June 28, 2008

MPT မှ Proxy Server များပြောင်းလဲ

MPT နဲ့ net ချိတ်ဆတ်ထားတဲ့သူတွေအတွက် MPT က ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ Internet သုံးဖို့အတွက် Proxy Server address တွေ သုံးစရာမလိုတော့ပါဘူးတဲ့။ ဆိုလိုတာက အရင်တုန်းကဆိုရင် IE (or) Firefox မှာ Proxy Server ရဲ့ address ကို ထည့်ပေးထားရပါတယ်။ အခု အဲဒီလိုထည့်ထားစရာမလိုတော့ဘူးတဲ့။ သူတို့ ကြေငြာချက်ထဲမှာတော့ မြန်ဆန်ကောင်းမွန်တဲ့ အင်တာနက်ရရှိဖို့ ရည်ရွယ်တာပါဆိုပြီး ရေးထားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ MPT နဲ့ ကိုယ်ပိုင် အင်တာနက်ချိတ်ထားသူများ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ကြပါကုန်..

Instructions on how to turn-off proxy in Web browser

Internet Explorer

1. Open Internet Explorer.
2. Go to "Tools" menu and click on "Internet Options". (Note: Dial-up customers, skip to Step-6)
3. Choose "Connections" tab and click on "LAN settings".
4. Under "Proxy server" sub item, turn-off "Use a proxy server for your LAN".
5. Press "OK' button and "OK" button again the save the settings.
6. Choose "Connections" tab and double-click "BaganNet" dial-up name in "Dial-up and Virtual Private Network settings" window.
7. Under "Proxy server" sub item, turn-off "Use a proxy server for this connection".
8. Press "OK' button and "OK" button again the save the settings.

Mozilla Firefox

1. Open Mozilla Firefox.
2. Go to "Tools" menu and click on "Options".
3. Choose "Advanced" tab and click on "Network" sub-tab.
4. Click on "Settings" under "Connections" sub item.
5. Turn on "Direct connection to the Internet" and click "OK".
6. Click "OK" again to save the settings

