November 16, 2007

Social Networking

Internet အကြောင်းပြောကြစတမ်းဆို social network တွေကလည်းမပါမဖြစ်ပါ။ အင်တာနက်ဆိုတာ computer အချင်းချင်းချိတ်ဆက်ထားတယ်လို့ပြောရင်သိပ်ခေတ်မမှီ တော့ပါဘူး။ တကယ်တော့ အင်တာနက်ဆိုတာကွန်ပြူတာ digital ပစ္စည်းတွေကို ကြားခံအနေ နဲ့သုံးပြီး လူအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ယက်တစ်ခုပါ။

ဒါ့ကြောင့် သင်ဟာအင်တာနက်ကို စသုံးပြီဆိုတာနဲ့ ကမ္ဘာအနှံမှာ သင့်လိုပဲအင်တာ နက်ကို သုံးစွဲနေတဲ့သူသန်းပေါင်းများစွာရှိနေတယ်ဆိုတာ သတိရပါ။ အဲဒီလူအများကြီးထဲကမှ သင့်ရဲ့ဖူးစာရှင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို လွယ်လွယ်ကူကူရှာဖွေချင်တယ်ဆိုရင် တော့ social network တွေကို မသုံးမဖြစ်သုံးရပါတော့မယ်။


Social network ဆိုတာ အင်တာနက်ပေါ်ကနေ အလွယ်တကူမိတ်ဆွေဖွဲ့ ဖို့စီစဉ်ထား တဲ့ဝက်ဒ်ဆိုဒ်တွေကို ပြောတာပါ။
ဥပမာ…. www.hi5.com
www.orkut.com
www.friendster.com စသဖြင့်ရှိပါတယ်။

www.hi5.com ဆိုရင် ကိုယ်တွေ့ချင်သူရဲ့အသက်၊ နေထိုင်တဲ့မြို့ (သို့မဟုတ်) နိုင်ငံနဲ့ ကျား/မ ရွေးချယ်ထည့်သွင်းပေးတာနဲ့ အဲဒီ့အချက်အလက်နဲ့ ကိုက်ညီတဲ့သူရာနဲ့ချီပြီး ဖေါ်ပြပေးပါတယ်။
ဓါတ်ပုံတွေလည်းပါလာတတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အကြောင်းအရာအသေးစိတ်သိချင်ရင် တော့ ကိုယ်ကိုယ်တိုင်က ဒီ website မှာ register လုပ်ဖို့လိုပါတယ်။ Register လုပ်တဲ့အခါ ကိုယ့်ရဲ့နာမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ email၊ ဝါသနာစသဖြင့် အခြေခံအားဖြင့်ထည့်ပေးရပါ တယ်။ ကိုယ့်ဓါတ်ပုံထည့်ချင်လည်းရပါတယ်။ ကိုယ့် email ကိုမမြင်ရအောင်ထားလို့လည်းရပါ တယ်။ တချို့ website တွေက ကိုယ့်ရဲ့ အချက်အလက်တွေကို အသေးစိတ်တောင်းတတ်ကြပါ တယ်။ ဒီလိုအချက်အလက်တွေ ဖြည့်တဲ့အခါ ကိုယ်ဘက်က အမှန်အကန်မိတ်ဆွေတွေနဲ့ ခင်ချင်ရင် ကိုယ့်အကြောင်းကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ အကြံပြုလိုပါတယ်။ ဒါမှ ရေရှည်မှာ ပွင့်ပွင့်လင်းလင်းနဲ့ မိတ်ဆွေဖြစ်နိုင်မှာပါ။

ဒီလိုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့် email ကိုပြန်စစ်ကြည့်သင့်ပါတယ်။ များသောအားဖြင့် ကိုယ် register လုပ်ထားတဲ့ social network ဆိုဒ်ကနေ အကြောင်းကြားစာပို့ပေးတတ်ပါ တယ်။ တခါတခါ အဲဒီအကြောင်းကြားစာမှာ ကိုယ်ဒီဝက်ဒ်ဆိုဒ်မှာ register လုပ်ထားတာ သေချာလားဆိုတဲ့ အတည်ပြုစာမျိုးပါလာတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် အခြားသူတစ်ဦးက ကိုယ့်ရဲ့ email လိပ်စာကိုသုံးပြီး register လုပ်ခွင့်ရသွားတာမျိုးမဖြစ် အောင်လို့ပါ။

Register လုပ်ပြီးပြီဆိုရင်တော့ ကိုယ်သိချင်တဲ့ သူရဲ့အကြောင်း (Profile) တွေကိုကြည့်လို့ ရပါပြီ။ သဘောကျတယ်၊ ခင်တယ် ဆိုရင် message တွေပို့ လို့ရပါတယ်။ ဒီ social network တွေမှာ member အချင်းချင်းပဲပို့လို့ရတဲ့ email စနစ်တွေရှိတတ်ပါတယ်။ message ပို့ပြီးဆက်သွယ်ရတာလောက်နဲ့ အားမရဘူး၊ ဓါတ်ပုံတွေ၊ videoတွေ၊ ကိုယ်ပိုင် Blog တွေပါ ဝေမျှချင်တယ်ဆိုရင်တော့ www.myspace.com, 360.yahoo.com, www.multiply.com လို အနည်းငယ်ရှုပ်ထွေးပေမယ့် ပိုမိုစုံလင်တဲ့ functions တွေပါတဲ့ social network တွေသုံးသင့်ပါတယ်။

