Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

January 4, 2010

Gmail Account အခိုးမခံရခင်

Gmail Team ကနေပြီး Gmail account အခိုးခံရတဲ့အခါ ပြန်ဆယ်နိုင်ဖို့အတွက် ပြုလုပ်ပေးထားတာ ရှိပါတယ်။ သူက အခိုးခံရတဲ့ Account ပြန်လိုချင်ရင် Account creation date နဲ့ နောက်ဆုံးအသုံးပြုခဲ့တဲ့ password ကို မေးပါတယ်။ ပြန်ရနိုင်၊ မရနိုင်ကိုတော့ 100% အာမခံနိုင်ရဲ့လားတော့ မသိပါဘူး။

ဘာပဲပြောပြော Gmail အသုံးပြုသူ အားလုံးအနေနဲ့ တစ်ချိန်မှာ ကိုယ့် account လေးများ အခိုးခံလိုက်ရရင် ပြန်ဆယ်နိုင်ဖို့အတွက် အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိထားဖို့ ကြိုးစားထားသင့်ပါတယ်။

Recovery ပြန်လုပ်တဲ့ Link ကတော့ ဒီမှာပါ။
https://www.google.com/support/accounts/bin/request.py?ara=1

June 10, 2009

gmail နှစ်ခုပြိုင်ဖွင့်ကြမယ်..

အိုင်တီမန်း ပရိတ်သတ်ကြီး ကို mozilla firefox ရဲ့ add-ons တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် IE Tab ဆိုတာလေးပါ။ IE ရဲ့ rendering engine ကို Tab တစ်ခု အနေနဲ့ သုံးနိုင်စေပါတယ် ဒီတော့ gmail ပြိုင် သုံးလို့ရသွားတာပေါ့ နောက်ပြီး firefox နဲ့ ဖွင့်ထားတဲ့ tab ပေါ်မှာ right click နှိပ် ပြီးတော့လဲ rending engine ကို ပြောင်းလို့ရပါသေးတယ်။
IE Tab add-ons ကို ဒီနေရာကနေ https://addons.mozilla.org/en-US/firefox/addon/1419 ယူ၍ install လုပ်လိုက်ပါ နောက်ပြီး Navigation Toolbar ပေါ် right click နှိပ် customize ရွေးပြီး icon လေး ဆွဲတင်ပေးလိုက်ပါအုံး icon လေးက သူ့ပေါ်ကို left click နှိပ် ရင် လက်ရှိ firefox နဲ့ ပွင့်နေတဲ့ tab ကို IE နဲ့ပြောင်းပေးမယ် middle click ဆို နောက်ထပ် tab တစ်ခုနဲ့ ပြောင်းပြီး ပွင့်လာပါမယ် right click ဆိုရင်တော့ option dialog box ပေါ်လာမှာပါ။
gmail account နှစ်ခုပြိုင်ဖွင့်ဖို့ အတွက် tab နှစ်ခု နဲ့ https://mail.google.com ကို အရင်ဖွင့်လိုက်ပါ IE tab icon ပေါ်ကို left click နှိပ်လိုက်ပါ ဒါဆို ရပါပြီ username password တွေဖြည့်ပြီး ပြိုင်သုံးလို့ရပါပြီ

Reference: http://www.universefirefox.com/add-ons/internet-explorer-rendering-engine-in-firefox-ie-tab

June 4, 2009

Gmail Inbox preview

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။
လုပ်ပုံလုပ်နည်းက
gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။
နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။

May 27, 2009

How to Block Spam Mails

Spam တွေ ရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက်

(၁) Forum တွေ Website တွေပေါ်မှာ မိမိရဲ့ email လိပ်စာ ရိုက်ထည့်ခြင်းမျိုးကို ရှောင်ပါ။ မဖြစ်မနေဆိုပါက ဥပမာ kyawkyaw at gmail dot com ဟုသာ ရိုက်ပါ။ format အမှန်အတိုင်းသာ ရိုက်မယ်ဆိုရင်တော့ Google မှာ @gmail.com ဆိုပြီး ရိုက်ထည့် ရှာလိုက်တာနဲ့ ကိုယ့်လိပ်စာကြီးကို တန်းခနဲ တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။

