May 24, 2007

Feeds တွေသုံးသင့်ပြီဗျို့

Feed ဆိုတာက Website တွေရဲ့ Update ဖြစ်နေတဲ့အကြောင်းအရာတွေကို အနှစ်ချုပ်ဒါမှမဟုတ် အပြည့်အစုံဖော်ပြပေးတဲ့ XML File တစ်ခုပါ။Feed တွေကို အသုံးပြုခြင်းအားဖြင့် ကိုယ်အမြဲတမ်းကြည့်နေတဲ့ Website တွေရဲ့ Update Content တွေကိ တစ်ခါတည်းနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Website တွေအများကြီးဖွင့်ပြီး ကြည့်ရတဲ့အချိန်တွေ သက်သာသွားမှာဖြစ်ပါတယ်။Feed Format နှစ်မျိုးရှိပါတယ်။ RSS & Atom ပါ။ ကိုယ်အဆင်ပြေတဲ့ဟာ သုံးလို့ရပါတယ်။လိုအပ်တာကတော့ Feed Reader ပါ။ Feed Reader ထဲမှာ ကိုယ်မှန်မှန်ကြည့်နေတဲ့Website တွေရဲ့ Feed patch ကိုထည့်ပေးရမှာပါ။ကျွန်တော်အကြိုက်ဆုံး Online Feed Reader ကတော့ http://reader.google.com/ ပါ။Google Account မရှိသူတွေအတွက် http://www.bloglines.com/ ကိုလည်းသုံးနိုင်ပါတယ်။ကဲ..ဒါဖြင့် ဘယ်လိုစသုံးမလဲ။ဥပမာအနေနဲ့ http://news.google.com/ ကိုဝင်ကြည့်ပါ။ပုံမှာပြထားတဲ့ RSS ဆိုတဲ့ link ကိုနှိပ်ပါ။ ထွက်လာတဲ့ Page ရဲ့ Link ကို Copy လုပ်ပါ။


reader.google.com ကိုသွားပါ။ Login လုပ်ပါ။Google reader ပွင့်လာရင် Add Subscription ဆိုတဲ့ Link ကိုနှိပ်ပါ။Text Box ထဲမှာ Paste လုပ်၊ Add ကိုနှိပ်လိုက်ရင် Google News Feed တွေကိုဖတ်လို့ရပါပြီ။ ဒီနည်းနဲ့ တခြား Website တွေရဲ့ Feed တွေကိုလိုက်ထည့်ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး Website အများကြီးရဲ့ Update အကြောင်းအရာတွေကို reader.google.comကနေ သိရှိနိုင်ပါပြီ။

No comments:

Post a Comment