August 31, 2008

Windows XP Registry Guide

Registry ကို စိတ်ဝင်စားသူတွေအတွက် Microsoft ကနေ ထုတ်ထားတဲ့ Windows Registry Ebook လေးကို Share ပေးလိုက်ပါတယ်။


Download Here

Windows Media Player တွင် သီချင်းစာသား ထည့်သွင်းခြင်း

WMP မှာ Lyrics တွေ ထည့်လို့ရပါတယ်။ MP3 သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ရင် သီချင်းစာသားတွေပါ ပေါ်လာအောင် WMP မှာ လုပ်လို့ရပါတယ်။ အဲဒါ အရင် version တွေမှာပါ။ WMP 11 မှာကျ Synchronized Lyrics ပါ ထည့်လို့ရလာတယ်။ Synchronized Lyrics ဆိုတာက ကာရာအိုကေစာတန်းထိုးသလို သီချင်းသံနဲ့ စာသားနဲ့အကိုက် ပြောင်းပြီး ပေါ်ပေးပါတယ်။ အခု အဲဒီနည်းလေးကို အသုံးပြုပြီး မြန်မာ MP3 သီချင်းတွေမှာ Synchronized Lyrics ထည့်နည်းလေးကို Ebook လုပ်ပြီး Share ပေးလိုက်ပါတယ်။ ကဲဗျာ.. မြန်မာ MP3 နားထောင်ရင်း သီချင်းစာသားလေးတွေနဲ့ လိုက်ဆိုကြတာပေါ့။
ဒီမှာနှိပ်ပြီး download လုပ်ပါ။

August 29, 2008

အရောင်များနှင့် ပေါင်းသင်းကြည့်ခြင်း

အရောင်တွေ အစိမ်းရောင်၊ အပြာရောင် စတာတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ ကွန်ပျူတာမှာလည်း အရောင်တွေ တွေ့နေရပြန်သေးတယ်။ အရောင်တွေမှာ အားတွေရှိတယ်ဆိုတာ ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ အရောင်တွေပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ စိတ်တွေ ပြောင်းလဲတတ်တယ်ဆိုတာလည်း ဖတ်ခဲ့ဖူးတယ်။

အ၀ါရောင်ဟာ နာကျင်မှုကို သက်သာစေလို့ ဆေးရုံတွေရဲ့ နံရံမှာ အ၀ါရောင်တွေ သုတ်လိမ်းလေ့ရှိကြပါတယ်။ အနီရောင်ဟာ အမှန်တရားရဲ့ သက်သေဖြစ်လို့ တရားရုံးတွေမှာ အနီရောင်ကို လိမ်းခြယ်ထားတယ်။ ဒါ့အပြင် အနီရောင်ဟာ အရမ်းပေါ်လွင်လို့ သတိပေးဆိုင်းဘုတ်တွေမှာ အနီရောင်ကို သုံးကြပြန်ပါသေးတယ်။ အနက်ရောင်ကတော့ ဗေဒင်ဆရာတွေရဲ့ အခန်းတွေမှာ သုံးကြပါတယ်။ အင်တာနက်မှာဆိုရင် Crack Website တွေဟာ အနက်ရောင် background ကို ခံလေ့ရှိပါတယ်။ Copyright ကို ချိုးဖောက်ထားတဲ့အကြောင်းကို အဲဒီ အနက်ရောင် background ကြီးက သက်သေပြထားသလိုပါပဲ။
ခရမ်းရောင်ကတော့ အလွမ်းရဲ့ သင်္ကေတအရောင်လို့ ရေးကြပါတယ်။ ရွှေရောင်ကတော့ မြင့်မြတ်တဲ့အရောင်၊ ဒါကြောင့် ရှေးဘုရင်တွေရဲ့ အသုံးအဆောင်၊ အ၀တ်အထည်တွေဟော ရွှေရောင်တွေ သုတ်လိမ်းထားတာပေါ့။
ဂရစ်ဖစ်ဒီဇိုင်နာတွေ၊ Web Designer တွေ၊ Application Program’s Interface Designer တွေအနေနဲ့ အရောင်တွေရဲ့အားကို မလေ့လာလို့ မရပါဘူး။ အရောင်တွေတွဲစပ်ပုံကို သိထားရပါမယ်။ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲသင့်သလဲ။ ဘယ်အရောင်ပေါ်မှာ ဘယ်အရောင် မသုံးသင့်ဘူးလဲ။ အဲဒါတွေကို သိထားရပါ့မယ်။ Website တွေဆိုလည်း အရောင်တွဲစပ်ပုံမှန်တဲ့ site တွေဟာ user နဲ့ ပိုပြီး sticky ဖြစ်ပါတယ်။ Program တွေဆိုလည်း Interface လှတဲ့ program တွေကို ကြာရှည်သုံးကြတယ်။ သုံးရတာ စိတ်ချမ်းသာစရာ ပိုကောင်းပါတယ်။

နာမည်ကျော်တဲ့ ဂရစ်ဖစ်ဒီဇိုင်းတွေကို လေ့လာကြည့်ရင် အရောင်တွေ သုံးတတ်လို့ ပိုပြီးလှပတယ်ဆိုတာ သိကြမှာပါ။ ဘာ effect မှ မပါချင်နေပါစေ၊ အရောင်တွဲတတ်ရင်ကို အဲဒီ ဒီဇိုင်းဟာ အတော်လေးကို ကြည့်လို့ ကောင်းနေပါပြီ။ ဂရစ်ဖစ်ဒီဇိုင်းမှာ ကျွမ်းကျင်ဖို့အတွက် အရောင်တွေကို နိုင်ရပါမယ်။ အရောင်တွေ မနိုင်ပဲနဲ့တော့ ဂရစ်ဖစ်ဒီဇိုင်းဆွဲလို့ရတောင်မှ လုံးဝကြည့်ကောင်းမှာ မဟုတ်ပါဘူး။

ကျွန်တော် ဟိုဟိုဒီဒီသွားတဲ့အခါ သတိထားကြည့်မိတာကတော့ လမ်းဘေးက ကြော်ငြာတွေပါပဲ။ သူတို့တွေ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲထားသလဲဆိုတာ ကြည့်တယ်၊ ပြီးရင် စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ ကျွန်တော်မှတ်ထားသလောက် ပြောရရင် အ၀ါရောင်ပေါ်မှာ အနက်ရောင်စာလုံးရေးရင် အရမ်းပေါ်ပါတယ်။ လိုက်ဖက်တယ်။ ဥပမာအနေနဲ့ပြောရင် ပရီမီယာကော်ဖီ ရဲ့ banner တွေကိုပဲ ကြည့်ကြည့်ပါ။ အစိမ်းရောင်ပေါ်မှာကျတော့ အဖြူရောင်က ပေါ်ပါတယ်။ အစိမ်းနဲ့အဖြူဆိုတာ ကျွန်တော်တို့ဆီက လူတွေရဲ့ အမြင်ထဲမှာ လုံးဝလိုက်ဖက်ပြီးသားပါ။ ကျောင်းဝတ်စုံက အစိမ်းနဲ့အဖြူကိုး။

သတိ လမ်းပြင်နေသည်ဆိုတဲ့ ဆိုင်းဘုတ်ကို ရေးတဲ့သူဟာ အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့ပဲ ရေးသင့်ပါတယ်။ တခြားအရောင်တွေသွားသုံးလို့ မရပါဘူး။ အစိုးရဌာနတွေနဲ့ သက်ဆိုင်တာတွေကတော့ သူ့ဌာနနဲ့၊ သူ့အရောင်နဲ့သူ ရှိပြီးသားပါ။ သစ်တောဆိုရင် အစိမ်းရောင်ပေါ်မှာ အဖြူသုံးတယ်၊ မီးရထားဆိုရင် အ၀ါရောင်ပေါ်မှာ အနက်ရောင်သုံးတယ်။ ပညာရေးဆိုရင် အစိမ်းပေါ်မှာ အဖြူသုံးတယ်။ အိုင်တီလောကက လူတွေကတော့ သတ်မှတ်ထားတာမဟုတ်ပေမဲ့ အပြာရောင်ကို အ၀တ်များကြတာကို တွေ့ရပါတယ်။ သာသနာရေးကတော့ အ၀ါရောင်ကို သုံးပါတယ်။

တလောက နာဂစ်နဲ့ပတ်သတ်တဲ့ ဒီဇိုင်းလေးတစ်ခုကို အွန်လိုင်းပေါ်မှာ တွေ့ပါတယ်။ အဲဒီဒီဇိုင်းမှာ ငတ်ပြတ်နေတဲ့ပုံပေါက်နေတဲ့ ကလေးငယ်တွေရဲ့ ပုံကို background အနေနဲ့ ထားထားတယ်။ ပညာပါတာက အဲဒီကလေးငယ်တွေရဲ့ပုံတွေကို အဖြူအမည်းလုပ်ထားတာပါပဲ။ အဲဒါကြောင့် အဲဒီကလေးတွေပုံဟာ ပိုပြီး ခြောက်ကပ်သွားသလို၊ ပိုပြီး သနားစရာကောင်းသွားပါတယ်။

Gmail ဆိုရင်လည်း အပြာရောင်ကို ဦးစားပေးသုံးထားတဲ့အတွက် သုံးရတာ ပိုကောင်းတယ်လို့ ထင်ရပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့ဖူးသမျှ Free Mail တွေထဲမှာ Gmail လောက် Interface ကောင်းတာမျိုး လုံးဝမရှိခဲ့ဘူးပါဘူး။ ဒါကိုတော့ Free Mail သုံးသူတိုင်း ၀န်ခံကြမှာပါ။ Gmail မှာ သာလွန်တာက အပြာရောင်ရယ်၊ Arial Font ကို သုံးထားတယ်ရယ်၊ design ကလည်း ရှင်းလင်းတာကြောင့်ရယ်ပါ။

XP ကနေ Vista ကို ပြောင်းသုံးချင်တဲ့ လူတစ်ယောက်ကိုမေးကြည့်ပါ။ Vista ရဲ့ တခြားစွမ်းဆောင်ရည်တွေကို သိလို့ထက် Vista က ပိုလှလို့ သုံးချင်တာလို့ ဖြေကြမှာ မလွဲပါပဲ။ Vista က အနက်ရောင်ကို ဦးစားပေးထားတဲ့အတွက် သုံးရတာ လုံခြုံမှုရှိသယောင် ခံစားရလို့ပါပဲ။

အရောင်သီအိုရီအကြောင်း ဆက်လက်ရေးသားပါဦးမည်။

ကိုသူရိန်

Virus ရန်က ကင်းဝေးအောင် ဒါတွေဆောင်

Antivirus တင်ထားရပါမယ်
ဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် မရှိမဖြစ် ရှိရမယ့်ဟာကတော့ Antivirus ပါပဲ။ ဘယ် Antivirus ကပိုကောင်းတယ်ဆိုပြီး အမျိုးမျိုး ပြောနေကြတာလည်း ကြားဖူးကြမှာပါ။ ကျွန်တော့်အနေနဲ့ recommended လုပ်ချင်တာကတော့ Kaspersky Antivirus 7.0 ပါ။ ဘာဖြစ်လို့ ညွှန်းတာလဲဆိုတော့ 2006 နဲ့ 2007 အတွက် အကောင်းဆုံးဆု ရထားလို့ပါ။ ဒါပေမဲ့ Kaspersky က Blacklist လည်း ခဏခဏ ပေါ်တယ်။ Update လည်း မလုပ်တတ်ဘူး ဘာညာစသည်ဖြင့် ညည်းတာတွေကိုလည်း ပြန်ကြားရပါတယ်။ Blacklist မဖြစ်အောင်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂရုစိုက်ရပါမယ်။ Kaspersky ရဲ့ သဘောက Update လုပ်လိုက်ရင် ရှိပြီးသား Key လေးတွေ Blacklist ဖြစ်ဖြစ် သွားတတ်ပါတယ်။ အဲဒီအခါမှာ http://www.kavkiskey.com/ ကိုသွားပြီး Key တော်တော်များများကို download ဆွဲချရပါတယ်။ ပြီးတော့မှ တစ်ခုချင်း ထည့်စမ်းကြည့်ရပါတယ်။ Blacklist မဖြစ်တဲ့ Key ကတော့ အမြဲတမ်းပါလာလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနည်းကို သုံးနေပါတယ်။

တပတ်တစ်ခါ Update လုပ်ပါ
Antivirus တင်ပြီးပြီဆိုပြီး ပေါ့နေလို့လည်း မရသေးပါဘူး။ ဗိုင်းရပ်စ်တွေကို အထင်မသေးပါနဲ့။ အချိန်တိုင်း အသစ်တွေ ပေါ်နေပါတယ်။ ကိုယ့် Antivirus က 1 ရက်နေ့ Update ဆိုရင် 2 ရက်နေ့မှာ ထွက်လာတဲ့ ဗိုင်းရပ်စ်ကို ယောင်လို့တောင် သိမှာမဟုတ်ပါဘူး။ ဒါကြောင့် Antivirus ရဲ့ database ကို တပတ်တခါ update လုပ်ပေးရပါ့မယ်။ Kaspersky အတွက်တော့ http://www.kaspeskylab.com/ မှာ ရနိုင်ပါတယ်။ သူပေးထားတဲ့ Update ဖိုင် သုံးမျိုးထဲက av-i386-cumul.zip ကို download ဆွဲချရင် ရပါတယ်။ မပျက်မကွက်ပဲ တပတ်တခါ update လုပ်နိုင်ရင်တော့ av-i386-weekly.zip ဖိုင်ကို download လုပ်ရင် ရပါတယ်။ weekly က cumulative ထက်စာရင် File size သေးတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ပျက်ကွက်ခဲ့ရင်တော့ မရပါဘူး။