(၂) ဖြစ်နိုင်ရင် အီးမေးလ်လိပ်စာကို နှစ်ခုသုံးပါ။ Website တွေမှာ Registration လုပ်ဖို့အတွက်တစ်ခုသုံး၊ personal အတွက် တစ်ခုသုံးပေါ့။ ကိုယ့်အီးမေးလ်လိပ်စာကို spammer တွေကို ရောင်းစားတဲ့ Site တွေ အင်တာနက်မှာ အများကြီး ရှိနေပါတယ်။ အီးမေးလ်လိပ်စာ တစ်ခုတည်းပဲ သုံးချင်ရင်တော့ Registration လုပ်တဲ့အခါမှာ gmail ရဲ့ plus addressing ကို သုံးပါ။ ဒါမှ Gmail ရဲ့ Filter နဲ့ ပိတ်ပစ်လို့ ရမှာကိုး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ Plus addressing ကို လက်မခံတဲ့ site တွေကို တွေ့လာပါတယ်။ ကျွန်တော်ကတော့ အဲဒီလို site ဆိုရင် ဘာပဲပေးပေး register မလုပ်တော့ပါ။

(၃) File sharing site တွေကို သုံးသူတွေ သတိထားပါ။ File sharing မှာ ပေးပို့တဲ့သူရဲ့ mail ကို တောင်းတဲ့အခါ မိမိရဲ့ personal mail လိပ်စာကို လုံးဝမပေးမိပါစေနဲ့။

(၄) Spam တော်တော်များများကို Gmail ကသိပေမဲ့ Invitation mail တွေကို Gmail က မတားတော့ပါ။ ကိုယ့်ရဲ့ Inbox ထဲသာ ရောက်လာပါလိမ့်မယ်။ ဥပမာ Tagged ရဲ့ invitation mail ကို လက်မခံချင်တော့ဘူးဆိုရင် အဲဒီမေးလ်ရဲ့ အောက်ဆုံးနားမှာ Unsubscribe သို့မဟုတ် block လုပ်တဲ့ link တွေပါပါတယ်။ အဲဒါတွေကို အသုံးချပြီး ကိုယ့်ဆီကို နောက်ထပ် invitation mail တွေ ရောက်လာတဲ့ရန်ကနေ ကာကွယ်ပါ။

(၅) Forward တွေကို ပြန် Forward လုပ်တဲ့သူတွေ သတိထားပါ။ Forward mail တစ်ခုကို ပြန် Forward လုပ်လိုက်တာနဲ့ ကိုယ့်မေးလ် လိပ်စာက အဲဒီ Forward စာရင်းအတွဲကြီးထဲမှာ ပါသွားပြီဆိုတာ သတိရပါ။ မယုံရင် Forward မေးလ်တစ်စောင်လောက်ကို ဖွင့်ကြည့်ပါ။ Show Details ကို နှိပ်လိုက်တာနဲ့ မေးလ်လိပ်စာတွေ တစ်သီကြီးကို တွေ့ရပါလိမ့်မယ်။ တကယ်လို့များ အဲဒီမေးလ်သာ Spammer တစ်ယောက်ဆီရောက်သွားရင်...ကဲ ဘယ်လိုလုပ်မလဲဗျာ။

May 24, 2009

အရေးကြီးတာတွေ Forward လုပ်ပို့ရအောင်

ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။

Gmail မှာ Group ဆောက်ဖို့အတွက်

၁။ သင်ဟာ Gmail ရဲ့ new version ကို သုံးနေတာ သေချာပါစေ။

၁။ Gmail Window ရဲ့ ညာဘက်မှာ ရှိတဲ့ Contacts မှာ တစ်ချက်နှိပ်ပါ။

၂။ ပြီးရင် လူနှစ်ယောက်ပုံလေးနဲ့ အပေါင်းလက္ခဏာလေးပေါ်နေတဲ့ Create Group button မှာ တစ်ချက်နှိပ်ပါ။


၃။ အဲဒီအခါမှာ Group နာမည်တောင်းတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Group နာမည်ရိုက်ပြီး OK နှိပ်ပါ။

၎။ အဲဒီအခါမှာ ပုံမှာပြထားသလို Group နာမည်လေး ပေါ်လာပါလိမ့်မယ်။ အခု ဥပမာအနေနဲ့ MyFriends ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။


၅။ ပြီးရင် All Contacts မှာ တစ်ချက်နှိပ်ပါ။ Select All ကို နှိပ်ပါ။ ဒီနေရာမှာ Select All ကို မနှိပ်ပဲ Group ထဲ ထည့်ချင်တဲ့ လိပ်စာတွေကို Checkmark လေးတွေ ပေးပြီး ရွေးရင်လည်း ရပါတယ်။

၆။ ပြီးရင် ညာဘက်က Groups list box လေးကို ဖွင့်ချပြီး အခုအသစ်လုပ်လိုက်တဲ့ Group (MyFriends) ကို ရွေးပေးလိုက်ပါ။ ဒီအခါမှာ Group ထဲကို မေးလ်လိပ်စာတွေ ရောက်သွားပါပြီ။