Function တစ်မျိုးတည်း (ဓါတ်ပုံသက်သက်၊ video သက်သက်) ပဲ share လုပ်ရတာ စိတ်ဝင်စားရင်တော့ content communities တွေသုံးကြည့်ပါ။ ဓါတ်ပုံဝါသနာပါတဲ့ သူတွေအတွက် www.flickr.com ၊ video တွေအတွက် www.youtube.com တို့ရှိကြပါတယ်။ ဒါအပြင် ကိုယ်ကြိုက်တဲ့ web site အကြောင်းနဲ့ အဲဒီ website တွေထဲမှာပါတဲ့ အကြောင်းအရာတွေဝေမျှချင်ရင်တော့ www.digg.com, www.stumbleupon.com, www.del.iciou.us, www.slashdot.org စတဲ့ website တွေကိုအသုံးပြုလို့ရပါတယ်။ သူများတွေတင်ထားတဲ့ ဓါတ်ပုံ၊ video တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ၊ ကိုယ့်အမြင်သူ့အမြင်တွေကို ပျော်ပျော်ရွှင်ရွှင်ရင်ဖွင့်ရေးသားနိုင်ပါတယ်။ ဒီနေ့ internet ခေတ်မှာဒီလို social network တွေ၊ content communities တွေသုံးတဲ့အတွက် နိုင်ငံအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းအသစ်တွေ ဗဟုသုတအသစ်တွေ တိုးပွားစေနိုင်သလို ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေးပါလားဆိုတဲ့ ခံစား ချက်လေးလည်း ရရှိလာမှာဖြစ်ပါတယ်။

(social network တွေရဲ့ စာရင်းကို wikipedia မှာ ဒီ (URL)ကိုကြည့်နိုင်ပါတယ်။)
http://en.wikipedia.org/wiki/List_of_social_networking_websites

Post From http://mynetclass.blogspot.com

Wikipedia

www.wikipedia.com
Wikipedia ဆိုတာကတော့ ဘာသာစကားမျိုးစုံပါဝင်တဲ့ အင်တာနက်ပေါ်က အခမဲ့ လွတ်လပ်စွယ်စုံကျမ်းပါ။ ဒီစွယ်စုံကျမ်းကြီးမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း ပါဝင်ရေးသားနိုင်ပါတယ်။ ဘာသာစကား အသီးသီးနဲ့ ပါဝင်ရေးသားကြပြီး သင်ကိုယ်တိုင်လည်း wikipedia ရဲ့ တစိတ်တပိုင်းအဖြစ် လိုနေသေးကြောင်းကို wikipedia website ရဲ့ home page မှာ အပိုင်းအစလေးတွေကို ဆက်ပြီး ပုံဖော်ရတဲ့ Jigsaw ကစားနည်းလေးနဲ့ ပုံဖော်ထားတာတွေ့ ရမှာပါ။ Wiki ကို ၂၀၀၁ ဇန်နဝါရီမှာ ဂျင်မီဝေးလ်စ် နဲ့ လာယ်ရီစင်းဂါ တို့က ဖန်တီးခဲ့တာပါ။

တချိန်တုန်းကတော့ စွယ်စုံကျမ်းဆိုရင် ဘာသာရပ်ကျွမ်းကျင်သူတွေ၊ တက္ကသိုလ် ပါမောက္ခတွေက နှစ်ပေါင်းများစွာ ရေးသားပြုစုပြီး စာအုပ်အကြီးကြီးတွေနဲ့ အတွဲလိုက် ပုံနှိပ်ကြတယ်၊ ဒေါ်လာ ရာနဲ့ချီ၊ ထောင်နဲ့ချီပြီးပေးရပါတယ်၊ Britannica စွယ်စုံကျမ်းကတော့ နာမည်အကြီးဆုံးပေါ့။ computer ခေတ်ရောက်လာတော့ စာအုပ်တွေအစား CD-ROM တွေပေါ်လာတယ်။ Microsoft ကထုတ်တဲ့ Encarta စွယ်စုံကျမ်းCDက ထိပ်ဆုံးကပါ ။ ဒါပေမဲ့ အရင်တုန်းက အကြောင်းအရာတွေကို စာရွက်ပေါ်ကနေ CD အဖြစ်အသွင်ပြောင်းလိုက်တာပဲ ရှိတာပါ။ Britannica မှာ ဆောင်းပါးပေါင်း ၈၀,၀၀၀ လောက်ပဲရှိရာက Microsoft Encarta မှာတော့ တစ်သိန်းကျော်လောက်ထိ ပါလာပါတယ်။

ထူးခြားတဲ့အပြောင်းအလဲကတော့ အင်တာနက်ကို သုံးပြီးဖတ်ရှုလို့ရအောင်လုပ်ခဲ့တဲ့ wikipedia ပါ။ အစမှာတော့ အရင်ပုံစံ စွယ်စုံကျမ်း တစ်ခုဖြစ်တဲ့ Nupedia နဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စွယ်စုံကျမ်းကို project ပုံစံပြောင်းပြီး လူတိုင်းပါဝင်မှုကို ဖိတ်ခေါ်ထားပါတယ်။ လူတစ်ယောက်က မိမိ နှံစပ်ကျွမ်းကျင်တဲ့ အကြောင်းအရာတစ်ခုကို စရေးတယ်၊ တခြားတ ယောက်ကလည်း အဲဒီအကြောင်းအရာကို ပိုသိတယ်ဆိုရင် ဝင်ပြီးဖြည့်ရေးနိုင်ပါတယ်။ အဲလိုပဲ ကိုယ်ကလည်း တခြားသူရေးထားတဲ့ အကြောင်းအရာကို လိုနေတယ်ထင်ရင် ထပ်ပြီးဖြည့်စွက် နိုင်တယ်။ မှားနေရင်လည်း ပြင်ပေးလို့ရပါတယ်။ တကယ်လို့ အချက်အလက်တစ်ခုက အငြင်းပွားစရာဖြစ်နေရင်လည်း discussion ကဏ္ဍမှာဆွေးနွေးနိုင်ပါတယ်။

