Audio/Video Converter တွေကို သုံးစွဲတဲ့အခါမှာ Sample Rate ဆိုတာကို ခဏခဏ တွေ့နေရတယ်။ KHz နဲ့ တိုင်းတာထားတာလေ။ အများအားဖြင့် 48000 KHz ဆိုပြီး တွေ့ရတတ်ပါတယ်။ အဲဒါနဲ့ Sampling Rate ဆိုတာ ဘာပါလိမ့်ဆိုပြီး Wiki ထဲ ရှာကြည့်တာ တော်တော်လေး ခေါင်းမူးသွားတယ်။ Techterms မှာ ရှာကြည့်မှ ရှင်းရှင်းလင်းလင်း သိသွားတယ်။ အခု ကျွန်တော်နားလည်သလောက် ပြန်ရေးလိုက်ပါတယ်။
Sample ဆိုတာဘာလဲ
Sample ဆိုတာဟာ analog signal တွေကို digital အနေနဲ့ ကိုယ်စားပြုထားတဲ့ data တွေကို ပြောတာပါ။
လက်တွေ့ဘ၀မှာ ကျွန်တော်တို့ မြင်သမျှ၊ကြားသမျှ အကုန်လုံးဟာ analog format တွေပါပဲ။ တစ်ဖက်မှာတော့ ကွန်ပျူတာဟာ digital ကိုပဲ နားလည်တယ်၊ digital information တွေကို သိမ်းဆည်းနိုင်၊ တွက်ချက်နိုင်ပါတယ်။ ကျွန်တော်တို့ အသံတစ်ခုကို ကက်ဆက်နဲ့အသံဖမ်းလိုက်မယ် ဆိုပါစို့။ အဲဒီ ကက်ဆက်တိပ်ခွေထဲရောက်သွားတဲ့ အသံဟာ analog format မှာဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီအသံကို ကွန်ပျူတာထဲ သိမ်းဆည်ဖို့အတွက် အဲဒီ analog format ကို digital format အဖြစ် ပြောင်းရပါလိမ့်မယ်။ အဲဒီလိုပြောင်းလို့ရလာတဲ့ digital data တွေကို sample လို့ခေါ်ပါတယ်။
Sampling ဆိုတာဘာလဲ
Analog ကနေ digital ကိုပြောင်းလဲတာကို Sampling လုပ်တယ်လို့ ခေါ်ပါတယ်။ Sampling အဆင့်မှာ အသံ သို့မဟုတ် ရုပ်ကို တစ်စက္ကန့်အတွင်းမှာ အခါပေါင်းတစ်သိန်းလောက်နီးပါး ဖမ်းယူလိုက်ပါတယ်။ Sampling Rate များလေ ရလာတဲ့ digital format ဟာ အရည်အသွေးကောင်းလေပါပဲ။ ဒီနေရာမှာ bit rate ဆိုတာပါ တိုးလာပါတယ်။ bit rate များလေ sample များများထုတ်နိုင်လေ၊ Sample များများထုတ်နိုင်လေ၊ အရည်အသွေးကောင်းလေပါပဲ။ ဥပမာအားဖြင့် စီဒီခွေထဲမှာပါတဲ့ သီချင်းသံဟာ Sampling Rate 44.1 KHz ရှိပါတယ်။ တစ်နည်းအားဖြင့် တစ်စက္ကန့်မှာ sample ပေါင်း 44100 ပါဝင်ပါတယ်။ Sampling Rate 44.1 KHz ရှိတဲ့ digital အသံဟာ အပြင်ကအသံနဲ့ ထပ်တူနီးပါးရှိပါတယ်။ သာမန်လူတွေ မခွဲခြားနိုင်ပါဘူး။ တကယ်လို့များ ကျွန်တော်တို့ဟာ အဲဒီအသံကို 22 KHz နဲ့ ဖမ်းလိုက်မယ်ဆိုရင် ပြန်နားထောင်ကြည့်တဲ့အခါမှာ ဟာ အသံအရည်အသွေးကလည်း မကောင်းဘူးဆိုပြီး ဘယ်သူမဆို ပြန်ပြောကြပါလိမ့်မယ်။
Bitrate
Bitrate ဟာ သူ့ရဲ့နာမည်လေးအတိုင်းပါပဲ။ တစ်နေရာကနေ တစ်နေရာကို Bit တွေ စီးဆင်းတဲ့နူန်းကို ပြောတာပါ။ အများအားဖြင့် Bitrate ကို bps (bits per second) သို့မဟုတ် Kbps (kilo bit per second) , Mbps (Mega bit per second) တိုင်းတာပါတယ်။
အင်တာနက်လိုင်း လျှောက်တဲ့အခါမှာ 256 လိုင်း၊ 512 လိုင်း စသည်ဖြင့် ရွေးရပါတယ်။ အဲဒါဟာ 256 Kbps လိုင်း သို့မဟုတ် 512 Kbps ကို ပြောခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက bitrate ကို audio file သို့မဟုတ် video file တွေရဲ့ အရည်အသွေးကို ဖော်ပြတဲ့အခါမှာလည်း သုံးစွဲပါတယ်။ ဥပမာအားဖြင့် 192 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းတစ်ပုဒ်ဟာ 128 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းထက် ပိုပြီး နားထောင်ကောင်းပါလိမ့်မယ်။ သဘောတရားက ကွန်ပျူတာမှာ အသံဆိုတာကလည်း bit နဲ့ဘဲ ကိုယ်စားပြုတာကြောင့် bit များလေ အသံကိုပိုပြီး သိပ်သည်းစွာနဲ့ ကိုယ်စားပြုနိုင်လေပါပဲ။ 192 Kbps MP3 သီချင်းတစ်ပုဒ်ဆိုရင် သူဟာ တစ်စက္ကန့်အတိုင်းအတာရှိတဲ့ အသံကို 192 Kilobit နှုန်းနဲ့ ကိုယ်စားပြုထားတယ်လို့ ဆိုလိုပါတယ်။ အဲဒီလိုမျိုးပါပဲ Bitrate 3000 Kbps ရှိတဲ့ Video ဖိုင်တစ်ဖိုင်ဟာ Bitrate 1000 Kbps ရှိတဲ့ Video ထက် ပိုပြီး ကြည့်ကောင်းမှာ အသေအချာပါပဲ။