Unicode 5.1 သို့ ပြောင်းသင့်ပြီ

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ website များတွင် Unicode 5.1 compatible Font ကို တဖြေးဖြေးခြင်း စသုံးရမှာ တော့မှာဖြစ်ပါတယ်။ Myanmar web developer များအနေဖြင့် သိသင့်သည်များကို အတိုဆုံးဖော်ပြလိုက်ပါတယ်။ ၁။ Myanmar character အတွက် အရေးကြီးသည့် ​Unicode 5.1 Standard ကို 2008 April 4 တွင် The Unicode Consortium မှပြဌာန်းလိုက်ပြီး သိပ်ပြောင်းလဲဖို့ မရှိဘူးဟု ယူဆရပါသည်။ မြန်မာပြည်အနေဖြင့်တော့ တရားဝင် ပြဌာန်းခြင်း မရှိသေးပါ (၁)။ ​Mainstream OS များတွင် Myanmar Font build-in ပါဖို့ နှစ်အချို့ကြာနိုင်ပါတယ်။ ၂။ Unicode Font တစ်ခုတည်းတွင် computer ဖြင့်ရေးလို့ ရသော ဘာသာစကား အားလုံးကို အကန့်လိုက် ပါဝင်နိုင်ပါတယ်။ Unicode 5.1 တွင် မြန်မာဘာသာအတွက် တိုင်းရင်းသားဘာသာစကား အပါအဝင် U+1000 မှ U+109F ထိ ၁၅၆ လုံးပါဝင်ပါတယ်။ ထို့ကြောင့် system နှင့် application များသည် annotate မှလုပ်ရဘဲ language ကို အလိုလျှောက်သိရှိပြီး search engine များက localize လုပ်သွားမြည်ဖြစ်ပါသည်။ ၃။ Unicode Format သည် data ကို အလေးပေး သော format ဖြစ်ပါသည် (၂)။ ​ Unicode Format data သိမ်းဆီးမှု စနစ်ကျပါတယ်။ အမြင် ဘယ်လိုဖြစ်နေနေ syllable တိုင်းတွင် ဗျည်းမှစ၍ ပင့်ရစ်ဆွဲထိုး၊ finals, သရ၊ အသံ စသည့် သက်မှတ်ထားသည့်အတိုင်း သိမ်းဆီးရမှာဖြစ်ပါတယ်။ ဥပမာ ပေါ ကို ပေါ ဟုသိမ်းဆီးပါမယ် (၃)။ ဒါဟာ algorithm များ ရေးသားရာတွင် လွယ်ကူစေပါတယ်။ ဥပမာ sorting ဆို အလိုလို အဆင်ပြေသွားမလားပဲ။ ၄။ Unicode Format data သည် data ကျစ်လစ်သည်။ ဥပမာ အောက်ကာမြင့် ကို U+1037 တစ်လုံး ဖြင့် သက်မှတ်ထားပါတယ်။ Non-Unicode Font တစ်ခုဖြစ်တဲ့ Wininnwa မှာ အောက်ကာမြင့် သုံးလေးခုရှိပါတယ်။ Unicode Font တွင် အလုံးဆင့် မရှိပါ။ အထူးရှယ် အပဲ့အရွဲ့ အသတ်အညှောက် များမရှိပါ (၅)။ ထို့အတွက် အမြင် အဆင်ပြေအောင် နေရာအထားအသို ညှိပေးသော algorithm များ Unicode Format Font တွင် ပါရှိပါတယ်။ ၅။ မြန်မာစာ Line breaking ပြဿနာ ဟာအများသိဖြစ်ပါတယ်။ ဥပမာ တဝေးထိုး အပေါ် line မှာ ကျန်နေတာမျိုး။ ထို့အတွက် U+200B ကို Word break marker အဖြစ် အသုံးပြုရန် Unicode standard မှ ​ဆိုထား ပါသည်။ သို့သော်လည်း web page အတွက်မူ line break နှင့် indexing ကောင်းရန် U+200B ကို syllable break marker အသုံးပြုခြင်းက ပို၍သင့်တော်ပါမည် (၄)။ Unicode 5.1 Font များသုံးခြင်းဖြင့် မြန်မာစာ အတွက် annotate မလုပ်ပဲ Multi-lingual content ပြနိုင်ခြင်း၊ SEO ကောင်းခြင်း၊ စာလုံး ပိုမိုလှပခြင်း၊ data သန့်ခြင်း၊ language processing algorithm များရှင်းလင်း လွယ်ကူခြင်း၊ font ပြောင်းရန် လွယ်ကူခြင်း တို့ကြောင့် Unicode 5.1 Font ​ကို တဖြေးဖြေးခြင်း ပြောင်းလဲအသုံးပြုကြရမှာဖြစ်ပါတယ်။ ​ Unicode 5.1 Font ပြောင်းရန် Burglish Toolkit များသုံးနိုင်ပါတယ်။ Open source Myanmar Unicode Font များကို Zawgyi.ORG တွင်ရယူနိုင်ပါတယ်။ ၁။ Unicode 5.1.0 ၂။ Unicode Explained by J. K. Korpela 2006 ၃။ Representing Myanmar in Unicode by Martin Hosken ၄။ Discussion for Syllable breaking ၅။ Myanmar charmap rendering အကြောင်းရှင်းပြပေးသော ကိုရဲမြတ်သူ အား ကျေးဇူးတင်ပါသည်။

