July 30, 2009

USBcillin is not a Virus


USBcillin ကို တော်တော်များများတွေ့ဖူးကြမှာပါ။ Stick ထဲကို ဘယ်ကနေဘယ်လိုရောက်လာမှန်းကို မသိဘူးလေ။ သူ့ကို Double Click နှိပ်လိုက်ရင် System Tray Area ထဲ ရောက်သွားပြီး ဘယ်လိုပဲပိတ်ပိတ် Restart လုပ်လိုက်ရင် ပြန်ပေါ်လာတာပဲ မဟုတ်လား။ ဒီကြားထဲ အဲဒီစက်ကို Stick ထိုးလိုက်ရင်လည်း အဲဒီ Stick ထဲ ရောက်သွားပြန်ရော။ ဗိုင်းရပ်စ်လို့ ထင်ချင်စရာပဲလေ။
www.rajat.com.np ဟာ USBcillin ရဲ့ offical site ပါ။ သူ့ထဲမှာတော့ အခုလိုလေး ရေးထားပြန်ပါတယ်။

USBcillin is a software that protects your PC from autorun.inf virus that infects your PC when you plug in infected USB Drive. USBcillin automatically scans the autorun.inf file and search for the linked exe/com/bat file in the drive and deletes it. USBcillin also fixes different windows registry that are changed by USB drive viruses. USBcillin allows you to access your Control Panel Task Manager, Hidden Files, System Files etc that USB-Drive viruses blocks you from accessing. USBcillin also changes the Internet Explorer Title to default.USBcillin is not a Virus.

သူက ဘာပဲပြောပြော ကျွန်တော်ကတော့ အဲဒီကောင်လေးကို မျက်စိနောက်တယ်ဗျ။ အဲဒါနဲ့ သူတို့ပေးတဲ့ removable tool နဲ့ ဖယ်ရှားပစ်လိုက်ပါတယ်။

Download USBcillin Removable Tool

Command Prompt ထဲက အသုံးကျတဲ့ Command များ (၂)

attrib ကတော့ attributes ရဲ့အတိုကောက်ပါ။ attributes ဆိုတာ မြန်မာလို အရည်အချင်းပါ။ attrib အသုံးပြုနည်းကို သိချင်ရင် cmd ထဲမှာ attrib /? လို့ ရိုက်ထည့်ပြီး ကြည့်လို့ရပါတယ်။ attrib မှ မဟုတ်ပါဘူး။ cmd ထဲမှာ ဘယ် command မဆို အသုံးပြုနည်းကို သိချင်ရင် command ရဲ့နောက်မှာ space တစ်ချက်ပုတ်ပြီး /? ထည့်ပြီး Enter ခေါက်ကြည့်လို့ရပါတယ်။

ကဲ..သူက ဘယ်လိုအသုံးကျသလဲဆိုတော့..
ဗိုင်းရပ်စ်တွေဟာ သူတို့ကိုယ်သူတို့ hidden လုပ်ထားပါတယ်။ read only လည်းပေးထားတယ်။ ပိုပြီး အမြင်ကတ်စရာကောင်းတာက သူတို့ကိုယ်သူတို့ system file တစ်ခုအနေနဲ့ သတ်မှတ်ထားတာပါပဲ။ hidden တွေ read only တွေက Explorer ထဲမှာ အဲဒီဖိုင်လေးပေါ် Right Click လုပ် Properties ကို ရွေးပြီး Check Box က အမှန်ခြစ်လေးတွေ ဖြုတ်ပေးရင် ရပေမဲ့ System attirbute အဖြစ် ပေးထားတာကိုတော့ အဲဒီ Explorer နဲ့ လုပ်လို့မရတော့ပါဘူး။ ဒီတော့ ကျွန်တော်တို့က cmd ထဲမှာ attrib ကို သုံးပြီး ဗိုင်းရပ်စ်ဟာ သူ့ကိုယ်သူ system ဖိုင်အဖြစ်သတ်မှတ်ထားတာကို ဖြုတ်ပစ်ရပါတယ်။ ပြီးတဲ့အခါမှာမှ del ကို သုံးပြီး ဖျက်ပစ်ရပါတယ်။ တစ်ခု သတိထားရမှာက attributes တွေ မဖြုတ်ဘဲ အဲဒီဖိုင်ကို ဘယ်လိုမှ ဖျက်လို့မရပါဘူး။

Usage ကတော့
attrib –s –h –r filename ပါ။
-s ဆိုတာ system attribute ပေးထားတာကို ဖြုတ်မယ်လို့ပြောတာပါ။ -r က read-only ကို ဖြုတ်မယ်၊ -h က hidden လုပ်ထားတာကို ဖယ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဥပမာ ကျွန်တော် kavo ဗိုင်းရပ်စ်ကို သတ်မယ်ဆိုပါစို့။ သူက C:\Windows\System32 အောက်မှာ ၀င်သွားတယ်လေ။ အဲဒီတော့ cmd ထဲမှာ windows\system32 ထိ ရောက်အောင်သွားပြီး attrib –s –h –r kavo.exe လို့ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။ ပြီးတော့မှ del kavo.exe ဆိုပြီး သူ့ကို ဖျက်ပစ်လို့ရသွားပါပြီ။

