June 27, 2009

proxy လေးတစ်ခုရထားတယ်

South Africa က proxy တစ်ခုရထားတယ် ၀က်ပေ့ တော်တော်များများ ဖွင့်လို့ရတယ် browser မှာ သွားထည့်ပေးလိုက်ရုံလေးပဲ blog ရေးရတာတော့ တော်တော် အဆင်ပြေတယ်ဗျာ။ အင်း......... ဘမ်းလိုက်မှာတော့ စိုးရိမ်သား လိုချင်တဲ့သူ ဒီမှာထောက်ကြည့်လိုက် status bar မှာ ကြည့်ပါ

June 24, 2009

Virus များအတွက် website

scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool, antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက် မျှဝေလိုက်ပါတယ် www.scanwith.com
virus ရန်မှ ကင်းဝေးကြပါစေ

June 22, 2009

Cbox မှာ မမေးစေလိုပါ

Cbox ဟာ ကြာလာတဲ့အခါမှာ အရင်တုန်းက Message အဟောင်းတွေကို အလိုလိုဖျက်ပစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မေးခွန်းနဲ့အဖြေတွေကို ထိန်းသိမ်းထားချင်တာ ဖြစ်တဲ့အတွက် www.mmitmen.co.cc မှာသာ မေးစေလိုပါကြောင်း အသိပေးအပ်ပါသည်။

Prevent Virus Infecting To Your Memory Stick

ကျွန်တော်တွေ့ရှိခဲ့တဲ့ နည်းမဟုတ်ပါဘူး။ ကျွန်တော့်ဆီကို မေးလ်ပို့ပြီး ရှဲလုပ်လိုက်လို့ ဆီလျော်အောင် ပြန်လည် ရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

အခုပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်တော်တော်များများဟာ Memory Stick ထဲကို ၀င်ရောက်တဲ့အခါ ဗိုင်းရပ်စ်နဲ့အတူ autorun.inf ဖိုင်လေးပါ အလိုလိုထည့်ရေးလိုက်ပါတယ်။ အဲဒီအခါမှာ အဲဒီ Stick ကို တခြား ဗိုင်းရပ်စ်မရှိတဲ့စက်မှာ တပ်၊ My Computer ကနေ ဖွင့်လိုက်တဲ့အခါမှာ autorun.inf က စတင်အလုပ်လုပ်ပြီး ဗိုင်းရပ်စ်ဟာ စပြီး အလုပ်လုပ်ပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ Stick ထဲမှာ autorun.inf ဖိုင် တစ်ခုကြိုတင်ဆောက်ထားပြီး အဲဒါကို Read Only ပေးထားလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်ရှိတဲ့စက်မှာတပ်လိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ဟာ ၀င်တော့ဝင်သွားနိုင်ပေမဲ့ autorun.inf ဖိုင်ဟာ ရှိပြီးသားဖြစ်နေပြီး read only ပေးထားတဲ့အတွက် သူဟာ နောက်ထပ် ထပ်မရေးနိုင်တော့ပါဘူး။ ဒါကြောင့် အဲဒီ Stick ကို တခြား ကွန်ပျူတာတပ်ပြီး My Compute ကနေ ဖွင့်ရင်တောင် ဗိုင်းရပ်စ်ဟာ အလုပ်လုပ်မလုပ်နိုင်တော့ပါဘူး။ (မှတ်ချက်၊ Folder ဟန်ဆောင်ထားတဲ့ ဗိုင်းရပ်စ်ကို ဖွင့်မိရင်တော့ ကူးမှာပါ။ ဒါတော့ ကိုယ်ဘာသာကိုယ် သတိထားရမှာပါ)

