December 30, 2007

အင်တာနက်သုံးတာမြန်အောင်

Windows XP မှာ DNS Cache ဆိုတာပါပါတယ်။ မကြာခဏ၀င်ကြည့်တဲ့ website address တွေကို သိမ်းဆည်းထားတာပါ။
သဘောတရားက ကျွန်တော်တို့က www.google.com ဆိုပြီး ရိုက်ထည့်တယ်။ ဒါပေမဲ့ နောက်ကွယ်မှာ တကယ်တမ်းသွားနေတာက google.com ဆိုပြီး မသွားဘူး။ IP address ပြောင်းပြီးမှ သွားတာပါ။ google ကိုဖွင့်လိုက်တဲ့အခါမှာ ကွန်ပျူတာက GOOGLE ရဲ့ IP address ဘယ်လောက်လဲဆိုပြီး DNS Server ကိုလှမ်းမေးတယ်။ DNS Server က ပြန်ပို့လိုက်တဲ့ IP Adrress ကိုရတော့မှ browser က အဲဒီ IP address အတိုင်းဖွင့်ပေးတာပါ။
Windows XP မှာ DNS Cache က ဘယ်လိုကောင်းတာလဲဆိုတော့ အဲဒီလို DNS Server က ပြန်ဖြေပေးတဲ့ IP Address တွေကို သိမ်းထားပေးတယ်။ နောက်တစ်ခါ ခင်ဗျားက GOOGLE ကို ဖွင့်တဲ့အခါမှာ GOOGLE ရဲ့ IP ကဘယ်လောက်လဲ ဆိုပြီး DNS Server ကိုလှမ်းမမေးတော့ဘူး။ DNS Cache ထဲမှာပဲ သွားကြည့်လိုက်တယ်။ အဲဒီတော့ Website တက်တာ ပိုမြန်တာပေါ့။
ဒါဖြင့် အဲဒီ DNS Cache ရဲ့ အရွယ်အစားကြီးလေ ပိုများများဆန့်လေမဟုတ်လား။ တိုးကြည့်ရအောင်။
၁။ HKLM\System\CurrentControlSet\Services\Dnscache\Parameters ကိုသွားပါ။
၂။ အောက်ပါ DWORD Value များကို Create လုပ်ပါ။
CacheHashTableBucketSize=1
CacheHashTableSize=180
MaxcacheEntryTtlLimit=ff00
MaxSOACacheEntryTtlLimit=12d

ပြီးရင် Restart လုပ်ပါ။

December 25, 2007

Cloning Hard Disk

တစ်နေ့က ကွန်ပျူတာလေးလုံးလောက်ကို ၀င်းဒိုးတင်ပေးဖို့ အခွင့်အရေးကြုံလာတယ်။ သိတဲ့အတိုင်း စက်လေးလုံး ကိုလုပ်ရမှာဆိုတော့ တော်တော်ကြာမှာလေ။ အဲဒါနဲ့ ကျွန်တော်လည်း ဖြတ်လမ်းနည်းလေးတွေ စဉ်းစားကြည့်တယ်။ အခုလုပ်ရမဲ့ကွန်ပျူတာတွေက အသစ်တွေ။ အမျိုးအစားတွေကလည်း အကုန်အတူတူ၊ ဟက်ဒစ် ဆိုဒ်တွေကလည်း တူနေတာဆိုတော့ ကလုံးရိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ တော်တော်များများ သုံးကြတာကတော့ Norton Ghost ကို သုံးကြတာ။ ကျွန်တော်တစ်ခါစမ်းဖူးတယ်။ သိပ်မကြိုက်ဘူး။ အဲဒါနဲ့ တခြားဟာ စဉ်းစားကြည့်တော့ တစ်ခါက PC World ထဲမှာ True Image ဆိုပြီး Hard disk clone ရိုက်တဲ့ software လေးအကြောင်းပါဖူးတယ်။ အဲဒါနဲ့ စက်တစ်လုံးကို Windows တင်၊ ပြီးတော့ အဲဒီ True Image ကိုတင်၊ ပြီးတော့ shutdown လုပ်၊ နောက် Hard disk အသစ်တစ်လုံး ထပ်တပ်၊ စက်ပြန်ဖွင့်၊ True Image ကို run ပြီး Clone ရိုက်လိုက်တာ ငါးမိနစ်နဲ့တင် ပြီးသွားတယ်ဗျ။ တော်တော်လက်ဖျားခါရတယ်ပြောရမယ်။ အရပ်သဘောနဲ့ ပြောရရင် Windows ကို ငါးမိနစ်နဲ့ တင်လို့ရတယ်လို့ပြောရမှာပေါ့။

