December 31, 2008

Oph Crack ကို စမ်းသပ်ကြည့်ခြင်း

Oph Crack အကြောင်းကို Myanmar PC World ကို ဖတ်ရင်းနဲ့ သိခဲ့တာပါ။ သူရေးထားတာကတော့ အတိုလေးပါပဲ။ Windows Password မေ့ရင် သုံးဖို့ပေါ့။ ဒီလောက်ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း စမ်းမယ်စမ်းမယ်နဲ့ တော်တော် မစမ်းဖြစ်ပါဘူး။ ဟိုတစ်လောကမှ Download လုပ်ပြီး စမ်းကြည့်မိပါတယ်။

XP နဲ့ Vista အတွက်ဆိုပြီးISO ဖိုင် နှစ်ခု download လုပ်ခွင့်ပေးထားပါတယ်။ File Size က အရမ်းကြီးတဲ့အတွက် တစ်ပတ်လောက်download လုပ်ရပါတယ်။ ဒါပေမဲ့လည်း စိတ်ရှည်ရတာပေါ့လေ။ Oph Crack ဆိုတာ Windows ရဲ့ Login Password တွေကို ကြည့်လို့ရတယ်လို့ ကြားဖူးထားတာကိုး။download ပြီးတော့ ရလာတာက ISO ဖိုင်ဆိုတော့ စီဒီပြန် Burn ပြီး စမ်းပါတယ်။ သူ့ကို First Boot Device အနေနဲ့ထားလိုက်တာပေါ့။

သူက Linux OS ကိုသုံးထားတာပါ။ အတိအကျပြောရရင်တော့ SLAX (slax.org) ကိုသုံးထားတာပါ။ Live Version ပါ။ Install လုပ်စရာမလိုဘူး။ စီဒီကနေ OS တက်လာတယ်။ပြီးတော့ Oph Crack program ပွင့်လာတယ်။ အဲဒီမှာ သူက SAM database ရှိတဲ့ partition ကို ရွေးခိုင်းပါတယ်။ SAM ဆိုတာက Windows ရဲ့ login password တွေကို encrypt လုပ်ပြီး သိမ်းထားတဲ့ database ပါ။ အဲဒါနဲ့ ကျွန်တော်လည်း ၀င်းဒိုးတင်ထားတဲ့C: partition ကို ရွေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာ သူက Braud Force Algorithm ကိုသုံးပြီး အဲဒီ SAM ထဲမှာ encrypt လုပ်ပြီး သိမ်းထားတဲ့ password တွေကို စဖော်ပါတယ်။ ကျွန်တော့်စက်မှာ User Account နှစ်ခုရှိပါတယ်။ နှစ်ခုလုံးကို password ပေးထားပါတယ်။ တစ်ခုကတော့ character တွေချည်းပဲ ပါတဲ့ simple password လေးပေးထားတယ်။နောက်တစ်ခုကတော့ special character တွေပါတဲ့ strong password ပေးထားပါတယ်။

Oph Crack အနေနဲ့ simple password ပေးထားတဲ့ account ကိုပဲ ဖော်နိုင်ပါတယ်။strong password ပေးထားတဲ့ account ကိုတော့ မဖော်နိုင်ပါဘူး။ ဒါကြောင့်လည်း Blog ပေါ်တင်လိုက်တာပါ။ ဒါဆို မြင်ကြပြီလို့ ထင်ပါတယ်။ strong password ပေးဖို့ ဘယ်လောက်အရေးကြီးတယ်၊ Windows ဟာ Security ပိုင်း အားနည်းတယ်ဆိုတာကိုပေါ့ဗျာ။ စာဖတ်သူလည်းကိုယ့်ကွန်ပျူတာရဲ့ Login Password ကို strong password အဖြစ် ပြန်ပြောင်းထားလိုက်ပါတော့။ မဟုတ်ရင်တော့ Oph Crack နဲ့ တွေ့သွားမယ်နော်။

သြော်..ဒါနဲ့ ကျွန်တော် စမ်းသပ်သုံးစွဲခဲ့တဲ့ strong password လေးကို လက်ဆောင်အဖြစ် ဖော်ပြလိုက်ပါတယ်။ အဲဒါက Wk2@D0& ပါ။