IT Men said....
www.zawgyi.org မှာ ဖော်ပြထားတာကို ပြန်လည်ဖောက်သည်ချထားတာပါ။ ကဲ.ဘယ်လိုလုပ်ကြမလဲ။ Unicode 5.1 ကို စသုံးရတော့မှာတဲ့။ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့ blogger တွေ မက်မက်မောမောသုံးနေတဲ့ Zawgyi ကြီးက Unicode 5.1 မဟုတ်ဘူးတဲ့။ Unicode 5.1 ဖြစ်ဖို့အတွက်လည်း အချိန်အတော်ကြာဦးမှာ၊ ဖြစ်ချင်မှလည်း ဖြစ်လာမှာလို့ သူတို့ Site ထဲမှာ ပြောထားပါတယ်။ ဒါကြောင့် Zawgyi ကို မသုံးသင့်တော့ဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ Zawgyi One Font နဲ့ ရိုက်ထားတဲ့ data တွေဟာ နောက်ဆိုရင် သုံးရမှာ မဟုတ်တော့ဘူး။ ရှင်းအောင်ပြောရရင် နောက်ပိုင်းမှာ မြန်မာစာ sorting စီပေးတဲ့စနစ်တွေ၊ Searching၊ Spelling Checking စတာတွေ ပေါ်လာရင် သူတို့တွေက Unicode 5.1 Font တွေသုံးပြီး ရိုက်ထားတဲ့ data တွေကိုပဲ လုပ်ပေးမှာ။ Zawgyi နဲ့ ရိုက်ထားတဲ့ စာတွေကိုတော့ ၀မ်းနည်းပါတယ်ဗျာဆိုပြီး တာ့တာ လုပ်မှာဗျ။ အခု Unicode 5.1 Font တွေ ပေါ်လာပါပြီ။ Myanmar 3, Parabaik, Padauk, MyMyanmar တွေပါပဲ။ ကဲ..အဲဒီထဲက ဘာရွေးကြမလဲ။

June 25, 2008

မြန်မာဝီကီသုံးစွဲသူများ တွေ့ဆုံပွဲ

Wikipedia ဆိုသည်မှာ အင်တာနက်ပေါ်တွင် အခမဲ့ရယူနိုင်၊ သုံးစွဲနိုင်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ထိုအခမဲ့သုံးစွဲနိုင်သော ဘာသာစကားမျိုးစုံဖြင့် ကဏ္ဍစုံတွင် အမြဲမပြတ် ရေးသားသောကြောင့် ဖတ်ရှုသူများအနေဖြင့် ဗဟုသုတ များစွာရရှိသော ၀က်ဘ်ဆိုဒ်စုကြီး ဖြစ်ပါသည်။ ၀ီကီပီဒီယားကို စတင်လုပ်ဆောင်ပေးခဲ့သော Wikimedia Foundation သည် စွယ်စုံကျမ်းအပြင် သတင်းများ၊ စာအုပ်များ၊ အဘိဓာန်နှင့် အခြားသော အခမဲ့ယူနိုင်သည့် ဘာသာရပ်ကျွမ်းကျင်သူများ ပေါင်းစပ်လုပ်ကိုင်နိုင်သော အခြားကဏ္ဍများကိုပါ ဆက်လက်ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။
ဝီကီပီဒီးယားသည် အခမဲ့ဖတ်ရှုနိုင်သည်သာမက ၀င်ရောက်ရေးသား အသိပညာဖြန့်ဝေလိုပါကလည်း လွတ်လပ်စွာ ရေးသားနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ အခြားသူများမှာ ရေးသားချက်များကို ၀င်ရောက်ဖြည့်စွက်ရေးသားခြင်း၊ မှန်ကန်သော အချက်များ ဖြည့်သွင်းခြင်းနှင့် မလိုအပ်သည်များကို ဖယ်ရှားခြင်းတို့ကို ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်နိုင်ပါသည်။
ဝီကီပီဒီးယားကို ယခုအခါ မြန်မာဘာသာစကားဖြင့် သုံးစွဲနိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပမှ မြန်မာကွန်ပျူတာပညာရှင်များမှ ကြိုးစားလုပ်ဆောင်ခဲ့ရာ my.wikipedia.org တွင် စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာ ၀ီကီပီဒီယားတွင် အချက်အလက်အလွန်နည်းသေးသော်လည်း စတင်ခဲ့ပြီးဖြစ်သောကြောင့် မြန်မာအင်တာနက်သုံးစွဲသူများသို့ မိတ်ဆတ်ပေးရန် လိုအပ်နေပါသည်။ မြန်မာဝီကီတွင် ရေးသားပါဝင်ကူညီလိုသူများကိုလည်း စတင်ရေးသားနိုင်ရန် မိတ်ဆတ်ပေးလိုပါသည်။ စိတ်ပါဝင်စားသူများမှ ၀ိုင်းဝန်းကူညီရေးသားခြင်းဖြင့်  ပိုမိုပြီးပြည့်စုံသော အခမဲ့လွတ်လပ်စွယ်စုံကျမ်းတစ်ခု ဖြစ်လာမည်ဟု ယူဆမိပါသည်။
ထို့ကြောင့် Solveware Solution မှ မြန်မာဝီကီပီဒီယား လုပ်ဆောင်နေမှုများ မိတ်ဆတ်အသိပေးနိုင်ရန်အတွက် မြန်မာဝီကီသုံးစွဲသူများတွေ့ဆုံပွဲ ကို ဇူလိုင်လ ၅ရက်နေ့တွင် မြန်မာအင်ဖိုတက် အခန်း၂၀၅တွင် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ပါမည်။ ထိုတွေ့ဆုံပွဲတွင် လက်ရှိမြန်မာဝီကီပီဒီယား၏ အခြေအနေ၊ လုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးနိုင်ပြီး သုံးစွဲသူများ၏ ဆနများနှင့် ကူညီလုပ်ဆောင်နိုင်မှုအခြေအနေများကို တင်ပြဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးမည့် အကြောင်းအရာ အချက်အလက်မျုားပေးပို့လိုခြင်းနှင့် အသေးစိတ်အချက်အလက်များ မေးမြန်းလိုပါက Solveware Solution အခန်း ၂၊ အဆောင် ၄၊ မြန်မာ အင်ဖိုတက်၊ ဖုန်း 652291 Email: info@solvewaresolution.net သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Mystery Zillion