ကျွန်တော်မှတ်မိသလောက် kavo ကို သတ်ခဲ့တုန်းက အခုအတိုင်းဖျက်လည်း ပြန်ပြီး ပေါ်လာခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်တွေရဲ့သဘောတရားက သူတို့မှာ အမြဲတမ်း ဖိုင်နှစ်ဖိုင်လောက် ပါပါတယ်။ a ရှိနေသလားဆိုတာကို b က အမြဲတမ်းစောင့်ကြည့်နေတယ်။ a ကို ဖျက်လိုက်ရင် b က a ကို ပြန်ပြီး ဖန်တီးပါတယ်။ kavo ဆိုလည်း အဲဒီအတိုင်းပါပဲ။ kavo.exe ကို ဖျက်လိုက်လည်း သူက ပြန်ပြီး ပေါ်လာတယ်။ ဘာကြောင့်လဲဆိုတော့ kavo.exe ရှိမရှိကို kg2v.com ဆိုတဲ့ ဖိုင်လေးက အမြဲတမ်းကြည့်နေလို့ပါပဲ။

Techinical အရပြောရရင် ဗိုင်းရပ်စ်သတ်မယ်ဆိုရင် သူတို့ရဲ့ Host Program ကို တွေ့အောင်ရှာရပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်အများစုဟာ Windows Folder အောက် ဒါမှမဟုတ် Windows\System32 အောက်မှာ အမြဲတမ်း ခိုအောင်းနေလေ့ရှိပါတယ်။ ပြီးတော့ Drive တွေအောက်မှာလည်း(C:,D:) ခိုအောင်းလေ့ရှိပါတယ်။ Host Program ကို ရှာတွေ့ဖို့ဆိုတာကလည်း အချိန်တော့ပေးရပါတယ်။ ပထမဆုံး System32 အောက်မှာပါတဲ့ ၀င်းဒိုးက တစ်ကယ်သုံးတဲ့ exe ဖိုင်တွေစာရင်း၊ com ဖိုင်တွေစာရင်းကို အလွတ်နီးပါး သိထားရပါမယ်။ ဒါမှ မသင်္ကာတဲ့ ဗိုင်းရပ်စ်ရဲ့ exe ဖိုင်ကို ရှာနိုင်မှာပါ။


ဒီနေရာမှာ အရမ်းရှုပ်ထွေးတဲ့ ဗိုင်းရပ်စ်တွေကိုတော့ ဒီအတိုင်းသတ်လို့ မရတော့ပါဘူး။ Antivirus သုံးရပါမယ်။ Antivirus ဟာ ဗိုင်းရပ်စ်တွေကို သတ်ရုံပဲသတ်ပေးပါတယ်။ ဗိုင်းရပ်စ်က မွှေသွားတဲ့ Registy တွေ၊ Windows Setting တွေကိုတော့ လုံးဝမပြင်ပေးနိုင်ပါဘူး။ အဲဒီတော့ ဗိုင်းရပ်စ်သတ်မယ်ဆိုပြီး Antivirus တစ်ခုတည်း သုံးမရပါဘူး။ Removalable Tool တွေ သုံးရပါတယ်။ Removal Tool သုံးဖို့ဆိုတာကလည်း ရမ်းသုံးလို့ မရပါဘူး။ စက်ကို ကိုက်တဲ့ ဗိုင်းရပ်စ်ရဲ့ နာမည်ကို သိရပါလိမ့်မယ်။ Win32 ဗိုင်းရပ်စ်ထင်တာပဲဆိုပြီးတော့ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်မှန်သမျှဟာ win32 ချည်းပါပဲ။ 32 bit Windows တွေကို ကိုက်တဲ့ဗိုင်းရပ်တွေမို့ win32 ဆိုပြီး Antivirus Company တွေက နာမည်ပေးထားတာကို သတိရစေချင်ပါတယ်။ ဥပမာ Win32.Kido ဆိုပြီး အတိအကျသိရပါလိမ့်မယ်။ ဒါကလည်း ခက်ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။ Antivirus မှန်သမျှဟာ သူတွေ့တဲ့ဗိုင်းရပ်စ်နာမည်တွေကို Report ထဲမှာ ဖော်ပြပေးပါတယ်။

နောက်တစ်ခုက Antivirus က ဗိုင်းရပ်စ်ကို သိတယ်ဆိုတိုင်း သတ်နိုင်တယ်လို့ မယူဆပါနဲ့။ Detect ဖြစ်တာနဲ့ Treated လုပ်နိုင်တာနဲ့ မတူပါဘူး။ လက်ရှိ စာရေးနေတဲ့အချိန်ထိ Kaspersky ဟာ Win32.kido.ah ကို သိရုံပဲ သိပြီး မသတ်နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေကျ ကျွန်တော်တို့ဟာ Google ထဲမှာ win32.kido.ah Removable Tool လို့ ရိုက်ပြီး kido ah ကို သတ်နိုင်တဲ့ Removale Tool ကို တွေ့အောင် ရှာရပါလိမ့်မယ်။ Microsoft ရဲ့ Malware Removable Tool (MRT) ကလည်း တော်တော်များများကို သတ်နိုင်ပါတယ်။

ဆက်ပါဦးမည်….