December 28, 2008

Making Blog ebooks

Hi to all,
Most of all come and visit here mean they are interested to blog and want to know what blogger post it. On the other hand, they want to build their own blog and want to know what the other do their blog. I here collect some e-books and submit to this blog. I want to say thanks to authors who write these ebooks. I believe that these books will help you the knowledge of creating blog. Yon can download on following links.

http://www.divshare.com/download/6209322-87a (Blogger_Handbook_Inside)
http://www.divshare.com/download/6209454-a6d (howtomakemyanmarblog)
http://www.divshare.com/download/6209469-5b2 (MakingBlog)
http://www.divshare.com/download/6208834-244 (Own Forum Creation By Yamanya)
http://www.divshare.com/download/6208841-2ed (Website Creation Training)
http://www.divshare.com/download/6208908-7fc (Wordpress Creation by yamanya)

December 27, 2008

thirt party softမှာ deffault setting ပြန်လုပ်ချင်ရင်

ခေါင်းစဉ်ကတော့ နဲနဲလွဲနေသလားမသိဘူး။ ကျွန်တော်ဖြစ်ခဲ့ဖူးတာလေးပါ။ ကျွန်တော် အရင်က ပြည်တွင်းကလေ ကိုယ်သိတဲ့နည်းပညာလေးတွေရေးဖူးပါတယ်။ နောက်တော့ internet အဆင်မပြေတာနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ခု ကျွန်တော်နိုင်ငံခြားကို တာဝန်တစ်ခုနဲ့ ခဏရောက်နေတယ်။ ကျွန်တော်ရောက်တဲ့နေရာက internet မရဘူး။ အဲတာနဲ့ internet ကို hand phone နဲ့ ချိတ်သုံးဖို့လုပ်တယ်။ ဒီနိုင်ငံမှာ က GSM company နှစ်ခုရှိတယ်။ beeline နဲ့ megafon.။ ကျွန်တော် ကနှစ်မျိုးလုံးသုံးတယ်။ ကျွန်တော် သုံးတဲ့ hand set က Nokia အဲတာနဲ့ ကျွန်တော် Nokia PC suite တင်လိုက်တယ်။ ပထမ megafon နဲ့သုံးတယ်။ ဘာမှလုပ်စရာမလိုဘူး။ Nokia PC Suite ကိုဖွင့် Connect to the Internet ကို နှိပ်လိုက်တာ auto connect နဲ့ သူ့ဟာသူချိတ်သွားတယ်။ နောက် beeline နဲ့သုံးတယ်။ သူကမချိတ်ဘူး။ setting ထဲမှာ beeline ကို ရွေးပေးရတယ်။ beeline နဲ့က connection မကောင်းဘူး။ အဲတာနဲ့ mega နဲ့ ပြန်သုံးတော့ ၀င်လို့မရတော့ဘူး။ setting ထဲက သူသိတဲ့ ကဒ်တွေထဲမှာ mega မပါဘူး။ auto connect လုပ်လို့လည်းမရဘူး။ နောက်ဆုံးရွေးထားတာနဲ့ပဲ တက်နေပြီးမချိတ်ဘူး။ အမျိုးမျိုးလုပ်ကြည့်တယ်။ unstall လုပ်ပြီး ပြန်တင်ကြည့်တယ်။ မရဘူး။ ဒါနဲ့ ကျွန်တော်ခေါင်းထဲ ပေါ်လာတာတစ်ခုကိုလုပ်လိုက်တယ်။ အဲတာက window user account တစ်ခုအသစ်လုပ်လိုက်တယ်။ window မှာ new account လုပ်လိုက်ရင် third party software တွေရဲ့ setting တွေက default ဖြစ်သွားတယ်လေ။ နောက် mega ကဒ်နဲ့ ပြန်တက်လိုက်တာရသွားတယ်။

Mail4U is a Attack Site!

ဒီနေ့ www.mail4u.com.mm ကို မဆီမဆိုင် ရောက်သွားပါတယ်။ သုံးတဲ့ browser က Firefox 3.0.5 ပါ။ address bar မှာ www.mail4u.com.mm ဆိုပြီး Enter ခေါက်လိုက်ရော တိုက်ခိုက်နိုင်တဲ့ Website ဖြစ်ကြောင်း သတိပေးတဲ့အနေနဲ့ ဒါမျိုးကြီး ပေါ်လာတာပါပဲ။



