February 24, 2009

Gmail To IP, IP To Location


Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

  1. Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
  2. နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
  3. Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
  4. ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
  5. အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
  6. ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။

How Proxy Connection Status?

Internet Connection က တကယ်လေးနေသလား၊ ဒါမှမဟုတ် ကိုယ်ကွန်ပျူတာကပဲ ဖြစ်နေတာလားဆိုတာ Proxy Server ကို Ping လုပ်ကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ MPT လိုင်းဆိုရင် Proxy က ygncache.mpt.net.mm ပါ။ အဲဒီတော့ အဲဒီကို Ping လုပ်ကြည့်မယ်။

C:\>ping ygncache.mpt.net.mm

Pinging ygncache.mpt.net.mm [203.81.72.200] with 32 bytes of data:
Reply from 203.81.72.200: bytes=32 time=103ms TTL=61
Reply from 203.81.72.200: bytes=32 time=54ms TTL=61
Reply from 203.81.72.200: bytes=32 time=340ms TTL=61
Reply from 203.81.72.200: bytes=32 time=57ms TTL=61

Ping statistics for 203.81.72.200:
Packets: Sent = 4, Received = 4, Lost = 0 (0% loss),
Approximate round trip times in milli-seconds:
Minimum = 54ms, Maximum = 340ms, Average = 138ms

ဟော အဲဒီမှာ time=340ms ဆိုတာ response time ကို ပြောတာပါ။ response time နည်းလေ အင်တာနက် သုံးရတာ မြန်လေဖြစ်ပြီး response time များလေ သုံးရတာ နှေးလေးပါ။ အများအားဖြင့် နေ့ခင်းပိုင်း တွေမှာ response time က 1000ms ကျော်ရှိတတ်ပြီး မနက်ပိုင်းအစောကြီးဆိုရင် အပေါ်ကလို 100ms ကျော်ကျော်ပဲ ရှိတတ်ပါတယ်။

ပိတ်ထားသော Site တစ်ခုအား IP ဖြင့် ၀င်ကြည့်ခြင်း

www.4shared.com က သိတဲ့အတိုင်းပဲ ပိတ်ထားတယ်လေ။ အဲဒီတော့ အခုလို ၀င်လိုက်တယ်။

Start>Run ထဲမှာ cmd လို့ ရိုက်ပြီး Enter ခေါက်လိုက်တယ်။
ပြီးတော့ ping www.4shared.com ဆိုပြီး ရိုက်ပြီး Enter ခေါက်လိုက်တယ်။ အဲဒီအခါမှာ Pinging www.4shared.com [72.233.72.144] with 32 bytes of data: ပေါ်လာတယ်။ အဲဒီ့ 72.233.72.144 က 4shared ရဲ့ IP လေ။
Firefox ကိုဖွင့်ပြီး address bar မှာ 72.233.72.144 လို့ရိုက်ပြီး Enter ခေါက်လိုက်တာ 4shared.com Site ကြီး ပွင့်လာပါရော။

တခြားပိတ်ထားတဲ့ Site တစ်ချို့ကိုလည်း ဒီနည်းလေးနဲ့ စမ်းကြည့်လို့ရပါတယ်။

Kaspersky Antivirus 2009 License Version

Key တွေရှာလိုက်၊ Update လုပ်လိုက် Blacklist ဖြစ်လိုက်၊ နောက်ထပ် Key ထပ်ရှာလိုက်ရနဲ့ သံသရာလည်နေတာကို သည်းမခံနိုင်တဲ့အဆုံး Kaspersky ကို License Version ၀ယ်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဓိကကတော့ Automatic Update ရချင်လို့ပါ။

အင်း အဲဒါနဲ့ ဆိုင်တွေမှာလိုက်ကြည့်လိုက်တယ်။ ကျွန်တော့်အထင်က Package တွေနဲ့ ရောင်းမယ်ထင်တာ၊ အထဲမှာ Software ခွေအပြင် User Guide တွေဘာတွေပါ ပါမယ်ထင်နေတာ၊ အခုတော့ ပလစ်စတစ်ဗူးခွံလေးနဲ့ ရောင်းတာကို အောင့်သီးအောင့်သက်နဲ့ ၀ယ်လာခဲ့ပါတယ်။

အိမ်ရောက်တော့ ဘူးခွံကို ဖွင့်လိုက်ပါတယ်။ ဗူးခွံရဲ့ ဘယ်ဘယ်အတွင်းကာဗာမှာ Activation Code ကို အပေါ်က စက္ကူကာဗာလေးနဲ့ အုပ်ထားပါတယ်။ အမလေး အဲဒါလေးကို အတော်ခွာယူရပါတယ်။ မတော်လို့များ Key စာရွက်လေး ဆုတ်ပြဲသွားရင် သွားရောလေ။ တကယ်လို့များ ခဲခြစ်လေးနဲ့ဆိုရင် အတော်ကောင်းမှာပဲဗျာ။

