April 30, 2009

How to Improve Hard Disk Performance

ကျွန်တော် ဟိုတစ်နေ့က ကွန်ပျူတာတစ်လုံးကို လိုက်ဝယ်ပြီး ဆင်ပေးခဲ့ရပါတယ်။ ၀ယ်တုန်းကတော့ စိတ်ကြိုက် ရွေးဝယ်ခဲ့တာပါပဲ။ ပစ္စည်းတွေကို တစ်ခုချင်းစီ ရွေးဝယ်တာပေါ့။ အဲဒီမှာ ဆိုင်ကို ကျွန်တော်က Hard disk ဘာ အမျိုးအစားတွေရှိသလဲ၊ ဘယ်လောက် GB တွေ ရှိလဲလို့မေးတော့ သူတို့က Seagate 160 GB တစ်မျိုးပဲ ရှိတာ လို့ ပြောပါတယ်။ ကဲ ယူပါ့မယ်လေဆိုပြီး ကွန်ပျူတာတစ်စုံစာလုံးအတွက် ငွေချေလိုက်တယ်။ တခြားပစ္စည်းတွေကို စစ်ဆေးကြည့်မိပေမဲ့ အဲဒီ့ Hard disk ကိုတော့ မကြည့်မိဘူး။

ပြဿနာက အဲဒီမှာ စတာပါပဲ။ စင်တာရောက်တော့ စက်ကလေး ဆင်မယ် လုပ်တော့ Hard disk က ခါတိုင်းလိုမဟုတ်ဘဲ တရုတ်စာတွေ ပါနေတယ်။ စိတ်ထဲမှာ နည်းနည်းတော့ ထင့်သွားတယ်။ ဒီဟာကြီးက တရုတ် ပြည်တွင်းသုံးကြီးပဲ ဖြစ်မှာ သေချာနေပြီလေ။ Export Quality ရှိမှာမဟုတ်ဘူး။

အဲဒါနဲ့ Windows တင်၊ Software တွေ တင်ပြီး သုံးကြည့်တယ်။ ဘာမှ မဖြစ်သေးဘူး။ Nero 8 ကို တင်ပြီး ခွေကူးကြည့်တော့မှ ခွေကူးတာဟာ အရမ်းနှေးတာကို သတိထားမိတယ်။ အောက်မှာ မြင်ရတဲ့အတိုင်းပဲ။

ခွေကူးတဲ့အချိန်မှာ ခွေမကူးခင် Hard Disk ထဲ Image ရိုက်ထည့်တဲ့အချိန်မှာ ကြာနေတာ။ အစပိုင်း ကျွန်တော် DVD Driver ကြောင့်လားလို့ ထင်မိတယ်။ ၀ယ်လာတဲ့ DVD Drive က Aopen အမျိုးအစားပါ။ တစ်ခါမှ မသုံးဖူးသေးဘူး။

ကျွန်တော့်စက်ကလေးကတော့ Asus DVD Writer တပ်ထားတယ်။ အဲဒါနဲ့ Sandra ကို သုံးပြီး Aopen DVD Writer ရဲ့ specification နဲ့ Asus DVD Writer ရဲ့ Specification ကို ယှဉ်ကြည့်တယ်။ သိပ်မကွာဘူး။ အဲဒီတော့ Drive ကြောင့် ဖြစ်တာမဟုတ်နိုင်ဘူးဆိုပြီး သုံးသပ်လိုက်တယ်။

နောက်ထပ် စဉ်းစားမိတာက Hard Disk။ သိတယ်မလား။ ပေါက်ဖော်ကြီးလေ။ စိတ်မချရဘူး။ ပြီးတော့ ကျွန်တော်က 160GB ကို Windows အတွက် 40GB တစ်ပိုင်း၊ Data အတွက် 120GB တစ်ပိုင်း စုစုပေါင်း partition ကို နှစ်ပိုင်း ပိုင်းထားတယ်။

ကဲ အဲဒီတော့ Hard Disk ရဲ့ Write Speed ကို စမ်းဖို့ လိုလာပြီ။ Nero Burning ROM ကို ဖွင့်လိုက်တယ်။ New Compilation Dialog box မှာ CD Copy ကို ရွေးလိုက်တယ်။ ပြီးတော့ Image tab ကို နှိပ်တယ်။ ပြီးတော့ Test Speed ကို နှိပ်လိုက်တယ်။ အဲဒီအခါ Partition တစ်ခုချင်းစီရဲ့ Write Speed တွေ ပေါ်လာပါတယ်။ ပုံမှာ ပြထားသလိုပေါ့။