ကိုယ်က ခေါင်းစဉ်သစ်တစ်ခုကို စရေးမယ်ဆိုရင်တော့ wikipeida website မှာ register လုပ်ဖို့လိုပါတယ်။ ရှိပြီးသားခေါင်းစဉ်ကို ထပ်ဖြည့်ဖို့ဆိုရင်တော့ ဆောင်းပါးထဲမှာ edit ဆိုတဲ့ နေရာလေးတွေကို နှိပ်လိုက်ရင် ရေးလို့ရမဲ့နေရာဆီ ရောက်သွားပါလိမ့်မယ်။ ဆောင်းပါး အသစ်တွေဟာ ဆီလျှော်တဲ့အကြောင်းအရာဖြစ်မဖြစ်၊ အချက်အလက်မှန်ကန်မှုရှိမရှိ ကိုတော့ စိစစ်ပါတယ်။

Wikipedia ကိုယခုချိန်ထိ ဘာသာစကားပေါင်း (၂၅၃) မျိုးနဲ့တွေ့ နိုင်ပါတယ်။ မြန်မာဘာသာ အပါအဝင်ပေါ့။ ဆောင်းပါးအားလုံးစုစုပေါင်း ၇.၅သန်း ရှိနေပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ချည်းပဲ ဆောင်းပါး ၁.၈၄ သန်းလောက်ရှိတယ်။ ထပ်ပြီးလဲ တိုးလာနေ ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ wiki ကို en.wikipedia.org ၊မြန်မာက my.wikipedia.org နဲ့ တိုက်ရိုက်သွားလို့ရပါတယ်။ wiki ရဲ့ main နေရာဖြစ်တဲ့ www.wikipedia.org မှလည်း အခြားဘာသာတွေကို သွားလို့ရပါတယ်။

ကိုယ်လိုချင်တဲ့ အကြောင်းအရာ၊ အချက်အလက်ကို Search ဆိုတဲ့နေရာလေးမှာ ရိုက်ထည့်ပြီး ရှာရမှာပါ။ ရှေ့ စာမျက်နှာမှာတော့ နေ့တိုင်းအတွက် အကောင်းဆုံး ဆောင်းပါး၊ ဓါတ်ပုံ၊ မွေးနေ့ရှင်အဆိုအမိန့်တွေနဲ့ သတင်းအတိုအထွာလေးတွေကို ထုတ်ပေးထားပါတယ်။ ဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြီဆိုရင် အဲဒီအကြောင်းအရာထဲက ဝေါဟာရတွေ၊ စကားလုံးတွေမှာ သီးခြားဆောင်းပါး ရှိရင်လည်း အပြာရောင်လေးတွေ ပြပြီးချိတ်ဆက်ထားပါတယ်။ တခြားဆက်စပ်နေတဲ့ ခေါင်းစဉ်တွေကိုလည်း အောက်ဘက်က See also နေရာမှာပေး ထားတယ်။ ဒီ့ပြင် တခြား websites ကောင်းတာတွေကိုလည်း External Links အနေနဲ့ လမ်းညွှန်ထားပါတယ်။ ကျမ်းကိုးစာရင်း References တွေကိုလည်းဖော်ပြထားပါတယ်။ သာမန်လူတစ်ဦးကလည်း ဝင်ရေးနိုင်တဲ့ စွယ်စုံကျမ်းက စိတ်ချနိုင်မှုရှိပါ့မလားဆိုပြီး မေးခွန်းထုတ်ကြပေမဲ့ လူအများစုရေးကြတာဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုထိ ပြည့်စုံ မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ လွတ်လပ်ပြီး လူတိုင်းပါဝင်နိုင်မှုကို အဓိက ထားတဲ့အတွက် အချက်အလက်တွေက ကိုယ့်အတွက် တကယ်အသုံးဝင်မဝင်ကိုတော့ ကိုယ်တိုင် ချင့်ချိန်ဖို့ အားပေးထားပါတယ်။

Wikipedia မှာ စွယ်စုံကျမ်းအပြင် တခြားစီမံကိန်းတွေလည်းရှိပါသေးတယ်။ ဘာသာမျိုးစုံ အဘိဓါန် wiktionary ၊ အဆိုအမိန့်တွေစုထားတဲ့ wikiquote ၊ online သင်ယူနိုင်တဲ့ wikiversity နဲ့ တခြား wiki ရဲ့ အလားတူ sister projects တွေကိုလည်းလေ့လာနိုင်ပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ ကိုယ့်အိမ်နေရာလေးထည့်ချင်ရင်တော့ www.wikimapia.org မှာညွှန်းပေးလို့ရပါတယ်။ လူကြည့်အများဆုံး websites တွေကို စာရင်းပြုစုတဲ့ www.alexa.com ရဲ့အဆိုအရ wikipedia ဟာယခုလက်ရှိ လူကြည့် အများဆုံးထိပ်ဆုံး ၁၀ စာရင်းဝင်ပါ။ တခြားစွယ်စုံကျမ်း တွေကိုလေ့လာချင်ရင်တော့ wiki ကိုအရင်သွားပြီး list of encyclopedias ဆိုပြီးရှာကြည့် လိုက်ပါ။ တကမ္ဘာလုံးက အမျိုးအစားစုံလင်တဲ့ စွယ်စုံကျမ်းစာရင်းကိုတွေ့ရမှာပါ။