ခွေထည့်ပြီး Install လုပ်ပါတယ်။ Install လုပ်ပြီးတော့ Kaspersky က Activation Code တောင်းပါတယ်။ အဲဒါနဲ့ Code ရိုက်ထည့်ပေးရပါတယ်။ Next ကို နှိပ်လိုက်တော့ သူက Internet ကနေတစ်ဆင့် Kaspersky Server နဲ့ ချိတ်ပြီး Key မှန်မမှန်စစ်ပါတယ်။ ပြီးတဲ့အခါ Email Address တောင်းပါတယ်။ အဲဒါနဲ့ ကျွန်တော့် Gmail လိပ်စာကို ရိုက်ထည့်လိုက်ပါတယ်။ ပြီးတော့ Finish ကို နှိပ်လိုက်ပါတယ်။ အဲဒီမှာ Kaspersky က အခု 365 days remain ဆိုပြီး ပြပေးပါတယ်။ အိုကေဖြစ်သွားပြီလေ။ တစ်နှစ်အတွင်းတော့ Key ပြဿနာ မတက်တော့ဘူး။

နောက် Gmail ကို ဖွင့်ကြည့်တော့ Kaspersky ကပို့တဲ့ အီးမေးလ်တစ်စောင် ရောက်နေပါတယ်။ ဖွင့်ကြည့်လိုက်တော့ Kaspersky Website ရဲ့ Customer Support ကိုဝင်ဖို့ UserName နဲ့ Password ပေးထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ဘာရမလဲ။ ၀င်ကြည့်လိုက်တာပေါ့။ အထဲဝင်ကြည့်လိုက်တဲ့အခါ Key File ကိုပါ download လုပ်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ download လုပ်လိုက်ပါတယ်။

ကျွန်တော်ကတော့ အခု key လေးကို internet ချိတ်မထားတဲ့ သူငယ်ချင်းတွေရဲ့ စက်ထဲမှာ လိုက်ထည့်ပေးလိုက်ပါတယ်။ ခက်တာက Network ချိတ်ထားတဲ့ ကွန်ပျူတာတိုင်းမှာ key အတူတူ သုံးလို့မရတာပါပဲ။ Kaspersky က အတော်သိတာပဲဗျ။

စာဖတ်သူတွေကိုတော့ အဲဒီ key လေး Present ပေးချင်ပါတယ်ဗျ။ ဒါပေမဲ့လည်း မတော်လို့ အဲဒီ Key ကြီးနဲ့ Automatic Update လုပ်လိုက်ရင် အနော့် Key လေး Blacklist ဖြစ်သွားမှာမို့ မပေးရဲတော့ဘူး။

February 23, 2009

Kaspersky Key ပေါင်းချုပ်

8 ရက် ၂ လပိုင်း Update နဲ့ Blacklist မဖြစ်တဲ့ Key တွေ ပါပါတယ်။ တစ်ခုပြီးတစ်ခု စမ်းကြည့်လိုက်ပါ။ စုစုပေါင်း 59 ခု ပါပါတယ်။ Kaspersky Version 7 အတွက်သာ ဖြစ်ပါတယ်။

February 20, 2009

PDF Password Remover 2.5

Features
Password ပေးထားတဲ့ PDF ဖိုင်တွေကို Password ဖြုတ်ပစ်နိုင်ပါတယ်။
Edit/Copy/Print လုပ်ဖို့တားထားတာတွေကို ဖြုတ်ပစ်နိုင်ပါတယ်။
သုံးရတာလွယ်တယ်၊ မြန်တယ်။


Download PDF Password Remover 2.5

February 19, 2009

Comment ပေးရတာ အဆင်ပြေအောင် လုပ်ထားတယ်

IT Men Blog ကို ကြည့်ဖို့အတွက် ကျော်ခွစရာ မလိုပေမဲ့ Comments ပေးဖို့ဆိုရင်တော့ ကျော်ရပါတယ်။ ဒါကြောင့် အခု အဲဒီဒုက္ခကင်းဝေးသွားအောင် Third Part Comments Service တစ်ခုဖြစ်တဲ့ JS Kit ကိုသုံးလိုက်ပါပြီ။ Comments ပေးဖို့အတွက် ကျော်စရာမလိုတော့ပါဘူး။ ပြီးတော့ အခုကစပြီးတော့လည်း Comments တွေကို အချိန်ပေးဖတ်ပြီး ပြန်လည်ဆွေးနွေးသွားပါဦးမယ်။
Free Image Hosting at www.ImageShack.us

PDF Password Remover 2.5

Features
Password ပေးထားတဲ့ PDF ဖိုင်တွေကို Password ဖြုတ်ပစ်နိုင်ပါတယ်။
Edit/Copy/Print လုပ်ဖို့တားထားတာတွေကို ဖြုတ်ပစ်နိုင်ပါတယ်။
သုံးရတာလွယ်တယ်၊ မြန်တယ်။


Download PDF Password Remover 2.5

အင်တာနက်ကဖီးဆိုင်တစ်ဆိုင်၏ အတ္တုပ္ပတ္တိ (၃)

