February 29, 2008

Blogger Handbook


Download Link:
http://zawthureintun.googlepages.com/Blogger_Handbook_Inside.pdf

အရွယ်ငယ်ပေမဲ့ အစွမ်းထက်တဲ့ HijackThis

ကွန်ပျူတာကိုဖွင့်လိုက်တယ်။ Desktop တော့မြင်နေရပြီ။ ဒါပေမဲ့ pointer က သဲနာရီနဲ့ Busy ဖြစ်နေတယ်။ Screen ညာဘက်အောက်ထောင့်က System Tray area မှာ startup program လေးတွေက တစ်ခုပြီးတစ်ခု ပေါ်လို့ မဆုံးနိုင်ဘူး။ စောင့်ရတာလည်း စိတ်မရှည်တော့ဘူး။ ကဲ..ဘာလုပ်မလဲ။
အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Hijack This ဆိုတဲ့ program လေးရှိပါတယ်။ install လုပ်စရာမလိုဘူး။ တန်းသုံးရုံပဲ။ သူက ကွန်ပျူတာဖွင့်ဖွင့်ချင်း run တဲ့ program တွေ၊ Browser တွေမှာ အပိုဖြစ်နေတဲ့ Toolbar သို့မဟုတ် BHO (Browser Helper Object) တွေကို ရှင်းလင်းပေးပါတယ်။ တကယ်ကောင်းပါတယ်။
သုံးနည်းကတော့ သူ့ကို ဖွင့်ပါ။ Scan ကိုနှိပ်ပါ။ ထွက်လာတဲ့ list တွေထဲမှာ မလိုအပ်ဘူးထင်တာတွေကို အမှန်ခြစ်ပေးပါ။ ပြီးရင် Fixed Checked ကို နှိပ်ပါ။
ကွန်ပျူတာကို restart လုပ်ပါ။ အရင်တုန်းကလောက်တော့ မစောင့်ရတော့ဘူးပေါ့။

Download Link ကတော့
http://zawthureintun.googlepages.com/HijackThis.exe ပဲဖြစ်ပါတယ်။

Folder Windows ရဲ့ Background ကိုပြောင်းလဲနည်း

အများအားဖြင့် Windows XP ရဲ့ Folder တွေမှာ နောက်ခံ background က အဖြူရောင် ဖြစ်နေတတ်ပါတယ်။ အဲဒီ အဖြူရောင်ကြီးအစား မင်းသမီးပုံလေးတွေ၊ ရှုခင်းပုံလေးတွေ ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်းလိုပေါ့။


့လုပ်နည်းကတော့
၁။ notepad ကိုဖွင့်ပါ။
၂။ [{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=".\a.jpg" လို့ ရိုက်ပါ။
၃။ a.jpg မှာ အခြား file name ရိုက်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီ ဖိုင်ဟာ နောက်ခံပုံပြောင်းမယ့် Folder ထဲမှာ ရှိနေရပါမယ်။ အပေါ်က ပုံမှာဆိုရင် မင်းသမီးပုံရဲ့နာမည်က a.jpg ဖြစ်ပါတယ်။
၎။ ပြီးရင် နောက်ခံပုံပြောင်းချင်တဲ့ Folder ထဲမှာ desktop.ini အနေနဲ့ Save လုပ်ပါ။
၅။ ဒါဆို နောက်တစ်ခါ ကိုယ့် Folder လေးကို ဖွင့်ကြည့်ရင် နောက်ခံပုံလှလှလေးနဲ့ ဖြစ်သွားပါပြီ။

February 28, 2008

4Shared

သီချင်း၊ ဓာတ်ပုံ၊ ဆော့ဖ်ဝဲ၊ အီးဘွတ်ခ် စသဖြင့် လိုချင်တာလေးတွေ ရှာဖို့

www.4shared.com

When can't to delete files or folder

တခါတလေမှာ ကွန်ပျူတာသုံးနေရင်းနဲ့ တချို့ဖိုင်တွေ၊ ဖိုလ်ဒါတွေ ဖျက်မရတာမျိုး ကြုံဖူးကြမှာပါ။ Cannot delete xxx: It is being used by another person or program ဆိုပြီး Error တက်တယ်လေ။ အဲဒါကို ဖြေရှင်းဖို့အတွက် Unlocker ဆိုတဲ့ program လေးကို မျှဝေပေးလိုက်ပါတယ်။

