March 30, 2009

English to Myanmar Translator

Myanmar NLP အဖွဲ့၏ တီထွင်ဖန်တီးမှုအား များစွာ ဂုဏ်ပြုအပ်ပါသည်

http://img19.imageshack.us/img19/6688/banner2gqq.jpg

Download Here Free
Windows Myanmar Translator (82.9 MB)

March 25, 2009

Windows Live Search Engine

တခါတလေမှာ Google မှာ ရှာမတွေ့တာတွေ သူ့က ရှာပေးတယ်။ Image တွေ
ရှာပေးတာကိုတော့ အကြိုက်ဆုံးပဲ။ Google လုံးဝမမှီဘူး။
ပုံအကောင်းစားတွေရတယ်။ ရှာရတာ ခေါင်းမီးတောက်နေရင် သတိရလိုက်ပေါ့။
ခင်လို့ ပြောတာနော်။

www.live.com

March 24, 2009

Inno Setup

software တွေ တော်တော်များများကို တင်လိုက်၊ ဖြုတ်လိုက် လုပ်လာရင်းနဲ့ သတိထားမိတာက သူတို့တွေရဲ့ Installer တွေက ပုံစံတွေ တူနေတာကို သတိထားမိပါတယ်။ Wizard မှာလည်း InstallShield ဆိုတာ ပါလာလေ့ရှိတယ်။ အဲဒါနဲ့ InstallShield ဆိုတာ Installer လုပ်တဲ့ Software ပဲလို့ ယူဆပြီး ခွေဆိုင်ရောက်တော့ InstallShield ကို ရှာဝယ်ပြီး စမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သုံးရတာနှေးတာရယ်၊ ရှုပ်ထွေးတာရယ်ကြောင့် မသုံးဖြစ်တော့ဘူး။ ပြီးတော့ Package ထုတ်စရာလည်း သိပ်မရှိဘူးလေ။

ဟိုတစ်လောကစပြီး ခေါင်းထဲမှာ အကြံတစ်ခုရတယ်။ Myanmar3 Unicode ရယ်၊ သင်တန်းမှာသုံးတဲ့ Mouse Lesson Game တစ်ခုဖြစ်တဲ့ VCop2 ရယ်၊ နောက် မြန်မာ Typing Tutor တစ်ခုဖြစ်တဲ့ TypingXP တွေဟာ Install လုပ်ရတာ နည်းနည်းလက်ဝင်တယ်လေ။ Program Files အောက် သွားထည့်ရတာနဲ့၊ Desktop ပေါ်မှာ Shortcut ကိုယ့်ဘာသာကို တင်ရတာနဲ့ဆိုတော့ အတော်လေး အချိန်ပေးရတယ်။ အဲဒါနဲ့ အဲဒါတွေအတွက် ကိုယ့်ဘာသာကိုယ် Installer တွေ လုပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။

အခုအချိန်မှာ တော်တော်များများက WinRAR self extracting archive ကိုပဲ Installer အနေနဲ့ လုပ်နေကြတာကိုလည်း သိပ်မကြိုက်ဘူး။ ပြီးတော့ InstallShield ကိုလည်း မသုံးချင်ဘူး။ သူက Free ပေးတာမဟုတ်ဘူးလေ။ Crack ဖြည်တိုင်း စိတ်ထဲမှာ ခိုးသုံးနေရတယ်ဆိုတဲ့ အသိကြီး ရောက်လာတာကိုက မကောင်းဘူး။ အဲဒါနဲ့ Free ပေးတာတွေ လိုက်ရှာတော့ Inno Setup Compiler ဆိုတာကို တွေ့ပါတယ်။ အတော်လေး ကောင်းပါတယ်။ ဒါပေမဲ့ သုံးရတာ အလွယ်တကူကြီး မဟုတ်ဘူး။ Script တွေရေးရတယ်။ Compile လုပ်ရတယ်။ ပြီးတော့ Output အနေနဲ့ Installer Package တစ်ခု ထွက်လာပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ ပညာပါတယ်။ နောက်ရက်တွေမှာလည်း ကျွန်တော်လုပ်ထားတဲ့ Installer လေးတွေကို Share လုပ်သွားပါဦးမယ်။

Inno ကိုစမ်းသပ်လိုသူများ www.innosetup.com သို့ သွားကြပါကုန်။

March 20, 2009

Viewing Proxy Server IP using nslookup

ကိုညီညီဦး(nnyioo.googlepages.com)က ပို့လိုက်တဲ့အတိုင်းပဲ ပြန်ဖော်ပြလိုက်ပါတယ်။

Bagan net proxy (or) myantel proxy တို့ ၏ လိပ်စာကိုသိချင်လျှင်
Start>>run. Enter the "cmd". And then , you try the Following Command.