ကွန်ပျူတာများ တပ်ဆင်ခြင်း

ကွန်ပျူတာတွေ ၀ယ်တုန်းက ဆိုင်ကို မဆင်ခိုင်းပဲ တစစီဝယ်လာပါတယ်။ နောက် မုံရွာပြန်ရောက်မှ ဆင်ပါတယ်။ ကွန်ပျူတာတစ်လုံးကို တပ်ဆင်တာဟာ သိပ်ခက်ခဲတဲ့လုပ်ရပ်လည်း မဟုတ်ပါဘူး။ Casing ကိုဖွင့်၊ Casing ပုံးမှာ ပါလာတဲ့ I/O Sheild သံပြားလေးကို ခွာပစ်။ Motherboard ဗူးထဲမှာပါတဲ့ I/O Shield ကိုတပ်ရပါတယ်။ ပြီးရင်တော့ Motherboard တပ်၊ Screw တွေနဲ့စုပ် အဲ ဆောရီး Motherboard ကို Casing ပုံးထဲမတပ်ခင် CPU နဲ့ Heat Sink ကို ကြိုတပ်ရပါတယ်။ (Motherboard ကို Casing ထဲတပ်ပြီးမှ CPU ကို install လုပ်ရင် ပိုလက်ဝင်လို့ပါ) ပြီးတော့ RAM ချောင်းတွေစိုက်၊ ၀ယ်ခဲ့တာက 1GB နှစ်ချောင်းစီဆိုတော့ Dual Channel ရအောင် အရောင်တူ Slot နှစ်ခုမှာ RAM နှစ်ချောင်း စိုက်လိုက်ရုံပါပဲ။ အဲဒါ Dual Channel ရရောပေါ့။
ပြီးတော့ Hard Disk တပ်ရပါတယ်။ အခုနောက်ပိုင်းလာတဲ့ Hard Disk တွေက SATA Interface တွေနဲ့ဆိုတော့ အရမ်းကောင်းပါတယ်။ လေ၀င်လေထွက်ကောင်းတယ်။ ဖြုတ်ရတပ်ရတာ လွယ်ပါတယ်။ အရင်တုန်းက EIDE ကြိုးပြားကြီးတွေဆို ဖြုတ်ရတာလဲမလွယ်၊ တပ်ရတာလည်း မလွယ်ပါဘူး။ Hard Disk တပ်ပြီးတဲ့အခါမှာ Power Supply က Power Connector တွေကို တပ်ရပါတယ်။ Motherboard ကို ပါဝါပေးတယ်။ ပြီးတော့ CPU ကို ပါဝါပေးတယ်။ ပြီးတော့ Hard Disk ကို Power Connector တပ်ရပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ကတော့ Casing ရဲ့ Front Panel မှာရှိတဲ့ ခလုတ်တွေ၊ USB Port တွေ အလုပ်လုပ်အောင် အဲဒီကထွက်လာတဲ့ကြိုးတွေကို Motherboard က Pin လေးတွေပေါ်မှာ သွားစွပ်ရပါတယ်။ တချို့ Board တွေက Pin လေးတွေရဲ့ဘေးမှာ Lablel တွေပါပေမဲ့ တချို့ Board တွေက ပါလေ့မရှိပါဘူး။ Asus Board တွေက label တွေပါပေမဲ့ သေးလွန်းလို့ ကျွန်တော်အတွက်ကတော့ Manul စာအုပ်ကြည့်ပြီး တပ်ရပါတယ်။
ဒါဆို ကွန်ပျူတာ တပ်ဆင်တာပြီးသွားပါပြီ။ Monitor နဲ့ Keyboard တွေ တပ်ပြီး Monitor မှာ BIOS Screen ပေါ်မပေါ် ကြည့်ရပါတယ်။ ပြီးတော့ Casing ထဲက Fan တွေလည်သလား၊ Hard Disk ကို သိရဲ့လား စသည်ဖြင့် Checking လုပ်ရပါတယ်။
မှတ်မှတ်ရရပါပဲ။ Asus ရဲ့ P5KPL ကို 16 ခု ၀ယ်ခဲ့တာ Motherboard တစ်ခုက ဘယ်လိုမှ တက်မလာပါဘူး။ Golden Power ကို ပြန်ပို့ရမှာပါ။ ဒါပေမဲ့လည်း အခု ဒီစာရေးနေတဲ့အချိန်ထိ ပြန်မပို့ရသေးပါဘူး။ ကျွန်တော်ကတော့ နောက်ထပ် Customer တွေကို စက်တွေဆင်ပေးရရင် P5KPL ကို မသုံးတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်။ အခုလိုမျိုး ငါးခုတ်မလေးတွေ ပါလာရင် အချိန်ကုန်ပြီး အလုပ်ရှုပ်တယ်လေ။
နောက်ထပ် မကောင်းကြောင်း ပြောရဦးမယ်။ Cosair ကို ပိုကောင်းမယ်ထင်ပြီး ၀ယ်ခဲ့တာလေ။ စုစုပေါင်း 34 ချောင်းဝယ်ခဲ့တာ။ 4 ချောင်းက ပျက်နေတယ်ခင်ဗျ။ အစပိုင်းတော့ ဘယ်သိမလဲ။ Windows တင်မရတာတွေ၊ Blue Screen ပေါ်တာတွေ ဖြစ်တော့ မသင်္ကာလို့ RAM တွေ လဲကြည့်တော့မှ အဲဒီ Cosair တွေက ဖြစ်နေတာလေ။ တစ်ခါတစ်လေကျပြန်တော့လည်း ကောင်းသွားပြန်ရော။ တော်ပြီ မသုံးဘူးကွာဆိုပြီး အဲဒီ လေးချောင်းကို ပစ်ထားတာ အခုထိပဲ။ ၀ယ်ခဲ့တဲ့ ICE ဆိုင်ကို ပြန်ပို့ရဦးမှာ။ Cosair ဆိုရင် နောက်တော့ ဆလံအခါတစ်ရာ ပေးတယ်။ လုံးလုံးမသုံးတော့ဘူး။ ကျွန်တော်က အဲဒီလို အပျက်တွေ၊ အကြောင်တွေ ပါလာတတ်တဲ့ Model တွေ Brand တွေကို အရမ်းမုန်းလွန်းလို့ဗျာ။