Download link:
http://zawthureintun.googlepages.com/unlocker1.8.5.exe

Kaspersky License Key

Kaspersky License key ကို upload လုပ်ပေးလိုက်ပါပြီ။ ဒါပေမဲ့ ၁ လပိုင်း Update နဲ့ဆိုရင်တော့ blacklist ပြပါလိမ့်မယ်။ Blacklist ပြပြီဆိုရင် နောက်တစ်ခါ update လုပ်မရတော့ပါဘူး။ အဲဒီအတွက် နောက်ထပ် update လုပ်ချင်ရင် kaspersky ကိုဖြုတ်ပြီး ပြန်တင်ပါ။ အခုကျွန်တော်ပေးထားတဲ့ key ကိုသုံးပြီး update လုပ်ပါ။ update လုပ်ပြီးတာနဲ့ Kaspersky ရဲ့ Activation မှာ key ကို Delete လုပ်ပါ။ Delete လုပ်ခိုင်းတဲ့ အကြောင်းရင်းက blacklist ခဏခဏပေါ်နေတာထက်စာရင် Activate မလုပ်သေးဘူးလို့ပြောတာက သိပ်ပြီး မျက်စိနောက်စရာ မကောင်းဘူးလေ။
http://zawthureintun.googlepages.com/kavkey.zip

CD ခွေများကို မပျက်စီးအောင်ထိန်းသိမ်းခြင်း

ကျွန်တော်တို့လို Freelance သမားတွေအတွက် နည်းပညာဆိုတာ အင်တာနက်၊ စာအုပ်၊ စီဒီခွေ စတာတွေကပဲ ရနိုင်ပါတယ်။ ကျွန်တော့်ဆီမှာလည်း နည်းပညာတွေသိချင်လွန်းလို့ ၀ယ်ထားတဲ့စီဒီခွေတွေ အမြောက်အမြား ရှိပါတယ်။ အမေကတော့ ပြောပါတယ်။ နင့်ကွန်ပျူတာခွေတွေကလည်း အများကြီးပဲ၊ ဘာလုပ်ဖို့လဲလို့ မေးဖူးပါတယ်။ အမေရာ သိချင်လို့ဝယ်ရတာပေါ့လို့ဖြေခဲ့ဖူးပါတယ်။ ကဲပါ..လေရှည်သလိုဖြစ်နေပြီ။ အဲဒီလို စီဒီခွေ စုထားတော့ ဘာဖြစ်လဲ။ ဟုတ်ကဲ့..စီဒီခွေတွေ ပျက်ပါတယ်ခင်ဗျ။ တစ်ချို့ခွေတွေဆို သုံးလေးလနဲ့ပျက်၊ တစ်ချို့ဆို တစ်လနဲ့ပျက် တန်ဖိုးရှိတဲ့ခွေဆို အရမ်းနှမြောဖို့ကောင်းပါတယ်။ ခွေအကောင်းစားတွေကလည်း အတုတွေလာ၊ ရွေးရတာကခက်။ နောက်ဆုံးတော့ ကျွန်တော့်ကွန်ပျူတာပြင်ခလေးတွေစုပြီး 250 GB ရှိတဲ့ SATA Hard Disk တစ်လုံး ၀ယ်လိုက်ပါတယ်။ ရှိသမျှခွေတွေအကုန်လုံးကို အဲဒီထဲထည့်၊ လိုတဲ့အချိန်ရောက်မှ ကောက် burn။ ဟဲ..ဟဲ ဘယ်စီဒီပျက်ပျက် ဂရုမစိုက်တော့ဘူး။ Hard disk ထဲမှာ ရှိပြီးသားလေ။ Hard disk လေးကိုတော့ ဂရုစိုက်ရတော့ပေါ့ဗျာ။
ဒီနေရာမှာ စီဒီခွေတွေကို Hard Disk ထဲထည့်တဲ့အချိန်မှာ ရိုးရိုးခွေတွေဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ Windows ခွေတွေတို့၊ Recovery ခွေစတာတွေကိုတော့ ဒီအတိုင်း Copy/Paste လုပ်ပြီး ထည့်လို့မရပါဘူး။ ဘယ်လိုလုပ်ထည့်ရသလဲဆိုရင် Image ရိုက်ထည့်ရပါတယ်။ Image ရိုက်တယ်ဆိုတာက CD ခွေထဲမှာ ပါသမျှ ဖိုင်တွေအကုန်လုံးကို ဖိုင်တစ်ဖိုင်တည်းအနေနဲ့ စုစည်းပစ်လိုက်ခြင်းဖြစ်ပါတယ်။ File Extension က .nrg (or) .iso ဖြစ်နိုင်ပြီး အဲဒီဖိုင်တွေကို CD ပြန် Burn လို့ရပါတယ်။
လုပ်နည်းကတော့ Image ရိုက်ချင်တဲ့ခွေကို Drive ထဲထည့်၊ Nero ကိုဖွင့်၊ Copy Entire Disc ကိုရွေး၊ Destination Drive မှာ Image Recorder ကိုရွေးပါ။ ပြီးရင် Finish ထိစောင့်ပါ။
Image လုပ်ထားတဲ့ခွေတွေကို ကူးမယ်ဆိုရင်တော့ Nero ထဲမှာ Disc Image or Saved Project ကိုရွေးပါ။ ပြီးရင် Image File ကိုရွေး၊ ခွေလွတ်ထည့်ပေးပြီး ကူးယူနိုင်ပါပြီ။
ခွေမကူးဘဲ စက်ထဲတင်ကြည့်ချင်တယ်ဆိုရင်တော့ Nero Ultra Edition မှာ ImageDrive ဆိုတာပါပါတယ်။ အဲဒါကို Enable လုပ်ပြီး Image File ကို Browse လုပ်ပေးပါ။ Image Drive တွေမသုံးချင်ဘူးဆိုရင်တော့ Power Archiver ဆိုတဲ့ Program နဲ့ Image ဖိုင်တွေကို ကြည့်နိုင်ပါတယ်။