၇။ အခု စပြီးတော့ မေးလ်ပို့လို့ ရသွားပါပြီ။ Compose mail ကို နှိပ်ပြီး To နေရာမှာ Group နာမည်ကို ရိုက်ထည့်လိုက်ရုံပါ။ Body ထဲ ကိုယ်ပို့လို့တဲ့စာတွေထည့်ပြီး Send ကို နှိပ်လိုက်ရင် အဲဒီ Group ထဲမှာ ရှိတဲ့ လိပ်စာတွေ အကုန်လုံးဆီကို အီးမေးလ်တွေ ရောက်သွားပါလိမ့်မယ်။


May 20, 2009

Gmail message translator

Gmail က message translation ဆိုတာလေး 18 ရက်နေ့က ထပ်ထည့်လိုက်ပါတယ်
သင်ဆီကို သင်နားမလည်တဲ့ language နဲ့ mail ရောက်လာ ခဲ့ရင် သင်နားလည်တဲ့ language တွေနဲ့ ပြောင်းနိုင်ပါပြီ
gmail labs ထဲက Message translation ကို Enable လုပ်ပြီး ၀င်လာတဲ့ mail ကို Translate message to:English ဆိုတာလေးကို နှိပ်ပြီး english လိုဖတ်နိုင်ပါတယ် change language မှာ laguage ပြောင်းဖတ်နိုင်ပေမယ့် Myanmar မပါလာ တာတော့ တော်တော် ၀မ်းနည်း စရာကောင်းပါတယ်...

နမူနာ စမ်းကြည့် လိုသူများ အတွက် ဒီစာသား လေးတွေကို ကိုယ့်mail ကိုပြန်ပို့ ၍ စမ်းကြည့်နိုင်ပါတယ်

Vittoria Colonna (* 1492 in Castello di Marino bei Rom; † 25. Februar 1547 in Rom) war eine berühmte Dichterin. Für viele ihrer gebildeten Zeitgenossen war sie eine vorbildliche Idealfigur, die neben die großen Frauengestalten der Antike gestellt wurde. Sie entstammte dem alten, schon im Mittelalter mächtigen römischen Adelsgeschlecht der Colonna, einer der einflussreichsten Familien im Kirchenstaat. Durch ihre Ehe mit dem Markgrafen von Pescara, einem erfolgreichen Heerführer, wurde sie Markgräfin. Nach seinem Tod an den Folgen einer in der Schlacht erlittenen Verwundung blieb sie Witwe und kinderlos und widmete sich kulturellen und religiösen Aufgaben. Sie stand mit bedeutenden humanistischen Gelehrten, Künstlern und kirchlichen Würdenträgern in freundschaftlicher Verbindung. Besonders mit Michelangelo verband sie eine enge Freundschaft. mehr

May 14, 2009

gmail trace လိုက်နည်း

gmail ရဲ့ feature တစ်ခုဖြစ်တဲ့ Show original ကိုသုံးပြီး ကိုယ့်ဆီ ရောက်လာတဲ့ mail ဘယ်ကပို့လဲလို့ အလွယ်လေးသိနိုင်တယ် inbox ထဲက သိချင်တဲ့ mail ကိုဖွင့်ကြည့် လိုက်ပါအုံး Reply ဘေးကမျှားလေးကို နှိပ်ပြီး Show original ကို ရွှေးလိုက်၊ဒီတော့ web page တစ်ခုကျလာပြီ X-Originating-IP: ဆိုတာရှာ သူ့နောက် က IP address ကိုကူး၊

http://ipinfo.info/html/ip_checker.php (proxy တစ်ခုခုနှင့်ကျော်ပါ)
ကိုသွား domain whois record ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေး လိုက်ပါအုံး၊ (မကျော်ချင်ရင် http://www.geobytes.com/IpLocator.h tm?GetLocation ကိုသွားပါ) ကဲ စောစောက ကူးထားတာလေး past လုပ်ပေး ပြီး enter နှိပ်လိုက်တော့၊

ဟော ဟော မိပြီ Domain Whois Record အောက်မှာ Owner/Main contact အောက်မှာ နာမည်ရော လိပ်စာရော နိုင်ငံရောပါပဲ အကုန်ကို ပေါ်တာပါပဲ

October 30, 2008

Last Account Activity At Gmail

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါလာပါပြီ။ Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။



ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။

ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့် Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

ကဲဗျာ အခုပဲ စာဖတ်သူရဲ့ Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့ Last Account Activity ကို ကြည့်လိုက်ပါဦး။

September 25, 2008

Auto reply from Gmail

Gmail မှာ Holiday Time! သတ်မှတ်ပေးထားရင် အလိုအလျှောက် စာပြန်ပေးပါတယ်။ ဘာကြောင့် လောလောဆယ် စာမပြန်နိုင်တာ အသိပေးနိုင်တော့ တစ်ဖက်ကလည်း မမျှော်ရတော့ဘူးပေါ့ :-)