Open Courseware

ဒီနေ့လို အင်တာနက်ခေတ် အမြဲမပြတ်သင်ယူလေ့လာနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ သင့်အနေ နဲ့နောက်ကျကျန်နေလား?...!! ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေက သင့်ဆီကို ပျံသန်းလာနေပါပြီ။ ၂၀၀၁ ခုနှစ်ကစပြီး အမေရိကန် မန်ဆက်ချူးဆက် နည်းပညာတက္ကသိုလ်(MIT) က သူတို့ရဲ့သင်ရိုးတွေကို Online ပေါ်မှ လူတိုင်းသင်ယူလေ့လာနိုင်တဲ့ Open Courseware ဆိုပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။ ဝင်ခွင့်တွေ၊ ကန့်သတ်ချက်တွေ ဘာမှမလိုဘဲ ကိုယ်လိုချင်တဲ့ဘာသာကို ရွေးပြီးလေ့လာနိုင်တယ်။ အခုဆိုရင် Undergraduate အတွက် သင်ရိုးပေါင်း ၁၀၀၀ ကျော်ရှိနေပါပြီ်။

ကျောင်းအပ်တဲ့အနေနဲ့လုပ်ရမှာက MIT web site မှာ register လုပ်ရုံပါပဲ။ သင်ခန်းစာတွေမှာ assignmentတွေ၊ projectတွေ လုပ်ရလေ့ရှိပါတယ်။ တချို့သင်ရိုးတွေက စာမေးပွဲတွေဖြေရတယ်။ သင်ခန်းစာရှင်းလင်းချက်တွေကို ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ download ကူးယူပြီးလေ့လာနိုင်တယ်။ တချို့သင်ခန်းစာတွေကတော့ မှတ်စုနဲ့ အမေးအဖြေတွေပဲပေးပါတယ်။ MITတက္ကသိုလ်ပါမောက္ခတွေ ရေးတဲ့ ပြဌာန်းစာအုပ်တွေလဲရှိတယ်။ Simulations (သရုပ်ပြပရိုဂရမ်)တွေ၊ Power Point presentation တွေနဲ့လဲ ရှင်းလင်းထားပါတယ်။ ကျောင်းသားအချင်းချင်းတိုင်ပင်ဆွေးနွေးဖို့ကိုလဲ discussion groupတွေနဲ့ လုပ်လို့ရတယ်။ OCW သင်ရိုးတွေက ဘွဲ့ ချီးမြှင့်မှာမဟုတ်ကြောင်းကိုတော့ ပြောထားပါတယ်။

အခုဆိုရင် MIT အပြင် တခြားနေရာတွေမှာလဲ OCW လှုပ်ရှားမှုတွေရှိနေပါပြီ။ OCW လေ့လာနိုင်တဲ့နေရာတွေကတော့…….
http://ocw.mit.edu (Massachusetts institute of Technology OCW)
http://ocw.usu.edu (Utah State University OCW)
http://ocw.jhsph.edu (Johns Hopkins School of Public Health OCW)
http://ocw.tufts.edu (Tufts University OCW)
http://ocw.fhda.edu (Foothill – De Anza Community College SOFIA)
http://ocw.cmu.edu/oli/ (Carnegie Mellon Open Learning Initiative)

MIT ကသင်ရိုးတွေကို တရုတ်၊ ဂျပန်နဲ့ တခြားဘာသာတွေကိုလည်း ပြန်ဆိုထားပါတယ်။ Open Courseware တွေကို ကျောင်းသူကျောင်းသားတွေအပြင် ဆရာ၊ဆရာမတွေလည်း ကိုးကားဖို့ ခွင့်ပြုထားပါတယ်။ Open Courseware နည်းတူတခြားအဖွဲ့အစည်းတွေကလည်း Open Educational Resources၊ Development Gateway ဆိုပြီး knowledgeတွေကို shareလုပ်ထားတာ တွေလဲရှိပါသေးတယ်။ topics.developmentgateway.org, www.dgfoundation.org တို့မှာလေ့လာ နိုင်ပါတယ်။