nslookup cache.bagan.net.mm >>> Enter
203.81.71.229
203.81.71.234
203.81.71.237
203.81.71.238
203.81.71.70
203.81.71.74
203.81.71.75
203.81.71.80
203.81.71.88
203.81.71.111
203.81.71.116
203.81.71.120
203.81.71.228

nslookup cache.myantel.net.mm >>>Enter
203.81.71.237,
203.81.71.238,
203.81.71.70,
203.81.71.74,
203.81.71.75,
203.81.71.80,
203.81.71.88,
203.81.71.120,
203.81.71.228,
203.81.71.229,
203.81.71.234,

March 17, 2009

Everyday Internet By Myo Thura

နေ့စဉ်သုံးအင်တာနက် (သို့မဟုတ်) အင်တာနက်စတင်သုံးစွဲမည့်လူငယ်များအတွက်



Download Everyday Internet Ebook
Size: 29.8 MB
MD5: 5603186eda04bac1dbee9dce6cfbf599

March 16, 2009

Aquartz Attribute Changer

ကဲမနေ့က Brontok ကြောင်းလေးဆက်ရအောင် System နဲ့ Hidden attribute တွေဖြစ်သွားတဲ့ file တွေကို ပုံမှန်ပြန်လုပ်ရတာ လက်ဝင်လွန်းလို့ လွယ်ကူအောင် utility လေးတစ်ခု ကျွန်တော်ရေးထားတယ်ဗျာ။ အဲဟုတ်ပါဘူး ဖြတ်၊ညှပ်၊ကပ် လေးလုပ်ထားတာ သုံးကြည့်ပြီး ကောင်းမကောင်း ဝေဖန်ပေးကြပါအုံး……
Aquartz Attribute Changer
Download မရပါက aquartzblog at gmail dot com သို့ email ဖြင့်တောင်းပါ၊

March 15, 2009

Mulitproxy

Multiproxy ဟာ proxy program လေးတစ်ခုပါပဲ။ အဲဒါလေးနဲ့ အင်တာနက်သုံးတာ ပိုမြန်အောင် လုပ်လို့ရတယ်လေ။ ကျွန်တော်တို့ အင်တာနက်သုံးတဲ့အခါ Proxy Server တစ်လုံးတည်းဆီကနေပဲ Web Content တွေကို လှမ်းယူနေရတာလေ။ Mutiproxy ကတော့ သူ့နာမည်လေးအတိုင်းပဲ Proxy Server အများကြီးဆီကနေ Web Content တွေကို သွားယူပေးပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ Proxy List အတိုင်း ဆွဲပေးပါတယ်။ သူက default ပေးထားတဲ့ proxy တွေ ပါပေမဲ့လည်း အများအားဖြင့် ကျွန်တော်တို့ရဲ့ Local Proxy တွေလောက်တော့ response မကောင်းတာ တွေ့ရပါတယ်။

MPT လိုင်းကို သုံးတဲ့သူတွေအတွက်တော့ Multiproxy က သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ MPT က public အတွက် Proxy Server တစ်လုံးတည်းပဲ ပေးထားလို့ပါ။ Bagan လိုင်းကတော့ Proxy Server တစ်လုံးထက်ပိုပေးထားပါတယ်။ Bagan ရဲ့ Proxy Server IP တွေကိုတော့ နောက်ရက်ကျ တင်ပေးထားပါတယ်။ စာဖတ်သူတွေထဲက Bagan Proxy Server တွေရဲ့ IP ကိုသိတဲ့သူတွေ ရှိရင်လည်း Comment လေး ပေးခဲ့ဖို့ တလေးတစား ဖိတ်ခေါ်ပါတယ်။

http://www.multiproxy.org/mproxy12.zip
Brontok ကိုက်လို့ Computer, MP3/4, Flash Drive တွေထဲက data ပျောက် သွားတာမျိုး ကြုံဘူးကြမှာပါ။ အတော်အုံးစားရတယ်ဗျာ Tools>Folder Option>View ထဲက နေ Show hidden files and folders နဲ့ Hide protected operating system file (recommended) တွေပြောင်းလိုက်တော့ hidden ဖြစ်နေတာတွေ ပေါ်လာပါတယ်။ ဒါနဲ့ normal attribute ကို ပြန်ပြောင်းမယ်လုပ်တော့ properties မှာ hidden က disable ဖြစ်နေပြန်တယ်။ နောက်ဆုံးတော့ command prompt ထဲကနေ
attrib /s /d –s –h –r [drive:][path] ဆိုပြီးပြောင်းမှပဲရတော့တယ်။

Brontok ရန်မှကင်းဝေးကြပါစေ

March 14, 2009

How to Make FREE International Calls to Any Phone from Google Talk using Talkster

Exciting News!
Google Talk users can now make free international phone calls!