July 29, 2009

Command Prompt ထဲက အသုံးကျတဲ့ Command များ (၁)

အစပိုင်းတော့ ကျွန်တော် Batch File ရေးနည်းကို အပိုင်းခွဲပြီး
တင်မလို့ပါပဲ။ ဒါပေမဲ့ စဉ်းစားမိတာက Batch File ထဲမှာ အဓိကပါတာတွေက
windows command တွေပဲ ဖြစ်နေတော့ အဲဒီ command တွေအကြောင်းကိုပဲ
အရင်ပြောပြီးမှ Batch File ရေးနည်းကို ဆက်တက်မယ်ဆိုပြီး
ဆုံးဖြတ်လိုက်ပါတယ်။
Windows Command တွေက တကယ်တမ်းတော့ အများကြီးပါပဲ။ ဒါပေမဲ့
လေ့လာတဲ့သူတစ်ယောက်တဲ့ အနေနဲ့တော့ အဲဒါတွေ အကုန်သိစရာမလိုပါဘူး။
ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလောက်ကိုသာ သိထားရင် ဖြစ်ပါတယ်။ ဥပမာ Network
သမားတစ်ယောက်အတွက် nslookup တွေ ping တွေလို အစရှိတဲ့ Network နဲ့
ပတ်သတ်တဲ့ Command တွေလောက်ပဲ သိထားရင် အဆင်ပြေပါတယ်။

အခုဒီပို့စ်မှာတော့ ကျွန်တော်တို့လည်း အမြဲတမ်းသုံးဖြစ်တဲ့ တကယ်လည်း
အသုံးကျတဲ့ command တွေကို ကျွန်တော်ရေးပေးသွားပါ့မယ်။
တော်တော်များများလည်း သိပြီးသားဖြစ်ချင်ဖြစ်ကြမှာပါ။ ဒါပေမဲ့ သုံးနေတဲ့
command တွေကိုပဲ Parameter တွေ Switch တွေထည့်လိုက်တဲ့အခါ
ပိုပြီးအစွမ်းထက်သွားတဲ့အကြောင်းကို ကျွန်တော့်ကိုယ်တွေ့လေးတွေနဲ့
ယှဉ်ပြီး ရေးသွားပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်သိထားတာတွေက Network နဲ့
ပတ်သတ်တာတွေနဲ့ ဗိုင်းရပ်စ်သတ်တဲ့အခါမှာ အသုံးကျတဲ့ command တွေပဲ
ရှိပါတယ်။

dir /ah

dir ဆိုရင် directory တစ်ခုအောက်မှာရှိတဲ့ Subfolder တွေ ဖိုင်တွေရဲ့
List ကို ပြပေးနိုင်ပါတယ်။ ဒါဟာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်တို့တွေ
Explorer ကနေလည်း ကြည့်ရနေတာပဲ မဟုတ်လား။ ဒါပေမဲ့ /ah လို Parameter နဲ့
တွဲသုံးလိုက်မယ်ဆိုရင် Explorer မှာ မရနိုင်တဲ့ Features တွေကို
ရနိုင်ပါလိမ့်မယ်။
ဥပမာ
ကျွန်တော်က Stick တစ်ခုကို ပီစီမှာ တပ်လိုက်တယ်။ အဲဒီ Stick ထဲမှာ
ဗိုင်းရပ်စ်ရှိလား မရှိဘူးလားဆိုတာကို ကျွန်တော်သိချင်တယ်ဆိုပါစို့။
ပီစီမှာက Antivirus လည်းမရှိဘူး။ ကံဆိုးစွာနဲ့ Folder Option ပျောက်နေတဲ့
အတွက် Hidden File တွေကို မမြင်နိုင်ဘူးဆိုပါစို့။
အဲဒီလိုအခြေအနေမှာဆိုရင် cmd ထဲမှာ Stick ရဲ့ Drive Letter ထိ
ရောက်အောင်သွားပြီး dir /ah ကို သုံးလိုက်ရင် Hidden တွေ
တန်းစီမြင်ရပြီလေ။ ဗိုင်းရပ်စ်တော်တော်များများကလည်း Hidden အနေနဲ့
တည်ရှိကြတာဆိုတော့ တွေ့ရင် del နဲ့ ဆော်လိုက်ရုံပဲလေ။
dir /ah မှာ a က attribute ကို ပြောတာပါ။ /a ရဲ့နောက်မှာ ကိုယ်ကြိုက်တဲ့
File attribute တွေကို ထည့်ပေးလို့ ရပါတယ်။ ဥပမာ dir /as ဆိုရင် System
Files တွေကိုပဲ ပြပေးပါလိမ့်မယ်။
ဒါကတော့ attribute တွေ အပြည့်အစုံပါ။

D Directories R Read-only files
H Hidden files A Files ready for archiving
S System files I Not content indexed files
L Reparse Points - Prefix meaning not

ဆက်ပါဦးမည်...