Post From http://mynetclass.blogspot.com

About File Hash

ခင်ဗျားရော ကျွန်တော်ရော အင်တာနက်သုံးတယ်။ ဟိုဟာဒီဟာ download လုပ်တယ်။ တခါတလေ connection ကျသွားရင် download လုပ်တာ 99% ရောက်ပြီးကာမှ အစကပြန်လုပ်ရတာမျိုး ကြုံဖူးတယ် မဟုတ်လား။ အဲဒီလို ပြဿနာကျ Free Download Manager သုံးပြီး ဖြေရှင်းနိုင်တယ်။ သူ့မှာက Resume စနစ် ပါတယ်။ connection ပြတ်လည်း ရောက်တဲ့နေရာကနေ ပြန်လုပ်ပေးတယ်။ ဒီထိတော့ ခင်ဗျားလည်း သိမှာပါ။ အဲ နောက်တစ်ခုကတော့ တကယ့်ပြဿနာဗျ။ 100% ထိလည်း ရောက်တယ်။ ဖွင့်ကြည့်တော့မရ။ download လုပ်တာ မပြည့်စုံဘူးလို့ပဲ error ပြပြနေတာမျိုးပေါ့။ ဒီထိ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်းမသိသေးဘူး။ နောက်ပိုင်း တချို့ website တွေမှာ File တစ်ဖိုင်ကို download ပေးပြီဆိုရင် အောက်မှာ MD5 Hash ဆိုတာ ပါလာတယ်။ 32 လုံးထိ ရှည်တယ်။ number တွေရော၊ character တွေရော ပါတယ်။ ဒါမျိုးလေး 4E5DFD6C2B42409AF27340A1E7D4FE41
ဒါနဲ့ အဲဒါ ဘာလဲပေါ့။ လိုက်ရှာကြည့်တော့ လားလား download ပြဿနာကြီးကို လုံးဝရှင်းပေးတဲ့နည်းပဲဗျ။
သဘောက ဖိုင်တစ်ဖိုင်မှာ သူ့ရဲ့ size ပေါ်မူတည်ပြီး Hash value တွေပြောင်းသွားတယ်။ အဲဒီဖိုင် ပြည့်စုံမှု ရှိမရှိဆိုတာ File Hash ကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။ ခင်ဗျားက Website တစ်ခုကနေ File download လုပ်မယ်ဗျာ။ အဲဒီ Website မှာ အဲဒီဖိုင်အတွက် Hash value ပေးထားမယ်။ ခင်ဗျား download လုပ်လိုက်တဲ့ File ရဲ့ Hash value နဲ့ Website မှာ ပြထားတဲ့ Hash value တူကိုတူရမယ်။ မတူရင် အဲဒီဖိုင် download လုပ်တာ မပြီးဘူးလို့ယူဆလို့ရပါတယ်။
File Hash တွက်နည်းတွေ အများကြီးရှိပါတယ်။ MD5, SHA1, CRC32 စသည်ဖြင့်ပေါ့။ MD5 က အသုံးများတယ်။ File Hash တွက်ပေးတဲ့ Program ထဲမှာ www.beeblebrox.org က ထုတ်တဲ့ Hash Tabက အကောင်းဆုံးပဲ။ Windows Shell Extension လည်းဖြစ်တယ်။ File ကို Right Click နှိပ်၊ Properties ရွေးပြီး File Hash ကို ရွေးလိုက်ရုံပဲ။ Compare လုပ်ဖို့အတွက် Compare button လေးပါပါတယ်။ download လုပ်ဖို့အတွက်တော့ http://www.beeblebrox.org/hashtab/ ကိုသွားလိုက်ပါဦး။်

November 14, 2007

One click to stop windows xp services

Windows XP မှာ နောက်ကွယ်ကနေ အလိုအလျောက် run နေတဲ့ service တွေရှိပါတယ်။ ဥပမာ ခင်ဗျား Print ထုတ်နိုင်ဖို့အတွက် Print Spooler ဆိုတဲ့ service လေးက အမြဲတမ်း run နေရပါတယ်။ ကိုယ့်ကွန်ပျူတာမှာ ဘယ် service တွေ run နေသလဲဆိုတာ Run ကနေ services.msc လို့ရိုက်ထည့်ပြီး ကြည့်နိုင်ပါတယ်။ အများအားဖြင့် ကျွန်တော်တို့အတွက် မလိုအပ်တဲ့ services တွေအများကြီး run နေတတ်ပါတယ်။ အဲဒီတော့ဘာဖြစ်လဲ။ စက်နှေးတာပေါ့။ ကွန်ပျူတာကြီး နှေးနေတာကတော့ ခင်ဗျားရော ကျွန်တော်ရော မကြိုက်ဘူး မဟုတ်လား။ အဲဒီတော့ မလိုအပ်တဲ့ services တွေကို ပိတ်ပစ်ကြရအောင်။ ရိုးရိုးတန်းတန်းပိတ်မယ်ဆိုရင် services တစ်ခုချင်းစီ လိုက်ပိတ်နေရမှာပါ။ အချိန်ကြာတယ်။ အဲဒီတော့ ကျွန်တော်အောက်မှာပေးထားတဲ့ File လေးကိုပဲ Download လုပ်ပြီး Double Click နှိပ်လိုက်။ မလိုအပ်တဲ့ service တွေကို ပိတ်ပေးပါလိမ့်မယ်။ Yes or No မေးတဲ့ အခါမှာတော့ Y လို့ ရိုက်ပြီး Enter ခေါက်ပေးပါ။

Download Stop Services Batch File

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ

၁။ File Indexing ကို Disable လုပ်ထားပ

ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့

Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။

၂။ Start up program တွေကို ဖြုတ်ပစ်ပါ

Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့

Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။

တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။

၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့

Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့

Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။

ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။

၎။ Virtual Memory တိုးပေးပ

Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့

Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။

၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ

Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့

Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။

၆။ Visual Effect တွေကို လျှော့ချပါ

Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့

Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။

November 13, 2007

အကောင်းဆုံး Antivirus

ခင်ဗျားကွန်ပျူတာမှာ ဘာ Anti virus တင်ထားသလဲ။ Kaspersky မဟုတ်ရင်တော့ Uninstall လုပ်ပစ်လိုက်တော့။ Kaspersky ကို ဘယ် Anti virus မှ မမှီဘူးနော်။ တကယ်ပြောတာ။ Brontok တို့၊ အခု ခေတ်စားနေတဲ့ Flashy တို့လောက်တော့ အသာလေးပဲ။ တကယ့်ကို Protection အပြည့်ပါပဲ။ ကျွန်တော်က ဘာကြေငြာခမှ ရတာလည်းမဟုတ်ဘူး။ ခင်ဗျားကို တကယ်စေတနာရှိလို့ ညွှန်းနေတာပါ။ အခုချက်ချင်း ဆိုင်တစ်ဆိုင်ဆိုင်ကို ပြေးဝယ်လိုက်တော့။ 7.0 version ထွက်နေပြီ။ License Key မရှိရင် ကျွန်တော့်ဆီ လှမ်းတောင်းလိုက်။ တစ်ခုတော့သတိထားပါနော်။ တစ်ပတ်တစ်ခါလောက်တော့ Update လုပ်ပေးပါ။ Update မလုပ်တတ်ရင်လည်း ကျွန်တော့်ဆီ အချိန်မရွေးလှမ်းမေးနိုင်ပါတယ်။ Email လိပ်စာက ညာဘက်မှာရေးထားတယ် မြင်တယ်မဟုတ်လား။