Windows XP ကို USB Memory Stick မှ အသုံးပြုခြင်း

ကြာတော့ကြာပါပြီ။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်မှာ စကားပြောရင်း တစ်ယောက်က သူ့ Hard Disk ပျက်သွားတယ်တဲ့။ အသစ်ဝယ်ဖို့ ငွေလည်းမရှိဘူး။ BartPE ကို Memory Stick ကနေ သုံးလို့ရရင် ကောင်းမှာပဲလို့ ပြောပါတယ်။ (BartPE ဆိုတာ Program တစ်ခုဖြစ်ပြီး Windows XP ခွေကနေ လိုအပ်တဲ့ဖိုင်တွေယူပြီး CD ခွေကနေ Windows XP ကိုအသုံးပြုလို့ရနိုင်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်)။ ကျွန်တော်က ဖြစ်နိုင်လောက်တယ်လို့ပြောပြီး စပြီး ကြိုးစားပါတော့တယ်။ အင်တာနက်ကနေရှာ လိုက်လုပ်၊ မရ၊ လိုက်လုပ်ကြည့် မရလိုက်နဲ့ မိုးလင်းတဲ့ညတွေလည်း များခဲ့ပါပြီ။ အခုတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။ Windows XP ကို Memory Stick ကနေသုံးနိုင်ပါပြီ။ Program တွေလည်း သုံးနိုင်ပါမယ်။ ဒါပေမဲ့ ဒီဘလော့ခ်မှာ တင်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ပြောတဲ့ ပြဿနာတွေဆိုတာက ဒါကိုသုံးပြီး Password ကျော်တာတွေ၊ Hard disk ထဲက Data တွေကို ခိုးယူတာတွေ စသည်ဖြင့် ဖြစ်လာမှာကို ကျွန်တော်စိုးရိမ်ပါတယ်။ ဒါကြောင့် လိုချင်တဲ့သူများ ကျွန်တော့်ဆီကို အီးမေးလ်ပို့ပါ။ ဘာကြောင့်သုံးဖို့လိုအပ်တာ လဲဆိုတာကိုပါ ထည့်ရေးပေးပါ။ ကျွန်တော်က လုပ်ပုံလုပ်နည်း PDF File ကို လှမ်းပို့ပေးပါ့မယ်။