အင်တာနက် ကွန်နက်ရှင် မရှိတဲ့ဒေသ တွေဆီသွားမယ်ဆို စသွားမယ့်ရက် နဲ့ ပြန်ရောက်မယ့်ရက် ရွေးပေးပြီး ပြောပြစေလိုတဲ့ စာသားဖြည့်ထားရင် သတ်မှတ်ရက် အတွင်းမှာ Gmail က အ၀င်စာတွေကို စာပြန်ပေးနေပါလိမ့်မယ်။

မူရင်း ဂျီမေးလ် မှာ labs icon သို့ setting \labs \Holiday Time! မှာ enable လုပ်ပြီး setting save လုပ်ပေးလိုက်ပါ။ Standard version သုံးနေမှ တွေ့ရပါမယ်။
နောက်တစ်ဆင့်မှာ setting \general \Out of Office AutoReply သွားပြီး on mode ကို ရွေးရပါတယ်။ ရက်စွဲ၊ခေါင်းစဉ်၊အကြောင်းအရာ တွေ စိတ်ကြိုက် ချိန်ညှိပြီး contacts က မေးလ်ဘဲ ပြန်စေမလား အ၀င်စာ အားလုံး ပြန်စေမလား ဆုံးဖြတ်ပြီးရင် ခရီးထွက်နိုင်ပါပြီ။

ခရီးက ပြန်ရောက်လာရင် အရင်ဆုံး မိမိ မေးလ်ကို ဘယ်သူ ဟက်ထားသေးလည်း စစ်ကြည့်လိုက်ပါဦး။
Mail login ၀င်ပြီး Browser အောက်နားက Last account activity မှာ detail ကိုနှိပ်ပြီး မိမိမဟုတ်တဲ့ IP မသုံးတဲ့ access နည်းလမ်းတွေနဲ့ ဘယ်အချိန်က ၀င်ထားလည်း ကြည့်နိုင်ပါတယ်။ ထူးခြားချက်တွေ့ရင် sign out all other session ကိုနှိပ်လိုက်ပါ။ စိတ်မချရသေးရင် learnmore ကိုနှိပ်ပြီး ပြောင်းလို့ရတဲ့ security setting အကုန်ပြောင်း ဂူဂယ်ကိုပါတိုင်ပေါ့။ ပြောမယ့်သာပြောရတယ် ဒီလိုမဖြစ်စေချင်ပါဘူး လုံခြုံရေး အရ မသိထားသူ သိရအောင်လို့ပါ။ Gmail ဟာ လုံခြုံမှုအရှိဆုံး နဲ့ အကောင်းဆုံး free service ပါ။ ယုံကြည်စိတ်ချ ခရီးသွားလို့ ရပါတယ် :-)

August 16, 2008

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်


Post From http://peacefulforever.blogspot.com/

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

March 2, 2008

Gmail မှာ Exe ဖိုင် တွဲပို့နည်း

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။

June 10, 2007

Gmail And Plus Addressing

gmail ရဲ့ plus addressing ဆိုတာက အတော်အသုံးဝင်ပါတယ်။Website တွေမှာ Register လုပ်တဲ့အခါ ဒီ Website ဟာ ကိုယ့် email address ကိုspammer တွေဆီ ရောင်းစား/မစားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် အဲဒီလို Website တွေကို register လုပ်ရင်း ကိုယ့် email address ကိုရိုက်ထည့်တဲ့အခါကိုယ့်အီးမေးလ်နောက်မှာ plus sign လေးထည့်ပေးလိုက်ပါ။ဥပမာ ခင်ဗျားမေးလ်က kyawkyaw@gmail.com လို့ဆိုပါတော့။ Email ထည့်ခိုင်းတဲ့Website က gogo.com ဆိုပါတော့။ ဒါဆိုရင် kyawkyaw+gogo@gmail.com လို့ရိုက်ပေးလိုက်ပါ။ အဲဒီ Website ကမေးလ်ပို့တဲ့အခါ kyawkyaw+gogo@gmail.com နဲ့ပို့မှာပါ။ kyawkyaw+gogo@gmail.com နဲ့ kyawkyaw@gmail.com ကအတူတူပါပဲ။ဒါပေမဲ့ Plus ခံထားတဲ့အတွက် Filter လုပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ Gmail ထဲက Filter Option က To: မှာ kyawkyaw+gogo@gmail.com လို့ထည့်ပါ။ပြီးရင် အဲဒီ Address နဲ့ လာတဲ့Mail တွေကို Star ပဲလုပ်လုပ်၊ Delete ပဲလုပ်လုပ်ကိုယ်ကြိုက်တာ လုပ်ခိုင်းလို့ရပါပြီ။