Full Scan လုပ်ပါ
Update လုပ်ပြီးတိုင်း Computer ကို Full Scan လုပ်ပါ။ အချိန်ပေးရတယ်လို့ထင်ရင် ညအိပ်ရာဝင်ခါနီးမှာ command ပေးပြီး ပစ်ထားလို့ ရပါတယ်။

Autorun Killer သုံးပါ
မြန်မာပြည်မှာတော့ ဗိုင်းရပ်စ်အများစုဟာ Memory Stick တွေကနေ ပြန့်ပွားကြတာ များပါတယ်။ ကူးစက်တဲ့ဗိုင်းရပ်စ် တော်တော်များများကလည်း Memory Stick ကို ကွန်ပျူတာမှာတက်လိုက်တာနဲ့ ဗိုင်းရပ်စ်အလုပ်လုပ်အောင် autorun.inf ဖိုင်မှာ ၀င်ရေးထားတာ များပါတယ်။ အဲဒီ autorun.inf ကို အလုပ်မလုပ်နိုင်အောင်သာ တားနိုင်မယ်ဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်စ် မ၀င်နိုင်ပါဘူး။ အဲဒီအတွက် http://www.cpe17.com/ မှာ Free ရနိုင်တဲ့ CPE17 Autorun Killer ကို သုံးပါ။ သူက Removable Disk နဲ့ Drive မှန်သမျှမှာ ပါလာတဲ့ autorun.inf ကို အလုပ်မလုပ်နိုင်အောင် တားပေးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ autorun.inf မှာ အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ရဲ့ executable file တွေကို ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Memory Stick ကို လုံးဝမဖွင့်သေးခင် Antivirus နဲ့ Scan လုပ်ဖို့လည်း မမေ့ပါနဲ့။
Here is Autorun Killer Quick download link:
http://cpe17.com/yabb/Attachment/cpe17antiautorun1330.exe

System Restore ကို ပိတ်ထားပါ
ကြုံတွေ့ရသလောက် ဗိုင်းရပ်စ်အများစုဟာ Windows Partition အောက်က Restore ဖိုလ်ဒါအောင်မှာ သွားအောင်းကြတာ များပါတယ်။ အဲဒီ ဖိုလ်ဒါဟာ Windows ရဲ့ Function တစ်ခုဖြစ်တဲ့ System Restore ကို enable လုပ်ထားလို့ ပေါ်နေတာပါ။ System Restore ဟာ Windows System ကို အမှားလုပ်မိရင် Recover ပြန်လုပ်နိုင်အောင် ထည့်ပေးထားတာပါ။ ဒါပေမဲ့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ System Restore ကို ပိတ်ထားလိုက်ပါ။ My Computer မှာ Right Click နှိပ် Properties ရွေးပြီး System Restore ကို နှိပ်၊ Turn off System Restore ကို ရွေးလိုက်ရင် ပိတ်သွားပါပြီ။

ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားပါ
ဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားရပါ့မယ်။ ဘယ်ဗိုင်းရပ်စ်အသစ်ထွက်လာသလဲ ဆိုတာ အမြဲနားစွင့်နေပါ။ အဲဒီ ဗိုင်းရပ်စ်က System ကို ဘာလုပ်ပစ်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလည်း စတာတွေကို လက်လှမ်းမီသလောက် လေ့လာပါ။ ကျွမ်းကျင်သူများဆိုရင် ကူးစက်ခံရတာနဲ့ အဲဒီ ဘာဗိုင်းရပ်စ်ဆိုပြီး ဒက်ကနဲ ပြောနိုင်ကြပါတယ်။

Spyware လည်း ကာကွယ်ရမယ်
Spyware တွေဟာလည်း သောင်းကျန်းတာပါပဲ။ အဲဒီအတွက် Spy Sweeper ဆိုတဲ့ Anti-Spyware Program ကို တင်ထားရပါမယ်။

Firefox ကိုသာသုံးပါ
ကိုယ့်ကွန်ပျူတာက အင်တာနက်ချိတ်ဆတ်ထားတယ်ဆိုရင် အင်တာနက်သုံးတဲ့အခါ Firefox ကိုပဲ သုံးပါ။ IE မှာ လုံခြုံရေးယိုပေါက်တွေ မြောက်မြားစွာ ရှိလို့ပါ။

Free ဆိုတိုင်း မယူပါနဲ့
အင်တာနက်သုံးပြီး Free တိုင်း မယူပါနဲ့။ Website တော်တော်များများက Free ထဲမှာ Adware တွေ၊ Malware တွေ ထည့်လွှတ်ကြတာ များပါတယ်။ နာမည်ကြီး Website တွေဆီကပဲ download လုပ်ပါ။ ပိုသေချာချင်တယ်ဆိုရင်တော့ McAfee Site Advisor ကို သုံးပါ။

(ပြည့်စုံမှုမရှိသေးပါ၊ နောင်အလျဉ်းသင့်ပါက ဆက်လက်ရေးသားပါဦးမည်)

ကိုသူရိန်

August 28, 2008

Product and Licenes Key Recover

ဝင်းဒိုး၊ဂိမ်း နဲ့ ဆော့ဖ်ဝဲလ် တွေအတွက် cdkey,serial key,product key တွေက install လုပ်တိုင်း ထည့်သွင်း ရလေ့ ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဒီကီးတွေ ရယူ သိမ်းဆည်း ထားပေးဖို့ လိုအပ်ရင် Key recover တွေ သုံးပြီး ရှာဖွေထား နိုင်ပါတယ်။ ဒါဆို နောက်တစ်ချိန် install ပြန်လုပ်ရင် ဖြစ်ဖြစ် ကိုယ့် ကီး တစ်ခြားသူ ရှယ်ဖို့ ဖြစ်ဖြစ် လွယ်ကူသွားပါမယ်။

License Crawler

Windows registry မှာ ရှိတဲ့ windows product keys နဲ့ အခြား serial no. တွေ ရှာနိုင်ပါတယ်။ win 95 ကနေ vista ထိအပြင် nero,office,VMWare နဲ့ အခြား ဆော့ဖ်ဝဲလ် ကုဒ်တွေကိုပါ registry ထဲ ရှာပေးပါတယ်။ ဖိုင်ဆိုဒ် က 50 KB သာရှိပြီး portable application မို့ နှစ်လိုစရာပါ။

License Crawler ရဲ့ မူလဆိုဒ် မှာ ဂျာမန် ဘာသာ နဲ့ပါ ရယူနိုင်ပြီး အင်္ဂလိပ်လိုတော့ ဒီလင့်ကနေ တိုက်ရိုက် ယူနိုင်ပါတယ်။

Key Revealer

Game နဲ့ Software နှစ်မျိုး ခွဲထားပါတယ်။ Game Key Revealer v1.0.2 နဲ့ SoftKey Revealer v1.1.4 ဆိုပြီး ရယူရပါမယ်။

Game အတွက် 10tacle Studios, Activision,Atari, Codemasters, Crytek, Electronic Arts, Epic Games, Eugen Systems, Funatics Development, GameHouse, id, Iron Lore, JoWooD, KONAMI, Lionhead Studios, LucasArts, Maxis, Oberon Media, Phenomic, Pi Eye Games, PopCap Games, Red Storm, SEGA, Sierra, Techland, THQ, Ubisoft, Valve, Westwood တို့က ထွက်တဲ့ ဂိမ်းတွေ ရတယ်လို့ အတည်ပြု ထားပါတယ်။ တခြား ဂိမ်း 500 ကျော် ရှာပေး နိုင်ပါတယ်။

Software အတွက် 700 ကျော် ရှာပေးနိုင်ပြီး Text,word အနေနဲ့ save ထားနိုင်ပါတယ်။ Key Revealer တွေကလည်း သေးငယ်တဲ့ ပမာဏ ပါဘဲ။ အားလုံး freeware အဖြစ် ပေးထားပြီး ဆောင်ထား သင့်လှပါတယ်။
ကီးတွေရှာပေးမယ့် software name တွေက....

3D Screensavers (many)
3D Editor
3D Me Now
3D Web Button
ABF Outlook Backup 2
Absolute Time Corrector
AccelPad
Access Password Recovery Genie
ACDSee Photo Manager
ACDSee FotoAngelo
ACDSee FotoCanvas
ACDSee ImageFox
ACDSee PicaView
ACDSee Pro 2
Acronis Disk Director
Acronis True Image
Acronis Universal Restore
ActMon Password Recovery XP
Addweb Website Promoter 6, 7, 8
Adobe Acrobat 5, 6, 7, 8
Adobe Acrobat Distiller 6
Adobe After Effects 6, 6.5, 7
Adobe Lightroom 1.0
Adobe Photoshop 5, 5.5, 6, 7, CS
Adobe Premiere 5, 5.5, CS3
Advanced Batch Converter
Advanced Direct Remailer
Advanced SmartCheck
AirplanePDQ
Alice-soft Products
Alcohol 120%
All Image
Amabilis 3D Canvas 6
Atlantis
Atomic ZIP Password Recovery
Audio Recorder Deluxe
AutoCAD
AutoCAD LT
Autoplay Menu Builder
AutoWorld 3D Garage
Avira AntiVir PersonalEdition Classic
Axailis IconWorkshop
Axialis Professional Screen Saver Producer
BadCopy
BeFaster
Belarc Advisor
Beyond Compare
Beyond Media
Beyond TV
BitComet Acceleration Patch
BootXP 2
Borland Delphi 5, 6, 7, 8
CachemanXP
Casir 2.2
CD2HTML
CDMenu
CDMenuPro 5, 6, 7
CDWinder
Chily Registry Cleaner
Clean Disk Security
Code Lobster
Codec Tweak Tool
CodeWiz
CompanionLink
CorelDRAW 7,8,9,10,11,12,13
Corel WordPerfect
Cool Recorder
CoreAVC Pro
CoverXP
CreateInstall 2000
Crystal Reports 9, 10, 11
Cubase SX
CuteFTP
Cyberlink Products
Cyberlink CDS
Cyberlink LabelPrint 2
Cyberlink PCM4Everio
Cyberlink Power2Go 5, 6
Cyberlink PowerDirector 6.5, Uniplayer
Cyberlink PowerDirector Express 5
Cyberlink PowerDVD 5,6,7
Cyberlink PowerDVD DX, MyMovie
Cyberlink PowerProducer 3
Cyberlink PowerStarter
DameWare NT Utilities
Dell Service Tag
Delphi Source formatting Wizard
Depot
DFX Plugin
Dictation Buddy
Digital Photo Cut 2
Download Accelerator Plus
DVDIdle Pro
DVD Profiler
DVD2One
DVDFab Platinum
Easy Autorun Creator
EasyBoot 2, 3
Easy-Hide-IP
Easy CD-DA Extractor 4.6, 6, 7, 8, 9
Easy Photo Editor
EDrawSoft Flow Chart
Efes Fatura
Efes Hesap
Efes Stok
Efes Uretim Takip
eHelp RoboHelp Office X3
Elaborate Bytes Clone DVD
ElcomSoft Products
Elprime Clock Pro
Email Spyder
EO Video
Equation Wizard
ethosBASIC
ExamXML
Fast Video Indexer
FileRecoveryAngel
FinalRecovery
FinePrint 3, 4, 5
FinePrint pdfFactory 2, 3
FlashGet
Folder Content Maker
FotoSlate 2, 3, 4
Frigate 2,3
Futuremark 3DMark 2001,2003,2005,2006
Futuremark PCMark 2004,2005,2006
GameGain
GetDataBack for FAT
GetDataBack for NTFS
GetRight
Glary Utilities Pro
gotoMaxx pdfMAILER
Grab File
Hard Drive Inspector
HDD State Inspector
HiDownload
Hide Folders XP 2
Historykill 2003
HTTP Debugger Pro
IconSaver
Image-Line Products
- Deckadance
- DirectWave
- FL Studio 4, 4.5, 5, 6, 7, 8
- Fruity DrumSynth Live
- Fruity DX10
- FruityLoops 2, 3
- Fruity Soundfont Player
- Maximus
- PoiZone
- ProductCookies
- Sytrus
- Toxic III
- Wasp
Installer2GO
Internet Download Manager
IsoBuster
ISOpen
Kingdia Products
LeapFTP
LimeWire Acceleration Patch
L0pht Crack LC4
L0pht Crack LC5
Macromedia Products
Macromedia Contribute Studio MX
Macromedia Dreamweaver 4,5,Studio MX,MX 2004,8
Macromedia Fireworks 3,4,5,Studio MX,7,8
Macromedia Flash 5,6,7,8
Macromedia FreeHand 8,9,10,11
Macromedia Homesite 4,5,6,+55
Macromedia UltraDev 3,4,5
MagicISO
Magic Speed
Mediafour MacDrive 7
MediaMonkey
MemoriesOnTV
Mindjet MindManager 4, 4.5, 5, 6, 7
mIRC
Monitor Control
MP3 Remix
MP3 Remix for Winamp
MP3 Remix for Windows Media Player
MP3 Resizer
MP3 Splitter and Joiner
Multi Password Recovery
myJAL Java Application Loader
Naturally Speaking 7, 8
Nero Burning Rom 5, 6, 7, 8
Nero Burning Rom 6 Plugins
Nero Burning Rom 7 Plugins
Nero Burning Rom 8 Plugins
Nero 8 Move-It
Netopia Timbuktu Pro
NewsBin Pro, 4, 5
Norton Antivirus 2005, 2006, 2007
Norton Internet Security 2005, 2007
Norton Partition Magic 8
Norton System Works 2005
Nufsoft Products
O&O Products
O&O BlueCon 5
O&O CleverCache 5, 6
O&O Defrag Pro 4,5,6,7,8,9,10
O&O DiskImage 1,2
O&O DiskRecovery 3, 4
O&O DriveLED 2
O&O FormatRecovery 3, 4
O&O MediaRecovery 3, 4
O&O SafeErase 2
O&O UnErase 2, 3, 4
Offline Explorer MX, Pro
onOne Focalpoint 1.0
onOne Phototools Professional 1.0
onOne Mask Pro 4.0
PageGenie Pro
PageSaver
Padus DiscJuggler
Paint Shop Pro 6,7,8,9,10,11,12
Panorama Maker 3.0, 3.5
PartitionRecovery
Passware Kit Enterprise 7, 8
PassWD2000
PC Icon Editor
PC Washer
PentaZip
PGWARE Products
Photomatix Pro
Picture Finder Pro
Pinnacle Studio 8, 9, 10, 10 plus, 11
Plato Products
Portfolio 4, 5, 6, 7
PowerArchiver
PowerQuest PartitionMagic 7,8
PowerStrip
PrivateZone
Pure CD Ripper
Quick Batch File Compiler
Quick View Folder Size
Real Passwords
ReplayConverter
Replay Screencast
Registry Mechanic
Registry Optimierer
Restorator
Roxio My DVD 8 Premier, 9
SART Telefon Fihristi
ScanSoft PaperPort
ScanStar Spectrum Commander
Screensaver Remover
Secret Record 3
SecurDataStor 6, CD-Media
Setup2GO
SimSynth Fruity Live
Slysoft AnyDVD
Slysoft CloneCD
Smart Flash Recovery
Smart NTFS Recovery
SmartVersion
SoftDisc
Sonic Foundry ACID 3,4
Sonic Record Now!
Sony ACID XMC 6
Sony Sound Forge 7,8,9
Sony Vegas 5, 6, 7, 8
SourceSafe 7, 8
SQL Script Builder
Stardock Products
Stardock
Stardock Apogee Icon Suite
Stardock Aquarium Desktop , 2006, 2007
Stardock Blog Navigator
Stardock CursorXP Plus
Stardock Desktop Pet
Stardock DesktopX
Stardock Natural Desktop
Stardock ObjectDesktop
Stardock Orion Icon Suite
Stardock ThinkDesk
Stardock Unorthodox Suite
Stardock Utopia Icon Suite
Stardock WinCustomize
Suitcase 8, 9
Super Utilities
SuperCleaner
SwiftDog GameHike
SwiftDog GameThrust
System Mechanic
Tag & Rename
Talking 2 Desktop
Talking E-mail
Techsmith Camtasia Studio 2,3,4,5,5.1
Techsmith SnagIt 5, 6, 7, 8, 8.1
TERMINAL Studio Screensavers
Texas Calculatem
TGTSoft StyleXP
The Bat!
TMPGEnc Plus 2.5
Tobit ClipIncPlayer 4
Total Recorder
Total Video2DVD Author
Total Video Converter
Tracks Eraser Pro
Trend Micro PC-cillin Antivirus 11
Trend Micro PC-cillin Antivirus 2007
TuneUP 2004, 2006, 2007, 2008
Ulead COOL 3D 2, 3
Ulead DVD PictureShow 3, 4
Ulead DVD MovieFactory 4, 5
Ulead GIF Animator 5, 5.05, 6
Ulead PhotoImpact 5, 6, 7, 8, 9
Ulead MediaStudio Pro 5, 6, 7, 8, 9
Ulead VideoStudio 7, 8, 9, 10, 11
UltraISO
USA DVD Video MP4 Converter
USA DVD Video XviD Converter
USB Admin Pro
UtilityPlanet DocCommander
VanDyke SecureCRT
VanDyke SecureFX
Visual Studio , 2003, 2005, 2008
VSA 8
VMware Server
VMware Workstation 4,5,6,6 ACE Edition
Vocabilis
VSO BlindWrite 5, 6
VSO ConvertX to DVD , 2, 3
VueScan
X1 Desktop Search
Xilisoft Products
XLS Converter
XnView
XP Tools
XThink Calculator
Winamp 5
Windows Password Cracker
WinImage
WinISO
WinPatrol
WinZip
WinZip Self-Extractor
WinX DVD Player
WinXP Manager
Word Password Recovery Genie
WordPerfect Office 8, 9, 2002, 11, 12
WS FTP
WWW2Image
ZoneAlarm