mail4u.com.mm ဟာ သင့်ကွန်ပျူတာကိုတိုက်ခိုက်နိုင်တဲ့ Website တစ်ခုဖြစ်ပါတယ် ဒါကြောင့် Block လုပ်ထားတာပါဆိုပြီး Google က ပြောနေတာခင်ဗျ။ Google က mail4u.com.mm ကို ဘာကြောင့် block လုပ်တာလည်းဆိုတာ သိချင်ရင်တော့ အောက်မှာပေးထားတဲ့လင့်ခ်လေးကို နှိပ်ပြီး ဖတ်ကြည့်လိုက်ပါ။ ကဲ. mail4u သုံးနေတဲ့ အကိုတို့ အမတို့ ညီတို့ ညီမလေးတို့ရေ သတိသာထားနေပေတော့။

http://safebrowsing.clients.google.com/safebrowsing/diagnostic?client=Firefox&hl=en-US&site=http://www.mail4u.com.mm/


Taskill

Task Manager ပိတ်ထားတဲ့စက်တွေမှာ Task Manager အစားထိုး သုံးစွဲနိုင်တဲ့ Free ပေးထားတဲ့ Program တစ်ခုပါ။ အဓိကကတော့ ကိုယ်သုံးတဲ့စက်ရဲ့ မလိုအပ်တဲ့ process တွေ မသင်္ကာတဲ့ process တွေကို ပိတ်ပစ်နိုင်ဖို့ အတွက် share ပေးလိုက်ခြင်း ဖြစ်ပါတယ်။

Download Taskill (6 KB)

TCP View

TCPView is a Windows program that will show you detailed listings of all TCP and UDP endpoints on your system, including the local and remote addresses and state of TCP connections. On Windows Server 2008, Vista, NT, 2000 and XP TCPView also reports the name of the process that owns the endpoint. TCPView provides a more informative and conveniently presented subset of the Netstat program that ships with Windows. The TCPView download includes Tcpvcon, a command-line version with the same functionality.

Download TCP View (94 KB)

December 25, 2008

New Author

အိုင်တီမန်း ဘလော့ခ်မှာ အခု author အသစ်တစ်ယောက် ထပ်ရောက်လာပါပြီ။ နာမည်က ကိုဇော်မင်းစိုးပါ။ Hardware ပိုင်းနှင့် Networking ပိုင်းမှာ ပိုင်နိုင်မှုရှိပါတယ်။ ဟိုကလိ ဒီကလိတဲ့ ဆော့ဖ်ဝဲမျိုးစုံလည်း သူ့ဆီမှာ ရှိပါတယ်။ စိတ်ကြိုက်တောင်းယူနိုင်ပါတယ်။ ပြီးတော့ သူကလည်း အွန်လိုင်းက မမြင်ရတဲ့သူငယ်ချင်းတွေရဲ့ ကွန်ပျူတာအခက်အခဲတွေကိုလည်း ဖြေရှင်းချင်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် zawminsoe@gmail.com ကို အားရပါးရ မေးနိုင်ပါတယ်။ Post တွေလည်း ရေးပြီတင်မယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ တစ်ခုပဲ ထွက်လာသေးတယ်။ (ဟဲ.ဟဲ မရေးရင်တော့ အသိပဲ)

December 21, 2008

portable google chrome

Welcome to all
Here is the link to download for portable google chrome web browser for usb edition

http://h1.ripway.com/zawminsoe/Portable_Google_Chrome_1.0.154.36.exe

December 15, 2008

Myanmar Computer Ebooks (6)

Linux အကြောင်းကို အသေးစိတ်ရှင်းပြထားတယ်။ Red Hat ကို Install လုပ်နည်းလည်းပါတယ်။ နောက်ပြီး NAT, Email Server, FTP Server လုပ်နည်း စတာတွေလည်း ပါပါတယ်။ စာရေးသူကတော့ မည်သူမှန်းမသိပါ။ ဒါပေမဲ့ တကယ့်ကို အသေးစိတ်ရှင်းပြထားတဲ့အတွက် စာရေးသူကို အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။


password ပြဿနာတက်လွန်းလို့ password ပေးမထားပါ။


Download Link:
http://ifile.it/3i5tz2u

Troubleshooting BSOD



အပေါ်မှာပြထားတဲ့ အပြာရောင်သေမင်းလို့ခေါ်တဲ့ BSOD(Blue Screen of Death) Screen ကို တော်တော်များများ မြင်ဖူးကြမှာပါ။ ကြုံရတဲ့အခါတိုင်း ဘာလုပ်ရမှန်းမသိတော့ပဲ ဖြစ်တတ်ကြပါတယ်။ အများအားဖြင့် restart လုပ်လိုက်ကြတယ်။ ပြန်ကောင်းသွားတယ်။ တခါတလေကျ restart လုပ်လည်း ဒါပဲ ပြန်ပြန်ပေါ်နေလို့ windows ပြန်တင်ကြတဲ့သူတွေလည်း ရှိပါတယ်။


