့ ငြင်းခဲ့ရင်လည်း စိတ်မဆိုးနဲ့နော်။ သားငယ်ငယ်တုန်းကရေချိုးရမှာကြောက်လို့ ဆင်ခြေအမျိုးမျိုးပေးပြီး ထွက်ပြေးတိုင်း သားနောက်ကို အဖေလိုက်လိုက်ဖမ်းခဲ့ရတာ မှတ်မိမှာပါ။ သားရဲ့ခေတ်မီပစ္စည်းကိရိယာတွေကို အဖေအသုံးမှားခဲ့ရင် `ညံ့လှချည်လားဆိုတဲ့အကြည့်မျိုးနဲ့သရော်ပြုံး မပြုံးပါနဲ့သားရယ်။ သားတို့ကို ၀တ်တတ်၊စားတတ်၊ ပြောတတ်၊ဆိုတတ်အောင် အဖေက အမျိုးစုံသင်ပြပေးခဲ့တာ ပြန်သတိရလိုက်စမ်းပါ။ သားနဲ့အဖေစကားပြောရင်းက ပြောလက်စအကြောင်းအရာလေးမေ့သွားရင်လည်းပြန်စဉ်းစားဖို့အချိန်ပေးပါ။ ပြန်သတိမရခဲ့ရင်လည်း သားစိတ်မှာ အနှောင့်အယှက်မဖြစ်ပါနဲ့။တကယ်တော့ အဖေပြောတဲ့စကားကအရေးမကြီးပါဘူး။ အရေးကြီးတာက အဖေ့အနားမှာသားရှိနေပြီး အဖေပြောပြနေတာကို သားနားထောင်နေဖို့ပါ။ အဖေစားချင်စိတ်မရှိလို့ မစားရင်လည်းဇွတ်မကျွေးပါနဲ့။ ဘယ်အချိန်မှာ စားဖို့လိုတယ်ဘယ်အချိန်မှာမစားရဘူးဆိုတာ အဖေကောင်းကောင်းသိပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ အဖေ့ခြေထောက်တွေမလျှောက်နိုင်တဲ့အခါ သားငယ်ငယ်က အဖေ့လက်တွေနဲ့ ဖေးမပြီး လမ်းလျှောက်သင်ပေးခဲ့သလို သားလက်တွေနဲ့ အဖေ့ကိုကူပေးပါလား။ တစ်နေ့နေ့မှာ ဒီလူ့ဘ၀ကြီးကို အဖေငြီးငွေ့ပြီလို့ပြောခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့။တစ်နေ့ကျရင် သားနားလည်လာပါလိမ့်မယ်။ အသက်ရှည်ပေမဲ့ နေဖို့မကောင်းတော့တဲ့အသက်အရွယ်ပါလားလို့ နားလည်ပေးပါ။ အဖေ့အမှားတွေ၊ ပျက်ကွက်မှုတွေ ရှိကောင်းရှိခဲ့ပေမဲ့ အဖေဟာသားကို အကောင်းဆုံးအမြဲပဲဖြစ်စေချင်တယ်။ အကောင်းဆုံးဖြစ်အောင်လည်း အဖေကြိုးစားပံ့ပိုးပေးခဲ့တယ်ဆိုတာသားတစ်နေ့သိလာပါလိမ့်မယ်။ သားအနားမှာ အဖေရှိနေလို့ သားစိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။ သားငယ်စဉ်တုန်းကသားဘ၀အစမှာ သားကိုအဖေပြုစုခဲ့သလို အဖေ့အနားမှာ သားနေရမယ်။ အဖေ့ကိုနားလည်အောင်ကြိုးစားရမယ်။ အဖေ့ကို ကူပေးရမယ်။ အဖေလမ်းလျှောက်တဲ့အခါ ကူပေးပါ။ အဖေ့ဘ၀နေ၀င်ချိန်မှာ သားရဲ့မေတ္တာနဲ့သည်းခံပေးပါ။ အဖေကတော့ သားအပေါ်မှာ အစဉ်အမြဲရှိနေတဲ့မေတ္တာအပြည့်ကို ဖော်ပြတဲ့အပြုံးလေးနဲ့တုံ့ပြန်ပေးနေမှာပါ။ သားကို အဖေချစ်တယ်။ သားရဲ့အဖေ

အာဏာရှင်ဆိုသည်မှာ

အာဏာရှင်အစိုးရတို့သည် တိုင်းပြည်လူထု၏အကျိုးကိုရှေးရှု၍ အာဏာရှင်စနစ်ကို ကျင့်သုံးရခြင်းဖြစ်သည်ဟုယုံကြည်ကြ၏။ အာဏာရှင်မိဘတို့သည် သားသမီးများကို ချစ်သောကြောင့်ဖိနှိပ်ချုပ်ချယ်ထားခြင်းဖြစ်သည်ဟု ဆိုကြ၏။ အာဏာရှင်တို့သည် မိမိတို့၏အတ္တမာနအားကြီးမှုကို ၀န်ခံကြမည်မဟုတ်ချေ။ သူတို့၏လက်အောက်ခံလူများကလည်း မိမိတို့၏မိဘ၊ သို့မဟုတ် ခေါင်းဆောင်များကို ကြည်ညိုလေးစားသောကြောင့် အမိန့်နာခံခြင်းဖြစ်သည်ဟုယုံကြည်ကြ၏။ စင်စစ် မိမိတို့၏အစွမ်းသတ္တိညံ့ဖျင်းမှု၊ လွတ်လပ်ရေးကိုတန်ဖိုးမထားမှု၊ မိမိကိုယ်ကိုအားမကိုးဘဲ သူတစ်ပါးကိုမှီခိုလိုမှု စသောအားနည်းချက်များကြောင့် ကျိုးနွံခြင်းဖြစ်ကြောင်း မသိမြင်ကြချေ။
ဦးအေးမောင် (`ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´မှ ကောက်နှုတ်ဖော်ပြသည်)