And more.............

August 26, 2008

Registry backup and restore

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့် လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။

Backup လုပ်ဖို့ အတွက် Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။

Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။

Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။

အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

ဒီထက် ပိုလုပ်နိုင်တာ ကတော့ system recovery options မှာ system restore ကို ရွေးပေးခြင်းပါ။ ဒါပေမယ့် vista မှာဘဲ ရပါတယ်။
registry ထဲ ၀င်မွှေရင် အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။

August 23, 2008

Myanmar Internet Journal

Internet Journal က Website တင်လိုက်ပြီဆိုတဲ့အကြောင်း ရေးထားတာတွေ့တာနဲ့ ၀င်ကြည့်မိပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စုံလင်အောင် ဖန်တီးထားတာကို တွေ့ရလို့ ကွန်ပျူတာ ၀ါသနာရှင်များရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ဆုံးထုတ် issue က အစ PDF နဲ့ download လုပ်ခွင့်ပေးထားတယ်။ ရှာဖွေရလွယ်ကူအောင် ခေါင်းစဉ်လေးတွေ ခွဲပေးထားတယ်။ Feed ယူခွင့်လည်း ပေးထားပါတယ်။ ဒီကရှေ့လျှောက် အမြဲ ၀င်ကြည့်နေရမယ့် site တစ်ခုပါပဲ။
အားလုံးလည်း သွားရောက် လေ့လာ မှတ်သားလိုက်ကြပါဦး။
www.myanmarinternetjournal.com

August 21, 2008

Flash Drive နဲ့ Virus အကြောင်းကျွန်တော့်အမြင်ပါ။

ကျွန်တော်dna30xရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးနည်းနည်းလောက်ဆွေးနွေးပါရစေ။ ကျွန်တော့်အမြင်ပြောရရင် stroageDevicePolicies မှာ writeProtect လုပ်ထားရင် ကိုယ့်စက်ရဲ့  registry မှာဘဲပြင်ထားတာဆိုတော့ ကိုယ့်ရဲ့ ကွန်ပြူတာမှာဘဲ writeProtect ဖြစ်မှာပါ။ တစ်ခြားစက်တွေမှာကိုယ့် flashDrive သွားတပ်ရင် write လုပ်လို့ရနေဦးမှာပါ။အဲဒီတော့ ကိုယ့်စက်မှာပြန်တပ်တဲ့အခါ virus က run နိုင်ပါသေးတယ်။ ပြီးတော့ file တွေကို encrypt လုပ်တာပါ။ ကျွန်တော်သိသလောက်ပြောရရင် virus တွေက file တွေမှာ append မလုပ်ပါဘူး။ သူ့ file နဲ့သူပါ။ အဲဒီတော့ file တွေကို encrypt လုပ်ထားလဲ flashDrive ထဲမှာနေရာလွတ်ရှိသရွေ့ virus က၀င်နိုင်ပါသေးတယ်။virus တွေက autorun.inf ဆိုတဲ့ file ကို flashDrive ထဲမှာ ထည့်ပြီး virus file ကို run ခိုင်းတာပါ။ window ရဲ့ autorun feature ကိုပိတ်ထားရင်တောင် double click နဲ့ ဖွင့်ရင် autorun.inf ကအလုပ်လုပ်ပါသေးတယ်။ RightClick>Explore ကလည်း virus ရေးတဲ့လူအားလုံးလိုလို က သူတို့ file run ဖို့ autorun.inf မှာ ထည့်ရေးထားပြီးသားပါ။ flashDrive ကို FolderView ဒါမှမဟုတ် AdressBar မှာ driveLetter နဲ့ ဖွင့်ရင်တော့ autorun.inf ကအလုပ်မလုပ်နိုင်ပါဘူး။ အဲလိုဖွင့်ပြီး ကိုယ့် flashDrive မှာ autorun.inf ရှိမရှိ စစ်ကြည့်တာပိုကောင်းပါတယ်။ autorun.inf ကို system file အဖြစ်နဲ့ hide လုပ်ထားလေ့ရှိပါတယ်။ adressBar မှာ X:\autorun.inf(X = ur flashDrive's letter) လို့ရိုက်ပြီး ဖွင့်ကြည့်တာတော့ အမြန်ဆုံး ပါဘဲ။ ကိုယ့်ဟာကိုယ်ထည့်ထားတာ မဟုတ်ဘဲနဲ့ autorun.inf က defult text editor တစ်ခုခုနဲ့ ပွင့်လာရင်တော့ သေချာပါတယ် virus ၀င်နေလို့ပါ။ autorun.inf file ထဲက "open=" ဆိုတဲ့နောက်မှာ executable file name တစ်ခုပါ ပါလိမ့်မယ်။ အဲဒီ file နဲ့ autorun.inf ကို flashDrive ထဲကဖျက်ပစ် လိုက်ရင် ရပါတယ်။


CBox မှ မေးခွန်းများအး ဖြေကြားခြင်း

ရဲမင်း: ကျွန်တော့ရဲ့ blog ကို myanmarbloggers.org ကို transfer လုပ်လို့မရ၀ူး
phyoekyaw@gmail.com ဆီ ဆက်သွယ်ပြီး myanmarbloggers.org ရဲ့ subdomain တစ်ခုရဖို့ request လုပ်ပါ။ သူက လုပ်ပြီးကြောင်း reply လုပ်တဲ့အခါ blogger.com မှာ ကိုယ့် account နဲ့ဝင်ပါ။ Setting ကို နှိပ်ပါ။

softlight: ကို itmen ရေ ကျွန်တော် မြန်မာကားတစ်ကားကို ကွန်ပျုတာထဲထည့်တာမရဘူး 2 m ဘဲ ပြတယ် vcd စက်နဲ့ကြည့်တော့ရတယ်ဗျကူညီပါဦး
protect လုပ်ထားတာပါ။ Alchol တို့၊ Daemon Tools တို့ သုံးပြီး ထည့်ပါ။ CloneCD နဲ့ image ရိုက်ရင်လည်း တခါတလေတော့ ရတတ်ပါတယ်။

dna30x: ကျွန်တော်က pen drive ထဲမှာ portable apps တွေထည့်ပြီးသုံးလေ့ရှိပါတယ် ဒီအခါ အခြား PC တွေမှာသုံးရင် pen drive ထဲကို virus မ၀င်ဖို. Registry ရဲ.StorageDevicePolicies မှာ WriteProtect ကို enabled လုပ်ထားရင်လုံလောက်ပါသလား တချို.ပြောတာက file တွေကို encrypted လုပ်ပြီးpen drive ထဲထားရင် virus infected မဖြစ်ဘူးလို.ပြောကြပါတယ် အဲံဒါ အကို အားရင် နဲနဲဆွေးနွေးပေးပါအုံးwriteprotect ကို enable လုပ်ထားရင် လုံလောက်တယ်လို့ ပြောနိုင်ပါတယ်။ encrypt လုပ်ပြီး ထည့်ရင် infected မဖြစ်ဘူးဆိုတာ မှန်ပါတယ်။ နှစ်ခုစလုံး လုပ်ရင် ပိုကောင်းတာပေါ့။

komt08@gmail.com: kaspersky ကမသိတဲ့virus ကို newvirus@kaspersky.com ကို ဘာနဲ့ ဘယ်လိုပို့ ရမှာလဲခင်ဗျာ။ကျေးဇူးပြုပြီးဖြေကြားပေးပါအုံး။
virus ကို file hosting တစ်ခုခုမှာ upload လုပ်ပါ။ ပြီးရင် email ပို့လို့ရပါပြီ။ Title မှာ Kaspersky Can't Protect This Virus လို့ ရေးပါ။ Body မှာ ဗိုင်းရပ်စ်ရဲ့ download link ထည့်ပေးလိုက်ပါ။ ဒါဆိုရပါပြီ။

min nyo: pls upload the learning lesson to control remote destop application and dos command to used windowXP
use UltraVNC (free download)

aungpu80: how can i get a member of ur blog?i want to ask u some problem.pls help
You can ask me about problem by sending email to zawthureintun@gmail.com

August 19, 2008

Blog မလုပ်ခင် စဉ်းစားပါ

Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ်လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြတာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။

နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ
Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင်သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုသာ ရေးပါ။ ဘယ်ဟာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ Blog ရေးမယ်ဆိုရင် အလကားနေရင်း လူအထင်သေးခံရနိုင်ပါတယ်။ အင်တာနက်သုံးနေတဲ့သူတွေ၊ ဘလော့ခ်တွေကို လိုက်ဖတ်နေတဲ့သူတွေထဲမှာ ပညာရှင်တွေ ပါတယ်ဆိုတာ သတိထားပါ။ ကိုယ်က သီချင်းတွေကို ခံစားတတ်ရင်၊ သုံးသပ်ဝေဖန်တတ်ရင် အဲဒီအကြောင်းတွေကို ရေးပေါ့။ ဒါတောင်မှ တကယ်တမ်းပြောရရင် မတိကျသေးပါဘူး။ သီချင်းအကြောင်း ရေးတာတောင်မှ အနောက်တိုင်းသီချင်းတွေလား၊ မြန်မာသီချင်းအကြောင်းလား၊ မြန်မာသီချင်းတောင်မှ Rock အကြောင်းရေးမှာလား၊ Hip Hop အကြောင်းရေးမှာလား စသည်ဖြင့် တိတိကျကျ ရွေးချယ်မှ ဖြစ်မှာပါ။