အကြံလေးတစ်ခုလောက် ပေးပါရစေ။


အဲဒီလိုမျိုး BSOD Screen ပေါ်လာပြီဆိုရင် အဲဒီ BSOD ရဲ့ အောက်နားမှာပါတဲ့ STOP:--- နေရာက address ကို ဖတ်လိုက်ပါ။ ပုံမှာဆိုရင် 0x00000050 လို့ ရေးထားပါတယ်။ အဲဒီ address ကို microsoft.com သို့မဟုတ် Microsoft TechNet စီဒီခွေထဲမှာ ရှာလိုက်ရင် အဲဒီ BSOD ဘာကြောင့် ပေါ်တယ်၊ ဘယ်လိုဖြေရှင်းရတယ်ဆိုတာ ဖော်ပြပေးပါတယ်။


အဆင်ပြေကြပါစေ။

December 11, 2008

Disappear CD/DVD Drive

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ဆီ အီးမေးလ်တစ်စောင် ၀င်လာပါတယ်။ DVD Drive က My Computer ထဲမှာ မပေါ်တော့လို့ ဆိုပြီး မေးထားပါတယ်။ သူ့မေးခွန်းမှာက Device Manager ထဲ ၀င်ကြည့်တော့လဲ DVD Drive ရဲ့ ဘေးမှာ Caution Sign ပုံလေး ပြနေတယ်ဆိုတာပါ ထည့်ရေးထားပါတယ်။

ကျွန်တော့်အထင်က Driver ပျောက်သွားလို့ အဲဒီလိုဖြစ်တာပေါ့။ Driver ပြန်တင်ကြည့်လိုက်လို့ ခပ်ပေါ့ပေါ့ ဖြေလိုက်မိပါတယ်။ ဒါပေမဲ့ CD/DVD Drive တွေ Driver ပျောက်တယ်ဆိုတာမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။ ကြုံလည်း မကြုံဖူးပါဘူး။

နောက် မကြာခင်ပဲ သူက အဆင်ပြေသွားပြီဆိုတဲ့အကြောင်း reply လုပ်ပါတယ်။ သူ့ Laptop က Dell ဆိုတော့ Dell ကို မေးလိုက်တာနဲ့ တူပါတယ်။ ကျွန်တော့်ဆီကို သူနဲ့ Dell က Help Desk နဲ့ ပြောကြတာတွေကို ရှယ်ယာ ပြန်ပေးလိုက်ပါတယ်။ Dell က ပြောတဲ့ ဖြေရှင်းနည်းက ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ မတွေ့ဘူးတဲ့ ဖြေရှင်းနည်း ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ မသိသေးသူတွေ သိရအောင်၊ ကွန်ပျူတာမှာ CD/DVD Drive တွေ မသိတော့ရင် လုပ်ဆောင်ကြည့်သင့်တဲ့ ဖြေရှင်းနည်းလေးကို ဖော်ပြလိုက်ပါတယ်။

Problem

My Computer တွင် CD/DVD Drive မပေါ်ပါ။ Device Manager တွင်လည်း CD/DVD Drive ၏ ဘေးတွင် အ၀ါရောင် Caution Sign လေး ပေါ်နေသည်။ Properties တွင်(Windows cannot load the device driver for this hardware. The driver may be corrupted or missing. (Code 39) ဟု ပြသနေသည်။

Cause

Upper Filter နှင့် Lower Filter များကြောင့် ဖြစ်နိုင်ပါသည်။ Upper Filer Lower Filter ဆိုသည်မှာ ထို CD/DVD Drive ၏ Driver ကို ထိန်းချုပ်ပေးသော Registry Key များ ဖြစ်သည်။ ထို Key နှစ်ခုကို Registry မှ ဖျက်ပစ်ခြင်းဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။

Resolution

  1. Click Start>Run> and type regedit and press Enter.
  2. Locate, and then click the following registry subkey:
    HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
    In the right pane, right-click UpperFilters, and then click Delete.
  3. Click Yes to confirm the removal of the UpperFilters registry entry.
  4. In the right pane, right-click LowerFilters, and then click Delete.
  5. Click Yes to confirm the removal of the LowerFilters registry entry.
  6. Exit Registry Editor, and then restart the computer.