December 11, 2007

Pfingo


ဟိုတစ်နေ့က အင်တာနက်ကဖီးမှာသုံးရင်း တော်တော်အသုံးကျတဲ့ softphone လေးတစ်ခုတွေ့တယ်။ Pfingo တဲ့။ စင်ကာပူက မိုဘိုင်းဖုန်းတွေကို ခေါ်လို့ရတယ်။ ကျွန်တော့်အတွက်တော့ အရမ်းပြေတယ်။ စင်ကာပူက သူငယ်ချင်းတွေရဲ့ မိုဘိုင်းဖုန်းကို ကွန်ပျူတာရှေ့ကနေ လှမ်းခေါ်လို့ရပြီလေ။ သူငယ်ချင်းတွေဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့ဦး။ နှစ်ယောက်တည်းရှိတာ။ မအိအိနဲ့ ကိုနိုင်မင်းထွန်းပေါ့။ အဲ..ကိုယ်ရေးကိုယ်တာတွေပါကုန်ပြီ။ အဲဒီ softphone အကြောင်းဆက်ပြောမယ်နော်။ Singup လုပ်တဲ့အခါမှာတော့ စင်ကာပူက မိုဘိုင်းဖုန်းနံပါတ်တစ်ခု ရိုက်ထည့်ပေးရပါတယ်။ ပြီးတော့ သူက အဲဒီဖုန်းဆီ PIN code လှမ်းပို့လိုက်တယ်။ ပြီးတော့ အဲဒီ PIN code နဲ့ ဆက်ပြီး register လုပ်။ အဲ..ပြီးသွားရင် ဘယ်ဖုန်းနံပါတ်သုံးချင်လဲဆိုပြီး ရွေးခိုင်းတယ်။ အကုန်လုံး 3 series တွေပါပဲ။ ကိုယ်ကြိုက်တာရွေး။ နောက်ဆုံးမှာ ကိုယ် email inbox ထဲကို user id ရောက်လာလိမ့်မယ်။ ပြီးတော့မှာ Pfingo Talk ကို download ချပြီး သုံးပေးတော့ဗျာ။ ပြီးတော့ email တစ်ခုလည်း ရဦးမှာနော်။

ပေါင်းစည်းကြပါစို့

ကျွန်တော် blog ရေးနေတာကြာပါပြီ။ ကြည့်တဲ့သူတွေလည်း တစ်ရက်ကို ၄၀ လောက်တော့ လာလာကြည့်ပါတယ်။ ဒါပေမဲ့ အားမရဘူး။ ကျွန်တော်ဖြစ်စေချင်တာက အွန်လိုင်းပေါ်က ကွန်ပျူတာစိတ်ဝင်စားတဲ့ မြန်မာတွေအကုန်လုံးကို လာကြည့်စေချင်တာ။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ ကျွန်တော်စဉ်းစားတယ်။ အခုလောလောဆယ် အိုင်တီနဲ့ ပတ်သတ်တဲ့ blog တွေ ရေးနေတဲ့ သူတွေအကုန်လုံး ဒီ Diary of IT Men မှာပဲ ရေးကြမယ်လေ။ ဒါဆိုရင် အိုင်တီစိတ်ဝင်စားတဲ့သူတွေအကုန်လုံး ဟို blog သွားကြည့်ရ၊ ဒီ blog သွားကြည့်ရ မဖြစ်တော့ဘူးပေါ့။ ဘယ်လောက်အဆင်ပြေလဲ။ ပြီးတော့ ကိုယ်ဘာသာကိုယ် တစ်ယောက်တည်းရေးချင်တာရေးပြီး ကြည့်တဲ့သူ နည်းတာထက်စာရင် ဒါမျိုး စုပေါင်းရေးတယ်ဆိုရင် လာတဲ့သူတွေအများကြီးဖြစ်မှာ အသေအချာပါပဲ။ ကိုယ့် idea လူများများသိတာပေါ့။ မကောင်းဘူးလား။ ရေးချင်တဲ့သူရဲ့ email ကို ကျွန်တော်က blogger ရဲ့ login id အနေနဲ့ ထည့်ပေးထားမယ်။ ရေးချင်တာရှိရင် blogger.com သွားပြီး ကိုယ့် email နဲ့ ကိုယ့် password ကို ရိုက်။ ပြီးတော့မှ Diary of IT Men ကိုရွေးပြီး Post တင်လိုက်ပေါ့။ ကဲ...စိတ်တူတဲ့သူတွေအကုန်လုံး ပေါင်းစည်းကြရအောင်။ မိတ်ဆွေတို့ရဲ့ mail တွေကို စောင့်မျှော်နေပါ့မယ်။

