August 17, 2007

ကျွန်တော်က ကွန်ပျူတာတက္က္ကသိုလ် ကျောင်းသားတစ်ယောက်ပါ။ အခုဂုဏ်ထူးတန်းစာမေးပွဲ ဖြေရတော့မှာမို့ Post အသစ်တွေတင်နိုင်ဦးမှာ
မဟုတ်သေးဘူး။ နောက်နှစ်ပတ်လောက်ကြာမှ တင်နိုင်ပါတော့မယ်။ ဒီ blog လေးကိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

August 12, 2007

What is That Files

တော်တော်ကြာပြီ အင်တာနက်ပေါ်က GoogleMovies တို့ YouTube တို့ကို ကြည့်သာ ကြည့်နေရတယ်။ ကူးချင်တာ ကူးလို့ မရခဲ့ဘူး။ အခုတော့ အိုကေသွားပြီ။ ၀ဘ်ဆိုဒ် တစ်ခုက ကြားခံပြီး ကူးပေးတယ်။ ရုပ်သံဖိုင် တော်တော်များများကို ကူးလို့ရတယ်။ ဥပမာ ယူကျုက ဖိုင်တစ်ခုကို ကူးမယ်ဆိုရင် ပထမဆုံး အဲဒီဖိုင်ရဲ့ လိပ်စာကို ခုနက ၀ဘ်ဆိုဒ်မှာ သွားထည့်ပြီး ဒေါင်းလုဒ် လုပ်ရမယ့် ဖိုင်အဖြစ် ပြောင်းရမယ်။ ပြီးရင် ညာဘက်ကလစ် နှိပ်ပြီး စက်ပေါ်မှာ တင်ပေးရမယ်။ နောက်ဆုံး ရလာတဲ့ ဖိုင်ကို ကျွန်တော်တို့က flv လို့ခေါ်တဲ့ Flash-Movie-File အဖြစ် ပြောင်းပေးရတယ်။ အဲဒီဖိုင်ကို ဖွင့်ဖို့ကလည်း အဲဒီပလေယာ ရှိမှဖြစ်မယ်။ ဒါမှမဟုတ် အဲဒီဖိုင်ကို အမ်ပီအီးဂျီတို့ အေဗီအိုင်တို့ စတဲ့ ဖိုင်ဖော်မတ်တွေ ပြောင်းချင်ရင် ဒီကုဒ်တာ တစ်ခု ခံပြီး ပြောင်းပေးရမယ်။ နဲနဲတော့ လက်ဝင်တယ်။ ဒါပေမယ့် ပင်ပန်းခံရကြိုး နပ်ပါတယ်။ အခုဆို ကိုယ်လိုချင်တဲ့ ရုပ်သံဖိုင်တွေကို သိမ်းထားလို့ ရပြီ။

Download Internet Movie Files Here [Click]
Download FLV Player Here [Click]

Post From Nyilynnseck.blogspot.com

What is That Files

ကိုယ့်မှာ ရှိနေတဲ့ ဖိုင်တစ်ခုရဲ့ အမျိုးအစားကို မသိဘူးဆိုရင် ဒီဆိုဒ်မှာ သွားရောက် စစ်ဆေး ကြည့်ရှု နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ ကိုယ်က .pdf ဆိုတဲ့ ဖိုင်အမျိုးအစားကို စစ်ဆေးကြည့်မယ် ဆိုရင် Adobe Acrobat ဖိုင်ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ [Link]

Codes for Searching Music in Google

Google Search Engine မှာ ထဲထဲဝင်ဝင် သီချင်းရှာချင်ရင် ဒီကုဒ်ကို သုံးရပါမယ်။ သူက နောက်ဆုံး အပ်ဒိတ် လုပ်ထားတဲ့ သီချင်းရှိမယ့် နေရာတွေကို ပြပေးပါတယ်။
သီချင်း သီဆိုသူ နာမည်နဲ့ ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်ကို သုံးရပါမယ်။ နောက်က အနီပြထားတဲ့ ကုဒ်နေရာလေးမှာ ကိုယ်ရှာချင်သူကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ mp3 မဟုတ်ဘဲ wma ဖိုင်အမျိုးအစား လိုချင်တယ်ဆိုရင်လည်း ပြောင်းပေးရမှာ ဖြစ်ပါတယ်။
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။

Post From nyilynnseck.blogspot.com

Lingoes Dictionary

ခင်ဗျားတော့မသိဘူး။ ကျနော်ကတော့ ကွန်ပျူတာတစ်လုံးမှာ Dictionary လေးတော့ထည့်ထားသင့်တယ်လို့ထင်တယ်။ နို့မို့ဆိုရင်ဗျာ..dictionary စာအုပ်အထူကြီးကို ဟိုလှန်လိုက်ရ၊ဒီလှန်လိုက်ရနဲ့အတော်အလုပ်ရှုပ်တာ။ ကွန်ပျူတာနဲ့ဆို သိချင်တဲ့စာလုံးရိုက်ထည့်လိုက်။ ချက်ချင်းပေၞလာတာ။ အရင်တုန်းကတော့ Oxford သုံးတယ်။ သိပ်မကြိုက်ဘူး။ Dateအောက်နေလို့လေ။ တကယ်တမ်းကျ Oxford Advanced Learner's မှာ CD ခွေပါတယ်ဗျ။ ဒီမှာရောင်းတော့ ပါမလာ
ဘူး။ အဲဒီခွေလိုချင်လိုက်တာလို့ တောင့်တမိခဲ့သေးတယ်။
အခုတော့ ညီလင်းဆက် blog ကနေ Lingoes ဆိုတဲ့ dictionary viewer လေးကိုသွားတွေ့ပါတယ်။ သူက ကိုယ်ကြည့်ချင်တဲ့ dictionary တွေကို ကြည့်လို့ရတယ်။ သူ့ site ထဲမှာလည်း dictionary files တွေပေးထားပါတယ်။
စမ်းကြည့်ပါ။ ခင်ဗျားရဲ့ English skill တိုးတက်ဖို့အတွက်ပေါ့။