December 10, 2008

Myanmar Computer Ebooks (5)

Deep Freeze အသုံးပြုနည်း
http://www.mediafire.com/file/hykjwnyjirf/Deep

AutoCAD အသုံးပြုနည်း
http://www.mediafire.com/file/jeymmtzndej/Autocad.pdf

ဆရာဇော်လင်း၏ Hardware စာအုပ်
http://myfreefilehosting.com/f/904ee139a6_289.06MB

Microsoft Excel အသုံးပြုနည်း
http://mihd.net/b6suqd

Photoshop CS2
http://mihd.net/4zqmnl

Networking မိတ်ဆတ်
http://ifile.it/k7ruzb8

Password တောင်းပါက itmen.myanmarbloggers.org လို့ ရိုက်ထည့်ပါ။ မဟုတ်ရင်တော့ blank password ပါ။ တစ်ချို့ဖိုင်တွေကိုတော့ www.myanmarfamily.org နဲ့ စမ်းကြည့်ပါ။

December 9, 2008

New Utilities For Backup Drivers

ဟိုးတစ်ခါက Driver တွေကို Backup လုပ်နိုင်ဖို့ Driver Genius အကြောင်းကို ရေးခဲ့ဖူးပါတယ်။ အဲဒီဟာက Free မရတဲ့အတွက် ကျွန်တော့်ဆီကို crack တောင်းတဲ့ Mail တွေလည်း တော်တော်များများ ၀င်လာပါတယ်။ တကယ်တော့လည်း အဲဒီ့ Crack တွေ ဖြည်နေရတာ အတော်အလုပ်ရှုပ်ပါတယ်။ အဲဒါနဲ့ Softpedia မှာ Free ရတဲ့ဟာလေးများ ရှိမလားလို့ လိုက်ရှာရင်း Chily Device Driver Backup ဆိုတဲ့ Tools လေးတစ်ခုကို တွေ့လိုက်တာမို့ Download Link လေးကို ရှယ်ယာပေးလိုက်ပါပြီ။ Driver တွေကို Backup လုပ်နိုင်၊ Restore လုပ်နိုင်ပါတယ်။ Uninstall လည်း လုပ်နိုင်ပါသေးတယ်။

http://www.softpedia.com/progDownload/Device-Driver-Backup-Download-86809.html

December 1, 2008

DVD File Structure

VCD ခွေကို ကွန်ပျူတာနဲ့ ဖွင့်တတ်ခါစက VCD ခွေထဲမှာပါတဲ့ MPEGAV ဆိုတဲ့ Folder ထဲက DAT ဖိုင်တွေကို ဖွင့်ခဲ့တာကို မှတ်မိပါသေးတယ်။ အဲဒီတုန်းကတော့ MPEGAV ဆိုတာ MPEG ဖိုင်တွေကို စုထားတာကို ဆိုလိုမှန်း DAT ဟာ MPEG-1 Format ဖြစ်ပြီး VCD စက်တွေ နားလည်တဲ့ တစ်ခုတည်းသော File Format စတာတွေကို မသိသေးပါ။

အခု နောက်ပိုင်း DVD ခွေ ခေတ်စားလာတယ်။ ပေါ်ကာစတုန်းက DVD Drive ဖိုး မတတ်နိုင်လို့ အနားတောင်မသီနိုင်ပါ။ အခုတော့ ဈေးတွေကလည်းကျ ငါးသောင်းလောက်နဲ့ DVD Writer ပါ ရတာဆိုတော့ နောက်ပိုင်းဆင်တဲ့ ကွန်ပျူတာတော်တော်များများ DVD Drive တွေနဲ့ချည်း ဖြစ်ကုန်ပါပြီ။ Software တွေ OS တွေ Learning ခွေတွေကလည်း DVD နဲ့ချည်းပဲ လာတော့တာဆိုတော့ DVD Drive လေးမှ တပ်မထားရင် ကွန်ပျူတာရာမ၀င်တော့ဘူးပေါ့ (လူရာမ၀င်တာမဟုတ်ပါ)