February 17, 2009

Myanmar English Dictionary

ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာစာအဖွဲ့ဦးစီးဌာနတို့ ပူပေါင်းပြီး ထုတ်ဝေနေကြဖြစ်တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန် ထွက်ရှိလာပါပြီ။ န၀မအကြိမ်မြောက် ပုံနှိပ်ခြင်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မြန်မာအဘိဓာန်ပါ တွဲထွက်လာပါတယ်။ ခါတိုင်းနဲ့မတူတာက စာအုပ်တွေထဲမှာ စီဒီခွေပါလာပါတယ်။ အဲဒီစီဒီခွေထဲမှာ အဲဒီအဘိဓာန်တစ်ခုလုံးကို ထည့်သွင်းပေးထားပြီး အလွယ်တကူ ရှာဖွေလို့ ရအောင် ပြုလုပ်ပေးထားပါတယ်။

စီဒီခွေထဲမှာပါတဲ့ Dictionary Software ကို Technomation Studio က ရေးသားပေးထားပါတယ်။ သေသပ်လှပတယ်။ အသုံးပြုရတာ လွယ်ကူအောင် On Screen Keyboard ပါ ထည့်ပေးထားပါတယ်။ ပြီးတော့ ဘယ် Font ကိုမဆို သုံးပြီး ရိုက်ထည့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ Print ထုတ်လို့ရအောင်၊ ကြိုက်နှစ်သက်တာတွေ မှတ်ထားဖို့အတွက် Favorites တွေပါ ထည့်ပေးထားပါတယ်။ Program ရဲ့ Icon လေးကစ အတော်လေးကို လှပချစ်စရာကောင်းပါတယ်။ Installion Guide စာအုပ်သေးသေးလေးပါ ထည့်သွင်းပေးထားပါတယ်။

.Net နဲ့ရေးထားတာဖြစ်လို့ အဲဒီ Software ကို သုံးဖို့ ကိုယ့်စက်မှာ .Net Framework 2.0 ရှိရပါမယ်။ မရှိရင်လည်း သူ့ Installer က အလိုလိုတင်ပေးသွားမှာပါ။

အဆင်မပြေတာကတော့ ဈေးနှုန်းပါပဲ။ စာအုပ်ရောစီဒီခွေပါ တွဲရောင်းတာ ဖြစ်ပြီး တစ်သောင်းခွဲ ပေးရပါတယ်။ တကယ်လို့များ ဆော့ဖ်ဝဲစီဒီခွေကိုလေးကိုပဲ သုံးလေးထောင်လောက်နဲ့ ရောင်းရင် အတော် အဆင်ပြေမှာပါ။ Technomation အနေနဲ့ ဆော့ဖ်ဝဲစီဒီခွေကိုပဲ သီးသန့်ရောင်းနိုင်ရင် ရောင်းကြည့်ဖို့ အကြံပေးလို ပါတယ်။ ပြီးတော့ အခု အဘိဓာန်ထဲမှာပါတဲ့ စီဒီခွေဟာ CD-R ဖြစ်နေပါတယ်။ ဒါဟာ ရေရှည်သိမ်းဖို့ အတွက် အဆင်မပြေပါဘူး။ CD-ROM အနေနဲ့ ထည့်ပေးသင့်ပါတယ်။ (ခဲရောင်ခွေကို ပြောတာပါ) အဲဒီလို ဆိုရင်တော့ ပေးရတဲ့ငွေကြေးနဲ့တန်တယ်လို့ ပြောချင်ပါတယ်။

မူပိုင်ခွင့်တွေလုပ်ထားတဲ့အတွက် စာဖတ်သူတွေကို Blog ပေါ်ကနေ ရှယ်ယာမလုပ်နိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကြိုးစားဖန်တီးထားတာကို အလကား မယူသင့်ဘူးလေ။

February 10, 2009

Gtalk

Here is the link to download for Gtalk replacement buddy that it’s pretty easy and simple. Just follow the below mentioned steps. Also, consult the Pidgin setup window Screen Shot for better clarification.
1- Get the latest version of Pidgin and Install it on your computer.
2- Select “Accounts“-> “Manage“-> “Add”
This will open a new window- “Add Account”
3- From the drop down box choose XMPP as the Protocol.
4- In case of Screen name enter your Gmail Id (e.g. - raks.khare).
5- Type gmail.com as the Domain/Server.
6- In Resource Field enter Home.
7- Type your Gmail Password in the Password Field.
8- Choose any Nickname (e.g. - Rakshit) as Local alias.