နံပါတ်သုံး- Home Page ကို လှအောင် လုပ်နိုင်ရဲ့လား
ကိုယ့် Blog ကို ဖွင့်ဖွင့်ချင်း တက်လာတဲ့ Home Page ဟာ Main Point ပါ။ ဒီ Page ဟာ အရမ်းကြီး မဟုတ်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိရပါ့မယ်။ အရောင်တွဲစပ်မှုတွေ မှန်ရမယ်၊ Navigation လုပ်တာလွယ်ရမယ်၊ Font တွေရဲ့ Color, Size တွေကို သတိထားရမယ်။ အဖြူရောင် စာမျက်နှာပေါ်မှာ အနက်ရောင်စာလုံးနဲ့ ရေးရင် လူ့မျက်လုံးဟာ ကြာကြာဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်ဟာ အရောင်ပျော့မို့လို့ပါ။ နောက်ခံအရောင်ကို အရောင်ပြင်းတွေ မသုံးမိပါစေနဲ့။ နောက်တစ်ခု သတိထားသင့်တာက ကိုယ့် Blog ကို ဖွင့်ရင် ကြာမယ့်အချိန်ပါ။ Blog တစ်ခုကိုဖွင့်လို့ အကြာကြီးစောင့်နေရရင် ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး။ နာမည်ကြီး Blog ဆိုရင်တော့ ရေးထားတာတွေ ဖတ်ချင်လွန်းလို့ စောင့်ချင်စောင့်ကြပါလိမ့်မယ်။ ကိုယ်က အခုမှ အသစ်လုပ်ထားတာ၊ ကိုယ့် Blog ရဲ့ Value ကိုလည်း ဖွင့်တဲ့သူက သိဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဖွင့်ရတာ မြန်ဖို့ အရေးကြီးပါတယ်။ Blog ကို ဖွင့်ရတာမြန်ဖို့ လုပ်နည်းထဲက တစ်ခုကတော့ Object တွေ နည်းနည်းထည့်တာပါပဲ။ ကိုယ့် Blog မှာ မလိုအပ်တဲ့ Widget တွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို တတ်နိုင်သလောက် လျှော့ပြီး ထည့်တာပါပဲ။ ကိုယ်က ဖတ်တဲ့သူကို ဘာပေးချင်တာလဲ၊ အဲဒါကိုပဲ အဓိကထားပေးပါ။ တခြားမလိုတာတွေ မထည့်ပါနဲ့။ သူများ ဘလော့ခ်လုပ်ထားတိုင်းလည်း လိုက်မလုပ်ပါနဲ့။

နံပါတ်လေး- Language တွေ တတ်ထားရမယ်
Blog ရဲ့ Home Page ကို စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ ကိုယ့်မှာ Web Language အကြောင်းတွေကိုတော့ အနည်းငယ်သိထားရပါမယ်။ HTML ဆိုတာဘာလဲ၊ အဲဒီ code ထဲမှာ Head အပိုင်းက ဘယ်နေရာမှာရှိသလဲ၊ ဘာတွေထည့်လို့ရသလဲ၊ Javascript တွေကိုရော HTML ရဲ့ ဘယ်နားမှာ ထည့်ရသလဲ စသည်ဖြင့် သိထားရပါ့မယ်။ Blog ရဲ့ Page Formatting အပိုင်း (Font, Color, Page Width…) ကို လှလှပပ ကစားနိုင်ဖို့ CSS ကိုလည်း သိထားရပါမယ်။

နံပါတ်ငါး- ပုံမှန် Update လုပ်ရပါမယ်
အဲဒါဟာလည်း အရေးကြီးတဲ့အချက်ပါပဲ။ Blog တစ်ခု တစ်ခါဖွင့်လည်းဒါ၊ နောက်တစ်ပတ်လောက်ဖွင့်လည်း ဒါပဲဆိုရင် သေချာပါတယ်၊ နောက်လာတော့မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ဘာတင်မှာလဲဆိုတာ Offline မှာကတည်းက သေချာစဉ်းစားပါ။ ကြိုရေးထားပါ။ ပုံမှန်ရေးနိုင်ဖို့က အရေးကြီးဆုံးပါ။ တစ်ခုခုလုပ်ရမှာမို့ မအားသေးလို့ မရေးနိုင်သေးဘူးဆိုရင်လည်း ဘာကြောင့်မရေးနိုင်သေးတာ၊ ဘယ်အချိန်မှာ ပြန်လာလည်ပါဆိုပြီး information အတိအကျပေးပါ။

နံပါတ်ခြောက်- ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်ပါစေ
Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့် Blog ရဲ့ role မြင့်စေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ဟို Blog ဟာကူး၊ ဒီ Blog ဟာကူးဆိုရင် အလိုလိုနေရင်း Role ကျသွားပါလိ့မ်မယ်။ တချို့ကျတော့လည်း မသိနိုင်ပါဘူးဆိုပြီး ကူးတာမျိုးတွေရှိပါတယ်။ Myanmar Blog ဆိုတာ အများအစားကြီး မရှိသေးပါဘူး။ တစ်ရက်ကျရင် မိမှာပဲလေ။ တချို့ကျတော့လည်း တကယ့်ကို သဘောရိုးနဲ့ link တွေ ထည့်ပေးထားတယ်၊ အများသိစေချင်လို့ ပြန်ဖြန့်ဝေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဖတ်တဲ့သူတွေဟာ အဲဒီ Original Site ကိုပဲ ရွေ့သွားတတ်ကြတယ်ဆိုတာ သတိထားပါ။

နံပါတ်ခုနစ်- စာဖတ်သူနဲ့ အမြဲထိတွေ့ပေးရမယ်
ကိုယ့် Blog ထဲကို ရေးသွားတဲ့ Comment တွေ၊ Cbox ထဲပြောသွားတဲ့စကားတွေ၊ ပို့လာတဲ့ mail တွေကို ပုံမှန် ပြန်ဖြေတာဟာလည်း ကိုယ့် Blog နဲ့ Blog reader တွေကို Stick ဖြစ်စေတဲ့နည်းတစ်ခုပါ။ အဲဒါတွေကို ပုံမှန် reply ပြန်နိုင်ဖို့ ကိုယ်ဟာ internet ကို ပုံမှန်သုံးနေတဲ့သူဖြစ်ဖို့လိုပါတယ်။ ကိုယ့်မှာ အဲဒီအတွက် အချိန်ရှိရဲ့လား ဆိုတာ သေချာသုံးသပ်ပါ။

နံပါတ်ရှစ်- ဝေဖန်တာခံနိုင်ရဲ့လား
ကိုယ်ကရေးပြီဆိုမှတော့ ကိုယ်ရေးတဲ့အကြောင်းအရာကို လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေ၊ ရန်တွေ့လာတဲ့သူတွေ ရှိမှာပါ။ အဲဒါတွေကို ကြိုတွေးထားပါ။ ဖြစ်လာရင်ကော ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်မလဲ။ တချို့ရှိသေးတယ်။ အလကားနေရင်း Cbox မှာ ၀င်ဆဲသွားတာမျိုး။ ကိုယ့်ကိုဆဲတာဆိုတာ့ ဒေါသထွက်မိမယ်၊ စိတ်တိုမိမယ်၊ အဲဒီဒဏ်တွေကို ခံနိုင်ရဲ့လား။

နံပါတ်ကိုး- လူအ၀င်နည်းရင် စိတ်အားငယ်ရတယ်
Blog လေးဖန်တီးပြီးပြီ၊ ပုံမှန်လည်း Update လုပ်ရဲ့သားနဲ့ လူအ၀င်နည်းပြီဆိုရင် စိတ်ဓာတ်ကျစရာ တော်တော်ကောင်းပါတယ်။ သူများဘလော့ခ်တွေရဲ့ တစ်နေ့တစ်နေ့ ၀င်ကြည့်သူအရေအတွက်ကို ကိုယ့်ဘလောခ့်က မမီဘူးဆိုရင် အလိုလိုနေရင်းကို စိတ်အားငယ်ရပါတယ်။ ကျွန်တော်ဆိုရင် မအိပ်နိုင်တဲ့ထိကို ဖြစ်ခဲ့ရပါတယ်။ ကဲ..အဲဒီလိုမျိုးတွေအတွက် တောင့်ခံနိုင်ရဲ့လားဆိုတာ စဉ်းစားပါဦး။

နံပါတ်တစ်ဆယ်- ရေရှည်လုပ်ငန်း ဖြစ်နေတယ်
တစ်လနှစ်လလေး ရေးပြီး နောက်မရေးတော့ဘူးကွာဆိုပြီး နေချင်နေလို့ရတာပါပဲ။ မအောင်မြင်လို့ နောက်ဆုတ်တဲ့သူလို့ ကိုယ့်ကိုယ်ကို အဖြစ်ခံမလား။ အောင်မြင်နေရဲ့သားနဲ့ မရေးတော့ဘူးဆိုပြန်တော့လည်း ကိုယ့်အောင်မြင်မှုကို မထိန်းသိမ်းနိုင်တဲ့သူ ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ရေရှည်အလုပ်လို့ ပြောတာပါ။ အကြာကြီး လုပ်နိုင်ပါ့မလား။

နံပါတ်ဆယ့်တစ်- အသစ်တွေဖြစ်ရမှာနော်
ဘယ်သူမဆို အကြောင်းအရာအသစ်တွေဖတ်ချင်ကြတာပါပဲ။ ဂျာနယ်အဟောင်းနဲ့ ဂျာနယ်အသစ်ကို ယှဉ်ထားလိုက်ရင် ဂျာနယ်အသစ်ကိုပဲ အရင်ကောက်ကိုင်တတ်ကြတာပါ။ ကိုယ့် Blog မှာ တင်လိုက်တဲ့ အကြောင်းအရာတွေဆိုလည်း အသစ်တွေ ဖြစ်နေရပါ့မယ်။ ဒါမှ လူတွေ ပိုပြီး စိတ်ဝင်စားမှာပါ။ သတင်းတွေ ပေးတဲ့ Blog မျိုးဆိုရင် ပိုတာဝန်ကြီးပါတယ်။ နာရီပိုင်းနဲ့အမျှ အသစ်တင်နေရမှာပါ။ ကိုယ့်မှာ အဲဒီလို အသစ်တွေရှာဖို့၊ ရေးဖို့ အခြေအနေပေးရဲ့လား။

နံပါတ်ဆယ့်နှစ်- သတိလည်းထားရမယ်
ကိုယ်ရေးတဲ့ အကြောင်းအရာဟာ တိကျခိုင်လုံမှုရှိရပါ့မယ်။ ရမ်းဖြီးလို့ မရဘူးဆိုတာ သိထားပါ။ မဟုတ်ရင် ၀ိုင်းခွပ်မယ့်သူတွေ တစ်ပုံကြီးပဲ။

နံပါတ်ဆယ့်သုံး- အများအကျိုးဆောင်တဲ့အလုပ်ပါ
Blog ရေးတယ်ဆိုကတည်းက အကြောင်းအရာတစ်ခုခုကို လူအများသိစေချင်လို့ ရေးတာပါ။ အဲဒီမှာ ကိုယ်က လူထုကို ဘာပေးမှာလဲ၊ အကောင်းတွေပေးမှာလား၊ အကျိုးအပဲ့တွေ ပေးမှာလား။ အရွယ်ရောက်လို့ ကိုယ့်သမိုင်းကို ပြန်ကြည့်ရင် လိပ်ပြာမလုံရတဲ့ အကြောင်းအရာမျိုးတွေ မရေးရင် အကောင်းဆုံးပါပဲ။ အများအကျိုးရှိအောင်လုပ်ပေးတဲ့သူကို တန်ဖိုးရှိတဲ့လူလို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်။

လက်မခံနိုင်သူများလွန်းသောကြောင့် အချက်တချို့ကို ပယ်ဖျက်ထားပါသည်။

August 17, 2008

Grub ဖြင့် vista နှင့် xp အား boot လုပ်ခြင်း

cbox 14 ထဲက k.l.t ရဲ့ မေးခွန်းလေးတွေ့လို့ပါ။ vista တင်ပြီးတော့ xp ကို boot လို့မရတော့ဘူးဆိုတာ။ Grub နဲ့ boot ကြည့်ပါလား။
၁။ ကျွန်တော် ခုပြောမယ့် ဟာတွေ ကို vista မှာလုပ်ရမှာပါ။