Autorun.inf ဖန်တီးနည်း
လွယ်လွယ်လေးပါ။ notepad ကိုဖွင့်ပြီး ဘာမှမရိုက်ဘဲနဲ့ Stick ထဲမှာ autorun.inf ဆိုပြီး သိမ်းလိုက်ပါ။ ပြီးရင် အဲဒီဖိုင်ပေါ်မှာ right click နှိပ် properties ခေါ်ပြီး Read-Only ကို အမှန်ခြစ်ပေး OK နှိပ်လိုက်ရုံပါပဲ။

XMAPP

အသိနောက်ကျလေခြင်းဗျာ။ XMAPP ကို အခုမှသိတယ်။ အရင်တုန်းက PHP လေး run ဖို့အတွက် IIS တင်ရတယ်၊ PHP ကို တင်ရတယ်၊ Database ပါသုံးမယ်ဆိုရင် MySQL ပါတင်ရတယ်။ သုံးခုတောင်တင်ရတယ်ဗျာ။ install လုပ်ရုံနဲ့လည်း မပြီးဘူး။ Configuration တွေလည်း လုပ်ရသေးတယ်။ ဟော အခု XMAPP ကတော့ One Click တည်းနဲ့ Apache ရော PHP ရော MySQL ပါ အကုန်တင်ပေးသွားတယ်။ ချက်ချင်း run ရုံပဲ။ Web Server က IIS တော့ မဟုတ်ဘူးပေါ့။ Apache ကို တင်ပေးသွားတယ်။ ကျွန်တော်ကတော့ Apache ကို ပိုကြိုက်တယ်။ Free ပေးတာကြောင့်လေ။ ပြီးတော့ Log တွေ ကြည့်လို့ရတယ်။
ကဲ စာဖတ်သူလည်း PHP ကို လေ့လာချင်တယ်ဆိုရင် XMAPP ကိုသာ သုံးလိုက်တော့ဗျာ။

June 18, 2009

နည်းပညာအသစ်များအကြောင်း

ဟိုတစ်နေ့က ပီစီမဂ္ဂဇင်းထဲမှာ တွေ့လိုက်တယ်။ Mac OS ကို PC မှာ သုံးလို့ရနေပြီတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ခွေဆိုင်မှာ သွားရှာလိုက်တယ်။ ဟုတ်ပါ့ဗျာ။ Mac Leopard OS for PC version တဲ့။ စမ်းတော့ တင်မကြည့်ရသေးဘူး။ ခွေကာဗာပေါ်မှာ ရေးထားတာက Core2 Duo Recommended လို့ ရေးထားတော့ ကျွန်တော့်ရဲ့ Pentium D စက်ကလေးနဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်စိတ်ဝင်နေတယ်ဗျာ။ Mac က ဗိုင်းရပ်စ်ရန်က စိတ်ချရနီးပါး ရှိတော့ သုံးရတာ အဆင်ပြေတာပေါ့။ ဒါပေမဲ့ Software ကန့်သတ်ချက်တွေ ရှိနေတာ တစ်ခုပါပဲ။

အခု ဈေးကွက်ထဲမှာ Load Balancer တွေရောက်လာတာကို ဂျာနယ်တွေထဲကနေတစ်ဆင့် သိလိုက်ပါတယ်။ အင်တာနက်လိုင်း နှစ်လိုင်းကို ပေါင်းသုံးချင်ရင် ပြေးဝယ်လိုက်ပေါ့ဗျာ။ Server 2003 မှာ Load Balancing ပါပါတယ်။ ဒါပေမဲ့ Hardware နဲ့က ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။ ဟိုးအရင်တုန်းက Dual WAN Router ဆိုပြီး ဒီကို ရောက်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အင်တာနက်ဆိုင်တွေ ခုလောက် မပေါသေးတော့ မပေါက်ခဲ့ဘူးပေါ့ဗျာ။