Mystery Zillion ကိုတော့ တော်တော်များများ သိကြမှာပါ။ မသိသေးရင်တော့ www.mysteryzillion.com ကို သွားလည်ကြည့်ကြပါ။ လူငယ်ကွန်ပျူတာပညာရှင်လေးတွေ တည်ထောင်ထားတယ်လို့ ယူဆမိပါတယ်။ အဓိကဇောင်းပေးထားတာကတော့ Forum ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်လို့ရတယ်။ ကိုယ့်အခက်အခဲတွေပြောပြလိုက် ကူညီမယ့်သူတွေ တစ်ပုံကြီးပါ။ ဒါပေမဲ့တစ်ခုရှိတာက အဲဒီ site ကို အပေါ်ယံလေးတင် မကြည့်ပါနဲ့။ အချိန်ပေးပြီး Forum လေးတွေကို လိုက်ဖတ်ကြည့်ပါ။ ဗဟုသုတ တစ်ကယ်တိုးပါတယ်။ member ၀င်ထားရင်တော့ ပိုကောင်းတာပေါ့။ နောက်ဆိုရင်တော့ မြန်မာပြည်က ကွန်ပျူတာသမားတွေ အမြဲဆုံတဲ့ နေရာလေးတစ်ခု ဖြစ်လာမလားပဲ။

June 23, 2008

Tasklist ပြဿနာ

Tasklist command သုံးမရဘူး။ password တောင်းနေတယ်လို့ တော်တော်များများ ပြန်ပြောကြပါတယ်။ ကျွန်တော့် Network မှာ စမ်းတုန်းကတော့ အဆင်ပြေတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်က Windows အသစ်တင်ထားတဲ့ ကွန်ပျူတာနှစ်လုံးမှာ သွားစမ်းကြည့်တာကိုး။ ပြီးတော့ တင်ထားတဲ့ Windows က Windows XP SP2 August 07 version ဗျ။ အဲဒီကောင်တွေကတော့ အဆင်ပြေတယ်။ အရင်တုန်းက Windows တွေတင်ထားတဲ့ တခြားကွန်ပျူတာတွေနဲ့ ထပ်စမ်းကြည့်တော့ ကျွန်တော်လည်း အဆင်မပြေဘူး။ Password တောင်းထားပဲ။ အဲဒါ ဘာကြောင့်ဖြစ်တာလဲပေါ့။ လိုက်ရှာကြည့်တော့ အဖြေကို တွေ့ရှိသွားကြောင်းပါခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ Windows security ကြောင့်ပါ။ Local Security မှာပါတဲ့ DCOM ကြောင့်ပါ။ ဖြေရှင်းနည်းအသေးစိတ် မနက်ဖြန်တင်ထားမယ်နော်။ အခုတော့ ဘယ်လိုမှ မအားသေးလို့ပါ။