သိထားစရာကောင်းတာက C: D: E: partition သုံးခုမှာ E: ဟာ အနှေးဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူက platter ရဲ့ အပြင်ဆုံးမှာ ရှိတာလေ။ အဲဒီတော့ hard disk က arm ကို ရွေ့နေရတာနဲ့ ကြာသွားတာနဲ့ တူပါတယ်။ အဲ..အဲ.. ဘေးရောက်ကုန်ပြီ။ ဒီလိုဗျာ အဲဒီလို စမ်းကြည့်တော့ စက်အသစ်လေးခဗျာ ကျွန်တော့် စက်အဟောင်းလေးကရဲ့ speed ကို မမှီဘူးခင်ဗျ။

ကျွန်တော် စဉ်းစားရပြီလေ။ ဘာကြောင့်လဲပေါ့။ ဘာဖြစ်လို့ Hard Disk ရဲ့ Speed က နှေးနေရတာလဲပေါ့။ ပထမဆုံး ကျွန်တော်တွေးမိတာက partition size က ကြီးလွန်းနေတယ်ဆိုတာကို တွေးမိတာ။ 120GB ကို တစ်ပိုင်း ပိုင်းထားတာ။ partition size ကြီးလွန်းတာဟာ performance ကို ထိခိုက်နိုင်သလားဆိုတာကို internet ထဲရှာကြည့်တော့ ထိခိုက်နိုင်တယ်ဆိုတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မယုံပါဘူး။ သူများပြောတိုင်း ယုံစရာလားလို့။

လက်တွေ့စမ်းကြည့်လိုက်တယ်။ 120GB Partition ကို 60GB နှစ်ပိုင်း ပိုင်းလိုက်တယ်။ ပြီးတော့ Nero Burning ROM နဲ့ Test Speed လုပ်လိုက်တယ်။ အားပါးပါး speed အတော်လေး တက်လာတာကို ၀မ်းသာအားရ တွေ့လိုက်ပါတယ်။ အင်တာနက်ထဲ ထပ်ရှာကြည့်တော့လည်း တွေ့ပါပြီ။ Partition များလေ Performance တက်လေတဲ့။ အနည်းဆုံး သုံးပိုင်းလောက်တော့ ရှိသင့်တယ်တဲ့။

ကျွန်တော် ဒီလောက်နဲ့ တင်းတိမ်မှုမရှိခဲ့ဘူးဗျ။ Hard Disk ကို ပိုပြီးတော့ မြန်ချင်သေးတယ်။ အဲဒါနဲ့ ထပ်ရှာပြန်ရော။ ဟော တွေ့ပြန်ပြီ။ Cluster size ပြောင်းပါတဲ့။ Cluster size ကို ခပ်ကြီးကြီး ထားလိုက်တာဟာ အကျိုးကျေးဇူးလည်း ရှိတယ်၊ တစ်ဘက်က ဆိုးကျိုးလည်း ရှိပါတယ်တဲ့။

ဘယ်လိုလည်းဆိုတော့
ဆိုပါစို့ Cluster size ကို 128 KBytes ထားမယ်ဆိုပါစို့။
အဲဒါဆို 1 MB ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါ 1MB(1024 KB) ကို 8 ပိုင်း ပိုင်းရမှာလေ။ (file size/cluster size=number of block) ပြဿနာမရှိသေးဘူး။ ကွက်တိဖြစ်တုန်းပဲ။

ကဲ တကယ်လို့များ 1.3 MB (1331.2 KB) ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါမှာတော့ တကယ်တမ်းယူရမှာက cluster အရေအတွက် 10.4 (1331.2/128=10.4) ပဲယူရမှာ ဖြစ်ပေမဲ့ cluster တွေဟာ ဖဲ့ယူလို့ မရတော့ cluter 11 ခုစာ နေရာယူပါလိမ့်မယ်။ 25.6 Kbytes ပုပ်သွားပါတယ်။
Kbytes လောက် နေရာပုပ်တာကို စာထဲထည့်ရေးတယ်လို့ မထင်ပါနဲ့ဦး။ ဖိုင်တွေအများကြီးနဲ့ဆို MBytes နဲ့ချီပြီးတော့ နေရာပုပ်နိုင်ပါတယ်။ ဒါတွေက cluster size ကြီးကြီးထားလို့ ရလာတဲ့ ဆိုးကျိုးပါ။