That’s it you are almost then.
Now, if you are behind a proxy server that is blocking Pidgin to connect to Internet and to log in your account, just follow the below mentioned steps. I am sure you’ll be able to run Pidgin freely like I do.
Click on the “Advanced” tab in Add/Modify Account window and do the following:-














1- Force old (port 5223) SSL: Checked
2- Allow plaintext auth over unencrypted streams: Un-Checked
3- Connect Port: 443
4- Connect Server: talk.google.com
5- Proxy Type: Choose your protocol and enter desired proxy settings. In my case it’s HTTP, Host: 127.0.0.1 and Port: 4001. If you don’t know about this, select Proxy Type as “Use Global Proxy Settings”.
You are done. Now, you can use Pidgin as much as you like.
It’s very simple. Just follow the steps:-
1- Log in to on Pidgin by using your Gmail account .
2- Go to “Buddies” -> “Show Offline Buddies“. (A person who has blocked you must be showing offline to you. So you need to make all offline friends visible)












3- Now all your contacts are visible to you. Pick any one of those.
4- Right Click on your chosen contact name and select “Get Info“.
It will show you the brief information of your contact. Now, if any of your contact has blocked you on Google Talk, you will not be able to see his/her profile.
6- Select a contact who you think may have blocked you. Again, Right Click on his/her name and select “Get Info“. You will not see anything. Not even the contact’s name.







This goes to show that this particular contact has blocked you on Google Talk and don’t want to talk to you and so it appears to be offline always.
Hope, you like this article. This is the only way I could able to find out to determine who has blocked you on Google Talk. What’s your comment on this?

February 9, 2009

အင်တာနက်ကဖီးဆိုင်တစ်ဆိုင်၏ အတ္တုပ္ပတ္ထိ (2)

အပိုင်း (၂)
ကွန်ပျူတာတွေဝယ်ပြီ

ကွန်ပျူတာတွေဝယ်တော့ ရန်ကုန်ကိုသွားဝယ်ပါတယ်။ ကျွန်တော်က မအားလို့ လိုက်မသွားနိုင်ပါဘူး။ ကျွန်တော်ရေးပေးတဲ့ စာရင်းအတိုင်း သူငယ်ချင်းက သွားဝယ်ခဲ့ပါတယ်။

တကယ်တမ်း ကွန်ပျူတာတွေဝယ်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါ။ ပထမဆုံးက Motherboard ပါ။ Golden Power မှာသွားဝယ်တော့ GCMX တွေက မ၀င်တော့ဘူး။ P5KPL ဆိုတာရှိတယ် GCMX လိုပဲလို့ ပြောပါတယ်။ Chipset ကိုကြည့်လိုက်တော့ GCMX ထက်တောင် မြင့်နေလို့ Client 16 လုံးစာအတွက် ၀ယ်လိုက်ပါတယ်။ ပြီးတော့ ဈေးကလည်း GCMX နဲ့ နင်လားငါလားပဲ ရှိတာကိုး။
နောက်တစ်ခုက RAM ပါ။ ကျွန်တော်မှာလိုက်တာက RAM မှာ Kingston က ကောင်းတယ်။ ဒါပေမဲ့ အတုပေါတယ်လို့ ပြောလိုက်လို့ သူငယ်ချင်းက KingSton ကို မ၀ယ်ရဲတော့ဘူး။ သူက Cosair တွေကို ၀ယ်ချလာပါတယ်။ Cosair က KingSton ထက်ပိုဈေးကြီးပါတယ်။ ဒါပေမဲ့ Package နဲ့လာတာကြောင့် စိတ်ချရသယောင် ရှိပါတယ်။ ပြီးတော့ 2GB ဆိုပြီး မလာဘဲ 1GB နှစ်ချောင်းကို Package တစ်ခုတည်းမှာပဲ Twin ဆိုပြီး ထည့်ပေးထားတာကြောင့် ပိုအဆင်ပြေပါတယ်။ တကယ်လို့ 2GB ရလည်း ကျွန်တော်က မ၀ယ်ခိုင်းပါဘူး။ 1GB နှစ်ချောင်းစိုက်မှ Dual Channel ရမှာမို့ပါ။

နောက်တစ်ခုအဆင်မပြေတာက Processor ပါ။ မှန်းတုန်းကတော့ Dual Core ကို FSB များများ၊ Cache များများပေါ့။ ဒါပေမဲ့ တကယ်တမ်းဝယ်လို့ရတာက FSB ကတော့ 800 MHz ရပါရဲ့။ ဒါပေမဲ့ Cache က 1MB ပဲရှိပါတယ်။ 2MB လောက်ဆို ပိုကောင်းမှာပေါ့။ ဒါပေမဲ့ 2MB က ဘယ်လိုမှ ရှာလို့မရခဲ့ပါဘူး။ ဒါပေမဲ့လည်း အင်တာနက်သုံးရုံပဲဥစ္စာ သိပ် Heavy ကြီးမလိုပါဘူးလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပါတယ်။

Casing ကိုတော့ သူငယ်ချင်းက 2theMax တွေ Gview တွေ သုံးချင်တာလို့ ပြောပါတယ်။ ကျွန်တော်က အကုန်အကျများနေမယ် Casing က Performance နဲ့ဆိုင်တာမဟုတ်ဘူး ရိုရိုး ထိုင်း Casing လောက်သာ ၀ယ်လို့ပြောလို့ ထိုင်း Casing တွေပဲ သူက ၀ယ်လာပါတယ်။ ဒါတောင် Casing ထဲပါတဲ့ Power Supply တွေက 400 W တွေပဲ ထွက်လို့ ဆင်ထားတာတွေနဲ့ လောက်ရဲ့လားဆိုပြီး Asus Website ထဲဝင်ပြီး Power Usage ကို တွက်ကြည့်ရပါသေးတယ်။ အဲ သူပြောတော့ ကျွန်တော်တို့သုံးထားတာတွေက 300 W နဲ့ကို လောက်နေပြီတဲ့။ Casing ၀ယ်တော့ သတိထားခဲ့ရတာက Front Panel မှာ USB Port ပါတာနဲ့ ဘေးမှာ Fan ပါတာကို ရွေးဝယ်ရတာပါ။