July 21, 2009

Not enough Server Storage


တစ်နေ့က ကွန်ပျူတာနှစ်လုံးကို Network ချိတ်ပေးရပါတယ်။ PC to PC ပါ။ IP တွေပေး၊ Computer Name တွေပေး၊ Workgroup name တွေ သတ်မှတ်လိုက်တယ်။ အဲဒီလို လုပ်ပြီးတော့ Ping ရိုက်ကြည့်တယ်။ Reply တွေ တက်လာတယ်။ OK ပေါ့။ အဲဒါနဲ့ PC2 ကနေ PC1 ရဲ့ Partition D: ကို လှမ်းခေါ်ကြည့်တယ်။
အဲဒီအခါမှာ ကျွန်တော်လုံးဝမမြင်ဖူးတဲ့ error တက်လာပါတယ်။ ဒါမျိုးလေးပါ။

အစပိုင်တော့ Not enough Server Storage ဆိုတော့ Memory များ နည်းလို့လားလို့ဆိုပြီး ထင်မိတယ်။ (အလိုက်ပုံက) ဒါပေမဲ့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ။ PC1 က Memory က 1GB တောင် ရှိတာ။ ဟိုလိုလုပ်ကြည့်၊ ဒီလိုလုပ်ကြည့်နဲ့ ဘယ်လိုမှ မရတော့ နောက်ဆုံးမှာ Event Viewer ကို ခေါ်ကြည့်မိတယ်။ အဲဒီမှာ အခုလို Event လေး တက်နေပါတယ်။

ဘာတဲ့။ irpstacksize is too small ဆိုပါလား။ irp တန်ဖိုးနည်းနေလို့ ဒါမျိုးဖြစ်တာပေါ့။ အဲဒီ irp တန်ဖိုး ဘယ်နား သွားတိုးရမှန်း ကျွန်တော်လည်း မသိခဲ့ဘူး။ အဲဒါနဲ့ customer ကို နောက်ရက်မှ ပြန်လာခဲ့မယ်ဆိုပြီး ချိန်းလိုက်ပါတယ်။ ပြီးတော့ အင်တာနက်မှာ ရှာကြည့်ခဲ့ပါတယ်။ IRP အကြောင်းရယ်၊ ဘယ်လို တန်ဖိုးတိုးရမလဲ ဆိုတာကိုပါ သိခဲ့ရပါတယ်။

IRP ဆိုတာ I/O Request Packets ရဲ့ အတိုကောက်ပါ။ IRP stack တစ်ခုဟာ 36 bytes ဆီ အသုံးပြုပြီး အဲဒီ IRP တွေကို buffer လုပ်ပေးနိုင်ပါတယ်။ IRPStackSize ဆိုတာကတော့ IRP Stack အရေအတွက်ကို ပြောတာပါ။ သူ့ရဲ့ Default Value 15 ဖြစ်ပါတယ်။ Default Value ထက် နည်းနေတယ်ဆိုရင် အခု ကျွန်တော် ကြုံသလိုမျိုး error တွေ တက်လာပါလိမ့်မယ်။

ဖြေရှင်းနည်း

Microsoft ကတော့ အခုလို လုပ်ခိုင်းထားပါတယ်။
To resolve this behavior, increase the IRPStackSize value in the registry:
1. Click Start, and then click Run.
2. Type regedit, and then click OK.
3. Navigate to the following key:
HKEY_LOCAL_MACHINESystemCurrentControlSetServicesLanmanServerParameters
4. In the right pane, double-click the IRPStackSize value.

NOTE: If the IRPStackSize value does not already exist, use the following procedure to create it:
a. In the Parameters folder of the registry, right-click the right pane.
b. Point to New, and then click DWord Value.
c. Type IRPStackSize.

IMPORTANT: Type "IRPStackSize" exactly as it is displayed because the value name is case-sensitive.
5. Change the Base to decimal.
6. In the Value Data box, type a value that is larger than the value that is listed.

If you created the IRPStackSize value using the procedure described in step 4, the default value is 15. It is recommended that you increase the value by 3. Therefore, if the previous value was 11, type 14, and then click OK.
7. Close the Registry Editor.
8. Restart the computer.

(မူရင်းအတိုင်း ဖော်ပြတာ ဘာသာပြန်ဖို့ အပျင်းကြီးမဟုတ်ပါဘူး။ မြန်မာလိုရေးလိုက်ရင် ဖတ်ရတာလွယ်ပြီး ကောင်းနေတဲ့စက်တွေမှာပါ လျှောက်ကလိကုန်ကြမှာ မို့လို့ပါ)

July 19, 2009

Hacking Windows and Linux Passwords in 10 Seconds


Kon Boot အကြောင်းကို စသိတာက Knowledge Bridge ဆိုတဲ့ မဂ္ဂဇင်းအသစ်ရဲ့ ကြော်ငြာကို ဖတ်ပြီး သိခဲ့တာပါ။ သူ့ထဲမှာရေးထားတာက Windows ရဲ့ Kernel အထိ Hack လုပ်နိုင်တဲ့ Kon Boot ဆိုပြီး ရေးထားပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ဆိုတာ ဘာပါလိမ့်ဆိုပြီး Google မှာ ရှာကြည့်လိုက်တဲ့အခါ တကယ့်ကို အံသြစရာကောင်းလောက်တဲ့ အရာတစ်ခုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ Windows တွေ Linux တွေရဲ့ Password ဟာ လုံးဝကို မလုံခြုံပါလားဆိုတာကိုပါ သိခဲ့ရပါတယ်။
အရင်တုန်းကလည်း Windows Password ဖျက်နိုင်တဲ့ Software တွေကို တွေ့ခဲ့ဖူးပါတယ်။ ဥပမာ Password Changer ဆိုရင် Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ သူခိုးလမ်းပြ လုပ်တာမဟုတ်ပါ။ ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို စာဖတ်သူတွေ သိစေချင်တာပါ။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။ လက်တွေ့မြင်မှ ယုံမယ်ဆိုတဲ့သူတွေအတွက် လက်တွေ့စမ်းသပ်ခဲ့တာကို ရေးပြထားပါတယ်။

Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း

၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ ကျွန်တော်သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ ကျွန်တော် စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password လုံးမမတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။

အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။

Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7

ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်

Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97

ဘယ်လိုကာကွယ်မလဲ
ကျွန်တော် စဉ်းစားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။
ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။
တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါပဲ။ သွားလေရာ သယ်သွားလို့ရတယ်။ ဖွက်ချင်တဲ့နေရာ ဖွက်ထားလို့ရတယ်။ ကဲ ကျွန်တော့် အကြံ မပိုင်ဘူးလားဗျာ…..

(Kon Bot ကို ဘယ်လိုသုံးရမှာလဲဆိုပြီးတော့ ကျွန်တော့်ကို မေးမြန်းခြင်းများ သည်းခံကြပါခင်ဗျာ။ သူ့ရဲ့ Offical Site မှာ install လုပ်နည်း၊ အသုံးပြုနည်း အသေးစိတ်ရေးထားပါကြောင်း…)

July 16, 2009

Restore My Computer

ဟိုတစ်နေ့က စက်တစ်လုံး ၀င်းဒိုးမတက်လို့ဆိုပြီး လာအပ်တယ်။ ဖွင့်ကြည့်လိုက်တော့ တကယ်တမ်း ၀င်းဒိုးက တက်တယ်။ Loading ပြီးသွားတဲ့အခါကျ Desktop ပေါ်လာရမယ့်အစား ဘာမှမပေါ်ဘဲ အပြာရောင် Screen ကြီးဘဲ ပေါ်နေတယ်။ (BSOD မဟုတ်ပါ)
အဲဒါနဲ့ ကျွန်တော် Task Manager ကို ခေါ်ကြည့်လိုက်တယ်။ ခေါ်လို့ရတယ်။ အဲဒါနဲ့ Task Manager ကိုသုံးပြီး Windows Folder ထဲ လိုက်ကြည့်တော့ explorer.exe မရှိတော့တာကို တွေ့ရတယ်။ သေချာတယ်ပေါ့။ ဗိုင်းရပ်စ်က explorer.exe ကို ဖျက်ပစ်လိုက်လို့ Desktop ကြီး မပေါ်နိုင်ဖြစ်နေတာလေ။ နောက်မှ သိရတာက ဗိုင်းရပ်စ်က explorer.exe ကို ၀င်ကိုက်တဲ့အချိန် Kaspersky ကြီးက ထအော်တာကို user က Delete ဆိုပြီး ချလိုက်တာ ဗိုင်းရပ်စ်တင်မကဘဲ explorer.exe ပါ ပျက်သွားတာပါ။

အဲဒါနဲ့ ကျွန်တော်လည်း Memory Stick နဲ့ တခြားစက်က explorer.exe ကို copy ကူးပြီး အဲဒီစက်ထဲ ထည့်လိုက်တယ်။ restart လုပ်လိုက်တယ်။ ဟော Desktop ကြီးပေါ်လာပြီ။ စိတ်ထဲမှာတော့ ပြီးပြီဆိုပြီး ထင်နေလိုက်တယ်။

မပြီးသေးဘူးဗျ။ သကောင့်သား ဗိုင်းရပ်စ်မွှေသွားပုံက My Computer ဖွင့်လိုက်ရင် My Computer မပွင့်ဘဲနဲ့ Command Prompt ကြီးပွင့်လာတယ်။ Start Menu က My Computer ပဲဖွင့်ဖွင့်၊ Desktop ပေါ်က My Computer ပဲဖွင့်ဖွင့် Command Prompt ပဲ ပွင့်လာတယ်။ နောက် Windows Key နဲ့ E ကို တွဲနှိပ်လည်း Windows Explorer ပွင့်မလာတော့ဘူး။ The Parameter is incorret ဆိုပြီး Dialog Box လေးတစ်ခု ကျလာတယ်။ ခေါင်းစားသွားတယ်ပေါ့ဗျာ။
Registry ထဲ ပြန်ပြင်ရမယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဘယ်နေရာ သွားပြင်ရမယ်မှန်းမသိဘူး။ သုံးနာရီလောက်ကြာအောင် လိုက်မွှေကြည့်လည်း မထူးဘူးဗျာ။ နောက်မှ Desktop ပေါ်က My Computer ပေါ် Right Click နှိပ်ကြည့်တဲ့အခါ CMD Shell ဆိုပြီး item လေးတစ်ခု တိုးပြီး ပေါ်နေတာကို သတိထားမိတယ်။ သဲလွန်စတော့ ရပြီပေါ့ဗျာ။