November 12, 2007

Driver backup လုပ်ဖို့

တစ်နေ့က ကျွန်တော့်ဆီ laptop တစ်လုံးရောက်လာတယ်။ အသံမထွက်လို့တဲ့။ ကျွန်တော်လည်း နည်းနည်းကြည့် လိုက်တော့ audio driver မရှိတာတွေ့ရော။ အဲဒါနဲ့ driver မရှိဘူးလို့၊ driver မရှိလို့ အသံမထွက်တာလို့ ပြောလိုက်တယ်။ laptop ၀ယ်တုန်းက driver ခွေပါမှာပါ၊ အဲဒါယူခဲ့လို့ ပြောတော့ driver ခွေမပါဘူးတဲ့။ ဆိုင်က မပေးလိုက်ဘူးလို့ပြောတယ်။ အဲဒါနဲ့ ၀ယ်ခါစကရော အသံထွက်သလားလို့မေးလိုက်တယ်။ ၀ယ်ခါစကတော့ အသံထွက်ပါတယ်တဲ့။ နောက်မှ Virus ၀င်လို့ ပြင်ပြီးတဲ့နောက်ပိုင်းမှ မထွက်တော့တာတဲ့။ အဲဒါလောက်ဆို ကျွန်တော်ရိပ်မိသွားပါပြီ။ Virus သတ်တဲ့သူက Format ချ၊ Windows တင်ပေးလိုက်တာပါပဲ။ Driver က Format ချ Windows တင်တော့ ပါသွားတာပေါ့။ ကျွန်တော် အဓိကပြောချင်တာက driver တွေကို backup လုပ်ထားကြဖို့ပါ။ Driver ခွေဆိုတာက ပျောက်နိုင်တယ်။ Laptop တွေဆိုလည်း အစောကပြောသလို ခွေမရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကိုယ့်စက်ကလေးကောင်းနေတုန်း driver တွေကို backup လုပ်ထားကြပါ။ ကွန်ပျူတာပြင်တဲ့သူတွေလည်း ကိုယ့်ဆီလာပြင်တဲ့ကွန်ပျူတာကို Format တွေဘာတွေချတော့မှာဆိုရင် driver ကို backup လုပ်ပြီးမှချပေါ့။ Backup လုပ်တဲ့ Program တွေထဲက ကျွန်တော်ကြိုက်တာကတော့ Driver Genius ပါ။ မရှိတဲ့သူများ ကျွန်တော့်ဆီ email ပို့ပြီး တောင်းယူနိုင်ပါတယ်ခင်ဗျား။

November 10, 2007

7zip

အခုအချိန်မှာ ဖိုင်တွေချုံ့တဲ့အကြောင်းပြောတော့ ရီစရာကောင်းနေမလားပဲ။ Hard Disk တွေကလည်း Size အကြီးကြီးတွေပဲလာနေတာလေ။ ရှိတဲ့ Data နဲ့ Hard Disk နဲ့မဆန့်တဲ့ သူတွေ၊ Memory Stick ထဲ ပြွတ်သိပ်ထည့်ချင်တဲ့သူတွေအတွက်တော့ Winzip တို့ WinRAR တို့ကို သုံးနေရဆဲပါ။ အင်တာနက်ကရတာတွေကလည်း Zip File တွေပဲ များပါတယ်။ အမှန်ပြောရရင် ကျွန်တော်တို့က Zip File တွေ Create သိပ်မလုပ်ရပဲ ဖြည်နေ ရတာများပါတယ်။ ကျွန်တော်ကတော့ သွားလေရာ Memory Stick လေးသယ်သွားတော့ တွေ့တဲ့ Data အကုန်ကူးတယ်။ အဲဒီတော့ ခဏလေးနဲ့ပြည့်ရော။ အဲဒီမှာ ဖိုင်တွေကို Zip ချုံ့ရတာပဲ။ အရင်တုန်းကတော့ WinRAR သုံးတယ်။ အခုတော့ 7zip သုံးနေပြီ။ တော်တော်လေးကို ချုံ့နိုင်ပါတယ်။ သူ့ရဲ့ ဖိုင်အမျိုးအစားက 7z ပါ။ အဲဒီ 7z format နဲ့ချုံ့ရင် ပိုချုံ့နိုင်ပါတယ်။ ရိုးရိုး zip format လည်း ချုံ့နိုင်ပါတယ်။ www.7-zip.org မှာ Free download လုပ်လို့ရပါတယ်။

Internet Bandwidth တွေတိုးလိုက်ပြီ

တလောကအင်တာနက်ဂျာနယ်မှာ MPTက bandwidth တွေတိုးလိုက်ပြီလို့ ဖတ်ရပါတယ်။ bandwidth ဆိုတာက လိုင်းအကျယ်ပါ။ အရင်တုန်းက 90 MB ရှိရာကနေ အခု 240 ကျော်ကျော်ထိ တိုးလိုက်ပြီတဲ့။ ဒီနှစ်ကုန်ရင် 1GB ထိ တိုးမယ်တဲ့။ ပြောတာပဲ။ ဘာပဲပြောပြော ၀မ်းသာပါတယ်။ အင်တာနက်သုံးရတာ ပိုမြန်လာတာပေါ့။

Website တွေဘယ်လိုပိတ်တာလဲ

STOP! ဆိုတဲ့စာသားအနီရောင်ကြီးကိုမြင်တိုင်း ခင်ဗျားတို့ရော၊ ကျွန်တော်ရော စိတ်ညစ်သွားကြမှာပါ။ ကျွန်တော်တို့တိုင်းပြည်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ်သုံးလို့မရတာ အားလုံးအသိပဲ မဟုတ်လား။ ဘန်းထားတဲ့ Site တွေကို တော်တော်များများ ကျော်တတ်ခွတတ်ကြပါတယ်။ ဟုတ်တယ်မဟုတ်လား။ အဲ..အဲဒီ ကျော်တဲ့Site တွေကိုပါ ထပ်ဘန်းတော့ ဘယ်လိုလုပ်မလဲ.ဟရို့။