၂။ ပထမဆုံး vista boot file တွေကို backup လုပ်ရမယ်ဗျ။ vista တင်ထားတဲ့ drive က C:\ လို့ဘဲဆိုပါဆို့ဗျာ။ C:\ ထဲက bootmgr, config.sys ဆိုတဲ့ file တွေနဲ့ boot ဆိုတဲ့ folder ကို flash drive တစ်ခုနဲ့ copy လုပ်ထားပါ။မှားပြီးတစ်ခုခုလုပ်မိရင် flash drive နဲ့ပြန်ပြီး boot လုပ်လို့ရအောင်ပါ။အဲဒီဟာတွေက hide လုပ်ထားပါတယ်။ organize>floder and search options>view tab ထဲက show hidden files and folders ကို check, hide protected system files ကို uncheck လုပ်ပါ။
၃။ Grub ကို ဒီနေရာမှာ download လုပ်ပါ။
၎။
C:\ drive ထဲက bootmgr ကို bootmgrv လို့နာမည်ပြောင်းပါ။ Access denied ဖြစ်နေရင် file ရဲ့  ownership ကိုယူရပါမယ်။ Cmd(Run>cmd) ထဲမှာ ဒီ command ကို run ပါ takeown /f C:\bootmgr
၅။ download လုပ်ထားတဲ့ file တွေကို C:\ ထဲကို extract လုပ်ပါ။ bootmgr နဲ့ menu.lst ဆိုတဲ့ file ၂ခုပါ။
၆။ restart လုပ်လိုက်ပါ။ vista နဲ့ xp ကို grub menu က နေ ရွေးပြီး boot လို့ရပါပြီ။
၇။ bootmgr နဲ့ menu.lst ဆိုတာ တကယ်တော့ grub file တွေပါ။ vista အတွက် rename လုပ်ထားတာပါ။menu.lst က လည်း vista နဲ့ xp ၂ခုတည်းအတွက် ပြင်ထားတာပါ။boot menu အရမ်းရှုပ်နေမှာစိုးလို့ပါ။ Grub က OS တွေအများကြီး boot လို့ရပါတယ်။ Grub အကြောင်း ပြည့်ပြည့်စုံစုံသိချင်ရင် ဒီနေရာ မှာ လေ့လာနိုင်ပါတယ်။

August 16, 2008

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်


Post From http://peacefulforever.blogspot.com/

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း 14

အလုပ်ရှုပ်နေသည့်အတွက် Cbox မှ မေးခွန်းများအား ယခုမှ ဖြေကြားနိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်စေလိုပါသည်။ မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းမဟုတ်သည့်အတွက် တချို့မေးခွန်းများမှာ မှန်းဆပြီး ဖြေကြားရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မကိုက်ညီမှုတွေ ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ အဆင်မပြေပါက အီးမေးလ်ပို့ပေးပါ။ ကွန်ပျူတာနှင့် အခက်အခဲကြုံနေသူများကို ပြေလည်စေလိုပါသည်။ ပြေလည်သည်အထိ ကူညီပေးလိုပါသည်။ သို့ပေမဲ့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက်တော့ ကြိုးစားဖြေရှင်းကြည့်ပါ။ အင်တာနက်မှာ ရှာဖတ်ပါ။ မသိလည်း မေးလို့ရနေတာပဲဆိုပြီး အပျင်းထူသူများဖြစ်မသွားစေချင်လို့ပါ။ အချို့သောသူများ၏ မေးခွန်းများသည် ချက်ချင်းမဖြေနိုင်ဘဲ လက်တွေ့ စမ်းသပ်ကြည့်ပြီးမှ ပြောနိုင်မှာမို့ အချိန်ယူရပါသည်။ ထို့ကြောင့် မိမိမေးခွန်းများ မပါသေးပါက ခဏ စောင့်ဆိုင်းပေးပါဦးလို့...

ugsatan: how to configure MPT connection <dynamic> on ISA?
Configure with NAT. NAT include in server 03, not in ISA. But you need two NIC Card. And after configuring at NAT, you will need to re-configure at ISA for work together with NAT.

sailwinn: When I open VCD-dat file in window media player-10, window is restarting.
Try playing with other media player. If it successfully, problem occurs at WMP 10. So try to reinstall it.

k.l.t: vista window တင် ပြီး xp window သုံး လို မ ရ ဘူး ဇြစ် နေတာ ဘာ လို လဲ ခင် ဗျာ .........
windows တက်ရင် Vista နဲ့သုံးမှာလား၊ Earlier Version of Windows နဲ့ တက်မှာလား ဆိုတာ မမေးဘူးလားဗျ။ အဲဒီ Eariler Version of Windows ကို ရွေးပြီး Enter ခေါက်လိုက်ရင် XP နဲ့ တက်လာပါလိမ့်မယ်။ အဲဒီလို ရွေးစရာမပေါ်ဘူး ဆိုရင် boot.ini ထဲ ၀င်ပြင်ရမှာပါ။ boot.ini ၀င်ပြင်တာကတော့ normal user တွေအတွက်တော့ အန္တရာယ်များတယ်။ ပြင်လို့ မှားသွားရင် ၀င်းဒိုးတက်မှာမဟုတ်တော့ဘူးဗျ။ စိတ်ဝင်စားရင်တော့ အင်တာနက်ထဲမှာ ရှာကြည့်ပါ။

kyawko: အကိုရေကျွန်တော့ laptop လေး ရေတွေဝင်သွားလို့ အဲဒါ ဘယ်လိုပြင်ရမလဲ power supply နဲ့ဆိုင်လား laptop types ကIBM Thinkpad ပါ ဆိုင်လဲသွားမပြချင်လို့ပါ အဲဒါလေးပြောပြပေးပါအုံးနော်
အဲဗျ။ ဆိုင်မသွားချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ဖြုတ်ရတော့မှာပေါ့။ Tools တွေရော ရှိရဲ့လား။ မရှိရင် သွားဝယ်ထားဦး။ ပြီးရင် ဖြုတ်တော့ပေါ့။ Power Supply ကို အရင် check ကြည့်လေ။ သူ့တစ်ခုတည်း ဖြုတ်ပြီး စမ်းကြည့်ပါ။ Meter တော့ လိုလိမ့်မယ်။ Power Supply ကောင်းရဲ့သားနဲ့ Power မ၀င်ဘူးဆိုရင်တော့ Board ကို check လုပ်ကြည့်ပါ။ ကျွန်တော် အကြံပေးလိုတာကတော့ Laptop ထဲမှာ ပါတဲ့ဟာတွေဟာ နုတယ်၊ သေးတယ်၊ desktop နဲ့ တည်ဆောက်ပုံချင်း အနည်းငယ် ကွဲပြားတယ်။ ဒါကြောင့် နည်းနည်းတော့ သတိထားပါဗျာ။

လှမျိုး: ကျနော် ကွန်ပြူတာ ၀င်းဒိုး XP _3 တင်ပြီး ကိုအိုင်တီမန်းရဲ့ဘလော့ ဖောင့်တွေ့ တချို့ပြောင်းသွားတယ်။ ဘယ်မှာ ပြင်လို့ရလဲ
ကျွန်တော့် ဘလော့ခ်ကို Layout Template ပြောင်းလို့ ဖြစ်သွားတာပါ။ ဒီဘလော့ခ်ရဲ့ ညာဘက်မှာရှိနေတဲ့ How to View Myanmar Blogs Correctly ဆိုတဲ့ ဗီဒီယိုဖိုင်လေးကို download လုပ်ပြီး ကြည့်လိုက်ပါ။

လမင်း: ကိုအိုင်တီမန်း မြန်မာဘလော့်ဂါဒေါ့.orgကို ရှယ်မယ်ဆိုမြန်မြန်ရှယ်လေဗျာ..အကြောင်းကြားပေးပါအုံး
phyoekyaw@gmail.com ကို ဆက်သွယ်လိုက်ပါ။

ugsatan: Brother! Now i'm trying to dual-boot with Fedora9 and OpenSUSE ! but still not successful , so , if u have good idea , please guide me how to do! and if when i success i'll share! hopefully!!!!
Instead of trying actual dual-boot, use virtulization. By using VMWare.

thawdewai: ကျနော်က အင်တာနက်ဆိုင်က ဆာဗာ ကို ဖုန်းလိုင်းကနေ ၀င်ပြီး အင်တာနက် access လုပ်ချင်တာ ပုဂံနက် dial access လိုပေါ့ အဲဒါ advice ပေးပါအုံး
အဲဒီ အင်တာနက်ဆိုင်က ဆာဗာမှာ modem ရှိရမယ်၊ ပြီးတော့ ဖုန်းနဲ့ ချိတ်ဆတ်ထားရပါ့မယ်။ ခင်ဗျားကလည်း ခင်ဗျားစက်မှာ modem တပ်ရမယ်၊ အဲဒီ modem ကို ခင်ဗျား ကြိုးဖုန်းနဲ့ ဆက်သွယ်ထားရမယ်။ ပြီးရင် VPN ဆောက်ရပါ့မယ်။ ဒါဆိုရပါပြီ။ VPN ဆောက်နည်းကို ပြောရင် ရှည်နေမှာမို့ Google ကနေပဲ ရှာလိုက်ပါ။

zin minn: my laptop can't start normally most of time...i'm using F10 and then windows checking a problem. After checking a problem, one box appear that is windows can not repair automatically.
Pressing F10 is to start Automated System Recovery. ASR can't start without having backup floppy disk. So try to use Recovery Console. To do, boot with xp cd and choose recovery console by pressing R. When it start, type these command: fixmbr and also type fixboot.

Myat Thu: ကျွန်တော်က IE7 ကိုသုံးတာပါ။ ခု IE7 ကိုသုံးရတာ spyware alarm တက်လာပြီး IE antivirus ကို dl လုပ်ခိုင်းတယ်.. လုပ်ပြီးသုံးတော့လဲ အဆင်မပြေဘူး.. ဘယ်လိုလုပ်ရမလဲခင်ဗျာ.. ဘာကြောင့်ဖြစ်နိုင်ပါလဲ..
IE ဟာ Spyware တွေ၊ Malware တွေရဲ့ အဓိကပစ်မှတ်ကြီးပဲဗျ။ မေ့လိုက်ပါတော့ဗျာ။ Firefox သာ သုံးပါ။ အဲဒါသာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။

khant thaw aung: အစ်ကိုရေ အစ်ကိုဘလော့လို domain name လေးပြောင်းချင်လို့ပါ။ ကျော်ရခွရနေလို့
phyoekyaw@gmail.com ကို ဆက်သွယ်ပါ။

IT Men's Blog အား အများပိုင်အဖြစ် ပြောင်းလဲမည်

IT Men's Blog ကို ယခင်က ကိုသူရိန် တစ်ဦးတည်းသာ တာဝန်ယူပြီး ရေးသားနေခဲ့ပါသည်။ ယခုအခါ အွန်လိုင်းပေါ်တွင်လည်း ကွန်ပျူတာဘလော့ခ်များ များစွာပေါ်ထွန်းလာပါသည်။ ကွန်ပျူတာဘလော့ခ်များကို လေ့လာသူများအနေဖြင့် ဘလော့ခ်များစွာကို လိုက်လံဖွင့်နေရခြင်းသည် အချိန်ကုန်ခြင်း၊ ကွန်ပျူတာပညာရှင်များအနေဖြင့်လည်း ခရီးတစ်ခုတည်း အတူသွားပြီး တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းမှုမရှိခြင်းများ၊ ရိုင်းပင်းကူညီမှုမရှိခြင်းများ စသည်တို့ကို အဆင်ပြေစေရန် အိုင်တီမန်းဘလော့ခ်အား ကွန်ပျူတာကျွမ်းကျင်သူ မည်သူမဆို ၀င်ရောက်ရေးသားနိုင်သော ဘလော့ခ်ဖြစ်စေရန် ပြောင်းလဲနေပြီ ဖြစ်ပါသည်။ သို့အတွက်ကြောင့် အိုင်တီမန်းဘလော့ခ်တွင် ၀င်ရောက်ရေးသားလိုသော ကွန်ပျူတာပညာရှင်များ၊ ဘလော့ခ်ဂါများကို ဖိတ်ခေါ်အပ်ပါသည်။ ဆက်သွယ်ရမည့် လိပ်စာမှာ zawthureintun@gmail.com ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွမ်းကျင်သောသူများစွာကို invite လုပ်ထားပါသည်။
အဓိကရည်ရွယ်ချက်မှာ အိုင်တီမန်းဘလော့ခ်ကြီး တန်ခိုးကြီးထွားစေဖို့မဟုတ်ပဲ ကွန်ပျူတာကိုလေ့လာသူများ တစ်နေရာတည်းတွင် အဆင်ပြေစွာဖတ်ရှုနိုင်စေရန်အတွက်သာ ရည်ရွယ်ပါသည်။ ထို့အပြင် ကွန်ပျူတာကျွမ်းကျင်သူများ အချင်းချင်း သိကျွမ်းစေရန်၊ တစ်ယောက်နှင့်တစ်ယောက် ကူညီရိုင်းပင်းနိုင်စေရန်၊ မိမိတို့ သိထားတတ်ထားသည်များကို မသိသေးသူများအား ဖြန့်ဝေခြင်းဖြင့် ပညာကုသိုလ်ရနိုင်စေရန်သာ ဖြစ်ပါကြောင်း.....