အဲဒါနဲ့ registry ထဲသွားပြီး CMD Shell ဆိုပြီး ရိုက်ပြီး ရှာလိုက်တာ ဒီ key လေးကို စတွေ့ပါတယ်။

HKEY_CLASSES_ROOTFolder hellcmdcommand အောက်မှာ Default Value က C:WindowsSystem32cmd.exe ဆိုပြီး တွေ့ရပါတယ်။


ကျွန်တော် အဲဒီ Key ကို မသင်္ကာဘူး။ အဲဒါနဲ့ တခြားစက်မှာသွားကြည့်တော့ တခြားစက်မှာ အဲဒီလို key မရှိဘူး။ ဒါနဲ့ အဲဒီ key ကို ဖျက်ပစ်လိုက်တယ်။ ပြီးတော့ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ အရင်လို Command Prompt မပွင့်တော့ဘဲ error တစ်ခု တက်လာတယ်။ နီးတော့ နီးလာပြီပေါ့ဗျာ။
အဲဒါနဲ့ တခြားစက်မှာရှိတဲ့ key အတိုင်း လိုက်ပြီး ဖန်တီးလိုက်တယ်။


HKEY_CLASSES_ROOTFolder hell အောက်မှာ Explore ဆိုပြီး key တစ်ခု ထပ်ဆောက်လိုက်တယ်။ အဲဒီ Explore အောက်မှာ command ဆိုပြီး key ထက်ဆောက်လိုက်တယ်။ သူ့ရဲ့ Default Value ကို %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်တယ်။ ဆိုလိုရင်းကတော့ My Computer ကို ဖွင့်လိုက်ရင် explorer.exe ကို သွားဖွင့်ခိုင်းလိုက်တာပါပဲ။ နောက်မှာပါတာတွေက Switch တွေပါပဲ။ အဲဒီ Switch တွေ အကြောင်းကိုတော့ ကျွန်တော်လည်း မသိပါဘူး။

နောက်ထပ် HKEY_CLASSES_ROOTFolder hell အောက်မှာပဲ Open ဆိုပြီး key တစ်ခု ဆောက်လိုက်ပါတယ်။ အဲဒီ Open အောက်မှာ command ဆိုပြီး Key တစ်ခု ထပ်ဆောက်ပါတယ်။ သူ့ရဲ့ Default Value ကိုလည်း အစောကအတိုင်းပဲ %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်ပါတယ်။

ပြီးတော့ Registry Editor ကို ပိတ်လိုက်ပါတယ်။ My Computer ကို ဖွင့်ကြည့်လိုက်ယ်။ ဟော My Computer မှ My Computer ကြီး ပွင့်လာပါကြောင်း။

စာဖတ်သူတွေထဲက ကျွန်တော့်လိုမျိုး My Computer ဖွင့်လိုက်လို့ My Computer မပွင့်ဘဲ တခြားဟာတွေ ပွင့်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ reg ဖိုင်လေးကို download ဆွဲပြီး double click နှိပ်ဖွင့်လိုက်ပါ။ ပြီးရင် Yes ကို နှိပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ reg ဖိုင်ထဲမှာ တခြား ဘာ code မှ မပါပါဘူး။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။


Download Restore My Computer Registry

July 14, 2009

Memory Stick ကောင်းမကောင်း စမ်းသပ်နည်း


စာဖတ်သူဆီမှာရှိတဲ့ Memory Stick ကောင်းမကောင်း စမ်းသပ်ချင်ရင်တော့ Check Flash ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု ရှိပါတယ်။ install လုပ်စရာမလိုပါဘူး။ သူ့ကိုဖွင့်ပြီး Start ကို နှိပ်လိုက်ရုံပါပဲ။ တကယ်လို့များ Memory မှာ error ရှိခဲ့မယ်ဆိုရင် အနီရောင်အတုံးလေးတွေ ပေါ်လာမှာပါ။ ဒါ့အပြင် ဒီဆော့ဖ်ဝဲကို read speed နဲ့ write speed ကို တိုင်းတာဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

Download Check Flash

July 13, 2009

IT Men Blog တွင် Delicious Linkrolls ထည့်သွင်းထား

Delicious ထဲမှာ ကျွန်တော်မှတ်ထားတဲ့ site လိပ်စာတွေရဲ့ Link-rolls ကို Blog ရဲ့ ညာဘက် panel မှာ ထည့်ထားလိုက်ပါပြီ။ ကျွန်တော့်အကျင့်က ကောင်းတဲ့ site လေးတွေတွေ့ရင် delicious မှာ မှတ်နေကြပါ။ အခုလို ထည့်ထားလိုက်တော့ ကျွန်တော်အသစ်မှတ်တိုင်း ပေါ်နေတော့မှာလေ။

July 12, 2009

Sample, Sampling and Bit Rate

Audio/Video Converter တွေကို သုံးစွဲတဲ့အခါမှာ Sample Rate ဆိုတာကို ခဏခဏ တွေ့နေရတယ်။ KHz နဲ့ တိုင်းတာထားတာလေ။ အများအားဖြင့် 48000 KHz ဆိုပြီး တွေ့ရတတ်ပါတယ်။ အဲဒါနဲ့ Sampling Rate ဆိုတာ ဘာပါလိမ့်ဆိုပြီး Wiki ထဲ ရှာကြည့်တာ တော်တော်လေး ခေါင်းမူးသွားတယ်။ Techterms မှာ ရှာကြည့်မှ ရှင်းရှင်းလင်းလင်း သိသွားတယ်။ အခု ကျွန်တော်နားလည်သလောက် ပြန်ရေးလိုက်ပါတယ်။


