November 29, 2009

Zip ဆိုတာ File ချုံ့ဖို့တင်မဟုတ်ပါ

Zip ဖိုင်ဆိုရင် အများအားဖြင့် ဖိုင်တွေကို Compress လုပ်ထားတာလို့ပဲ အသိများကြပါတယ်။ Zip လုပ်ခြင်းကြောင့် တခြား အသုံးတည့်တဲ့ နေရာလေးတစ်ခုလည်း ရှိပါသေးတယ်။

ဆိုပါစို့။ အင်တာနက်သုံးတယ်။ ကြိုက်တဲ့ Web Page လေးတွေကို Folder တစ်ခုအောက်မှာ Save လုပ်ထားတယ် ဆိုပါစို့။ Web Page တွေ တော်တော်များများပေါ့။ အဲဒီ Web Page တွေပါတဲ့ Folder ကြီးကို Memory Stick ထဲ ထည့်ကြည့်လိုက်ပါ။ ပျင်းနေအောင် ထိုင်စောင့်ရပါလိမ့်မယ်။ Memory Stick တွေကိုက ဘာကြောင့်မှန်းမသိပေမဲ့ File သေးသေးလေးတွေ အများကြီး ထည့်တဲ့အခါ အချိန်အရမ်း ကြာပါတယ်။ အဲဒီတော့ အဲဒီ Web Page တွေပါတဲ့ Folder ကို ဒီအတိုင်း Stick ထဲကို ကော်ပီကူးမထည့်ဘဲ Zip လုပ်လိုက်ပါ။ ပြီးမှ အဲဒီ Zip ဖိုင်ကို Stick ထဲထည့်ပါ။ ခဏလေးအတွင်းမှာ ပြီးသွားပါလိမ့်မယ်။

Web Page တွေတင်မကပါဘူး။ File Size သေးတာလေးတွေကို Stick ထဲ ထည့်မယ်ကြံတိုင်း Zip လုပ်ပြီး ထည့်နိုင်ပါတယ်။

November 22, 2009

Upcoming Posts

အခုရက်ပိုင်း မအားသေးတာနဲ့ Blog လည်းမတင်နိုင်ဘူး ဖြစ်နေတယ်ဗျာ။ IT Men က Author တွေ အများကြီးရှိပေမဲ့ တစ်ယောက်မှ အားမကိုးရဘူး။ (ဟဲ.ဟဲ) ကြည့်ပါ့လား ကျွန်တော်ကလွဲလို့ ဘယ်သူမှ ပုံမှန်မတင်ကြဘူး။ ဘာတွေများ လုပ်နေကြလဲမသိပါဘူး။ နောက်လေးငါးရက်နေရင်တော့ ပုံမှန် ပြန်တင်ပါ့မယ်။ အောက်ကဟာတွေကတော့ တင်ဖို့ စဉ်းစားထားတဲ့ Post လေးတွေပါ။

၁။ ကွန်ပျူတာတက္ကသိုလ်များနှင့် Thesis ပြဿနာ
၂။ Web Log များနှင့် Web Usage Mining အကြောင်း
၃။ Sequence Alignment နည်းပညာများအကြောင်း
၎။ Linear Programing အကြောင်း

Post တွေမတင်နိုင်ပေမဲ့ Bookmark တွေတော့ လုပ်ဖြစ်နေတယ်။ သတိမထားမိသူများ Bookmark တွေကို ကြည့်လိုက်ပါဦး။

November 19, 2009

Framework and Redistributable Package

အရင်တုန်းက Programming Language တွေမှာ Program တစ်ခုရေးပြီးရင် Binary code လို့ ခေါ်တဲ့ .exe ဖိုင် ထုတ်ပေး ပါတယ်။ အဲဒီ .exe ဖိုင်ကို ဘယ်ကွန်ပျူတာမှာပဲ run ကြည့်ကြည့် run လို့ ရပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ .Net တို့ Java တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပမာ C#.Net တို့ VB.Net တို့နဲ့ ရေးသားထားတဲ့ Program တွေဟာ ကွန်ပျူတာတိုင်းမှာ run လို့ မရပါဘူး။ အဲဒီ ကွန်ပျူတာမှာ .Net Framework ဆိုတာရှိမှ run နိုင်ပါတယ်။ Java ဆိုလည်း အဲဒီအတိုင်းပါပဲ။ JRE လို့ခေါ်တဲ့ Java Runtime Environment ရှိမှ Java Program တွေက run နိုင်ပါတယ်။

.Net Framework က Version 1.1, 2.0, 3.0 စသည်ဖြင့် ရှိကြပါတယ်။ Programmer တစ်ယောက်က .Net 2.0 Framework ကိုအခြေခံပြီး ရေးသားလိုက်တဲ့ Program တစ်ခုကို စာဖတ်သူက အသုံးပြုချင်ရင် စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework 2.0 ရှိရပါမယ်။ 1.1 ရှိရုံနဲ့ မရပါဘူး။

အခုနောက်ပိုင်း Program တွေ တော်တော်များများဟာ .Net နဲ့ ရေးထားတာတွေ များပါတယ်။ ဒါကြောင့်မို့ စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework ရှိမှ အဲဒီ Program တွေကို အသုံးပြုနိုင်မှာပါ။ (Control Panel ထဲက Add/Remove Programs ကိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်) တချို့ Program တွေက Install လုပ်တဲ့အချိန်ကတည်းက .Net မရှိလို့ မရပါဘူးလို့ ပြောပါတယ်။ တချို့ကကျ ဘာမှ မပြောဘဲ တင်သွားတယ်။ သုံးကြည့်တော့ သုံးမရဘူး။ တချို့ကကျ .Net မရှိရင် .Net ကို သူ့အလိုလို install လုပ်သွားပါတယ်။ တချို့ကကျ .Net မရှိဘူး၊ တင်လိုက်ဦးဆိုပြီး ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ .Net Installer မရှိရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆို .Net ကို Version မျိုးစုံ ဆောင်ထားရပါတယ်။ JRE ကိုလည်း အဲဒီအတိုင်းပါပဲ။