December 6, 2007

ဘာဆက်လုပ်ကြမှာလဲ

မနေ့က မုံရွာကသူငယ်ချင်းတွေရောက်နေတယ်ဆိုလို့ သွားတွေ့တယ်။ ဘာလာလုပ်ကြတာလဲလို့မေးတော့ သင်တန်းလာတက်ကြတာတဲ့။ ဘာသင်တန်းတက်ကြမှာလဲလို့မေးတာ့ ဘာတက်ရမှန်းလည်းမသိဘူးကွာ.. မင်းပဲ ကြည့်လုပ်ပေးတဲ့။ ဟောဗျာ..ကိုယ်စိတ်ဝင်စားတာပဲ ကိုယ်တက်ပေါ့လို့ ပြောတော့ အာ..ကွန်ပျူတာနဲ့ ပတ်သတ်တာကတော့ အကုန်စိတ်ဝင်စားစရာကောင်းတာချည်းပဲကွ တဲ့။ အင်း..သူပြောတာလည်း ဟုတ်တာပဲ။
ကျွန်တော် အခုတစ်လောမှာ ဖြေရှင်းပေးနေရတဲ့ ပြသနာက ဒီပြသနာတွေပါပဲ။ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူးကွာဆိုတဲ့ သူငယ်ချင်းတွေကို ရှင်းပြပေးရ၊ လိုက်ပို့ပေးရ စတာတွေပေါ့။ အခု ဒီဘလော့ဂ်လေးကို ဖတ်နေတဲ့သူတွေထဲမှာလည်း အဲဒီလို ကွန်ပျူတာနဲ့ပတ်သတ်ပြီး ဘာဆက်လုပ်ရမှန်းမသိသေးတဲ့သူတွေအတွက် ကျွန်တော့်အမြင်လေးတွေကို ရှယ်ယာလုပ်လိုက်ပါပြီ။
အဓိကကတော့ ကိုယ့်ဝါဿနာပါ။ ကိုယ့်ကိုယ်ကိုမေးကြည့်ပေါ့ ကိုယ်ဘာဝါဿနာပါလဲ။ A+ လား၊ Network လား၊ Software ရေးတဲ့အပိုင်းလား၊ Web Developer လုပ်ချင်တာလား၊ ဒါမှမဟုတ် Graphic Designer လား၊ Animation ပိုင်း စိတ်ဝင်စားသလား၊ Database ပိုင်း လုပ်ချင်တာလား၊ Audio ပိုင်း လုပ်ချင်သလား၊ Video Editing ပိုင်း လုပ်မှာလားပေါ့။ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကို ဘာဝါသနာပါမှန်း မသိရင် ကိုယ်အမြဲတမ်းလုပ်ဖြစ်နေတဲ့အရာ ပြီးတော့ အဲဒီဟာလေးလုပ်နေရတဲ့အချိန်မှာ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားတဲ့အလုပ်က ကိုယ်တကယ်စိတ်ဝင်စားတဲ့အလုပ်ပေါ့။
သူငယ်ချင်းက ဟေ့ကောင် ဒီသင်တန်းကောင်းတယ်။ ဟိုမှာ လစာဘယ်လောက်ရတယ် လို့ပြောလည်း မမက်မောပါနဲ့။ ရှင်းရှင်းပြောရရင် လစာမက်ပြီး မလုပ်ပါနဲ့။ ကိုယ်တကယ်ဖြစ်ချင်တာကိုပဲ ရွေးပါ။ ပညာကို ခုတုံးလုပ်ပြီး ငွေရှာတယ်ဆိုတာရှက်စရာကောင်းပါတယ်။ ကိုယ်ကသာ တကယ်တော်နေရင် အဲဒီငွေတွေက ကိုယ့်ဆီ အလိုလိုရောက်လာမှာပါ။
နောက်တစ်ခုရွေးရမှာက Local အတွက်လား၊ Global အတွက်လား။ နိုင်ငံခြားမှာဆိုရင်တော့ Programmer တွေ Web Developer တွေ Network Engineer တွေက အလုပ်အကိုင်ပေါပါတယ်။ ကိုယ်က တကယ်တတ်ထားဖို့လည်း လိုတဲ့အပြင် International Level Certificate တစ်ခုရထားရမယ်။ ပြီးတော့ e ကောင်းရမယ်။
နောက်တစ်ခုကဇွဲပါ။ အရေးကြီးပါတယ်။ တစ်ခုခုကို ရွေးချယ်ပြီးသွားပြီဆိုရင် အဲဒါကိုပဲ ဇောက်ချလုပ်ရမှာပါ။ ကိုယ်က Animation လုပ်နေတယ်၊ networking ကို သွားစိတ်မ၀င်စားနဲ့။ ကိုယ်လိုင်းမဟုတ်ရင် ကိုယ်နဲ့ဘာမှမဆိုင်သလို နေတတ်ရပါတယ်။ ကိုယ့်ကွန်ပျူတာမှာ တင်ထားတဲ့ software ကအစ Animation software မဟုတ်ရင် ဖြုတ်ပစ်လိုက်။ အဲသည်လိုကို စိတ်ပြတ်နိုင်ရမှာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောဖူးသလိုပေါ့။ ကွန်ပျူတာပညာရပ်တစ်ခုစီဟာ မြင်းတစ်ကောင်စီနဲ့ တူတယ်တဲ့။ အဲဒီတော့ တစ်ချိန်တည်းမှာ မြင်းတစ်ကောင်တည်းပဲစီးတဲ့။ နှစ်ကောင်စီးရင်တော့ ပေါင်ကားပြီး သေမှာတဲ့။
နောက်တစ်ခုကတော့ ကိုယ်တိုင်လေ့လာအားထုတ်လိုစိတ်ရှိမှုပါ။ သင်တန်းတွေမှာ သင်ပေးလိုက်တာနဲ့ လုံးဝ လုံးဝ မလုံလောက်ပါဘူး။ ကိုယ်တိုင် ဆက်ပြီးလေ့လာရမှာပါ။ စာအုပ်တွေဖတ်ရမယ်။ စီဒီခွေတွေ ၀ယ်ရမယ်။ အင်တာနက်သုံးရမယ်။ ကိုယ်တတ်ထားတဲ့နည်းပညာနဲ့ အဆက်မပြတ်အောင် အမြဲကြည့်နေရပါမယ်။ ပြီးတော့ ကိုယ်သင်တန်းတတ်တဲ့ဆီကနေပေးလိုက်တဲ့ ပညာကို အသုံးချနိုင်မယ့် နေရာကိုရှာပါ။ ဥပမာ A+ သင်တန်းတက်ပြီးသားဆိုရင် Service Center တစ်ခုမှာ ၀င်လုပ်တာမျိုးပေါ့။
နည်းနည်းရှည်သွားပြီဗျာ..ဆက်ရေးစေချင်ကြရင်တော့ နောက်မှ ဆက်ရေးပါ့မယ်။