အကျိုးကျေးဇူးက ဘာလဲဆိုတော့
cluster size 4 Kbytes ရှိတဲ့ hard disk (A) နဲ့ 128 Kbytes ရှိတဲ့ Hard Disk (B) နှစ်လုံးကို ယှဉ်ကြည့်ရအောင်ဗျာ။
အဲဒီနှစ်လုံးမှာ 1 MB ရှိတဲ့ ဖိုင်ကို အတူတူသွားရေးမယ်ဆိုရင် A ဟာ အဲဒီဖိုင်လေးအတွက် block ပေါင်း 256 ခု ခွဲရပါမယ်။ B ကတော့ block 8 ခုပဲ ခွဲရမှာပါ။ block ခွဲရတဲ့အချိန်နည်းသွားတဲ့အတွက် B ဟာ A ထက် ပိုမြန်ပါလိမ့်မယ်။

အခုလောက်ဆို စာဖတ်သူရဲ့ Hard Disk ကို cluster size ပြောင်းဖို့ စဉ်းစားနေပြီလား။ နေဦးဗျ Windows ကပါတဲ့ Format ဟာ cluster size ကို အများဆုံး 4KB ထိပဲ ခွင့်ပြုပါတယ်။ အပေါ်က ပြောခဲ့သလို cluster size ကို 128 ထားချင်ရင်တော့ Paragon Partition Manager သို့မဟုတ် Acronis Disk Director အစရှိသည်တို့ကို သုံးစွဲနိုင်ပါကြောင်း........

April 29, 2009

Send SMS to Myanmar From Gtalk

gtalk at etmsms.com ကို add လုပ်ပါ။ Auto accept လုပ်ပါလိမ့်မယ်။
ပို့ရမယ့်ပုံစံက
sms(space bar)09xxxxxx(space bar)message ပါ။

April 26, 2009

Downadup Worm

Virus ရေးတဲ့သူ ဖမ်းကြမလား ဒေါ်လာ သန်း ၂၅၀ ရမှာနော်


February 12, 2009 ရက်နေ့ မှာ Microsoft ကကြေငြာထားတယ်
http://www.microsoft.com/Presspass/press/2009/feb09/02-12ConfickerPR.mspx
virus နာမည်ကတော့ Conficker / Downadup တဲ့ ကျွန်တော့ ဆီမှာတော့ သူဝင်မွှေနေပြီ။ သူလာရင်ဒီလိုလာတာ


ဒါပေမယ့် Symantec ကယ်လို့ OK သွားပါပြီ။
ကဲဗျာ ကြာပါတယ် http://www.symantec.com/security_response/writeup.jsp?docid=2009-011316-0247-99 ကိုသာသွား ကြည့်လိုက်ပေတော့ဗျို့။
အဆင်မပြေသူရှိရင် mail ပို့လိုက်ပေါ့
Downadup ရေ အမျှအမျှ

April 23, 2009

VCD ကာရာအိုကေ စာတန်းထိုးနည်း

VCD သီချင်းတွေကို ကြည့်ရင်း သီချင်းစာသားထိုးတာတွေကို ဘယ်လိုများ လုပ်တာပါလိမ့်ဆိုပြီး အရမ်း သိချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Adobe Premier နဲ့ Title Deko ကို သုံးလုပ်တာဆိုပြီး သူငယ်ချင်း တစ်ယောက်က ပြောလို့ သိခဲ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Premier တင်ပြီး စမ်းကြည့် ခဲ့တယ်။ အားပါး တော်တော်လေးကို အချိန်ပေးရပါတယ်။ စာနဲ့အသံနဲ့ ကိုက်အောင် လုပ်ရတာ အတော်လေးကို လက်ဝင်ပါတယ်။ ဒါတောင် အသံအလိုက် စာသားကို highlight လုပ်တာ မပါသေးဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ပျင်းပြီး ဆက်မလုပ်ဖြစ်တော့ပါဘူး။