Kaspersky Key

Kaspersky key အသစ်လေး တင်ပေးလိုက်ပါပြီ။ ၇ လပိုင်း ၁ ရက်နေ့ Update နဲ့တော့ Blacklist မဖြစ်ပါဘူး။
http://zawthureintun.googlepages.com/KAV7_20090417_025FEE1E.KEY

June 19, 2008

thG Trojan အား ဖယ်ရှားနည်း

အခုတစ်လော Memory Stick တွေမှာ thG.exe ဆိုတဲ့ ဖိုင်လေးတစ်ဖိုင် တွေ့နေရပါတယ်။ ဖျက်လို့လည်းမရဘူး။ ကျွန်တော့် ကွန်ပျူတာလေးလည်း Memory Stick တွေကနေတစ်ဆင့် ကူးပါလေရော။ Kaspersky က လုံးဝကို မသိဘူး။ ကျွန်တော်လည်း တော်တော်စိုးရိမ်သွားတာပေါ့။ ဒီကောင် ဘယ်လိုများ ဒုက္ခပေးမှာလဲဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်စက်ကို Stick ထိုးလိုက်တိုင်း အဲဒီကောင်လေးက ခုန်ကူးသွားတယ်။

thG  ဆိုတာ ဘာလဲ?
thG ဆိုတာ trojan horse Gallery ရဲ့ အတိုကောက်ပါ။ virae.org က ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ကိုယ့် Memory Stick မှာ thG ရှိမှန်း ဘယ်လိုသိနိုင်မလဲ?
Stick ကို ဖွင့်တဲ့အခါ wget.exe ဆိုတဲ့ဖိုင်လေး တွေ့လိမ့်မယ်။ My Computer မှာပေါ်တဲ့ Removable Disk icon ဟာ ခါတိုင်း icon ပုံမဟုတ်ဘဲ Hard Disk icon ပုံဖြစ်နေလိ့မ်မယ်။ ဖွင့်တဲ့အခါမှာလည်း တော်တော်လေးကြာမှ New Window နဲ့ ပွင့်လာလိမ့်မယ်။

ကိုယ့်စက်မှာ thG.exe ၀င်နေမှန်း ဘယ်လိုသိနိုင်မလဲ?
Task Manager ဖွင့်ကြည့်တဲ့အခါ thG.exe သို့မဟုတ် wget.exe သို့မဟုတ် wscript.exe ဆိုတာ run နေရတာကို တွေ့ရမယ်ဆိုရင်၊ ကွန်ပျူတာကို Memory Stick တပ်သုံးပြီး Safely Remove နဲ့ဖြုတ်တဲ့အခါ error တက်ပြီဆိုရင် ခင်ဗျားစက်မှာ  thG Trojan လေးဝင်နေတာ သေချာပြီပေါ့ဗျာ။

သူက ကွန်ပျူတာကို ဘယ်လိုဒုက္ခပေးသလဲ
ဘာမှတော့ မဖြစ်ပါဘူး။ အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာဆိုရင်တော့ Restart လုပ်တိုင်းလုပ်တိုင်း Desktop Background ပြောင်းပြောင်းသွားပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တဲ့ Stick မှန်သမျှထဲ ကူးသွားပါလိ့မ်မယ်။

ဘယ်လိုဖယ်ရှားမလဲ
လွယ်လွယ်လေးပါ။ ကွန်ပျူတာထဲမှာ ရှိနေတဲ့ thG ကိုဖယ်ရှားတဲ့ Program လေးကို ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ Double Click နှိပ် ဖွင့်လိုက်ရုံပါပဲ။ Flash Drive ထဲမှာရှိတဲ့ thG.exe ကို ဖယ်ရှားတဲ့ Program ကိုတော့ ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ ဖွင့်ပြီး run ပါ။