Monitor ကတော့ အဆင်ပြေပါတယ်။ SAMSUNG ကို နောက်ဆုံးပေါ် Model ကိုရလာတယ်။ ဘေးက ဖန်ကွပ်လေးတွေနဲ့ဆိုတော့ အတော်လေးကြည့်လို့လှပါတယ်။ ကာလာထွက်ကလည်း အတော်စိုပါတယ်။ ဒါပေမဲ့ အဲဒီ Model ကိုရဖို့ လေးငါးရက်လောက် စောင့်ရပါသေးတယ်။ ကျွန်တော်တို့က အွန်လိုင်းပေါ်ကနေ အဲဒီ Model ကိုမြင်ပြီးကတည်းက ကြိုက်နေကြတာကိုး။

အင်တာနက်စက်ဆိုတော့ သက်သာတာက DVD Drive ထည့်စရာမလိုတာ၊ UPS ပါစရာ မလိုတာရယ်ပါ။ UPS အစား Linyama ကိုသုံးမှာမို့ပါ။ Linyama ကလည်း UPS ပါပဲ။ ကျွန်တော်ဆိုလိုတာက PowerTree လိုမျိုး UPS ၀ယ်စရာမလိုတာကို ပြောတာပါ။
Hard Disk ကတော့ Seagate ပါပဲ။ ဆိုင်တွေကလည်း Seagate ပဲ ရှိကြပါတယ်။ တချို့ဆိုင်တွေက SAMSUNG လည်းထားပါတယ်။ ဒါပေမဲ့ SAMSUNG က အပျက်များလို့ စိတ်ကူးထဲတောင် မရှိပါဘူး။ အရင်တုန်းက Western Digital တို့ Maxtor တို့ကိုတောင် ပြန်သတိရပါသေးတယ်။ အဲဒါတွေသာရှိရင် အဲဒါတွေပဲ ၀ယ်လိုက်မှာ။ Hard Disk ၀ယ်တဲ့အခါမှာတော့ ကြည့်ရတာက RPM ဘယ်လောက် ရှိသလဲဆိုတာပါ။ ဒါပေမဲ့လက်ရှိ ဈေးကွက်ထဲမှာတော့ အကုန်လုံးက 7200 RPM ကိုပဲ ထားကြပါတယ်။ ဒါပေမဲ့ တကယ်စကားပြောတာက Buffer ပါ။ ခက်တာက Hard Disk မှာ buffer ဘယ်လောက်ပါသလဲဆိုတာ Hard Disk ကိုကြည့်ပြီး မသိနိုင်တာပါပဲ။

သူငယ်ချင်းက Hard Disk Fan တွေ ၀ယ်ခဲ့ရဦးမလားလို့ မေးပါတယ်။ တကယ်တမ်းက 80GB ကျော်တာနဲ့ Fan တပ်သင့်ပါပြီ။ ဒါပေမဲ့ ဆိုင်လေးကို Silent ဖြစ်စေချင်လို့ မ၀ယ်ပါနဲ့တော့ကွာဆိုပြီး ပြောခဲ့ပါတယ်။

February 5, 2009

အင်တာနက်ကဖေးဆိုင် တစ်ဆိုင်၏ အတ္ထုပ္ပတ္တိ

သူငယ်ချင်းတစ်ယောက်၏ အင်တာနက်ဆိုင်လေး ဖြစ်လာဖို့အတွက် ကြိုစားခဲ့ရပုံ၊ ကြုံခဲ့ရတဲ့ နည်းပညာ အခက်အခဲများနဲ့ ဖြေရှင်းခဲ့ပုံတွေကို အပိုင်းလေးတွေ ခွဲပြီး ရေးတင်သွားပါမယ်။

ဆိုင်ဖွင့်ဖို့ အကြံရခြင်း
မုံရွာမှာ အင်တာနက်ကဖေးဆိုင်တွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ သုံးတဲ့သူဦးရေနဲ့ ဆိုင်အရေအတွက်နဲ့က မမျှဘူး။ ရုံးပိတ်ရက်လိုနေ့တွေဆိုရင် ဆိုင်တိုင်း လူပြည့်နေပါတယ်။ ပြီးတော့ ဆိုင်တွေ အနေနဲ့ကလည်း ပြီးပြည့်စုံမှုရယ်လို့လည်း မရှိပါဘူး။ အဲဒါနဲ့ပဲ တခြားဆိုင်တွေထက်သာတဲ့၊ သုံးစွဲသူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အ၀ရနိုင်တဲ့ ဆိုင်လေးဖန်တီးဖို့ ကျွန်တော့်သူငယ်ချင်းက အကြံထုတ်ပါတော့တယ်။
အဓိကရည်ရွယ်တာကတော့
(၁) သုံးရတာ မြန်ရမယ်
(၂) ဈေးနှုန်းသင့်တင့်ရမယ်
(၃) Privacy အပြည့်အ၀ရှိရမယ်
(၄) အင်တာနက်ဆိုင်မှာ ရှိသင့်တဲ့အရာတွေ အကုန်ပါဝင်ရမယ် ဆိုတာပါပဲ။