DVD ကလည်း သုံးလုံးထဲသာ ရှိတာ။ အရှုပ်သားပဲ။ DVD5 တွေရော DVD9 တွေရော Double Layer, Single Layer, DoubleSide Double Layer စတာတွေနဲ့ အများကြီးပဲ။ ဒါပေမဲ့ ဈေးကွက်ထဲမှာတော့ Blank DVD ၀ယ်ရင် 4.7 GB ဆန့်တဲ့ DVD5 ကိုပဲ ၀ယ်လို့လွယ်ပါတယ်။ 8GB ကျော်ဆန့်တဲ့ DVD9 ကိုတော့ နည်းနည်း အ၀ယ်ရခက်ပါတယ်။ (ရန်ကုန်မှာတော့ လွယ်လောက်ပါတယ်) ဒါပေမဲ့ အားလုံးက Single Layer တွေ ချည်းပါပဲ။

Double Layer ကတော့ မြင်တောင် မမြင်ဘူးပါ။ တလောကတော့ Video Camera လေးတစ်လုံး ခဏကိုင်ရလို့ Single Layer-Double Side DVD RW လေး တစ်ချပ်ကို မြင်ဖူးလိုက်ပါတယ်။ Customer က နောက်တစ်ချပ်ဝယ်ချင်တယ်ဆိုလို့ မန္တလေး Sony ကို သွားဝယ်ပေးရတယ်။ အရောင်းစာရေးက +RW ယူမှာလား -RW ယူမှာလားလို့ မေးပါတယ်။ +RW နဲ့ -RW အကြောင်းကို ဖတ်ဖူးပေမဲ့ ခေါင်းထဲမရောက်တာကြောင့် အဲဒီ + နဲ့ - ဘယ်လိုကွာလဲဆိုတာ မသိတော့ဘူး။ ဒါပေမဲ့ + က ပိုကောင်းမယ်ထင်တာနဲ့ + ပဲ ပေးပါလို့ ခပ်တည်တည်နဲ့ ဖြီးရပါတယ်။ အဲဒီလိုပြောမှ DVD +RW က ကုန်နေတယ် -RW ယူမှာလားဆိုတာနဲ့ ထူးပါဘူးလေဆိုပြီး ယူခဲ့ပါတယ်။ စိတ်ထဲမတော့ ဘာမှကွာလောက်ပါဘူးလေဆိုပြီး ထင်နေခဲ့ပါတယ်။

ကင်မရာထဲ ထည့်တော့မှ -RW က ရိုက်ပြီးသွားရင် Finalize လုပ်ပေးရမှန်း သိတော့တာ။ မဟုတ်ရင် DVD စက်မှာ ဖွင့်လို့ မရဘူး။ + နဲ့ - လေး ကွာသွားတာနဲ့ အချိန်ပေးရတာချင်း ကွာသွားတာလေ။

လေကြောရှည်နေတာနဲ့ ပို့စ်ခေါင်းစဉ်အကြောင်းကို မရောက်နိုင်တော့ဘူး။ DVD ဇာတ်ကားခွေတွေရဲ့ File Structure ကို စိတ်ဝင်စားလို့ အင်တာနက်မှာရှာရင်းကနေ တွေ့တာလေးတွေနဲ့ ကိုယ်တွေ့လေးရယ်ကို ပေါင်းပြီး ပြန်လည် ဖော်သည်ချလိုက်ခြင်း ဖြစ်ပါတယ်။

အဲဒီ DVD ဇာတ်ကားခွေထဲမှာ AUDIO_TS နဲ့ VIDEO_TS ဆိုတဲ့ Folder နှစ်ခု ပါပါတယ်။ ဗွီဒီယိုဖိုင်တွေဟာ VIDEO_TS ဆိုတဲ့ Folder ထဲမှာ .VOB ဖိုင်အမျိုးအစားနဲ့ ထည့်ထားပါတယ်။ အဲဒီ VOB (Video OBject) က တကယ့် ဗွီဒီယိုဖိုင်တွေပါပဲ။ DVD Player က အဲဒီ VOB ဖိုင်တွေကို ဖတ်ပြီး Output ပြန်ထုတ်ပေးတာပါ။ ဒါပေမဲ့ အဲဒီ VIDEO_TS Folder ထဲမှာ တခြားဖိုင်တွေ ပါပါသေးတယ်။ အဲဒါတွေကတော့ VIDEO_TS.IFO - VIDEO Title Set InFOrmation Set ပါ။ အဲဒီထဲမှာ Region Code တွေ ပါပါတယ်။ နိုင်ငံခြားက ခွေတွေ ဒီကစက်တွေနဲ့ ဖွင့်မရတာက အဲဒီဖိုင်မှာ ပါတဲ့ Region Code နဲ့ Player ရဲ့ Region Code မတူလို့ပါ။