ဆရာဇော်လင်းက အခု Website တစ်ခုလုပ်ပြီး သူ့ဆောင်းပါးတွေ ရေးတင်ထားမယ်။ ဒီအတိုင်းတော့ မရဘူး။ ၀င်ကြေးပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုတစ်လော ကြော်ငြာလာတာကို တွေ့ရပါတယ်။ အဲဒီလို Prepaid Card တွေ ရောင်းပြီး ၀င်ကြည့်ရတဲ့ပုံစံက ကျွန်တော့်အမြင်တော့ အကောင်းလည်းရှိတယ်၊ အဆိုးလည်းရှိတယ်လို့ ထင်ပါတယ်။
အကောင်းက နည်းပညာဟာ အလကားမရဘူးဆိုတဲ့ အမြင်ကို လူတွေအသိထဲ ရောက်သွားအောင် ထည့်ပေးနိုင်လို့ပါ။ ကွန်ပျူတာမှာ နှံ့စပ်ကျွမ်းကျင်ဖို့အတွက် ကျွန်တော်တို့တွေ အချိန်တွေ၊ ငွေတွေအများကြီး ရင်းခဲ့ရတယ်။ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ ဒါတွေကို အလကားချည်းသက်သက် ဖြန့်ဝေဖို့ကတော့ မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်ဖောက်စားခြင်းပေါ့ဗျာ။ အခုနောက်ပိုင်းဆိုရင် တချို့ Forum တွေထဲမှာ ဘာလေးလိုချင်လို့ပါ၊ ပို့ပေးပါ ဆိုတာမျိုးအထိတောင် ရောက်လာပါတယ်။ အလွယ်လမ်းကို ကလေးတွေ လိုက်လာတယ်ဆိုတာ သတိထားမိပါတယ်။ အမှန်ဆိုရင် ကိုယ့်ဘာသာကိုယ် အရင်ကြိုးစားရှာသင့်တာပေါ့လေ။ ဘယ်လိုမှ မတွေ့တော့ဘူးဆိုမှ တောင်းတာက ပိုကောင်းမယ်လို့ထင်ပါတယ်။

အဆိုးရှိတယ်ဆိုတာကတော့ ဆရာဇော်လင်းအနေနဲ့ ကိုယ့် Site ရဲ့ Value ကို အရင်တွက်ချက်ပြီးမှာ ၀င်ကြေးသတ်မှတ်သင့်ပါတယ်။ အခုမှစလုပ်တယ်၊ အခုဝင်ကြေးတောင်းတယ်ဆိုတာမျိုးတော့ နည်နည်းလေး အံလွဲနေတယ်လို့ ထင်ပါတယ်ဆရာ။ ပြီးတော့ အားမနာတမ်းပြောရရင် ရေးမယ့်သူက အရမ်းနည်းနေတယ်။ Myanmar IT Pros လို Contributer တွေ အများကြီးရှိတဲ့ Site တောင်မှ Free ၀င်ခွင့်ပေးထားတာပါ။ Software တွေ Ebooks တွေ Knowledge Base တွေအများကြီးရှိတဲ့ နိုင်ငံခြား Site တွေလည်း Free ဖွင့်ပေးထားတာပါ။

ကဲ. နောက်တစ်ခုဗျာ။
MCPA က Layer2 Networking အကြောင်း သင်တန်းဖွင့်မယ်လို့ ကြားတယ်ဗျ။ အနော်လည်း Layer2 Networking ဆိုတာ ဘာမှန်းမသိသေးဘူး။ လေ့လာရဦးမယ့် ခေါင်းစဉ်တွေထဲ တစ်ခု တိုးသွားပြန်ပြီဗျာ။ ဟိုးတစ်လောကလည်း Layer3 Swith ဆိုတာကို ကြားလိုက်သေးတယ်။ အင်း အဲဒါကိုလည်း........