June 15, 2008

Blogspot တွေ ကြည့်နိုင်ဖို့

ကိုညီလင်းဆက် ဘလော့ခ်ကို ကြည့်တဲ့သူတွေကတော့ သိပြီးသားဖြစ်မှာပါ။ blogspot လိပ်စာနဲ့ ဘလော့ခ်တွေကို ကျော်ကြည့်နိုင်တဲ့ (အားတိုင်းယားတိုင်း ပိတ်နေတာကိုး) site တစ်ခုကို ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။ လိပ်စာကတော့ http://blogspotproxy.com ဖြစ်ပါတယ်။ မြန်တယ်။ ကြော်ငြာမပါဘူး။ ကဲ..ကျော်တော့မှာ မဟုတ်လား။

Gtalk Shortcut များ

Shortcuts

  • CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
  • ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
  • Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
  • ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
  • ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
  • ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။


Others

  • Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ  32767 characters ထိ ကန့်သတ်ထားပါတယ်။
  • စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
  • Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
  • Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
  • Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

June 14, 2008

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်း (၁)

BlackGhost နဲ့ york တို့ Cbox မှာ အော်ထားလို့ လုပ်နည်းလေးတစ်ခုကို
ဖော်ပြပေးလိုက်ပါတယ်။ Network နဲ့ မရင်းနှီးသေးသူတွေအတွက်တော့ အိမ်သုံး၊
ရုံးသုံး ကွန်ရက် လက်တွေ့တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးရေးပြီးတော့မှပဲ
လက်ဆောင်ပေးတော့မယ်။
ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။ နောက်ပိုင်းမှာ
တစ်ခုချင်းရေးတင်သွားပါ့မယ်။ (နောက်မှတွေများနေပြီနဲ့တူတယ်)
အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe

ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။

June 13, 2008

Google Site

Google ကနေပြီး Free Website ဖန်တီးပေးနိုင်တဲ့ Site တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။ သိသိချင်းပဲ အခုတင်လိုက်တာပါ။ အသေးစိတ်ကိုတော့ မကြည့်ရသေးဘူး။ Site တစ်ခုလောက်ဖန်တီးကြည့်ပြီးမှ ထပ်ရေးပါ့ဦးမယ်။ လိပ်စာအသစ်လေးကတော့ http://sites.google.com  ဖြစ်ပါတယ်။


Fasterfox

Fasterfox - Firefox ၏ စွမ်းဆောင်ရည်တိုးစေသည့် Tweak
  • Prefetch Links
    Fasterfox သည် အားနေသော bandwidth များကို အသုံးပြုခြင်း၊ မိမိကြည့်နေသော page ၏ link မှန်သမျှကို နောက်ကွယ်မှ loading လုပ်ပေးနိုင်သည်။
  • Tweak Network
    Firefox ၏ များစွာသော network နှင့် rendering setting များ (ဥပမာ- simultaneous connections, pipelining, cache, DNS cache and initial paint delay) များကို အပြောင်းအလဲလုပ်နိုင်သည်။
  • Page Load Timer
    Web Page ကို ခေါ်ရသည့် ကြာမြင့်အချိန်ကို timer ဖြင့် ပြပေးသည်။ 
  • Block Popups
    ကြော်ငြာ Box များကို တားဆီးပေးနိုင်သည်။  .
Install Fasterfox 2.0.0

June 11, 2008

Virtualization အကြောင်း ရေးပါဦးမည်

Virtualization Software တစ်ခုဖြစ်တဲ့ Virtual PC 2007 ကို စမ်းကြည့်နေတာ ပြီးသွားပါပြီ။ Virtualization ဆိုတာဘာလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို နောက်ပိုင်း တင်ထားပါ့မယ်။