August 13, 2008

Gtalk ၀င်ခဲ့တဲ့နာမည်တွေ မပေါ်အောင်



MZ Forum မှာ ညမီးအိမ်တင်ထားတဲ့ Thread ကို ဖောက်သည်ချလိုက်တာပါ


ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။

ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတ်မှာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ်  ) သွားပါပြီ။

August 12, 2008

မြန်မာဘလော့ခ်များ ကောင်းစွာကြည့်နိုင်ဖို့

ဒီ IT Men Blog အပါအ၀င် မြန်မာဘလော့ခ်တွေ အကုန်လုံးကို စာတွေကောင်းစွာမြင်ရအောင်၊ စာလုံးလေးတွေကို သေသေသပ်သပ်နဲ့ ကြည့်လို့ရအောင် လုပ်နည်း ဗီဒီယိုဖိုင်ကို ရှယ်ယာပေးလိုက်ပါတယ်။ အောက်က လင့်ခ်ကို နှိပ်ပြီး ယူပါ။
Download Now
Size: 4.97 MB

Windows Recovery System

Computer ပြုပြင်သူများ၊ Service စင်တာများ မဖြစ်မနေသုံးရတော့မည့် နည်းပညာတစ်ခု ပေါ်ထွန်းလာပါပြီ။
Windows Recovery စနစ်ကို ဟိုးအရင်ကတည်းက ကွန်ပျူတာဂျာနယ်မှာ ကာတွန်းပုံလေးနဲ့ ကြော်ငြာလေး ပါကတည်းက သတိထားမိတာပါ။ ဒါပေမဲ့ ဘယ်လိုလုပ်တယ်ဆိုတာ တွေးလို့မရဘူး။ သူတို့က CD ခွေ သုံးရတယ်ဆိုတာပါတော့ သိပ်လည်း အထူး စိတ်မ၀င်စားမိပါဘူး။ အလုပ်ရှုပ်တာကိုး။ ဒါပေမဲ့ ဟိုတစ်လောက မန္တလေး Alpha က Windows ကို Recovery လုပ်ပေးတယ်။ ဘာ CD ခွေမှ မလိုဘူးလို့ ကြော်ငြာတော့မှ အတော်လေးကို စိတ်ဝင်စားသွားမိပါတယ်။
သူငယ်ချင်းတစ်ယောက်ကလည်း အဲဒီကြော်ငြာလေးကိုကြည့်မိပြီး အဲဒါဘယ်လိုလုပ်တာလည်းလို့ လာမေးပါတယ်။ ကျွန်တော်လည်း လုံးဝမစမ်းဘူးသေးမဲ့ ဖြစ်နိုင်ချေရှိတာလေးကို တွေးမိတယ်။ တကယ်တမ်းတော့ backup လုပ်တာပဲ ဖြစ်ရမယ်။ OS တင်ထားတဲ့ Partition ကို backup လုပ်တာဖြစ်ရမယ်။ ပြီးတော့ အဲဒီဖိုင်ကို တခြားလုံခြုံတဲ့နေရာမှာ သွားသိမ်းထားတာ ဖြစ်လိမ့်မယ်။ Windows တစ်ခုခုဖြစ်ရင် Windows မတက်ခင် Restore လုပ်တဲ့ Program တက်လာပြီး Restore ပြန်လုပ်လိုက်လို့ OS ပြန်ကောင်းသွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ Backup လုပ်ပြီးနောက်ပိုင်း တင်ထားတဲ့ Program တွေကိုတော့ သိမ်းရမှာ မဟုတ်ဘူးလို့ ပြောမိပါတယ်။
စိတ်ထဲမှာတော့ Program တစ်ခုခုကို သုံးတာဖြစ်ရမယ်လို့ တွေးထားပါတယ်။ ဒါကြောင့် အင်တာနက်ထဲမှာ ရှာကြည့်ပေမဲ့ ရှာလို့မတွေ့ဘူး။ တွေ့တဲ့ဟာတွေကလည်း ဘာတွေမှန်းကို မသိပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ကိုယ် Hard Disk Clone ရိုက်ရင် သုံးနေကျ Acronis True Image ကို အသေးစိတ်လေ့လာကြည့်တော့မှ သူ့ထဲမှာ Windows Recovery ပုံစံမျိုးလေး ပါတာကို တွေ့လိုက်တယ်။ အဲဒီတော့မှ တော်တော်လေးကို ခံပြင်းသွားတယ်။ ဘယ့်နှယ် ကိုယ်ဖင်ခုထိုင်ထားတာကို ရွှေထုပ်မှန်း မသိတာကိုး။
နည်းလေးတွေ့တော့ ထုံးစံအတိုင်း Share လုပ်ချင်တယ်။ ဒါပေမဲ့ ဒီနည်းက တော်ရုံတန်ရုံမဟုတ်ဘူး။ အစတုန်းကတော့ သူများတွေလည်း ထိခိုက်ကုန်မှာမို့ မတင်တော့ဘူးလို့ကို ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ aungthu2006@gmail.com ညှော်တာနဲ့ တင်ရတော့မှာပါ။ Alpha ကတောင် ဒီနည်းလေးကို ဖွက်ထားပြီး ကြော်ငြာတွေလုပ်၊ စီးပွားရေးလုပ်စားနေတာ။ အဲဒါကြောင့် အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။ သုံးရမဲ့ Program နဲ့ Concept လေး နည်းနည်းပဲ ပြောပါတော့မယ်။ ခွင့်လွှတ်နော်။ ပြီးတော့ ဒါတွေဟာ သာမန် user တွေအတွက် ခက်ခဲမှာမို့ Advanced User သမားတွေ အတွက်ပဲ ရည်ရွယ်တာလည်း ပါပါတယ်။ ဆရာသမားတွေအတွက် အသေးစိတ်သိစရာမလိုဘူး ထင်ပါရဲ့။

ပထမဆင့်
အကောင်းဆုံးကတော့ Format ချ၊ Windows ပြန်တင်လိုက်ပါ။ ပြီးရင် Driver လောက်ပဲတင်ပါ။ Program တွေကိုတော့ မတင်စေချင်ဘူး။ Backup Size ကြီးသွားမှာ မို့လို့ပါ။

ဒုတိယဆင့်
Acronis True Image CD ကို Active ကနေ ၀ယ်လိုက်ပါ။ Install လုပ်ပါ။ သူ့ထဲမှာ Boot ခွေ Burn တဲ့ Function ပါပါတယ်။ အဲဒါကို သုံးပြီး Boot ခွေလုပ်ပါ။ ပြီးရင် အဲဒါနဲ့ Boot တက်ပါ။

တတိယဆင့်
Boot ခွေနဲ့ တက်ပြီးရင် True Image အလိုလိုတက်လာပါလိမ့်မယ်။ သူ့ Interface ပေါ်မှာ Backup ကို ရွေးပါ။ OS Partition ကို ရွေးပါ။ ပြီးရင် Backup လုပ်ပါ။ ဒီနေရာမှာ အရေးကြီးတာ တစ်ခုရှိပါတယ်။ အဲဒီ Backup File ကို ဘယ်နားမှာ သွားထားမလဲဆိုတဲ့ ကိစ္စပါပဲ။ Data Partition မှာ သွားထားလို့ ရပေမဲ့ ကိုယ့် PC က Public သုံးတာဆိုရင် အဲဒီဖိုင် ပျက်သွားမှာ နည်းနည်းစိုးရိမ်ရပါတယ်။ အဲဒီအတွက် True Image က Secure Zone ဆိုတာကို ဖန်တီးခွင်းပေးထားပါတယ်။ Secure Zone က Virtual Partition တစ်ခုဖြစ်ပြီး OS ကတောင် Access လုပ်နိုင်ခွင့်မရှိတဲ့ Partition ပါ။ အဲဒီ Partition ကို ဖန်တီးပြီး အဲဒီထဲမှာ Backup File ထည့်ရင် အကောင်းဆုံးပါ။ ဒါပေမဲ့ Secure Zone ဖန်တီးလိုက်ပြီဆိုရင် True Image က HDD ရဲ့ MBR မှာ သူရဲ့ Program Path သွားထည့်ပြီး Windows တက်တိုင်း True Image နဲ့ Recovery လုပ်မယ်ဆိုရင် F11 နှိပ်ပါဆိုတဲ့ စာတန်းကြီး အမြဲတမ်းပေါ်နေပါလိ့မယ်။ ဒါဟာ သုံးစွဲသူတွေအတွက် မျက်စိနောက်စရာဖြစ်နိုင်သလို ကိုယ်သုံးတဲ့ Program ရဲ့ နာမည်ကို တစ်ပါးသူမသိစေလိုတဲ့သူတွေအတွက် အဖြေထုတ်ပေးထားသလို ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်ကတော့ Data Partition ထဲမှာ သွားထည့်ပါတယ်။

စတုတ္ထဆင့်
ဒါဆိုရင် Backup လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။ Customer ကို ပေးလိုက်လို့ ရပါပြီ။ နောက်ပိုင်း သူတစ်ခုခုဖြစ်လို့ Service ခေါ်ရင် အစောက Boot ခွေသုံးပြီး Restore ပြန်လုပ်ပေးလိုက်ပါ။ စမ်းသပ်ချက်အရ 10 မိနစ်နီးပါးသာ ကြာမြင့်ပါတယ်။

အပိုလုပ်ဆောင်ချက်များ
အဲဒီ True Image မှာ Incremental Backup ဆိုတာ ပါပါသေးတယ်။ အပေါ်က ပုံစံအတိုင်းသာ Restore လုပ်မယ်ဆိုရင် ကျွန်တော်တို့ Backup လုပ်ခဲ့တုန်းက ပုံစံကိုပဲ ပြန်ရောက်သွားမှာပါ။ Customer တွေ အနေနဲ့ကျ သူတို့သုံးစွဲခဲ့တဲ့ နောက်ဆုံး အခြေအနေကို ပြန်လိုချင်မှာပဲ။ အဲဒီအတွက် Incremental Backup ကို On ထားလိုက်ပါ။ True Image က user က setting, data တစ်ခုခု အသစ်ထည့်တိုင်း၊ ပြောင်းလဲတိုင်း backup ထဲကို အလိုလို သွားရေးပါလိ့မ်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လုံးဝ မကြိုက်ပါဘူး။ Space ယူလွန်းတာရယ်၊ Windows Speed နှေးသွားတာရယ်ကြောင့်ပါ။

August 8, 2008

Cbox မှ မေးခွန်းများအေား ဖြေကြားခြင်း (13)

nyinyi: Brother,I want to know the using of hardware devices and the details of networking .So How shall I do to get this book.
Read CompTIA A+ Six Edition, Upgrading and Repairing PC 15th Edition, CompTIA Network+, Sybex Network+, Microsoft Networking Inside Out. All books can get from CD Shop except CompTIA A+.

wwk: ကျွန်တော်.blog မှာ ဇော်ဂျီ fonts ဘယ်လိုထည်.ရပါလဲခင်ဗျာ။
mmblogdirectory.blogspot.com ကို သွားကြည့်လိုက်ပါ။

ပြည့်စုံ: ကျွန်တော်လေ အကို သိသမျှ virus နာမည် အကုန်လုံးကိုသိချင်ပါတယ်။ ကျေးဇူးပြုပြီး အီးမေးလ်နဲ.ပိုပေးပါခင်ဗျာ။ ကျွန်တော်အရမ်းလိုအပ်နေလို.ပါ။ ကျွန်တော်ရဲ့အီးမေးလ် လိပ်စာက pyaesonewinn@gmail.com ပါ။ nn နော်။
http://www.viruslist.com/ မှာ ဗိုင်းရပ်စ်နာမည်တွေ အများကြီး ရှိတယ်။

komoe: အစ်ကိုရေ.. vista မှာ dual boot လုပ်ရင် xp partion ကို hide လို့မရဘူးဗျ။ ဘာကြောင့်ပါလဲ။
ကျွန်တော် မစမ်းကြည့်ရသေးဘူးဗျ။

designer: Adobe Testking တွေက web site တွေမှာ Demo version တွေပဲပေးတာများတယ် full version တွေကို ဒီblog မှာရရင်တော့ အတိုင်းထက်အလွန်ပဲဗျာ
http://www.examcollection.com/

ugsatan: brother Threin! i don't want to use with my stupid question no more, so can i invite ur mail and use it for questioning? <>
Sure, you can invite me.

jojo: internet explorer 7 မှာmenu bar ပြန်ခေါ်လို့မရတော့လို့ပါ tool ထဲက menu bar ဆိုတာမှာလဲ အမှန်ခြစ်ထားပါတယ်ကူကြပါဦး
IE ကိုများ မက်မောမနေပါနဲ့တော့။ Firefox ကိုသာ သုံးလိုက်ပါ။ ဆက်သုံးနေရင် အဲဒီလို ဟိုလိုဖြစ်၊ ဒီလိုဖြစ် ဖြစ်နေမှာပဲ။

khant thaw aung: အစ်ကိုလို blog adresses လေးပြောင်းချင်လို့ပါ။
phyoekyaw@gmail.com ကို ဆက်သွယ်လိုက်ပါ။

ထွန်းထွန်း: အစ်ကိုရေ.. ကျနော့်စက်မှာရှိသမျှ shortcut .. Programs . ,exe file အားလုးံnote pad ပုံစံပဲဖြစ်နေတယ်.ဖွင့်လိုက်ရင်.. Note pad နဲ့ပဲပွင့်တယ်ဘယ်လိုလုပ်ရမလဲ.. Help center က လင့်ခ်လေးတွေကိုတောင် Note pad နဲ့ပဲပွင့်တယ်
Registry ထဲက Classes တွေ ပျက်သွားတာပါ။ Registry Mechanic ဆိုတဲ့ Program ကို သုံးကြည့်ပါ။ ပြီးတော့ ဗိုင်းရပ်စ်လည်း စစ်ကြည့်ပါဦး။

khonhein: မင်္ဂလာပါဗျာ ကျွန်တော် blog ကောင်းကောင်းတစ်ခုရေးချင်လို့ပါ ကူညီပါနော်...ဘယ်လိုရေးရမယ် ဘယ်မှာရေးရမယ်ကိုပြောပြပေးပါနော်
mmblogdirectory.blogspot.com ကိုသာ ၀င်ရောက်လေ့လာလိုက်ပါ။

ko kyaw: ko kyaw: I want to install windows to my computer using memory stick instead of using CD. How can I do it? please show me the way. Thank you very much.
Sorry..Click here to download.
naing: How do you delete Zango.shopping report?I have spybot and it says that it can't delete it because it is still in the computer's memory and it keeps on telling me to restart the computer to fix this problem. I keep on restarting it but i just can't delete it... what should i do?please help me....!!!