ပထမဆုံး နောက်ခံသီအိုရီလေးအရင်ရှင်းပြပါရစေ။ အခု ခင်ဗျားတို့သိတဲ့ MPT တို့ ၊ BaganNet(အခု MTP) တွေကို ISP လို့ခေါ်ပါတယ်။ အဲဒီ ISP တွေမှာ Server ကွန်ပျူတာ နှစ်မျိုးထား ရှိပါတယ်။ DNS Server နဲ့ Proxy Server ပါ။ DNS ကတော့ ဒီ ကျော်တာခွတာနဲ့ မဆိုင်လို့ မပြောတော့ပါဘူး။ အဓိကက Proxy Server ပါ။ Proxy ကို ဘာသာပြန်ရင် ကိုယ်စားလှယ်လို့ ခေါ်နိုင်ပါတယ်။ ဒါဖြင့် ဘာကိုယ်စားလှယ်လဲ။ ဟုတ်ကဲ့..Website ကိုယ်စားလှယ်ပါ။ ဥပမာ ကျွန်တော်တို့က www.microsoft.com ကို ၀င်ကြည့်တယ်ဆိုပါတော့။ အဲဒီ Microsoft ဆိုဒ်ကြီးကို သိမ်ထားတဲ့ကွန်ပျူတာ တနည်းအားဖြင့် Microsoft Web Server က သူ့ဆိုဒ်ကြီးကို ကျွန်တော်တို့ဆီလှမ်းပို့ပေးလိုက်မယ်။ စဉ်းစားကြည့်ဗျာ Microsoft နဲ့ ကျွန်တော်တို့ကအဝေးကြီး။ အရမ်းကြာမှပေါ့မဟုတ် ဘူးလား။ အဲဒီလိုမကြာအောင် ဒီMPT မှာရှိတဲ့ Proxy Server က Microsoft website ကိုကြိုပြီးယူထားတယ်။ ကျွန်တော်တို့က Microsoft Website လိပ်စာရိုက်လိုက်တာနဲ့ အရင်လို Microsoft Web Server ကနေ လှမ်းမယူတော့ပဲ အဲဒီ Proxy Server က သူ့ထဲမှာရှိတဲ့ Microsoft Website ကို ကျွန်တော်တို့ဆီပို့ပေးလိုက်တယ်။ ပိုမြန်သွားတာပေါ့မဟုတ်ဘူးလား။

Website ပိတ်တယ်ဆိုတာ ဒီနေရာမှာလာပါပြီ။ ဒီ Proxy Server ဆီ request လုပ်တဲ့ address တွေထဲမှာ သူတို့ပိတ်တဲ့ Site ရဲ့ address လေးပါလာပြီဆိုရင် Proxy server က ထုတ်မပေးတော့ဘူး။ ကဲ..အဲဒီတော့ ကျွန်တော်တို့က ကြည့်မရတော့ဘူးပေါ့။ဒါဖြင့် ဘယ်လိုကျော်မှာလဲ။ လွယ်လွယ်လေးပါ။ MPT က Proxy Server ကိုမသုံးဘူးပေါ့။ နိုင်ငံခြားက Proxy Server ကိုလှမ်းသုံးမှာပေါ့။

ဘယ်လိုသုံးရတာလဲဆိုတော့ နှစ်နည်းရှိပါတယ်။ တစ်ခုက CGI Proxy သုံးတာ၊ နောက်တစ်ခုက Proxy Switch Program တွေသုံးပြီး ကျော်တာပါ။ လွယ်တာက CGI Proxy ကလွယ်တာပါ။ CGI Proxy Website ကိုဖွင့်၊ ကိုယ်ကျော်ချင်တဲ့ Site ရဲ့လိပ်စာရိုက်ထည့်လိုက်ရုံပဲ။Google ထဲမှာ CGI Proxy လို့ရိုက်ထည့်လိုက်ရင် CGI Proxy Site တွေအများကြီးထွက်လာမှာပါ။

နောက်တစ်ခုက Proxy Switch Program ပါ။ ဥပမာ Your Freedom ပေါ့။ သူကတော့ ကမ္ဘာတစ်ဝန်း အားနေတဲ့ Proxy Server တွေကို အလိုလိုရှာပေးတယ်။ ပိတ်ထားတဲ့ Site တွေကို Auto ကျော်ပေးပါတယ်။ Configuration လုပ်ရတာတော့ နည်းနည်းလက်ဝင်ပါတယ်။ ပြီးတော့ Connection က နှေးသွားပါတယ်။