  • Always Free
  • No Credit Cards
  • No Registration
  • No Conditions
  • Unlimited
  • No Sign-up
  • Call to any phone, landline or mobile
  • More than 30 countries supported

How it Works

Adding phone numbers to your Google Talk contact list
1) To start, launch Google Talk on your desktop

2) Add contacts the same way you usually do: click on the Add button to add a friend

3) Type in the phone number of the person you want to call in the following format.
Use full phone number, including country code and area code:

phonenumber@talkster.gtalk2voip.com

Example: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

(Note: be sure to check the list of Talkster's supported countries to check if the friend you want to call is in one of the available countries)

4) You'll get a confirmation from Talkster with instructions.
We assign a local Talkster number for your friend in their country. Your friends will use Talkster phone numbers to call-in to be connected with you.

5) If you are calling your friend on a mobile phone, he will receive an SMS with his Talkster call-in number for you. Otherwise, let him know the Talkster number by IM or email.

Make calls from your Google Talk

1) Click on your friend's number in your Google Talk Contact List

2) Click on the Call button to start the call with your friend

3) Talkster will dial out to your friend from Google Talk

4) When your friend answers, you will have 10 seconds to check to see if he's available to talk. Tell him to hang up and call right back, using his local Talkster phone number for you.

5) You wait while your friend hangs up and calls back using his local number for you. (If he doesn't know his number, send it to him by email or IM.)

6) As soon as your friend calls in, we connect you and you can talk as long as you want for FREE.

7) When you're done, you just end the call!

8) Tell your friend to save his Talkster call-in number in his phone so he can use it whenever you want to call him from Google Talk.

You can call as often as you like and talk as long as you like. There are no catches, no limits, and no conditions!

Source: http://www.gtalk2voip.com/

March 11, 2009

InterfaceLIFT

Wallpaper ပေါင်း နှစ်ထောင်နီးပါး ရှိပြီး hight resolution တွေ ပေးထားပါတယ်။

March 9, 2009

Details မှာ မြန်မာလိုပေါ်အောင်လုပ်နည်း

နောက်ဆုံးလုပ်လို့ရခဲ့တာလေးပါ…
Details မှာ မြန်မာလိုပေါ်ချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ
တစ်ဆင့်ချင်း ဖော်ပြပါ့မယ်
Royale Theme ကို အရင် Install လုပ်ရပါမယ်
ပြင်ရမယ့် File ကတော့ %systemroot%\Resources\Themes\Royale\Shell\NormalColor ထဲက
ShellStyle.dll ပါ
1) Resource Hacker နဲ့ ShellStyle.dll ကိုဖွင့်ပါ
2) ဘယ်ဘက် Tree View မှ String Table ကို expand လုပ်၊ 1 ကိုလည်း expend လုပ်
3) 1033 ကို select လုပ်၊ ညာဘက်မှ Tahoma ကိုရှာပြီး Zawgyi-One ဟုပြောင်းပါ
4) Compile Script ကိုနှိပ် ၍ save လုပ်လိုက်ပါ
Ready made ကြိုက်သူများအတွက် ဒီမှာ Download လုပ်ပါ၊
5) Display setting မှ Themes tab တွင် Royale ကိုပြောင်းလိုက်ပါ
6) ပြီးပါပြီ ။

March 7, 2009

Office 2007 File Format Converter

Office 2007 နဲ့ ရေးထားတဲ့ word ဖိုင်တွေ၊ powerpoint ဖိုင်တွေ၊ excel ဖိုင်တွေဆိုရင် office 2003 ကနေ ဖွင့်လို့မရပါဘူး။ ဖိုင်အမျိုးအစားက မတူဘူးလေ။ ဒါပေမဲ့လည်း 2007 ဖိုင်တွေဖတ်ဖို့ office 2007 ကြီး install လုပ်စရာမလိုတော့ပါဘူး။ office 2003 နဲ့ office 2007 ဖိုင်တွေကို ဖတ်ဖို့ Microsoft ကနေပြီးတော့ Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats ကို ထုတ်ပေးထားပါတယ်။ အဲဒါလေးကို install လုပ်ပြီးတဲ့အခါ office 2007 ဖိုင်တွေကို 2003 နဲ့ အလိုလို ဖွင့်ပေးသွားပါလိမ့်မယ်။