Sample ဆိုတာဘာလဲ
Sample ဆိုတာဟာ analog signal တွေကို digital အနေနဲ့ ကိုယ်စားပြုထားတဲ့ data တွေကို ပြောတာပါ။
လက်တွေ့ဘ၀မှာ ကျွန်တော်တို့ မြင်သမျှ၊ကြားသမျှ အကုန်လုံးဟာ analog format တွေပါပဲ။ တစ်ဖက်မှာတော့ ကွန်ပျူတာဟာ digital ကိုပဲ နားလည်တယ်၊ digital information တွေကို သိမ်းဆည်းနိုင်၊ တွက်ချက်နိုင်ပါတယ်။ ကျွန်တော်တို့ အသံတစ်ခုကို ကက်ဆက်နဲ့အသံဖမ်းလိုက်မယ် ဆိုပါစို့။ အဲဒီ ကက်ဆက်တိပ်ခွေထဲရောက်သွားတဲ့ အသံဟာ analog format မှာဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီအသံကို ကွန်ပျူတာထဲ သိမ်းဆည်ဖို့အတွက် အဲဒီ analog format ကို digital format အဖြစ် ပြောင်းရပါလိမ့်မယ်။ အဲဒီလိုပြောင်းလို့ရလာတဲ့ digital data တွေကို sample လို့ခေါ်ပါတယ်။

Sampling ဆိုတာဘာလဲ
Analog ကနေ digital ကိုပြောင်းလဲတာကို Sampling လုပ်တယ်လို့ ခေါ်ပါတယ်။ Sampling အဆင့်မှာ အသံ သို့မဟုတ် ရုပ်ကို တစ်စက္ကန့်အတွင်းမှာ အခါပေါင်းတစ်သိန်းလောက်နီးပါး ဖမ်းယူလိုက်ပါတယ်။ Sampling Rate များလေ ရလာတဲ့ digital format ဟာ အရည်အသွေးကောင်းလေပါပဲ။ ဒီနေရာမှာ bit rate ဆိုတာပါ တိုးလာပါတယ်။ bit rate များလေ sample များများထုတ်နိုင်လေ၊ Sample များများထုတ်နိုင်လေ၊ အရည်အသွေးကောင်းလေပါပဲ။ ဥပမာအားဖြင့် စီဒီခွေထဲမှာပါတဲ့ သီချင်းသံဟာ Sampling Rate 44.1 KHz ရှိပါတယ်။ တစ်နည်းအားဖြင့် တစ်စက္ကန့်မှာ sample ပေါင်း 44100 ပါဝင်ပါတယ်။ Sampling Rate 44.1 KHz ရှိတဲ့ digital အသံဟာ အပြင်ကအသံနဲ့ ထပ်တူနီးပါးရှိပါတယ်။ သာမန်လူတွေ မခွဲခြားနိုင်ပါဘူး။ တကယ်လို့များ ကျွန်တော်တို့ဟာ အဲဒီအသံကို 22 KHz နဲ့ ဖမ်းလိုက်မယ်ဆိုရင် ပြန်နားထောင်ကြည့်တဲ့အခါမှာ ဟာ အသံအရည်အသွေးကလည်း မကောင်းဘူးဆိုပြီး ဘယ်သူမဆို ပြန်ပြောကြပါလိမ့်မယ်။

Bitrate

Bitrate ဟာ သူ့ရဲ့နာမည်လေးအတိုင်းပါပဲ။ တစ်နေရာကနေ တစ်နေရာကို Bit တွေ စီးဆင်းတဲ့နူန်းကို ပြောတာပါ။ အများအားဖြင့် Bitrate ကို bps (bits per second) သို့မဟုတ် Kbps (kilo bit per second) , Mbps (Mega bit per second) တိုင်းတာပါတယ်။
အင်တာနက်လိုင်း လျှောက်တဲ့အခါမှာ 256 လိုင်း၊ 512 လိုင်း စသည်ဖြင့် ရွေးရပါတယ်။ အဲဒါဟာ 256 Kbps လိုင်း သို့မဟုတ် 512 Kbps ကို ပြောခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက bitrate ကို audio file သို့မဟုတ် video file တွေရဲ့ အရည်အသွေးကို ဖော်ပြတဲ့အခါမှာလည်း သုံးစွဲပါတယ်။ ဥပမာအားဖြင့် 192 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းတစ်ပုဒ်ဟာ 128 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းထက် ပိုပြီး နားထောင်ကောင်းပါလိမ့်မယ်။ သဘောတရားက ကွန်ပျူတာမှာ အသံဆိုတာကလည်း bit နဲ့ဘဲ ကိုယ်စားပြုတာကြောင့် bit များလေ အသံကိုပိုပြီး သိပ်သည်းစွာနဲ့ ကိုယ်စားပြုနိုင်လေပါပဲ။ 192 Kbps MP3 သီချင်းတစ်ပုဒ်ဆိုရင် သူဟာ တစ်စက္ကန့်အတိုင်းအတာရှိတဲ့ အသံကို 192 Kilobit နှုန်းနဲ့ ကိုယ်စားပြုထားတယ်လို့ ဆိုလိုပါတယ်။ အဲဒီလိုမျိုးပါပဲ Bitrate 3000 Kbps ရှိတဲ့ Video ဖိုင်တစ်ဖိုင်ဟာ Bitrate 1000 Kbps ရှိတဲ့ Video ထက် ပိုပြီး ကြည့်ကောင်းမှာ အသေအချာပါပဲ။