Showing posts with label Multimedia. Show all posts
Showing posts with label Multimedia. Show all posts
July 12, 2009
May 24, 2009
Bit rate, Sample Rate, Codec
Audio CD ကနေ MP3 ပြောင်းတဲ့အခါပဲဖြစ်ဖြစ်၊ VCD ကနေ MP4 ပြောင်းတဲ့အခါပဲ ဖြစ်ဖြစ် sample rate တို့ bit rate တို့ codec တို့ဆိုတာက မမြင်ချင်မှ အဆုံးပါ။ အရင်တုန်းကတော့ အသေပဲ မှတ်ထားတယ်။ bit rate များရင် သီချင်းက ပိုနားထောင်ကောင်းတယ်။ ဒါပေမဲ့ ဖိုင်ဆိုက်ဒ်ကြီးတယ်ပေါ့။ sample rate ဆိုတာကျ ဘာမှန်းလဲမသိတော့ အဲဒီ value တွေကို သွားတောင် မထိဘူး။ အခုနောက်ပိုင်း Xilisoft Video Converter ကို တော်တော်လေး မွှေကြည့်ရင်းနဲ့ audio ဖိုင်တွေ video ဖိုင်တွေ converting လုပ်တဲ့အခါမှာ codec ကို သုံးတယ်ဆိုတာ သိလာပါတယ်။ အရင်တုန်းက avi ဖိုင်၊ dat ဖိုင်၊ wmv ဖိုင် စသည်ဖြင့် အဲဒီလိုတွေပဲ သိရာကနေ အခုတော့ avi ဖိုင်တောင်မှ အများကြီး ကွဲတယ်ဆိုတာ သိလာပါတယ်။ codec ကြောင့် ကွဲသွားတာပေါ့လေ။
ဟိုတစ်နေ့က MP4 Model အသစ်တစ်လုံးကို စမ်းသုံးကြည့်တဲ့အခါ သူက avi ဖိုင်တစ်မျိုးထဲပဲ လက်ခံတယ်။ အဲဒါနဲ့ စက်ထဲရှိတဲ့ avi ဖိုင်တစ်ဖိုင်ကို ကောက်ထည့်လိုက်တယ်။ ပြီးတော့ ဖွင့်ကြည့်တော့ ဖွင့်မရဘူး။ အဲဒါနဲ့ သူ့ထဲမှာပါပြီးသား sample video file ရဲ့ properties ကို ကြည့်လိုက်တော့ သူက xvid codec ကို သုံးထားတာကို သိရပါတယ်။ အဲဒါနဲ့ avi ဖိုင်ကိုမှ xvid codec သုံးပြီး convert လုပ်လိုက် အတော်လေး အဆင်ပြေသွားပါတယ်။
bit rate တွေ sample rate တွေဟာ ဘာလဲဆိုတာ သိချင်တော့ Wikipeida ထဲ ရှာကြည့်ပါတယ်။ သူ့ description တွေ ဖတ်ကြည့်လိုက်တာ ခေါင်းကို မူးသွားတာပါပဲ။ အဲဒါနဲ့ google မှာ ထပ်မွှေကြည့်တဲ့အခါ www.techterms.com က အတော်လေး ကောင်းတာကို တွေ့ခဲ့ပါတယ်။ ရှင်းပြတာလည်း တိုတယ်၊ နားလည်လွယ်တယ်ဗျာ။
ဟိုတစ်နေ့က MP4 Model အသစ်တစ်လုံးကို စမ်းသုံးကြည့်တဲ့အခါ သူက avi ဖိုင်တစ်မျိုးထဲပဲ လက်ခံတယ်။ အဲဒါနဲ့ စက်ထဲရှိတဲ့ avi ဖိုင်တစ်ဖိုင်ကို ကောက်ထည့်လိုက်တယ်။ ပြီးတော့ ဖွင့်ကြည့်တော့ ဖွင့်မရဘူး။ အဲဒါနဲ့ သူ့ထဲမှာပါပြီးသား sample video file ရဲ့ properties ကို ကြည့်လိုက်တော့ သူက xvid codec ကို သုံးထားတာကို သိရပါတယ်။ အဲဒါနဲ့ avi ဖိုင်ကိုမှ xvid codec သုံးပြီး convert လုပ်လိုက် အတော်လေး အဆင်ပြေသွားပါတယ်။
bit rate တွေ sample rate တွေဟာ ဘာလဲဆိုတာ သိချင်တော့ Wikipeida ထဲ ရှာကြည့်ပါတယ်။ သူ့ description တွေ ဖတ်ကြည့်လိုက်တာ ခေါင်းကို မူးသွားတာပါပဲ။ အဲဒါနဲ့ google မှာ ထပ်မွှေကြည့်တဲ့အခါ www.techterms.com က အတော်လေး ကောင်းတာကို တွေ့ခဲ့ပါတယ်။ ရှင်းပြတာလည်း တိုတယ်၊ နားလည်လွယ်တယ်ဗျာ။
Subscribe to:
Posts (Atom)