Babylon Crack

ဟိုတလောက တင်လိုက်တဲ့ Babylon Crack က အလုပ်မလုပ်ပါဘူး။ ကျွန်တော်လည်း တင်ပြီးမှ သိတာပါ။ အခု ကိုကျော်ဖုန်းမြင့်ကပဲ နောက်ထပ် Crack တစ်ခုကို ပို့လိုက်ပါတယ်။ အောက်က လင့်ခ်နဲ့ download လုပ်ကြပါခင်ဗျား။

http://rs35.rapidshare.com/files/121380465/BabylonPro_1_.7.0.3.11.zip

June 10, 2008

DVD ခွေတွေမှာ မြန်မာ Subtitle ပါလာ

အခုနောက်ပိုင်း ထွက်လာတဲ့ DVD9 နိုင်ငံခြားဇာတ်ကားခွေတွေမှာ မြန်မာ Subtitle တွေပါလာပါတယ်။ အများအားဖြင့် Diamond တံဆိပ်ခွေတွေမှာ ပါပါတယ်။ DVD Player က Remote နဲ့ Subtitle ပြောင်းတဲ့အခါ 1. English လို့ပါတယ်။ ပြီးတော့ 2 ဆိုပြီး ပါပါတယ်။ အဲဒါက Myanmar Subtitle ပါပဲ။ အရင်တုန်းကတော့ Movie ပေါ်မှာ စာတန်းတွေကို အသေထိုးထားပါတယ်။ အခုစနစ်ကတော့ မြန်မာ Subtitle ကိုရွေးမှ Subtitle ဖိုင်လေးကို ဖတ်ပြီး ပြပေးတာပါ။ ကျွန်တော့်အထင် အဲဒီ Subtile ဖိုင်လေးမှာ ဘယ်မိနစ်၊ ဘယ်စက္ကန့်မှာ ဘယ်စာတန်းထိုးပေးပါဆိုတဲ့ instruction တွေပါမယ်ထင်တာပါပဲ။ အင်္ဂလိပ် Subtitle လုပ်နည်းကတော့ အရင်တုန်းကတော့ တစ်ခါစမ်းဖူးပါတယ်။ အောင်မြင်တယ်။ အခု Myanmar Subtitle တွေ ဘယ်လိုလုပ်ထားသလဲဆိုတာကိုတော့ လေ့လာလိုက်ပါဦးမယ်။ ပြီးရင်တော့ ဒီ Blog မှာ လုပ်နည်း တင်ထားပေးမယ်လေ။

June 5, 2008

Babylon 7 Crack

ကိုကျော်ဖုန်းမြင့်က Babylon 7 အတွက် Crack ကို Gmail ကန ကျွန်တော့်ဆီ လှမ်းပို့လိုက်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ် ကိုကျော်ဖုန်းမြင့်။
Download Link:
http://download.9down.com/Babylon7.0.1.4.Incl.Crack.rar

Crack ဖြည်နည်းကို နောက်ရက်မှတင်တော့မယ်နော်။ အခုတော့ မအားသေးလို့။

June 4, 2008

PhProxy အဆက်

PhProxy အကြောင်းကို ကျွန်တော်ရေးပြီတဲ့နောက် လိုက်သုံးကြည့်တဲ့သူတွေ အစပိုင်းအဆင်ပြေပေမယ့် နောက်ပိုင်း အဆင်မပြေတော့ဘူး အီးမေးလ်တွေပို့ပြီး ပြောကြပါတယ်။ အဲဒါအတွက် ဖြေရှင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဘာကြောင့် အလုပ်မလုပ်တော့တာလဲ ဆိုတော့ PhProxy နဲ့ ဆက်သွယ်ထားတဲ့ Proxy Server တွေ မအားတော့တာ၊ မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် နောက်ထပ် Proxy Server အသစ်တွေနဲ့ ထပ်မံချိတ်ဆက်ဖို့လိုပါတယ်။ လုပ်နည်းကတော့
၁။ PhProxy install လုပ်ထားတဲ့ Firefox ကိုဖွင့်ပါ။
၂။ Tools ကနေ Add ons ကိုရွေးပါ။
၃။ ပေါ်လာတဲ့ box ထဲမှာ PhProxy ပေါ်မှာ တစ်ချက်နှိပ်ပါ။ Options ကိုနှိပ်ပါ။
၎။ ဘယ်ဘက်က Server Updating ပေါ်မှာ တစ်ချက်နှိပ်ပါ။
၅။ Update from Server ကို တစ်ချက်နှိပ်ပါ။ ခဏစောင့်ပါ။
၆။ ပြီးရင် ဘယ်ဘက်က Proxy Setup ကို ပြန်သွားပါ။
၇။ အဲဒီမှာ Other available sever ဆိုတဲ့ drop down list box လေးရှိပါတယ်။ အဲဒါကို ဖွင့်ပြီး တခြား server တွေကို ရွေးပါ။
၈။ Save New Server ကိုနှိပ်ပါ။ ပြီးရင် အဲဒီ box တွေကနေ ထွက်လိုက်ပါ။
၉။ PhProxy ကိုသုံးကြည့်ပါ။ အဆင်မပြေရင် အပေါ်ကနည်းအတိုင်း တခြား server တွေကို ပြောင်းသုံးကြည့်ပါ။