VIDEO_TS.VOB - အဲဒီဖိုင်ကတော့ Bookmark နဲ့တူပါတယ်။ DVD စက်ကို ခွေကို စဖတ်ဖတ်ချင်း သူ့ကို အရင်ဖတ်ပါ လို့ ပြောထားပါတယ်။

VIDEO_TS.BUP - VIDEO_TS.IFO ဖိုင်ရဲ့ Backup ပါ။

VTS_01_0.IFO - IFO ဖိုင်တွေဟာ VOB ဖိုင်တွေအတွက် အရေးကြီးပါတယ်။ အဲဒီဖိုင်တွေထဲမှာ VOB ဖိုင်တွေကို DVD စက်က Play လုပ်တဲ့အခါ ဘယ် Subtitle, Language, Menus, Aspect Ration သုံးပြီး Play လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေပါပါတယ်။ IFO တွေမပါဘဲ VOB ဖိုင်တွေကို တခြား File Format သို့
မပြောင်းလဲနိုင်ပါ။ (အဲဒါကတော့ လက်တွေ့ပါ)

VTS_01_0.VOB - သူကတော့ ပထမဆုံး စ Play လုပ်ရတဲ့ VOB ဖိုင်ပါ။ DVD ဇာတ်ကားခွေထည့်လိုက်လို့ Menu လေးပွင့်လာတာဟာ သူ့ကြောင့်ပါ။ Chapter ရွေးလို့ရအောင် Language ရွေးလို့ရအောင် သူက လုပ်ပေးတာပါ။

VTS_01_0.BUP - VTS01_1.IFO ရဲ့ Backup ဖိုင်ပါ။

VTS_01_1.VOB - သူကတော့ ဇာတ်ကားခွေရဲ့ တကယ့် Main ဖိုင်ပေါ့။ အများအားဖြင့် အဲဒီဖိုင်ကို သုံးဖိုင် သို့မဟုတ် လေးဖိုင်အထိ အစဉ်လိုက် အပိုင်းခွဲထားပါတယ်။ ဒါမျိုးပါ
VTS_01_1.VOB
VTS_01_2.VOB
VTS_01_3.VOB အဲသလိုမျိုးပါ။ ဒါပေမဲ့ ဘယ်ဖိုင်မှ 1GB ထက် ကျော်ခွင့်မရှိပါဘူး။ အဲဒီ VOB ဖိုင်တွေကို နာမည်ပေးပုံကလည်း Standard ရှိပါတယ်။
ဥပမာ VTS_01_1.VOB ဆိုပါတော့။
ဒါမျိုးမှတ်လိုက်ပါ VTS_xx_yy.VOB
xx က Title နံပါတ်ကို ပြောတာဖြစ်ပြီး yy က Section နံပါတ်ကို ပြောတာဖြစ်ပါတယ်။ ရှစ်ကားတွဲပါတဲ့ ခွေတွေဆိုရင် VTS_01_01.VOB ဟာ ပထမဆုံးကားရဲ့ Chapter 1 ကို ဆိုလိုတာပါ။

အပေါ်က ရေးခဲ့သမျှကို အတိုချုပ်မှတ်ချင်ရင်တော့ VOB ဟာ Video/Audio Data ဖိုင်တွေ ဖြစ်ပါတယ်။ IFO တွေဟာ Navigation လုပ်နိုင်ဖို့ ဖြစ်ပြီး BUP တွေကတော့ IFO တွေရဲ့ Backup တွေ ဖြစ်ပါတယ်။

တချို့ခွေတွေမှာ trailer တွေ Behind the Sence တွေအတွက် အပိုဖိုင်တွေ ပါပါသေးတယ်။ သေချာတာကတော့ Title တစ်ခု (ဇာတ်ကားတစ်ကား) အတွက် VOB ဖိုင် နှစ်ဖိုင်လိုပါတယ်။ တစ်ဖိုင်က Menu အတွက် ဖြစ်ပြီး တစ်ဖိုင်က အဲဒီဇာတ်ကားကြီးပါ။ ပြီးရင် IFO ဖိုင်တစ်ဖိုင်နဲ့ BUP ဖိုင်ကလည်း သေချာပေါက် လိုပါတယ်။