February 27, 2008

iRepairMan

ကွန်ပျူတာလေး ဗိုင်းရပ်စ်ကူးနေတယ်ဆိုလို့ ဗိုင်းရပ်စ်တော့ သတ်လိုက်ပါရဲ့။ ဒါပေမဲ့ Task Manager ခေါ်လို့မရ၊ Folder Option လည်း ဘယ်နေမှန်းမသိတော့၊ Hidden Files တွေလည်း မမြင်ရတော့ဘူး။ နားလည်တဲ့သူ မေးကြည့်တော့ Registry ကို ၀င်ပြင်မှရမှာတဲ့။
အဲဒီလိုအဖြစ်မျိုး စာဖတ်သူကြုံနေပြီဆိုရင် အခုပဲ http://isoft.ygn.cc ကို သွားပြီး iRepairMan ဆိုတဲ့ Program လေးကို download လုပ်လိုက်ပါ။ ကွန်ပျူတာတက္ကသိုလ်က ကျောင်းသား ကိုထိန်လင်းထူး ရေးထားတာဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုအရ တကယ်လည်း ပြန်ဖော်ပေးနိုင်ပါတယ်။

blog ရေးရတာ၊ ကြည့်ရတာတွေ အဆင်ပြေစေဖို့

ခင်ဗျားတို့တော့ ဘယ်လိုနေလဲမသိဘူး။ ကျွန်တော်တော့ ဘလော့ခ်ရေးရင် ??? တွေနဲ့ ညားရတာ ခဏခဏ ကြုံရတယ်။ အစကတော့ ဘာကြောင့်မှန်းမသိဘူး။ ဇော်ဂျီလည်း တင်ထားပါတယ်။ ဖောင့်လည်း assign လုပ်ထားပါတယ်ပေါ့။ နောက်ပိုင်းမှ Browser တွေကို သေချာပြန်ကြည့်လိုက်တဲ့အခါမှ အဆင်ပြေသွားတဲ့နည်းလေး တစ်ခု တွေ့လိုက်ပါတယ်။ လုပ်နည်းကတော့ Firefox သုံးတဲ့သူဆိုရင် Tools>Option>Content ကို သွားပါ။ အဲဒီမှာ Default Font ဆိုတာ တွေ့ပါလိမ့်မယ်။ အဲဒါကို Zawgyi One ပြောင်းပေးလိုက်ပါ။ IE သုံးတဲ့သူဆိုရင် Tools>Internet Option ကိုသွားပါ။ Font ကိုနှိပ်ပါ။ အဲဒီမှာလည်း Zawgyi One ကိုပြောင်းလိုက်ပါ။ ဘလော့ခ်ရေးတဲ့အခါမှာဆိုရင်တော့ post တွေရေးတဲ့ Text Box ကြီးရဲ့ အပေါ်မှာ Font drop down list box ရှိပါတယ်။ အဲဒီမှာ Arial ကို ပြောင်းပြီးမှ ရေးပါ။
အားလုံး အဆင်ပြေနိုင်ကြပါစေ။

February 26, 2008

တကယ်ကို ယူကြုံးမရဖြစ်ရပါတယ် ရတနာပုံရေ

ခါတိုင်းဆို မန္တလေးသွားသွားပြီး ကွန်ပျူတာဝယ်ပေးရတဲ့အခါ MICT Park ကိုသွားနေကြပါ။ လိုက်ဝယ်ခိုင်းတဲ့သူတွေလည်း Mandalay MICT Park ကိုကြည့်ပြီး သဘောကျတဲ့အကြောင်းပြောကြတဲ့အခါ ကိုယ်အနေနဲ့လည်း ဂုဏ်ယူလို့မဆုံးပါဘူး။ ဒီ MICT Park ဖြစ်လာဖို့ဆိုတာကလည်း လွယ်တာမှမဟုတ်ပဲ။ အခုတော့ ဘယ်သူ့ကြောင့်လဲဗျာ။ ဘယ်အရာတွေကြောင့်လဲ။ ကျွန်တော်တို့ တန်ဖိုးထားရတဲ့နေရာကြီး မီးလောင်ပျက်စီးသွားရပြီ။ တကယ့်ကို ယူကြုံးမရဖြစ်ရပါတယ်။ ဘယ်လိုစလောင်တယ်ဆိုတာလည်း မသိရသေးဘူး။ မြန်မာကွန်ပျူတာလောကက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ထူထောင်ပေးကြပါဦး။ ကျွန်တော် စိုးရိမ်မိတဲ့နေရာကတော့ Active Multimedia ပါပဲ။ ခွေတွေများ ပါသွားသလာမသိဘူး။ ပါသွားရင်တော့ တကယ့်ကို နှမြောစရာပါပဲဗျာ။ ငွေကျပ် သန်းပေါင်းများစွာဆုံးရှုံးမယ်လို့ တွက်မိတာပဲ။ အဲဒီက ဆိုင်ခန်းပိုင်ရှင်တွေ အတွက်လည်း တကယ်စိတ်မကောင်းပါဘူးဗျာ။ တတ်နိုင်တဲ့ဘက်က ကူညီချင်ပေမဲ့ မဖြစ်နိုင်တော့လည်း စိတ်မကောင်းပါဘူးလို့ ပြောရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။