စကားမစပ်
ကွန်ပျူတာဂျာနယ်နဲ့ ပီစီဝါးလ်က အယ်ဒီတာများ စာဖတ်သူထဲ ပါတယ်ဆိုရင် Local Articles တွေ၊ Local Interviews တွေ များများထည့်ပေးဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ။ အခုနောက်ဆုံးထွက်သွားတဲ့ PC Magazine ပုံစံဆိုရင် တော်တော်ကောင်းတာပဲဗျ။ ပြည်တွင်းဆောင်းပါးတွေအများကြီးပါတယ်၊ ပြည်တွင်းက ဆရာကြီးတွေရဲ့ အင်တာဗျူးတွေလည်း ထည့်ပေးထားတယ်။ အထူးသဖြင့် ကိုဝဏ္ဏကိုကိုရဲ့ အင်တာဗျူးနဲ့ ဆရာမောင်မောင်လှမြင့်ရဲ့ အင်တာဗျူးပါတာနဲ့ကို ဖတ်ရတာ တန်နေပြီဗျာ။ ချီးကျူးပါတယ် PC Magazine အယ်ဒီတာရေ။ (PC Magazine မှာ ရွာရိုးကိုးပေါက် ဒိုးဒိုးဒေါက်ဒေါက် ပါတာတော့မကြိုက်ဘူးဗျာ)

June 10, 2009

gmail နှစ်ခုပြိုင်ဖွင့်ကြမယ်..

အိုင်တီမန်း ပရိတ်သတ်ကြီး ကို mozilla firefox ရဲ့ add-ons တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် IE Tab ဆိုတာလေးပါ။ IE ရဲ့ rendering engine ကို Tab တစ်ခု အနေနဲ့ သုံးနိုင်စေပါတယ် ဒီတော့ gmail ပြိုင် သုံးလို့ရသွားတာပေါ့ နောက်ပြီး firefox နဲ့ ဖွင့်ထားတဲ့ tab ပေါ်မှာ right click နှိပ် ပြီးတော့လဲ rending engine ကို ပြောင်းလို့ရပါသေးတယ်။
IE Tab add-ons ကို ဒီနေရာကနေ https://addons.mozilla.org/en-US/firefox/addon/1419 ယူ၍ install လုပ်လိုက်ပါ နောက်ပြီး Navigation Toolbar ပေါ် right click နှိပ် customize ရွေးပြီး icon လေး ဆွဲတင်ပေးလိုက်ပါအုံး icon လေးက သူ့ပေါ်ကို left click နှိပ် ရင် လက်ရှိ firefox နဲ့ ပွင့်နေတဲ့ tab ကို IE နဲ့ပြောင်းပေးမယ် middle click ဆို နောက်ထပ် tab တစ်ခုနဲ့ ပြောင်းပြီး ပွင့်လာပါမယ် right click ဆိုရင်တော့ option dialog box ပေါ်လာမှာပါ။
gmail account နှစ်ခုပြိုင်ဖွင့်ဖို့ အတွက် tab နှစ်ခု နဲ့ https://mail.google.com ကို အရင်ဖွင့်လိုက်ပါ IE tab icon ပေါ်ကို left click နှိပ်လိုက်ပါ ဒါဆို ရပါပြီ username password တွေဖြည့်ပြီး ပြိုင်သုံးလို့ရပါပြီ

Reference: http://www.universefirefox.com/add-ons/internet-explorer-rendering-engine-in-firefox-ie-tab

June 9, 2009

Grou.ps


Ning ပုံစံမျိုး Social Network ဖန်တီးတဲ့ site ပါပဲ။ ကျွန်တော်တော့ စမ်းမကြည့်ရသေးဘူး။ Grou.ps ကို အစက ဘယ်လိုအသံထွက်ရမှန်းမသိဘူး။ ဂရို ဒေါ့ ပီအက်စ် လို့ ယောင်ပြီး ထွက်မိတယ်။ နောက်မှ အော် Groups ကို dot လေးနဲ့ ခွဲထားမှန်းသိတာ။ Ning နဲ့ ရေးထားတဲ့ Social Site တွေဟာ MPT လိုင်းတွေနဲ့ ကြည့်မရတာကြောင့် Social Network ဖန်တီးလိုသူတွေအနေနဲ့ grou.ps ဘက်ကို လှည့်သင့်ပါတယ်။ ပြီးတော့ သူက opensource ဖြစ်တဲ့အတွက် ပိုပြီးကောင်းတာပေါ့။ သူက http://grou.ps/yourname ဆိုပြီး ထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ domain name လေးဝယ်ပြီး Domain Masking လုပ်လိုက်ရင် site လိပ်စာမှတ်ရတာ လွယ်သွားမှာပေါ့လေ။ သူ့မှာပါဝင်တဲ့ Features တွေကတော့