You should try other spyware. We like Advanced Spyware Remover.

ရဲရဲ: CRT monitor က H.V Frequency over voltage ဆိုပြီး မပေါ်တော့ဘူး.....cmos ထဲ ၀င်လို့တော့ရတယ်...တခြားmonitor နဲ့တော့ရတယ်....how to repair it? please help me. thanks a lot.
Montior ကို Power ဖြုတ်ပြီး တစ်ရက်လောက် ပစ်ထားလိုက်ပါ။ ပြီးတော့ Montior အ၀င် Power လိုင်းကို SafeGuard ခံပြီး သုံးပါ။

ko kyaw: I want to know how to get myanmarbloggers.org site.contact phyoekyaw@gmail.com

ahphong: ကျွန်တော် ကွန်ပြူတာ ကိုင်တတ်စပါ။ ထိုင်းမှာနေပါတယ်။ ubuntu ကို ကျွန်တော် CD ကနေ အင်စတော in window လုပ်တာ ပြဿနာ တက်လို့ မေးကြည့်ချင်ပါတယ်။ ကျွန်တော် အရင်က ubuntu ကို window vista တင်ထားတဲ့ vaio လက်တော့မှာ လုပ်ဖူးပါတယ်။ .. အဲ့ဒီတုန်းက အဆင်ပြေပါတယ်။ ubuntu လဲ အဆင်ပြေပြေတက်သွားပါတယ်။ အခုတခါ ကျွန်တော် window xp တင်ထားတဲ့ acer model နဲနဲ ဟောင်းတဲ့ တစ်ခုမှာ ထပ်တင်လိုက်ပါတယ်။ reboot လုပ်မလားဆိုတော့ reboot လိုက်ပါတယ်။ နောက် ubuntu ကိုရွှေးသွားပါတယ်။ ဒါပေမယ့် .. ubuntu က မတက်လာပဲ ..
ubuntu@ubuntu:~$ ဆိုတာ ကနေ မသွားတော့ဘူး။ sudo ဆိုလား နဲ့ လုပ်ပါဆိုလား .. ရေးထားတယ်။ ကျွန်တော်လဲ မလုပ်တတ်တော့ဘူး။ အရင် တုန်းကအဲ့လိုမပေါ်ဘူးလေ .. ကျွန်တော်ထင်တယ် ဆရာတို့အတွက် က သိပ်မခက်ဘူးထင်တယ် ... အပန်းမကြီးဘူးဆိုရင် ဘာလုပ်ရမလဲ .. ပြောပြပါလားဟင် .. အင်တာနက်ပေါ်လဲ မရှာတတ်တော့ဘူး .ကူညီချင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့က Linux သမားတွေ မဟုတ်တော့ ဖြေရှင်းမပေးနိုင်တဲ့အတွက် ၀မ်းနည်းပါတယ်။

perfect: အစ်ကိုကျွန်တော့် LCD မော်နီတာက viewsonic17" Wide Screen ပါ မြင်ကွင်းကျယ်ဖြစ် တာကြောင့် အင်တာ နက်သုံးရင်ကြည့်ရင် တော့ကောင်းပါတယ် ဓာတ်ပုံ တွေကြည့်ရင် အလျားပြဲထွက်နေလို့ ပါ။ အဲ့ဒါဘယ်လိုလုပ် ရပါမလဲခင်ဗျာ
resolution ကို 1680*1050 ထားလိုက်ပါ။

August 6, 2008

ကိုကျော်စိုးသို့

CPE17 Autorun Killer အကြောင်းသည် ကိုကျော်စိုး၏ဘလော့ခ် (kyawnux.blogspot.com) မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ Post တင်စဉ်က ကျန်ခဲ့သောကြောင့် ယခုမှ ရေးသားခြင်း ဖြစ်ပါသည်။ ခွင့်ပြုချက်မတောင်းပဲ တင်ခြင်းကို ကိုကျော်စိုး နားလည်ခွင့်လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

CPE17 Autorun Killer

CPE17 Autorun Killer (AntiAutorun) Version က 1.7.1 ပါ။ ဒီ program လေးက "Autorun Virus" (အလို အလျောက် System ထဲကို ၀င်ရောက်ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ဗိုင်းရပ်(စ်)များကို ဖယ်ရှားရှင်လင်းပေးပါတယ်။ System ထဲကို ဗိုင်းရပ်(စ်)၀င်ရောက်ရခြင်းအကြောင်းရင်းကိုဆန်းစစ်မယ်ဆိုရင် အဓိကလက်သည်ကတော့ လူသုံး အများဆုံး Flash Disk or Memory Disk တွေပါပဲ။ Systemထဲကို ထိုးသွင်းလိုက်ပြီဆိုတာနဲ့ အလိုအလျောက်ပြန့်ပွားပြီး စနစ်ရဲ့အဓိကကျတဲ့နေရာတွေမှာဝင်ရောင်ခိုအောင်းပြီ ဒုက္ခပေးတော့တာပဲ။ အဲဒီအချိန်မှာ တင်ထားတဲ့ Antivirus Program Defination က update ဖြစ်တယ်ဆိုရင်တောင် တစ်ချို့ ဗိုင်းရပ်(စ်)တွေဆို မိတောင်မမိဘူး။ ဒါက ကျွန်တော့်အတွေ့အကြုံအရပြောတာပါ။ ဗိုင်းရပ်(စ်) အမြဲတမ်းမိပြီး သတ်ပေးတဲ့ အပြည့်အစုံဆုံး Antivirus Program ဆိုတာမရှိပါဘူး။ နောက်ပြီး တစ်ချို့ ဗိုင်းရပ်(စ်)တွေဆို System ထဲကိုရောက်ပြီဆိုတာနဲ့ Systemတစ်ခု လုံးကို နှေးကွေးလေးလံအောင် လုပ်ဆောင်ခြင်းဖြင့် ရှိနေတဲ့ Antivirus Program ရဲ့ လုပ်ဆောင်ချက်ကို ရပ်ဆိုင်း စေခြင်းဖြင့် သူတို့ကို မရှာနိုင်အောင် မတွေ့နိုင်အောင် လက်ဦးမှုရယူတတ်ကြသည်။ လေးဖြူသီချင်းလို့ပေါ့ မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက် ဆိုသလိုပါပဲ။နည်းနည်း ရှည်သွားတယ် ချုပ်ရအောင် ဒါဆိုရင် System ကို ဗိုင်းရပ်(စ်)မ၀င်အောင် ဘယ်လိုလုပ်ကြမလဲ ဟုတ်ကဲ့ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုပြီထိရောက်ပါတယ် ဆိုစကားအတိုင်း မည့်သည့် media အစိတ်အပိုင်းမဆို ထိုးထည့်လိုက်တာနဲ့ ဗိုင်းရပ်(စ်)ကို ရှာဖွေသတ်ပေးနိုင်တဲ့ Program လေးတစ်ခုကိုမိတ်ဆက်ပေးမယ် အသုံးဝင် လိမ့်မယ်ဆိုတာလည်း စာရေးသူကယုံကြည်မိပါတယ်။ အောက်ကလင့်လေးကိုနှိပ်ပြီး ဒေါင်းလုပ်(ဒ်) ဆွဲလိုက်ပါ။
http://www.4shared.com/file/41868629/9a077e8d/CPE17_Autorun_Killer__AntiAutorun__v171_build_1325.html

itmen said: 4shared ကို ပိတ်ထားရင်
http://zawthureintun.googlepages.com/CPE17AutorunKillerAntiAutorunv1.1.7..exe

August 3, 2008

ကျေးဇူးတင်ရှိခြင်း

itmen.cbox.ws မှ ကွန်ပျူတာမေးခွန်းများကို ကူညီပြီး ဖြေကြားပေးကြသော rui, Mr.Answer, kyawzinkoko01@gmail.com, cthu, sanle (linsanle.blogspot.com), Min Naing (minnai.u21@gmail.com), samelann (samealann@gmail.com), Nyi Nyi တို့အား အားလုံး၏ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။

ကိုသူရိန်

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း (၁၂)

tunlinkyaw: ကျွန်တော်. LCD monitor 17'' PC စဖွင့်တာနဲ့ screen တစ်ခုလုံး flash ဖြစ်ဖြစ်နေတယ်...frequency 70 to 75 လောက်ထားရင်လည်းခဏပဲ..ပြန်ပေါ်လာတယ်..restartလုပ်ရင်တော့ကောင်းသွားတတ်တယ်....ကူညီပါအစ်ကို
LCD တွေဟာ သတ်မှတ်ထားတဲ့ frequency နဲ့ resolution ထက် ပိုထားရင် အဲဒီလိုဖြစ်တတ်ပါတယ်။ manual စာအုပ်ကို ပြန်ရှာကြည့်ပြီး ဘယ် frequency နဲ့ resolution အမြင့်ဆုံး ထားနိုင်သလဲဆိုတာ ကြည့်ပါ။ ပြောထားတဲ့အတိုင်းပဲ ထားပေးပါ။ ပိုမထားပါနဲ့။ ပြီးတော့ စမ်းကြည့်ပါ။ အဆင်မပြေသေးရင် တခြားကွန်ပျူတာမှာ အစ်ကို့ LCD ကို သွားတပ်ကြည့်လိုက်ပါ။ တခြားကွန်ပျူတာမှာ ကောင်းတယ်ဆိုရင် အစ်ကို့ ကွန်ပျူတာမှာ Graphic Card ပါရင် အဲဒီ့ Card က ဖြစ်တာပါ။ Graphic Card မပါရင်တော့ Motherboard ကြောင့် ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးက အရမ်းဖြစ်ခဲပါတယ်။ Driver ကြောင့်လားဆိုတာကိုလည်း စစ်ကြည့်လိုက်ပါဦး။ တကယ်လို့များ အစ်ကိုက Normal User တစ်ယောက်ဖြစ်တယ်ဆိုရင် ကျွန်တော့်ဆီ မေးလ်ပို့ပြီး အသေးစိတ် မေးနိုင်ပါတယ်။ ဖြေကြားပေးပါ့မယ်။

jojo: hard disk နှစ်ခုတွဲတပ်ရင် သိပြီး တစ်ခုထဲတပ်တဲ့အခါ not detected ဖြစ်နေပါတယ် ဆိုင်က၀ယ်လာတဲ့ use 40Gb ide ပါ ဘာကြောင့်ပါလဲကူကြပါ။
ဝယ်လာတဲ့ Hard disk က Jumper ချိုးတာ မှားလို့ ဖြစ်နိုင်ပါတယ်။ Jumper ဆိုတာက Hard disk အနောက်မှာပါတဲ့ Pin လေးတွေကို တွဲပေးထားတဲ့ လေးထောင့်အပြား သေးသေးလေးကို ပြောတာပါ။ အဲဒီ Jumper ကို အသုံးပြုပြီး Hard Disk ကို Master ဖြစ်အောင် လုပ်ရပါမယ်။ Master ဖြစ်ချင်ရင် ဘယ် pin နဲ့ ဘယ် pin တွဲရမယ်ဆိုတာကို Hard Disk ပေါ်မှာ ရေးထားပါတယ်။ အဲဒီအတိုင်း တွဲပေးလိုက်ပါ။ ကျန်တဲ့ Hard disk တစ်လုံးကိုလည်း အဲဒီအတိုင်း Master ထားလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

chitloonthuကျွန်.တော်..dial up နဲ့ချိတ်တာ လက်တော့မှာတော့ရပြိး ဒက်စတော့မှာမရဘူး လက်တော့မှာက ဗစ်စတာတင် 680 အက် ရာ က ဒက်စတော့မှာတက်နေပါတယ် ဖုန်းလိုင်းလည်းကောင်းပါတယ် ဒီဂျစ်တယ်လိုင်းတောရမဟုတ်ပါ ဒါပေမယ် ဒီဖုန်းကြိုးနဲ့ ဗစ်စတာမှာကျတော့ရပြီး ဒက်စတော့မှာမ၇ပါဘူ အိတ်စတာနယ်မိုဒမ်းပါ အသစ်ပါ ဒီလင်းပါ။ စတာမှာ. သူ့မူလ အိုင်အီး နဲ့. ၀က်ဆိုက်ခေါ်ကြည့်လို့ရပြီး ဂျီတော့ မရပါ မိုဇီလာလည်းရမပါ
desktop မှာ dial up နဲ့ အင်တာနက်ရဖို့ လုပ်ရတဲ့အဆင့်တွေကို အစအဆုံး ပြန်လုပ်ကြည့်လိုက်ပါ။ ပြောတဲ့ထဲမှာ 680 အက်ရာ နဲ့ စတာ ဆိုတာတွေက ဘာတွေကို ပြောသလဲဆိုတာ ပြန်ပြောပေးပါဦး။