ဆိုင်လေးဖြစ်လာဖို့အတွက် ပြင်ဆင်ရတာတွေ အများကြီးရှိပေမဲ့ အခုဒီမှာတော့ ကွန်ပျူတာပိုင်းဆိုင်ရာ နဲ့ပတ်သတ်တာတွေကိုပဲ ရေးသားသွားပါ့မယ်။


စက်တွေဝယ်ဖို့ ပြင်ဆင်ခြင်း
စက်တွေဝယ်မယ်ဆိုတော့ စပြီးစဉ်းစားရပါတော့တယ်။ ဘယ် brand တွေကို သုံးမလဲပေါ့။ အင်တာနက် သုံးမယ့်စက်တွေဆိုတော့ သိပ်မြင့်စရာမလိုဘူးလေ။ ဆင်မဲ့ ပစ္စည်းတွေကို ဗလာစာရွက်ပေါ် ချရေးကြည့်ပါတယ်။ Motherboard ကိုတော့ Asus ပဲသုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်စားလှယ်ရှိတာရော၊ Service Center ရှိတာရော မို့လို့ပါ။ ပြီးတော့ ကျွန်တော့်သင်တန်းမှာလည်း သုံးနေတာ၊ ဘာ error မှ ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း ပါတာပေါ့လေ။

အဲဒါနဲ့ ဘယ် Model သုံးမလဲလို့ စဉ်းစားပါတယ်။ P5GCMX ကိုပဲ သုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဈေးလည်း ချိုတယ်။ လက်တွေ့လည်း သုံးနေတာ။ error တက်တာမျိုးလည်း မရှိဘူးလေ။ Chipset ကလည်း 945 Chipset၊ Memory အတွက်ကလည်း DDR2 ကို 667 MHz ထိရတာဆိုတော့ အင်တာနက်စက်အတွက် ကောင်းကောင်းလုံလောက်နေပြီးသားပေါ့။

ကဲ ဒါဆို Motherboard ကိုတော့ ရွေးပြီးသွားပြီ။ နောက်တစ်ခုက CPU ကို စဉ်းစားရပါတယ်။ တကယ်တမ်းကျတော့ Celeron D လောက်ဆိုရင်ကို ရနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဝယ်မဲ့ အချိန်မှာ ဈေးတွေ အရမ်းကျလာတော့ Dual Core တစ်လုံးကိုမှ ဈေးက ဘာမှရှိတော့တာ မဟုတ်ဘူးလေ။ အဲဒါနဲ့ပဲ Intel Dual Core တွေကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တမ်း ၀ယ်ရင်တော့ L2 Cache များများပါတဲ့ဟာ၊ FSB 800 MHz လောက် ရှိတဲ့ဟာ ၀ယ်မယ်ဆိုပြီး မှန်းထားပါတယ်။

နောက် RAM ဘယ်လောက်ထည့်မလဲပေါ့။ Vista က အင်တာနက်သုံးရင် ပိုမြန်တယ်လေ။ ကျွန်တော် ကိုယ်တိုင် XP နဲ့ ယှဉ်စမ်းကြည့်ထားတာ။ ဒါပေမဲ့ Vista က 1GB ထည့်ထားတာတောင် အတော်လေးတာ။ ပြီးတော့ Memory ဈေးတွေကလည်း အတော်လေးကျနေတာဆိုတော့ 2GB သုံးမယ်လို့ မှန်းလိုက်တယ်။ Kingston က အတုပေါလွန်းလို့ Cosair ပဲ သုံးမယ်ဆိုပြီး မှန်းလိုက်ပါတယ်။

နောက်တစ်ခုက Hard Disk ပေါ့။ တကယ်တမ်း 80 GB ဆိုရင်ကို တော်တော်ပိုနေပြီ။ ဘာမှ ထည့်မှာမှ မဟုတ်ပဲလေ။ ဒါပေမဲ့ ခက်တာက ဆိုင်တွေကို ဖုန်းဆက်မေးကြည့်တော့ 80GB တွေ မရှိတော့ဘူး၊ 120 GB အနည်းဆုံး ရှိတယ်လို့ ပြန်ဖြေကြပါတယ်။ 120 GB သုံးမယ်လုပ်တော့ 120 GB နဲ့ 160 GB က ဈေးက ထောင်ဂဏန်းပဲ ကွာတာဆိုတော့ 160 GB ပဲ သုံးမယ်ဆိုပြီး မှန်းလိုက်ပါတယ်။ အမျိုးအစားကတော့ Seagate ပဲပေါ့လေ။

နောက်တစ်ခုက Power Supply။ သူက အရေးအကြီးဆုံးပဲ။ မှားလို့ မဖြစ်ဘူးလေ။ ကြိုက်တာကတော့ SVC အမျိုးအစားကို ကြိုက်ပေမဲ့ သူက ဈေးကြီးလွန်းတယ်။ မဖြစ်ဘူး။ Casing တွေမှာ တစ်ခါတည်း ပါတဲ့ Power Supply တွေကိုလည်း သိပ်မကြိုက်ဘူး။ ဒါပေမဲ့ စုံစမ်းကြည့်တော့ ထိုင်း Casing တွေရှိတယ်။ Watt ပြည့်တယ်၊ မှန်တယ်ဆိုတာနဲ့ အဲဒါတွေကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီလိုနဲ့ System Unit အတွက် အကုန်လုံးအဆင်ပြေသွားပြီ။