ဟိုတလောက ကွန်ပျူတာဂျာနယ်မှာ ကာရာအိုကေ စာတန်းထိုးနည်း ပါလာပါတယ်။ ကြည့်လိုက်တော့ Premier နဲ့ပါပဲ။ Premier ဆိုတာနဲ့ ကျွန်တော် လည်းလန့်နေပြီ။ အဲဒါနဲ့ စမ်းတောင် မကြည့်တော့ပါဘူး။

ကိုယ့်မှာ သိချင်စိတ်ရှိနေလို့ပဲလားတော့ မသိပါဘူး။ မရှာဘဲနဲ့ အလွယ်နည်းလေးကို မထင်မှတ်ပဲ အခု ရလိုက်ပါပြီ။ Reader နဲ့ Feed တွေ လိုက်ဖတ်ရင်း Techpp ရဲ့ Feed မှာ အဲဒီအကြောင်းလေး ပါလာတယ်။ အဲဒါနဲ့ ကျွန်တော်စမ်းကြည့်တယ်။ အရမ်းလွယ်တယ်။ အဆင်ပြေပါတယ်။ ဒါကြောင့် အခု ဖောက်သည်ချလိုက်ပါပြီ။


စာတန်းထိုးဖို့အတွက် လိုအပ်တဲ့ Software တွေက Divxland Media Subtitler ပါ။ ပြီးတော့ VirtualDub ရယ်၊ Xvid Encoder ရယ်ပါ။ စုစုပေါင်း သုံးမျိုးပါ။ အကုန်လုံးဟာ Free ပေးတာဖြစ်ပြီး http://www.divxland.org/ မှာ ရနိုင်ပါတယ်။


စလုပ်ဖို့အတွက် Notepad ထဲမှာ Myanmar Font နဲ့ (Unicode Font သုံးမရပါ) သီချင်းစာသားတွေကို အဖြတ်လိုက် တကြောင်းချင်း ရိုက်ထည့်ရပါမယ်။ ပြီးရင် တစ်နေရာမှာ သိမ်းလိုက်ပါ။ နောက် Divxland Media Subtitler ကို ဖွင့်ပြီး စာသားထည့်မယ့် Video ဖိုင်ကို ဖွင့်ရပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာ ၀ှက်တမ်း ဇာတ်ကားခွေထဲမှာပါတဲ့ ဗွီဒီယိုသီချင်းဖိုင်လေးနဲ့ စမ်းကြည့်ပါတယ်။ သူက MTV ပါ။ စာသားမပါတော့ စမ်းသပ်ဖို့ ကောင်းသွားတယ်။


ပြီးတော့ အစောက Notepad နဲ့ ရိုက်ထားတဲ့ စာသားဖိုင်လေးကို ဖွင့်ရပါတယ်။ ပြီးတဲ့အခါမှာ သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါတယ်။ ပြီးသွားရင် ဖိုင်ကို သိမ်းရပါတယ်။ သူက Subtitle ဖိုင်လေး တစ်ဖိုင်ကို ထုတ်ပေးပါလိ့မ်မယ်။ ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို SubStation Alpha ကို ရွေးရပါတယ်။


ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ။ အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့၊ Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
နောက်ဆုံးမှာတော့ စာတန်းထိုးပြီးသား ဗွီဒီယိုသီချင်းတစ်ပုဒ်ကို အချိန်တိုလေးအတွင်းမှာ ဖန်တီးလို့ ရသွားပြီပေါ့။


လုပ်နည်း အသေးစိတ်ကို http://www.divxland.org/ မှာ လေ့လာလို့ရပါတယ်။ အခု software တွေနဲ့ လုပ်တာ တွေဟာ စာတန်းထိုးရုံ သက်သက်ဖြစ်ပြီး အသံအတိုင်း highlight လုပ်တာကိုတော့ လုပ်မရပါဘူး။ ပြီးတော့ Myanmar Font တွေနဲ့ ပတ်သတ်ပြီး နည်းနည်းပြဿနာ ရှိပါတယ်။ ရ မပေါ်တာတို့ ဘာတို့ ဖြစ်ပါတယ်။ ကျွန်တော် ရှာကြည့်သလောက်တော့ Gandamar-Letter1 Font နဲ့ကတော့ လုံးဝအဆင်အပြေဆုံးပါပဲ။