ကျေးဇူးတင်ရှိခြင်း

ဒီနေ့ အင်တာနက်ဂျာနယ် ၀ယ်ဖတ်ရင်းနဲ့ Blog Roll ကဏ္ဍမှာ ကျွန်တော့် Blog လေးအကြောင်း ရေးထားတာတွေ့ရတော့ အတော်ဝမ်းသာမိပါတယ်။ အရင်တုန်းကတော့ ရေးတာရေးရတာ ဖတ်တဲ့သူမှ ရှိပါ့မလား ဆိုပြီး စိုးရိမ်စိတ်ကလေး ရှိနေခဲ့ဖူးပါတယ်။ အခုတော့ ဂျာနယ်ကတစ်ဆင့် တွေ့မြင်ကြပြီး မိတ်ဆတ်တဲ့သူတွေ၊ ဝေဖန်တဲ့သူတွေအားလုံးကို ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစား ရေးနေပါ့မယ်။ ကျွန်တော်က အလုပ်များတဲ့အတွက် ပုံမှန်မရေးဖြစ်တာကိုလည်း နားလည်ခွင့်လွှတ်ပေးကြပါ။

February 18, 2008

Firefox သုံးသူတွေ သတိထားရန်

ကျွန်တော်တို့တွေ firefox သုံးပြီး password တောင်းတဲ့ website တွေကို ၀င်တဲ့အခါမှာ firefox က သင့်ရဲ့ password တွေကို သိမ်းမှာလားဆိုပြီး အောက်ပါ dialog box ပေါ်လာပြီး မေးတတ်ပါတယ်။

ကိုယ်က အင်တာနက်ကို ကိုယ့်အိမ်မှာတင်သုံးတယ်ဆိုရင် ကိစ္စမရှိပါဘူး။ တကယ်လို့များ ကဖီးမှာ သုံးရင်တော့ အဲဒီ dialog box ပေါ်လာတဲ့အခါမှာ Never for This Site ဒါမှမဟုတ် Not Now ကိုနှိပ်ပေးပါ။ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် ခင်ဗျားရဲ့ password တွေဟာ လူတိုင်းကြည့်လို့ရနိုင်တဲ့ အခြေအနေထိဖြစ်သွားနိုင်ပါတယ်။

လူတော်တော်များများက ဒီ dialog box ကို သိပ်သတိမထားတတ်မိကြပါဘူး။ ကျွန်တော် အင်တာနက်ကဖီးတွေသွားသုံးပြီး စမ်းသပ်ကြည့်တဲ့အခါ Remember ခလုတ်ကို နှိပ်ထားတဲ့ သူတွေကို တော်တော်များများတွေ့ခဲ့ရပါတယ်။ ကဲ..ခင်ဗျားက Remember ကိုနှိပ်မိပြီ ဆိုပါတော့။ ဘာလုပ်မလဲ။

Firefox မှာ Tools>Option ကိုသွားပါ။ Security tab ကိုနှိပ်ပါ။ အဲဒီမှာ show passwords ကို နှိပ်ပါ။ ကဲဗျာ.အောက်မှာ Remember ကိုနှိပ်တဲ့သူတွေရဲ့ password တွေနဲ့ အဲဒီ password ကို အသုံးပြုပြီး ၀င်ထားတဲ့ website address တွေပေါ်နေပါပြီ။

ကဲ..အခုပဲ ခင်ဗျားသုံးနေကျ အင်တာနက်ကဖီးဆိုင်သွားပြီး firefox ရဲ့ Remember Password ထဲမှာ ခင်ဗျားနာမည်နဲ့ password ပါနေသလားလို့ သွားကြည့်လိုက်ပါဦး။ ပါနေရင်တော့ Remove All ခလုတ်လေးကိုသာ နှိပ်လိုက်ပါတော့။

February 15, 2008

Print Error

Print ထုတ်မရသောအချိန် Printer ဆီမှ ထွက်ပေါ်လာသော error မှာ..
(1) Printer နှင့် Computer ချိတ်ဆတ်ထားခြင်းမရှိပါ။
(2) အရေးကြီးပါက စာရွက်နှင့် ဘောပင်ဆောင်ထားပါ။
OK Cancel