အဆင်ပြေကြပါစေ။

အိုင်တီမန်း

June 3, 2008

Cbox မှ မေးခွန်းမေးကြသော သူငယ်ချင်းများသို့

ကျေးဇူးပြုပြီး Cbox ကနေ တစ်ခုခုမေးရင် Email လိပ်စာလေးတွေ ထားပေးခဲ့ပါ။ သိတဲ့အတိုင်း Cbox မှာ ရေးထားတာက ကြာသွားရင် နောက်ရောက်သွားတာကိုး။ အဲဒီတော့ သူငယ်ချင်းတို့က မေးခွန်းတွေမေးထားမယ်။ ကျွန်တော်က နောက်ကျပြီးမှ ဖြေရင် မေးခွန်းကတစ်ခြား၊ အဖြေက တစ်ခြား ဖြစ်သွားမှာပေါ့။ အဲဒီတော့ Cbox ဖတ်တဲ့သူတွေ မျက်စိလည်ကုန်ရော။ Email လေးချန်ထားခဲ့ရင် ကျွန်တော်လည်း Reply လုပ်ရတာလွယ်တယ်၊ အများသိချင်တာနဲ့ ကိုက်ညီတဲ့ မေးခွန်းဆိုရင်လည်း ဒီ Blog တင်ရတာ လွယ်တာပေါ့။ နော်..အဲဒါကြောင့်ပါ။ Cbox ကနေ မေးကြမယ်ဆိုရင် Email လေး ချန်ထားခဲ့ပါ။ Email မထားခဲ့ချင်ဘူးဆိုလည်း ကျွန်တော်တို့ဆီကို တိုက်ရိုက် Email ပို့နိုင်ပါတယ်။

register ရပြီဗျို့

---------- Forwarded message ----------
From: Min Naing Oo <minnai.u21@gmail.com>
Date: Sat, May 31, 2008 at 7:00 PM
Subject: Re: register ရပြီဗျို့
To: Thurein




On 6/1/08, Min Naing Oo <minnai.u21@gmail.com> wrote:
အစ်ကိုရေ babylon အတွက် register ရပြီဗျ။ babylon7 တော့မဟုတ်ဘူး။ 6 ကြီးဗျ။ ဒီမှာ download လုပ်လိုက်။ ပြီးရင် Babylon6_setup.exe ကို install လုပ်လိုက်။ ပြီးရင် babylon.6.0.3.4.pro-patch.exe ကိုcopy လုပ်ပြီး C:Program FilesBabylonBabylon-Pro ထဲမှာ paste လုပ်လိုက်။ task bar ညာဘက် အောက်ချေက system tray ထဲက babylon ကို right-click လုပ်ပြီး exit လိုက်။ ပြီးရင် C:Program FilesBabylonBabylon-Pro ထဲက babylon.6.0.3.4.pro-patch.exe ကို Run လိုက်။ ပြီးရင် patch ကို click လိုက်။ patch ပြီးရင် exit ကိုclick လိုက်။ အဲ့ဒါဆိုရပြီဗျ။ ပျော်လိုက်တာနော်..  :)
 
The download is from padonma.com