November 9, 2007

P4 ပြီးတော့ ဘယ်လိုခေါ်မလဲ

တစ်နေ့က သူငယ်ချင်းမလေးတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူက သူ့ကွန်ပျူတာ မော်ဒယ်အောက်နေလို့တဲ့။ အဲဒါ အခုပေါ်တဲ့ P5 ၀ယ်ချင်လိုက်တာတဲ့။ ဟိုက်..ကျွန်တော်ကိုယ့်နဖူးကိုယ် ရိုက်မိတယ်။ ဘယ့်နှယ်..အဲဒီ ကောင်မလေးမှမဟုတ်ဘူး။ တော်တော်များများ P4 ပြီးရင် P5 လာမယ်ဘဲထင်နေကြတာ။ Intel company က Pentium 4 ပြီးတော့ Pentium 5 လို့မထုတ်ပါခင်ဗျ။ Pentium D လို့နာမည်ပေးပါတယ်။ တစ်ချို့ကရှိသေးတယ်။ 775 ကွန်ပျူတာတဲ့။ အဲဒါလည်းမှားတာပဲ။ 775 က Pentium D မှာပါတဲ့ Pin အရေအတွက်ကိုပြောတာပါ။ ကဲ..အဲဒီတော့ P5 လို့တော့ မသုံးကြပါနဲ့ဗျာ။ ရှက်စရာကြီး။ PD လို့ပြောချင်ရင်ပြော ဒါမှမဟုတ် Pentium D လို့ခေါ်ကြပေါ့ဗျာ။ ဒါတောင် Celeron D ဆိုပြီး ရှိသေးတယ်။ နောက်..Dual Core တဲ့။ Celeron D ကတော့ Pentium D ကို ၀ိတ်လျော့ထားတာ။ Dual Core ဆိုတာတော့ Processor နှစ်လုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းထားတာပါ။ နောင်မကြာခင်မှာ Quad Core ဆိုပြီး လာပါတော့မယ်။

November 8, 2007

Portable Application တွေအကြောင်း

Portable application ဆိုတာက portable device တွေမှာ သုံးလို့ရတဲ့ application ကိုပြောတာပါ။ ဥပမာ- ခင်ဗျားရဲ့ MP3 Player, Memory Stick ထဲမှာပေါ့။ Install လုပ်စရာမလိုဘူး။ ချက်ချင်းသုံးရုံပဲ။ ဘယ်လောက်ဟန်ကျသလဲ။ ကိုယ်ထည့်ချင်တဲ့ application တွေထည့်၊ သွားလေရာသယ်သွားရုံပဲ။
ခင်ဗျားတို့လည်းတွေ့မှာပါ။ ကွန်ပျူတာဂျာနယ်နောက်ကျောဖုံးမှာ စီဒီဖိုရမ်ကကြော်ငြာကိုလေ။ အဲဒီထဲမှာ USB Drive ကနေတိုက်ရိုက်သုံးလို့ရတဲ့ AutoCAD တွေဘာတွေ စသည်ဖြင့်ရေးထားတာလေ။ အဲဒါ portable application တွေပဲ။ အခုနောက်ပိုင်း ဗိုင်းရပ်စ်တွေဆိုးရွားလာတော့ ကျွန်တော်က ကျွန်တော့် Memory Stick ထဲ Antivirus Software လေးထည့်ထားလိုက်တယ်။ ဗိုင်းရပ်စ်ရှိတဲ့စက်ထိုးလည်း ကိစ္စမရှိဘူး။ Automatic ကာကွယ်ပြီးသားပဲ။
ကဲ..ကဲ ကျွန်တော်ဒီလောက်ညွှန်းနေမှတော့ သုံးချင်လာပြီနဲ့တူတယ်။ အလကားရတယ်နော်။ ဘယ်မှာလဲဆိုတော့ www.portableapps.com

Add and show lyrics in Windows Media Player 11

You can add lyrics to music files in Windows Media Player that appear in the Now Playing tab as you play the files. Lyrics can be either static or synchronized: Static lyrics appear all at once as text that you can scroll through as the file plays; synchronized lyrics appear at the times you set as the file plays.

To add static lyrics

  1. Navigate to a Web site that includes song lyrics and locate the artist, album, and songs for which you want lyrics. If you can't find the lyrics, or if you want to create your own lyrics, type them in a word processor or text editor.
  2. Select the text of the lyrics and copy it to the Clipboard by pressing CTRL+C.
  3. In the Player, click the Library tab, and then browse to the file that you want to add lyrics to.
  4. Right-click the file, and then click Advanced Tag Editor.

If the Advanced Tag Editor command is not available, remove the Read Only property from the file. To do so, find the file on your computer, right-click the file, click Properties, and then clear the Read-only check box.

  1. Click the Lyrics tab, and then click Add.
  2. In the Language box, click the language that you want.
  3. Paste the lyrics into the Text box.

To add synchronized lyrics

The easiest way to add synchronized lyrics is to convert a copy of the static lyrics for a song by using Advanced Tag Editor.

  1. Follow the steps in the procedure above to add static lyrics, being sure to press ENTER after each line of verse.
  2. In the Lyrics tab of the Advanced Tag Editor, click Synchronized Lyrics.
  3. Wait for the Player to load the static lyrics data into the timeline area. Each line of static lyrics is assigned a time on the timeline.
  4. Adjust the time values to synchronize the lyrics to the vocals in the song. To do so, click the value in the Time column for a verse, click Edit, and then type a new time value.

You can test how closely the updated time values match the song's vocals by clicking a time value, and then clicking Play. The song will play starting at the new time. Repeat this step until you are satisfied with the synchronization.

  1. To add more lyrics, click Add in the timeline area. A new entry appears in the timeline area with an arbitrary assigned time on the left, and the text Type lyric here on the right.
  2. Add the text you want and synchronize the time to match the vocals.
  3. Add additional lyrics if you want, and then click OK.
  4. Click Apply, and then click OK.

To show lyrics

  1. Click the Play menu, point to Lyrics, Captions, and Subtitles, and then click On if Available.
  2. Begin playing the file that contains lyrics, and then click Now Playing. The lyrics appear at the bottom of the pane.

If a file has both captions and lyrics, only the captions are displayed. If a file has both synchronized and static lyrics, the static lyrics are displayed until the time value for the first synchronized verse is reached, then the synchronized lyrics will replace the static lyrics. You can delete the static lyrics if you only want the synchronized lyrics to appear.