People: Short profiles of group members
Blogs: Aggregation of blogs that group members own and/or may be interested
Map: A real world map showing members' current location and souvenirs (w. photos)
Talks: Forum + mailing lists; for all communication needs of your group
Photos: Share photos; aggregate Flickr accounts or enter them separately
Links: Share links, bookmarks; aggregate del.icio.us, digg, reddit accounts
Wiki: Create web pages easily, share documents and collaborate
Calendar: Share your agenda
Groups: Let your users play with subgroups and engage even more
Videos: Your very own YouTube!
Files: Share files, your own Downloads section! (3GB)
Chat: Real time chat with group members

Microsoft's New Search Engine

Microsoft ကနေပြီးတော့ Search Engine အသစ်တစ်ခု ထပ်ထုတ်လိုက်ပါပြီ။ နာမည်ကတော့ Bing တဲ့။ Bing ဟာ အရင် Live Search မဟုတ်ပါဘူးတဲ့။ Live ပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး making a purchase decision, planning a trip, researching a health condition or finding a local business ဆိုတဲ့ အချက်တွေကို အဓိက Focus လုပ်ထားတာ ဖြစ်တယ်လို့ Microsoft က ပြောပါတယ်။ အပြည့်အစုံကို ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။

Save Youtube Videos

သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေးအတွက် မွေးနေ့လက်ဆောင်အဖြစ် စီဒီခွေထဲကို animation ထည့်ပြီး ပေးချင်တယ်တဲ့။ ကျွန်တော့်ကို အကူအညီတောင်းရော။ အဲဒါနဲ့ ကျွန်တော်လည်း youtube မှာ birthday ဆိုပြီး ရိုက်ရှာလိုက်တာ တော်တော်ကောင်းတဲ့ birthday animation လေးတွေ ထွက်လာပါတယ်။ ကိုယ်က အဲဒါလေးတွေကို လိုချင်တာ။ ဘယ်လို download ချရမှန်းမသိဘူး။ အဲဒါနဲ့ Google မှာ ရှာကြည့်လိုက်တယ်။ တွေ့တာတွေကတော့ အများကြီးပဲ။ အဲဒီထဲကနေ အကောင်းဆုံးကတော့ www.keepvid.com ပါပဲ။ ကဲ ရောင်းရင်းတို့လည်း youtube ကနေ download ဆွဲချင်ရင် တခြား site တွေ ရှာမနေနဲ့တော့။ အချိန်တွေကုန်နေလိမ့်မယ်။ အဲဒီ site ကပဲ အကောင်းဆုံးဗျို့။

June 4, 2009

Gmail Inbox preview

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။
လုပ်ပုံလုပ်နည်းက
gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။
နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။

June 3, 2009

ကိုစိုးမင်း၏ Dictionary


မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကိုလဲ ပြောင်းလို့ရတယ်။ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကိုလဲ ပြောင်းနိုင်တယ်။ စကားလုံးအရေအတွက်က Babylon ထက်သာတယ်ဗျာ။ အခုလို မြန်မာနိုင်ငံမှာ မြန်မာလူမျိုးများအတွက် အချိန်တွေကိုစတေးပြီး အထူးပြုလုပ်ပေးတဲ့ ပရိုဂရမ်မာ ကိုစိုးမင်း အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

Download wxPyDict