November 16, 2012

Interview By Internet Journal About Myanmar Communication Draft Law




 စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းနှင့် ဆက်သွယ်ရေးဥပဒေကြမ်းအကြောင်း မေးမြန်းခြင်း


၁။ ဒီလ ၇ ရက်နေ့က ဆက်သွယ်ရေး ဥပဒေကြမ်းထွက်လာပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီဥပဒေအကြမ်းအပေါ်ကို တစ်ဦးတည်းအမြင်နဲ့ ခြုံငုံသုံးသပ်ချက်လေး ပြောပေးပါလား။

ဥပဒေကြမ်း ထွက်လာတာကို ကြိုဆိုပါတယ်။ ပြည်တွင်းကွန်ပျူတာပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူတွေရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒီထက်ပိုကောင်းအောင် ပြင်ဆင်နိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်။

၂။ အိုင်စီတီနယ်ပယ်ကလူတွေ အရင်ကပြောနေကြတာက ဥပဒေမရှိလို့ အလုပ်မဖြစ်တာတဲ့ အခုဥပဒေကြမ်းထွက်လာပြီလေ။ ဒီတော့မကြာခင်မှာ အတည်ပြုနိုင်မယ်လို့ ယုံကြည့်ရတာပေါ့။ ဒါဆိုရင် အရင်ကအလုပ်မဖြစ်ဘူးလို့ပြောနေတဲ့နေရာမှာ ဘယ်အတိုင်းအတာအထိ အလုပ်ဖြစ်လာနိုင်မှာလဲ။

အရင်က ဥပဒေမရှိလို့ အလုပ်မဖြစ်ဘူးလို့ ပြောကြာတာတွေတော့ ရှိပါတယ်။ ဥပဒေမရှိလို့ အလုပ်မဖြစ်တာထက် ရှိတဲ့ဥပဒေကလည်း အလုပ်ဖြစ်ဖို့ လိုပါတယ်။ အခု ဥပဒေကြမ်းအရတော့ Operator တွေ လျှောက်ထားလို့ ရလာပြီ၊ ISP လုပ်ကိုင်ခွင့်တွေ လျှောက်ထားလို့ ရလာပြီဖြစ်တဲ့အတွက် ဒါဟာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။