www.lingoes.com

August 11, 2007

Zawgyi-one Web Text Editor

ကျွန်တော်ကblogရေးပြီးတင်တဲ့အခါ cybercafe ကိုသွားပြီးတင်ပါ
တယ်။ အဲဒီမှာ ဒုက္ခတွေ့ရတာက ဆိုင်ကတစ်ချို့စက်တွေမှာက Unicode တင်မထားဘူး။ အဲဒီတော့ဘာမှရေးမရတော့ဘူးလေ။ အဲဒါနဲ့ လှည့်ပတ်ရှာရင်းနဲ့ Zawgyi-One Web Text Editior ကိုတွေ့သွားပါတယ်။ မဆိုးဘူးဗျ။ Unicode တင်မထားလည်း သူ့ထဲမှာစာရိုက်လို့ရတယ်။ စာရိုက်ပြီးရင် Copy လုပ်၊ ပြီးတော့ blogger ထဲ paste လုပ်ပြီးblog တင်လိုက်ရုံပဲ။
ူlink ကတော့

http://www.mysteryzillion.com/project/webtext/

August 6, 2007

Hide Files in JPEG

If you want to know how to hide your files in jpeg, Click this link
http://www.thetechtray.net/2007/05/30/hiding-files-in-jpegs/

ကျွန်တော့ကြုံခဲ့သော ဗိုင်းရပ်စ်များ

ကျွန်တော်နဲ့ Brontok

ကျွန်တော်က ကွန်ပျူတာဂျာနယ်၊ပီစီဝါးလ်မြန်မာ၊ပီစီမဂ္ဂဇင်း လစဉ်ဖတ်သူပါ။ အရင်တုန်း
ကတော့ အဲဒါတွေထဲမှာ ဗိုင်းရပ်တွေအကြောင်းပါပေမယ့် ကိုယ်နဲ့မဆိုင်သလို မဖတ်ဘဲ
နေခဲ့တာဗျ။ ဒါပေမဲ့ နောက်ပိုင်းကျ ကျွန်တော်တို့ကွန်ပျူတာတွေမှာ ဗိုင်းရပ်စ်တွေစထိတော့
တာပဲ။ မှတ်မိသေးတယ် ပထမဆုံးကြုံရတဲ့ဗိုင်းရပ်စ်က Brontok ဗျ။ အဲဒီကောင်က Folder
Option ကိုဖျောက်ပစ်တယ်။ Command Prompt, Task Manager, Regedit တွေ run
လို့မရတော့ဘူး။ နောက်ပိုင်း စက်ကတအားလေးသွားပြီး ဘာprogramမှဖွင့်မရတော့ဘူး။
စကြုံကြုံချင်းတော့ အတော်ဖျားသွားတာပေါ့။ ဘာနဲ့များသတ်ရမလဲပေါ့။ Norton တင်ကြည့်
တယ်။ Brontok ကိုမသိဘူး။ နောက် ရှာတွေ့သွားတာက Symantec Antivirus Coporate
Edition။ ခွေတွေထဲ လျှောက်နှိုက်ရင်းနဲ့ တွေ့သွားတာ။ တင်ကြည့်တယ်။ သူလည်းမသိဘူး။
အဲဒါနဲ့ Internet Cafe သွားပြီး Update Files download လုပ်တယ်။ ပြီးတော့ Update
လုပ်ပြီး Scan စစ်ကြည့်တော့ လားလား..တွေ့ပါလေရော။ Virus တွေအကောင်လိုက်
အထွေးလိုက်ပဲ။ ပြီးတော့ Restart လုပ်။ အင်း ဗိုင်းရပ်စ်တော့ရှင်းသွားပြီ။ ဒါပေမဲ့ Folder
Option လည်းပြန်မပေါ်သေးဘူး။ အဲဒါနဲ့ Hijack This ဆိုတဲ့ program လေးနဲ့ Registry
ကို scan စစ်၊ Fix လုပ်မှပြန်ကောင်းသွားတာ။ အဲဒီ Hijack This ကအတော်ကောင်းတာဗျ
Windows စတက်တက်ချင်း run တဲ့ program တွေ၊ registry အမှားတွေကို ထောက်လှမ်း
ပေးနိုင်တယ်။ PC World ကညွှန်းတာနဲ့ download လုပ်ပြီး သုံးကြည့်တာလေ။
ဒီနေ့ ဒီလောက်ပဲ ရေးချင်တယ်ဗျာ။ နောက်ရက်တွေကျရင် Flashy နဲ့ကြုံခဲ့တာ၊ Ship Up
ကူးစက်ခံရတဲ့အကြောင်း၊ Ravmon ကိုသတ်ခဲ့တဲ့အကြောင်း စတာတွေကို ရေးပြီး တင်ပါ့မယ်။