ရေးထားတာက အနည်းငယ်ရှုပ်ထွေးနေပါက DVD ဇာတ်ကားခွေလေး တစ်ခွေလောက်ကို Explorer ကနေ ဖွင့်လိုက်၊ စာလေးဖတ်လိုက် လုပ်ကြည့်လိုက်ပါ။

လိုအပ်တာတွေ ရှိနေသေးပါကလည်း Comment ပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

ICANN သို့ပေးစာ

အင်တာနက် Domain Name တွေကို ထိန်းချုပ်ထားတဲ့ Internet Corporation for
Assigned Names and Numbers (ICANN) အဖွဲ့ရဲ့ တင်းကျပ်မှုတွေဟာ အခုဆိုရင်
တဖြည်းဖြည်းနဲ့
ပြေလျော့လာပါတယ်။ မကြာသေးခင်ကလည်း .com .edu .net .org .edu
စတာတွေပါဝင်တဲ့ TLD (Top Level Domain) အုပ်စုထဲမှာ Pornography website
တွေအတွက် .xxx domain name
ထည့်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ကန့်ကွက်မှုတွေလည်း အတော်လေးများတယ်လို့
ရေးကြပါတယ်။ .xxx ကို ပေးသင့်တယ်လို့ ယူဆပါတယ်။ Website တစ်ခုရဲ့ address
ကိုကြည့်လိုက်မယ်။ .xxx ပါရင်
ဖွင့်ကြည့်စရာမလိုပဲ ဒါဟာ Adult Content Site တစ်ခုပဲဆိုတာ
တန်းသိနိုင်ပါတယ်။ စိတ်ဝင်စားသူတွေကတော့ ၀င်ကြည့်နိုင်သလို
စိတ်မ၀င်စားသူတွေအတွက် ကြိုတင်ရှောင်ထားလို့ ရတယ်လေ။

ပြီးတော့ အဲဒီလို Adult Content Site တွေကို .xxx ချည်းပဲ
ပေးလိုက်မယ်ဆိုရင် Filter လုပ်ရတာလည်း ပိုလွယ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့
ဆယ်ကျော်သက်တွေအတွက်တော့ မကောင်းဘူးပေါ့။
အဲဒီ .xxx လိပ်စာတွေချည်းပဲ လိုက်ရှာနေရင် ဘယ်အဆင်ပြေတော့မလဲ။ ICANN က
ဘယ်လို အကြောင်းပြချက်ပေးလဲတော့ မသိဘူး။ အခုတော့ အဲဒီ .xxx ကို
မပေးဘူးလို့ ဖတ်ရပါတယ်။
အဲ ဟိုတစ်လောကကျ TLD တွေမှာ ကိုယ့်နာမည်၊ ကိုယ့်မြို့နာမည်တွေ
ထည့်ခွင့်ပေးလိုက်တယ်လို့ သိလိုက်ပါတယ်။ အဲဒီလိုသာသေချာရင်တော့
ကျွန်တော်လည်း www.thurein.monywa လို့
လိုချင်သား။ ဟဲ..ဟဲ

လောလောဆယ် တောင့်တတာကတော့ အဲဒီ TLD ကို မဟုတ်ဘူးဗျ။ Domain Name တွေကို
တခြားဘာသာနဲ့ Assign လုပ်ခွင့်ပဲ ICANN အဖွဲ့ကို တောင်းဆိုချင်တာ။
အဲဒီလိုသာ ခွင့်ပေးလိုက်ရင်တော့
ခင်ဗျားတို့ ကျွန်တော်တို့အတွက် ဘယ်လောက်ကောင်းမလဲဗျာ။ ဥပမာပြောရရင်
www.အိုင်တီမန်း.မြန်မာဘလော့ဂါ.org ဆိုပြီး လုပ်လို့ ရသွားမှာ။
(နမူနာပြောတာပါ ICANN က လုပ်ခွင့်ပေးတောင်မှ
Register လုပ်ဖို့ ပိုက်ပိုက်မရှိပါ)

မှတ်ချက်။ ICANN ရဲ့ အရှည်ကိုသိဖို့ Microsoft ကထုတ်တဲ့ Internet &
Networking Dictionary ကို လှန်ကြည့်ရပါသေးသည်။