နောက်တစ်ခုက Monitor။

သုံးမှာကတော့ LCD ပဲသုံးမှာပေါ့။ မီးအားစား သက်သာတယ်။ သုံးတဲ့သူတွေ အတွက်လည်း မျက်လုံး ထိခိုက်မှုနည်းတယ်။ Style လည်းမိတယ်လေ။ ခက်တာက ဘယ်အမျိုးအစား သုံးမလဲ။ လက်မ ဘက်လောက် သုံးမလဲ အဲဒါက တော်တော်စဉ်းစားရတာပါ။ ကျွန်တော်က ViewSonic ပဲကြိုက်တယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ViewSonic က မြန်မာပြည်ရဲ့ LCD Monitor ဈေးကွက်မှာ ပထမဦးဆုံး Distributor ပါ။ အရင်တုန်းကလည်း ဆင်ပေးနေကျ။ ပျက်တာတွေ ဘာတွေမရှိဘူး။
ဒါပေမဲ့ သူငယ်ချင်းက တခြားအမျိုးအစားတွေကို စမ်းကြည့်ချင်သေးတယ်လို့ ပြောတာနဲ့ လှည့်စုံးစမ်းကြည့်မိတယ်။ အသိတစ်ယောက်က သူ LCD Monitor တွေကို ယှဉ်စမ်းကြည့်တာ ViewSonic က Color အမွဲဆုံးပဲလို့ ပြောတော့ နည်းနည်း စဉ်းစားစရာ ဖြစ်သွားတယ်။ ကျွန်တော် ViewSonic ကို အဲဒီလို ယှဉ်မစမ်းဘူးဖူး။ အဲဒါနဲ့ အွန်လိုင်းပေါ်တက်ပြီး Forum တွေထဲ မွှေကြည့်တော့ တော်တော်များများက Samsung အကြောင်းကို အပြောများကြတယ်။ အဲဒါနဲ့ ဒီမှာရှိတဲ့ Samsung Model တစ်ခု အကြောင်းကို လိုက်ဖတ်ကြည့်တော့ သုံးဖူးတဲ့သူ တော်တော်များများ ကြိုက်ကြတယ်လို့ ရေးထားကြတယ်။ အဲဒါနဲ့ ကဲ.. Samsung ပဲဝယ်မယ်။ သုံးတဲ့သူတွေလည်း အားရပါးရကြည့်နိုင်အောင် 19 လက်မကိုပဲ ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်ကြတယ်။


အပိုင်း(၂) ပစ္စည်းတွေဝယ်ပြီ….. အား ဆက်လက်ရေးသားပါဦးမည်။

February 1, 2009

Free RapidShare Premium Account

http://alamciruas.blogspot.com/search/label/Rapidshare
http://blog.funkruti.com/2009/01/free-rapidshare-premium-account.html
http://buzyline.blogspot.com/2009/01/rapidshare-premium-account.html
http://mirchibada.blogspot.com/2009/01/31-rapidshare-premium-accounts.html
http://k3lvinmitnick.blogspot.com/
http://www.hackersenigma.com/2009/01/get-rapidshare-premium-account-numbers-live/
http://www.downarchive.com/software/others/12784-13-accounts-rapidshare-premium-2009.html
http://infopirate.org/bm_free-rapidshare-premium-accounts-and-megaupload
http://www.comptalks.com/free-rapidshare-premium-accounts-enjoy/
http://rapidshare-premiumz.blogspot.com/2009/01/29-january-premiumz-updated-at-23.html

QuickPath And DDR3

Intel ရဲ့ i7 မှာ FSB ကို မသုံးတော့ပဲနဲ့ QuickPath ဆိုတဲ့ နည်းပညာကို အစားထိုးသုံးစွဲလိုက်ပါပြီ။ အဲဒီ QuickPath အကြောင်း သိချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
ပြီးတော့ အခုလူသုံးများလာပြီဖြစ်တဲ့ SD DDR3 RAM အကြောင်းကို သိချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
တကယ်လို့များ စာဖတ်သူထဲက ဒီထက်ကောင်းတဲ့ Link တွေများ ရှိထားရင်လည်း Comment ပေးခဲ့ပါဦးလို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

ကွန်ပျူတာဝယ်ရင် သုံးမျိုးတူရမယ်

ကွန်ပျူတာတစ်စုံဆင်တဲ့အခါမှာ

  • CPU ရဲ့ FSB Speed ရယ်
  • RAM ရဲ့ Bus Speed ရယ်
  • Motherboard က Support ပေးတဲ့ CPU FSB Speed ရယ်

သုံးမျိုးတူရင် အဲဒီစက်က ပိုမြန်ပါတယ်။

Core2Duo And WinXP Fix

Core2Duo သုံးထားပြီး Windows XP တင်ထားတဲ့စက်တွေမှာ ဘာမှလည်း မလုပ်ရဘဲနဲ့ Windows တွေရဲ့ Size ကို ချုံ့ရုံ ချဲ့ရုံနဲ့ Blue Screen တက်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ Microsoft က ထုတ်တဲ့ HotFix လေးကိုသာ install လုပ်လိုက်ပါ။