April 21, 2009

My Current Activity

ဒီလထုတ် PC World လေးဖတ်ရင်းနဲ့ OpenDNS ဆိုတာ တွေ့လို့ တော်တော်ကြိုက်သွားတယ်။ ဒါပေမဲ့ အချည်းနှည်းပါပဲ။ စမ်းကြည့်တော့ သုံးလို့လည်းမရဘူး။ မြန်မာပြည်ကမို့ ထင်ပါရဲ့။

Driver တွေ Backup လုပ်ဖို့ DriverMax ဆိုတဲ့ Free ပေးတဲ့ program လေး အင်တာနက်မှာ ရနေပြီ။ စမ်းကြည့်ပြီးပြီ။ ကောင်းတယ်။

Auslogic ဆိုတဲ့ Free ပေးတဲ့ Hard Disk Defragment လုပ်တဲ့ကောင်ကိုတော့ သူများတွေ ကောင်းတယ်ပြောလွန်းလို့ download ဆွဲထားတယ်။ မစမ်းရသေးဘူး။

ကိုဇော်လင်းရဲ့ PC Mechanic စာအုပ်လေး Scan ဖတ်ပြီး Ebook လုပ်တာ ပြီးသွားပြီ။ File Size က 40MB နား ကပ်နေလို့ ရှယ်ယာလုပ်ဖို့တော့ အဆင်မပြေတော့ဘူး ထင်ပါရဲ့။

Avira Antivir က Free လည်းပေးတယ်၊ ကောင်းလည်းကောင်းတယ်ဆိုတာနဲ့ Kaspersky နဲ့ ယှဉ်စမ်းကြည့်ဖို့ download ဆွဲထားတာ ပြီးသွားပြီ။

Himachi ဆိုတာ ဘာကြီးပါလိမ့်လို့ ရှာကြည့်တာ VPN ဆောက်တဲ့ဟာကြီး ဖြစ်နေတယ်။ ဒီမှာတော့ သုံးရမယ် မထင်။

DVD ဇာတ်ကားခွေထဲ Subtitle ထည့်နည်းလေး လေ့လာမလို့ဟာ ဘယ်တော့မှ အားမယ်မသိပါဘူးဗျာ။

IT Men Group ထဲ Porn တွေ လာလာထည့်နေလို့ အမြဲတမ်းရှင်းနေရတာ ကြာတော့ ရူးချင်လာပြီ။

IT Men Blog ရဲ့ Cbox ထဲလည်း ကြော်ငြာတွေ လာလာရေးတာ။ Ban လည်း ခဏပဲ။ သူတို့က တခြားနာမည်နဲ့ ၀င်ရေးပြန်ရော။ ကျွန်တော်က ban လိုက်၊ သူတို့က ပြန်ဝင်ရေးလိုက် လုံးချာကိုလိုက်နေတာပဲ။

April 20, 2009

Myanmar3 Unicode One Click Installer

Myanmar NLP က Myanmar3 ကို One click installer မလုပ်တာဟာ Keyman ရဲ့ License နဲ့ ညှိနေတာကြောင့် ဖြစ်မယ်ထင်တယ်။ Myanmar NLP က လောလောဆယ်ပေးထားတဲ့ Myanmar3 ဟာ Installer လုပ်ရတာ အတော်လက်ဝင်ပါတယ်။ Keyman ကို install လုပ်ရတယ်။ ပြီးတော့ Myanmar3 Keyman Package ကို install လုပ်ရတယ်။ Font ထည့်ရတယ်။ Restart လုပ်ရတယ်။ ပြီးတော့ Documentation လုံးဝမပါဘူး။

အဲဒါတွေအားလုံး အဆင်ပြေစေဖို့ သင်္ကြန်တွင်းတုန်းက လုပ်ထားတာလေး တင်ပေးလိုက်ပါပြီ။ Myanmar3 One Click Installer ပေါ့။ ကျွန်တော်ကတော့ End User တွေ အဆင်ပြေစေဖို့ပဲ ရည်ရွယ်ပြီး လုပ်ထားတာပါ။ Restart လုပ်စရာမလိုဘူး။ Desktop နဲ့ Start Menu ထဲမှာ Shortcut တွေ ထည့်ပေးသွားလိမ့်မယ်။ Myanmar3 ရိုက်နည်းကိုပါ pdf အနေနဲ့ ထည့်ထားပါတယ်။
အကောင်းအဆိုး ကြိုက်သလို ဝေဖန်နိုင်ပါတယ်။

Download Myanmar3 One-Click Installer