July 9, 2009

Microsoft Visio 2007


သူငယ်ချင်းတစ်ယောက်ရဲ့ Thesis ကို ကူညီရင်းနဲ့ Diagram တွေ ဆွဲဖို့ လိုလာတယ်။ CorelDraw နဲ့ ဆွဲရင်တော့ ရပေမဲ့ လက်ဝင်တယ်လေ။ အဲဒါနဲ့ လှည့်ရှာကြည့်လိုက်တာ Microsoft ကထုတ်တဲ့ Visio ကို တွေ့သွားပါတယ်။ တကယ်ကို ကောင်းပါတယ်။ Diagram တွေဆွဲဖို့ပေါ့လေ။ Network Diagram, Data Modeling Diagram, software diagram, flowcharts စသည်ဖြင့်ပေါ့။

လိုချင်တဲ့သူတွေအနေနဲ့ အဝေးကြီးရှာစရာမလိုပါဘူး။ Microsoft Office 2007 DVD ခွေထဲမှာ ပါပြီးသားလေ။

July 1, 2009

Prevent virus for usb

usb မှာ autorun.inf လေး ရေးထားရင် အထိုက်အလျောက် တော့ virus ကာကွယ် နိုင်ပါတယ်။ အခုရေးထားတဲ့ autorun.inf ကိုရေးသားနည်း သိသူပဲ ဖျက်လို့ရမှာပါ၊ ကျွှန်တော် ရေးနည်းကော ဖျက်နည်းကော ဖော်ပြထားပါတယ်၊
၁ - Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်ပါ။
၂ - md \\.\\e:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။
ဒါဆိုရင် autorun.inf ကို create လုပ်ပြီးပါပြီ။
drive letter "e:" မှာသွားကြည့်ရင် autorun.inf ကိုတွေ့ပါလိမ့်မယ်။ Delete လုပ်လို့မရပါဘူး။ Format ရိုက်ရင်တော့ပျက်ပါတယ်။
drive "e:" နေရာမှာ မိမိ usb drive letter ရေးရမှာပါ။

ပြန်ဖျက်ချင်ရင်

command prompt မှာ rd \\.\\e:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။

Thanks for reading my post.

Portable XYPlorer

XYPlorer က ကောင်းလွန်းတော့ သွားလေရာ သယ်သွားနေရတယ်။ အခုတော့ Portable လေး ရှာတွေ့သွားတယ်။ အဲဒါနဲ့ စာဖတ်သူတွေကို ရှယ်ယာပေးလိုက်တယ်။ download လုပ်ရတာ အဆင်ပြေအောင် Hot Link ပေးတဲ့ sigmirror နဲ့ ရှဲလိုက်ပါတယ်။

Download Portable XYPlorer



Microsoft(R) Windows(R) Malicious Software Removal Tool

Microsoft က ထုတ်ထားတာတော့ ကြာပါပြီ။ ကျွန်တော်ကတော့ MSRT လို့ပဲ အတိုခေါ်လိုက်ပါတယ်။ အောက်မှာ ရေးထားတဲ့ ဗိုင်းရပ်စ်တွေကို သတ်နိုင်ပါတယ်။ ဟိုးတစ်လောက နာမည်ကြီးလိုက်တဲ့ Conflicker တောင်ပါပါတယ်။
 
Alcan Alemod Allaple Alureon Antinny Atak Badtrans Bagle Bagz Bancos Banker Banload Beenut Berbew Blaster Bobax Bofra Brontok Bropia Bugbear Busky Captiya Ceekat Chir Codbot   Conficker Conhook Corripio Cissi Cutwail DoomJuice Dumaru Esbot Evaman Eyeveg FakeSecSen FakeXPA F4IRootkit Fizzer Fotomoto Frethog Funner Gael Ganda Gaobot GibeGimmiv  Goweh Hacker Defender Hacty Harnig Haxdoor Horst Hupigon InternetAntivirus IRCBot Ispro Jeefo Kelvir Koobface Korgo Ldpinch Locksky Lolyda Lovgate MabutuMagistr  Maslan Matcash Mimail Mitglieder Mydoom Mytob Mywife Nachi Netsky Newacc Nsag Nuwar Oderoor Opaserv Optix Optixpro Parite Passalert Plexus Purstiu RandexRbot  Reatle Renos Rjump Rustock Ryknos Sasser Sdbot Sinowal Slenfbot Sober Sobig Spybot Spyboter Srizbi Storark Stration Swen Taterf Tibs Tilcun Torvil Valla VirtumondeVirut  Vundo Waledac Winwebsec Wootbot Wukill Yaha Yektel Zafi Zindos Zlob Zonebac Zotob Zuten

Download MSRT