December 3, 2007

Microsoft Word 2003 မှာ Zawgyi-One ရိုက်ရတာ အဆင်ပြေအောင်...

Microsoft Word 2003 မှာ Zawgyi-One သုံးပြီး စာရိုက်ရင် word ရဲ့ shortcut တွေကြောင့် အချို့စာလုံးတွေ ရိုက်လို့ မရပါဘူး... စာလုံးများ ရိုက်လို့ရအောင် ညိနေတဲ့ shortcut များကို ပြင်ပေးစရာလိုပါတယ်... Word 2003 မှာ Zawgyi-One font သုံးရတာ အဆင်ပြေအောင် ကျတော် ပြင်ထားတဲ့ normal.dot ဖိုင်လေးကို ဒီနေရာကနေ ရယူနိုင်ပါတယ်...
၁. အဲဒီဖိုင်ကို download အရင်လုပ်ပါ... download လုပ်ပြီးပြီ ဆိုရင် အဲဒီ ဖိုင်ကို copy လုပ်ပါ... Microsoft Office Suite ထဲမှာပါတဲ့ Program အကုန်ကို ပိတ်ထားပါ...
၂. C:\Documents and Settings\***user အမည်***\Application Data\Microsoft\Templates ထဲကိုသွားပါ...
***user အမည်*** နေရာမှာ မိမိ လက်ရှိသုံးနေတဲ့ user name ဖြစ်ရပါမယ်...
၃. အဲဒီ folder ထဲမှာရှိနေတဲ့ normal.dot ဖိုင်ကို select ပေး၊ F2 လေး နှိပ်ပြီး normal_org.dot ဆိုပြီး ဖိုင်နာမည် ပြောင်းလိုက်ပါ...
၎. paste လုပ်ပါ... download လုပ်ထားတဲ့ normal.dot ဆိုတဲ့ ဖိုင်ရောက်လာပါလိမ့်မယ်... အဲဒီ folder ထဲမှာ normal.dot နဲ့ normal_org.dot ဆိုပြီး ဖိုင် ၂-ဖိုင် အနည်းဆုံးရှိရပါမယ်...
၅. ဒါဆိုရင် Microsoft Word ကို သုံးလို့ရပါပြီ... Microsoft Word ကို ဖွင့်လိုက်ရင် "Normal ဇော်ဂျီ..." ဆိုပြီး မြင်ရပြီဆိုရင် Zawgyi-One ကို အဆင်ပြေစွာ သုံးလို့ရပါပြီ..

Posted By Mg Hla (blog.mghla.com)

Myanmar IT Professionals


I found this website on the internet journal. So good. The Founder of this website is Ko Chit. Created using Ning Social Network Website Creator. Contents are member profile, forum, groups, share video, share photo. Let see there! Address is www.myanmaritpros.com