Myomin: DT Mini Kingston 1GB မှာ hold ခလုတ်မရှိပါဘူး။ write-protected ဘာ့ကြောင့်ဖြစ်နိုင်ပါသေးလဲ?
Unlocker ဆိုတဲ့ Program သုံးပြီး ဖျက်နိုင်ပါတယ်။

naing: ကိုသူရိန်..ကျွန်တော် CPU ကလေ internetသုံးပြီဆိုရင်အသံအကျယ်ကြီးမြည်လာတယ်။ internetမသုံးရင်မမြည်တော့ဘူး။ နောက်တခုက videoကြည့်တဲ့အခါ full screen လုပ်လိုက်ရင် ရုပ်တွေကနှေးသွားတယ် အကို
internet သုံးမှ CPU က အရမ်းအလုပ်လုပ်ရတာဆိုတော့ ဗိုင်းရပ်စ် သို့မဟုတ် Spyware ကပ်နေတာဖြစ်နိုင်ပါတယ်။ Virus ရှင်းဖို့အတွက် Kaspersky ကို သုံးနိုင်ပြီး Spyware အတွက် Spyware Doctor ကို သုံးပါ။ Video ကြည့်တဲ့အခါ ရုပ်ထွက်နှေးတာကို ဖြေရှင်းဖို့အတွက် desktop ပေါ်မှာ right click လုပ်ပြီး Properties>Setting>Advanced>Troubleshoot ကို သွားပြီး Hardware acceleration ကို Full ထားလိုက်ပါ။

ko kyaw: I want to install windows to my computer using memory stick instead of using CD. How can I do it? please show me the way. Thank you very much.
ဒီမှာ နှိပ်ပြီး ရယူပါ။

tunlinkyaw: CPU 3.0,VGA PCI express 128, MEM 1Gb. window မပေါ်ခင် Hardware devices စစ် ပြီး error ပေါ်လာတယ်.CPU over temperature" restart လုပ်ပြီးရင်လည်းပေါ်တယ် shutdown လုပ်ပြီးပြန်ဖွင့်ရင်တော့ မပြဘူး ကူညီပါအုန်း
CPU က ပူလာလို့ ဖြစ်တာပါ။ ဖြေရှင်းနည်း နှစ်ခု ရှိပါတယ်။ တစ်ခုက BIOS ထဲမှာ သတ်မှတ်ထားတဲ့ CPU အတွက် အများဆုံး အပူချိန်ကို သွားတိုးရင် ရပါတယ်။ သတိပေးချက် ပျေက်သွားမှာ ဖြစ်ပေမဲ့ အဲဒါဟာ သင့်တော်တဲ့နည်းတော့ မဟုတ်ပါဘူး။ နောက်တစ်နည်းကတော့ CPU ပုံးကို ဖွင့်ပြီး CPU Fan သေချာလည်မလည် စစ်ပါ။ ကောင်းတာကတော့ air blower ကို သုံးပြီး ဖုန်တွေကို မှုတ်လိုက်ပါ။ နောက် CPU နဲ့ Heat sink ထိအောင် လုပ်ပေးတဲ့ Thermal Compound ကို ပြန်ထည့်ပါ။ ဒါပေမဲ့ အဲဒီနည်းတွေဟာ ကွန်ပျူတာပြင်တဲ့သူတွေလုပ်မှသာ ပိုအဆင်ပြေပါလိမ့်မယ်။

ကေမောင်ငြိမ်း: regesitry စာအုပ်လေးတွေရှိရင် သိချင်ပါတယ်ခင်ဗျာ
မြန်မာလိုရေးတဲ့ စာအုပ်တွေတော့ရှိတယ်။ ဒါပေမဲ့ မပြည့်စုံဘူး။ ကောင်းတာကတော့ Microsoft ကထုတ်တဲ့ Windows Registry ဆိုတဲ့ စာအုပ်က အရမ်းကောင်းပါတယ်။ download link လှမ်းပို့လိုက်ပါ့မယ်။

အာကာ: Kaspersky 6.0 ကို Instrall လုပ်လို့ရတယ်။ ဒါပေမယ့် ဖွင့်လို့မရပါ။ ဖွင့်လို့ရအောင် ဘယ်လိုလုပ်ရမလဲ။ license key ကို ဘယ်လို download ဆွဲရမလဲ ပြောပြပေးပါ။
www.kavkiskey.com မှာ licnese key တွေ ရှိပါတယ်။

sailwinn: I am using windows xp sp2. Now Windows is asking for Validation Licence Key (VLK). I can't install media player 11. Please help me
WGA ကြောင့် ဖြစ်တာပါ။ အဲဒီ အကြောင်းကို ပို့စ်တစ်ခုအနေနဲ့ ရေးတင်မှာပါ။ ခဏလေး စောင့်လိုက်ပါဦး။

Myat Thu: အစ်ကိုရေ... ကျွန်တော်ရဲ့ chat history ကို harddisk ထဲမှာ သိမ်းချင်ပါတယ်.. ဘယ်လိုလုပ်ရမလဲခင်ဗျာ
Gtalk ပြောနေရင်း ပြောတဲ့ window လေးရဲ့ ညာဘက် အပေါ်နားမှာ တြိဂံစောက်ထိုးလေးကို နှိပ်လိုက်ပါ။ ထွက်လာတဲ့ထဲက Go on the record ကို ရွေးလိုက်ပါ။ အဲဒါဆိုရင် ကိုယ်ပြောတဲ့ Chat History ကို ကိုယ့် Gmail ထဲကို Google က အလိုလို ပို့ပေးပါလိမ့်မယ်။ ဒါပေမဲ့ successfully logout ဖြစ်ဖို့တော့ လိုပါတယ်။ Gmail ထဲရောက်လာရင် အဲဒီ Chat History email ကို ဖွင့်ပြီး သိမ်းလို့ ရပါပြီ။

thawdewai: ကိုသူရိန် networking နဲ့ပက်သက်ပြီး knowledge လေးတင်ပေးပါ
ဟုတ်ကဲ့..ကျွန်တော် ebook ရေးနေပါတယ်။ မပြီးသေးလို့ပါ။ ပြီးရင် ပေးပါ့မယ်။

thein htike: ကျွန်တော့်စက်မှာ Auto CAD 2006 တင်ထားပါတယ်၊စက်ဖွင့်တိုင်းAuto CAD fileတစ်ခုက Errorတက်နေပါတယ်။Auto CAD ကိုပြန်ဖြုတ်လို့ လည်းမရတော့ပါဘူး(Control Panel မှ)။အဲဒါ ဘယ်လိုလုပ်ရမလဲ ကူညီပါဦး
Auto CAD installer ကို ပြန် run ပါ။ အဲဒီမှာ modify ကို ရွေးပြီး ဆက်လုပ်လိုက်ပါ။

thein htike: Destop မှာ for testing purpose only ဆိုပြီး ပေါ်နေပါတယ်။အဲဒါဘာကြောင့်ပါလဲ။
Windows က beta window ဖြစ်နေလို့ပါ။ တခြား window ပြောင်းတင်မှ ရပါလိမ့်မယ်။

ညီညီ: ICS server အနေနဲ့သုံးပြီးတည်ဆောက်ထား တဲ့Network အတွင်းမှာရှိတဲ့ အခြားPC တွေရဲ့ အင်တာနက်သုံးစွဲမှုကို ဘယ်လိုထိန်းချုပ်လို့ရလဲဆိုတာ ပြောပါပေးပါခင်ဗျား
ICS ဆိုတော့ Workgroup လုပ်ထားတာပေါ့။ Software တွေ သုံးမှ ရပါလိမ့်မယ်။ Net Monitor For Employee က အသင့်တော်ဆုံးပါပဲ။

tuang: sia,MMEdu ကို ဘယ်လို ဖွင့် ၇မလဲ၊ဘယိလိုေ၇း၇မလဲ၊register လဲ လုပ်ပြီးပြီ။
သူတို့က ပြန်ပို့တဲ့ email ကို စောင့်လိုက်ပါ။

mintunthant: ကျွန်တော် download ဆွဲတဲ့ zawgyi က english fonts ပဲ ဖြစ်ဖြစ်နေလို့ ကူညီပါအုံး
မဟုတ်ဘူးဗျ။ Unicode Font တွေကို ဒီအတိုင်းဖွင့်ကြည့်ရင် English စာလုံးတွေကို မြင်ရမှာပါ။ install လုပ်သာ လုပ်လိုက်ပါ။

htet htet: I want to know the usefulness of ICT. How can I find. Please show me the way.
အင်တာနက်ဂျာနယ်မှာ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးတဲ့ ICT အကြောင်းတွေ အပတ်စဉ်ပါပါတယ်။ ဆောင်းပါးအောက်မှာ Source ပါပါတယ်။ အဲဒီအတိုင်း Google ထဲမှာ ရှာလိုက်ပေါ့။

zorro: google analytic က code တော့ရပါပြီ.. ကိုယ့် Blog ထဲကို ဘယ်လိုထည့်ရမလဲ ..ပြောပြပေးပါအုံး
Blogger ရဲ့ Setting>Layout>Code ထဲကို သွားထည့်ရပါမယ်။

Face Recognition

ကိုညီညီဦး <nnyioo@gmail.com> မှ ပေးပို့သည်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ဒီလိုဗျ Windows(xp,vista) ကို Login ၀င်တဲ့အခါမှာ ပုံမှန်အားဖြင့် password ရိုက်ထည့် ရ တယ်မလား။ ဒီ veriface ဆိုတဲ့ sofware လေးကို သုံးထားမယ် ဆိုရင် Login ၀င်တဲ့အခါမှာ password ရိုက်စရာမလိုဘဲ  သင်၏ မျက်နှာသာပြလိုက်ပါဗျာ ဒါဆို Auto Login ၀င်သွားရော... မိုက်တယ်မလား.. ဒါပေမဲ့ သင့်ဘက်ကတော့ WebCam ပါတဲ့ Laptop ကို သုံးမှ အဆင်ပြေမှာနော်... လောလောဆယ်တော့ Desktop မှာ စမ်းကြည့်တာ မရဘူး Laptop မှာတော့ အဆင်ပြေတယ်.. စမ်းသုံးချင်ရင်.. ဒီမှာ ယူလိုက်နော်...

ဒီအကြောင်းအရာကို အသေးစိတ် သိလိုပါက projectw.org တွင်လေ့လာနိုင်ပါသည်။

August 1, 2008

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်!!!

Original Post is Here By ဘလူးဖီးနစ်

အရင်ဖတ်ပြီးသူများ မှတ်ချက် update ကိုကြည့်ပါခင်ဗျာ
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
၁။ Google Talk ကိုဖွင့်ပါ။
၂။ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
၃။ အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။Make calls from your Google Talk
Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။Helpful Hintsဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

PDF နဲ့ ရယူလိုရင် ဒီက ယူပါ။မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့ သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့ ထင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ ယူကြပေတော့ဗျို့ :Pမှတ်ချက် update။ ကျွန်တော်ထပ်သိရတဲ့ သတင်းအရ ပိုက်ဆံ ဖြတ်တာက ဟိုဘက်ကသုံးနေတဲ့ ဖုန်းကဒ်နဲ့ ဆိုင်တယ် ဆိုပဲဗျ။ ဒါပေမယ့် စနေ၊ တနင်္ဂနွေဆို ဘယ်နိုင်ငံ ဘယ်ကဒ် ဖြစ်ဖြစ် ပိုက်ဆံ မဖြတ်ဘူးလို့ သိရပါတယ်။ စမ်းကြည့်လိုက်ကြပါဦး။

How to trace email

Post From zmtblog.blogspot.com

Email ဘယ်က ပို့လိုက်တာလဲ ဆိုတာကို Google map နဲ့ ကြည့်လို့ရပါတယ်။ http://www.ip-adress.com/trace_email/ ကိုသွားလိုက်ပါ။ How to view the email header မှာ Click here ကို နှိပ်လိုက်ပါ။ ကိုယူထားတဲ့ email services အလိုက် header ရယူနည်းတွေ ရှိပါတယ်။ ပြီးရင် တော့ mail box ကို ဖွင့်ပြီး။ ကိုသိချင်တဲ့လူ ပို့ထားတဲ့ mail ကိုဖွင့်ပြီး Header ရယူလိုက်ပါ။ http://www.ip-adress.com/trace_email/ ကိုပြန်သွားပြီး Copy and Paste the email header in this field: မှာ ရလာတဲ့ email က header ကို past လုပ်ပေးလိုက်ပါ။ Google map မှာ ရှာပေးပါလိမ့်မယ်။

Template ပြင်ထားတယ်

IT Men's Blog ၏ Template ကို အရင် Classic Template ကနေ Layout Template သို့ ပြောင်းလဲထားပါတယ်။ ဘာတွေ ပိုထူးလာလဲဆိုတော့ ညာဘက်မှာ Labels မှာ ထပ်သွင်းထားပြီး ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ကိုသာ ကွက်ပြီး ဖတ်နိုင်အောင် စီစဉ်ထားပါတယ်။ ပြီးတော့ အရင်လို Post တွေ အကုန်လုံးကို တစ်မျက်နှာတည်းမှာ မထားတော့ပဲ Post အရေအတွက် 4 ခုပဲ Home Page မှာ ထားလိုက်ပါတယ်။ အဟောင်းတွေ ပြန်ဖတ်ချင်ရင်တော့ အောက်ဆုံး Post ရဲ့ ညာဘက်မှာပါတဲ့ Older Post ပေါ်မှာ နှိပ်ပြီး ပြန်ကြည့်နိုင်ပါတယ်။ ပြီးရင် Blog's Feed ကို Subscribe လုပ်တာ လွယ်ကူအောင် ပြောင်းထားပါတယ်။ ဒီ blog ညာဘက်အောက်ခြေမှာ ပါတဲ့ Subscribe to Post ကိုရွေးလိုက်ရင် Feed ကို ဘယ် reader နဲ့ ဖတ်မှာလဲလို့ မေးပါလိမ့်မယ်။ ကိုယ်သုံးတဲ့ reader ပေါ်မှာ နှိပ်လိုက်ရုံနဲ့ ကိုယ့် reader ထဲမှာ IT Men Blog's Feed ရောက်လာပါလိမ့်မယ်။ တခြား ထပ်ထည့်ဦးမှာတွေ ရှိပါသေးတယ်။ အဆင်မပြေတာများ ရှိရင်လည်း ပြောပေးကြပါဦး။ဲ