March 6, 2009

Ning က MPT ကို ban လိုက်ပြီ

မြန်မာပြည်မှာ လူသုံးများနေပြီး social network ဖန်တီးနိုင်သော site တစ်ခုဖြစ်တဲ့ Ning ဟာ မြန်မာ့ဆက်သွယ်ရေးရဲ့ IP တစ်ခုဖြစ်တဲ့ 203.81.72.200 ကို ban လိုက်ပါပြီ။ ဒါကြောင့် MPT လိုင်း သုံးတဲ့သူများအနေနဲ့ ning နဲ့လုပ်ထားတဲ့ social network site မှန်သမျှ ကြည့်လို့ရမှာမဟုတ်တော့ပါဘူး။ ultrasurf နဲ့ ကျော်ရင်တော့ ရပါသေးတယ်။

Uniextract

Uniextract program ဟာ Installer package တွေကို extract လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့တွေ install လုပ်နေရတဲ့ installer ထဲမှာ ဘာတွေပါသလဲဆိုတာ ကြည့်လို့ရတာပေါ့။ အဲဒီတော့ အရမ်းပညာတိုးပါတယ်။ ဘယ်ဖိုင်တွေပါတယ်၊ ဘယ်လိုရေးထားတယ် စတာတွေကို ကြည့်လို့ရတာပေါ့။ ကျွန်တော်ကတော့ အခုအဲဒါလေးသုံးပြီး အကုန်လိုက် extract လုပ်ကြည့်နေတယ်ဗျ။
မူရင်း Site ရဲ့ လိပ်စာကတော့
http://legroom.net/software/uniextract ပါ။ လုံးဝ free download ပါ။ ပြီးတော့ Open Source ပါ။

March 5, 2009

Google ကြီး မြန်မာလိုဖြစ်တော့မယ်

Google Site ကို တခြားဘာသာတွေနဲ့ ဖော်ပြနိုင်ဖို့အတွက် Google က Google In Your Language ဆိုတဲ့ Services တစ်ခု ပေးထားပါတယ်။ Google Account ရှိသူတိုင်း အဲဒီ GIYL ကို သုံးနိုင်ပြီး သူတို့ release မလုပ်သေးတဲ့ language ကိုရွေးပြီး ကိုယ်ကိုယ်တိုင် Volunteer အနေနဲ့ သူတို့စကားလုံးတွေကို ဘာသာပြန် ပေးလို့ ရပါတယ်။

မြန်မာပြည်က volunteer များ ရဲ့ ကြိုးစားမှုကြောင့် အခုဆိုရင် Google ရဲ့ Main Search Site ဟာ 100% မြန်မာလို ဖြစ်သွားပါပြီ။ ဒါပေမဲ့ တခြားဟာတွေကျန်ပါသေးတယ်။ အောက်ကပုံလေးကို ကြည့်လိုက်ပါ။

Google In Burmese Language

လူတိုင်း ဘာသာဝင်ပြန်နေလို့ရတဲ့အတွက် Zawgyi သုံးထားတာ၊ Myanmar3 သုံးထားတာ စသည်ဖြင့် ရောထွေးနေပါတယ်။ တစ်ခုတည်းကိုပဲ သုံးပြီး ဘာသာပြန်ပေးကြရင် အဆင်ပြေမှာပါ။ အကုန်လုံး 100% ဖြစ်သွားရင်တော့ Google ကြီးကို မြန်မာလို မြင်ရတော့မှာပါ။

စာဖတ်သူလည်း အချိန်ရရင် ရသလို Volunteer လုပ်ပြီး Google ကြီး မြန်မာလိုဖြစ်အောင် ကူညီကြည့်ပါလား။
လိပ်စာက www.google.com/transconsole ဖြစ်ကြောင်းပါဗျား။

March 3, 2009

Bandwidth Splitter for ISA Server 2004

Internet Cafe တွေမှာ တစ်ယောက်ယောက်က download ဆွဲလိုက်ရင် တခြားစက်တွေပါ Connection နှေးသွားတတ်ပါတယ်။ အဲဒီလိုမျိုး မဖြစ်အောင် စက်တစ်လုံးချင်းစီကို Bandwith ဘယ်လောက်ပဲ သုံးခွင့်ရှိတယ် ဆိုတာမျိုး သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ ISA Server 2004 ထိုင်ထားတဲ့ Cafe တွေမှာပဲ ရမှာပါ။ ISA မှာ အဲဒီလိုမျိုး Bandwdith ကန့်တဲ့ Function မပါပါဘူး။ ဒါကြောင့် Bandwidth Splitter ဆိုတဲ့ Plugin လေးတစ်ခုကို Install လုပ်ပေးရမှာပါ။