Framework လိုမျိုး လိုအပ်တဲ့နောက်တစ်ခုက Redistributable Package ပါ။ ဥပမာ Program တစ်ခုက Database သုံးထားတယ်၊ SQL Server ကိုသုံးတယ် ဆိုပါစို့။ အဲဒီအခါမှာ စာဖတ်သူကွန်ပျူတာ SQL Server Package ရှိရပါလိမ့်မယ်။ Package ဟာ Application တွေက တောင်းတဲ့ Request ကို ဖြည့်ဆည်းပေးရုံလောက်ပဲ ရှိပြီး ကျွန်တော်တို့က သွားအသုံးပြုလို့မရပါဘူး။ စာဖတ်သူ Database တစ်ခု ဖန်တီးဖို့အတွက် SQL Package လေး ရှိရုံနဲ့ မရပါဘူး။

အဲဒီလိုမျိုးပါဘဲ။ Visual C++ Package တွေလိုမျိုးလည်း တချို့ Program တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် Package တွေကိုလည်း ဆောင်ထားသင့်ပါတယ်။

နောက် DirectX တို့ Windows Installer တို့ကိုလည်း ဆောင်ထားရင် မမှားပါဘူး။ အဲဒီနှစ်ခုက Windows ထဲမှာ ပါပြီးသားဖြစ်ပေမယ့် Version မြင့်တာကို ဆောင်ဖို့ပြောတာပါ။ တစ်ချို့က ပြောပါတယ်။ PowerDVD တင်တာ DirectX မရှိလို့ တင်မရဘူးဖြစ်နေတယ်ဆိုပြီးတော့ပါ။ အမှန်က DirectX က Windows ထဲမှာ ပါပြီးသားပါ။ PowerDVD က Version မြင့်တာကို တောင်းတာပါ။ မှတ်မှတ်ရရ DirectX 9.0c ကို တောင်းပါတယ်။

November 18, 2009

Network မှတစ်ဆင့် Windows တင်ခြင်း

အောက်ပါပို့စ်သည် Networking နှင့် Windows Server 03 ကို အကျွမ်းတ၀င်ရှိသော Technician များ အတွက်သာ ဖြစ်ပါသည်။ စာရေးသူက မိမိအတွေ့အကြုံကို ပြောပြသည့်သဘောသာဖြစ်ပြီး How to မဟုတ်ပါ၊ Step by Step မဟုတ်ပါ။ Server 2k3 လေ့လာနေသော စာဖတ်သူများ တစ်ချိန်ချိန် အသုံးတည့်လိုတည့်ငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတစ်ယောက်က သူ့ Laptop လေး OS တင်လို့မရလို့ဆိုပြီး ကျွန်တော့်ဆီ သယ်လာတယ်။ ဘယ်လို ဖြစ်တာလဲလို့ မေးကြည့်တော့ Internel Drive က ပျက်သွားတယ်တဲ့။ အဲဒါကြောင့် External USB DVD Drive နဲ့ Boot တက်တာ ဘယ်လိုမှတက်လို့မရဘူးလို့ ပြောပါတယ်။ သူ့ Laptop က Dell Latitude လေးဆိုတော့ BIOS က နိမ့်တယ်လေ။ USB ကနေ Boot မလုပ်နိုင်ဘူး။

သူက ဘယ်လိုလုပ်ရင် ကောင်းမလဲလို့မေးပါတယ်။ စဉ်းစားကြည့်တဲ့အခါမှာ Windows က External Drive နဲ့လည်း တင်လို့မရဘူး။ Memory Stick နဲ့လည်း တင်လို့မရဘူးဆိုတော့ နည်းတစ်ခုကို ကျွန်တော် သွားသတိရပါတယ်။ MCSE Windows XP စာအုပ်ကြီး ဖတ်ခဲ့တုန်းက အဲဒီစာအုပ်ထဲမှာပါတဲ့ Network ကနေ Windows တင်တာကိုပါ။ ကျွန်တော်လည်း ဖတ်တာဖတ်ဖူးတာ။ တစ်ခါမှ မစမ်းဖူးဘူး။ အဲဒါနဲ့ သူ့ကို ကဲ ငါတို့ Network ကနေ မင်း Laptop ကို Windows လှမ်းတင်ရအောင်လို့ပြောပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော့် Desktop PC လေးမှာက Windows Server 2003 တင်ထားတာဆိုတော့ တစ်ခုတော့ အဆင်ပြေသွားပါတယ်။ သူ့ Laptop ကို Network ကနေ Boot လုပ်နိုင်၊မလုပ်နိုင် (PXE ROM ပါမပါ) စစ်ဆေးကြည့်တဲ့အခါမှာလည်း Network ကနေ Boot လုပ်နိုင်တာကို တွေ့ရပါတယ်။

ကျွန်တော့် Server ကို အရင် Configuration လုပ်ပါတယ်။ အခုလို Network ကနေ Windows တင်တာကို RIS (Remote Installation Service) လို့ သုံးနှုန်းပါတယ်။ ကျွန်တော်လည်း အဲဒါကိုပဲ ကြားဖူးပါတယ်။ RIS ကို ဘယ်လိုလုပ်ရမှန်း မသိဘူးလေ။ အဲဒါနဲ့ Help and Support ကိုဖွင့်ပြီး RIS လို့ ရိုက်ထည့်ရှာတယ်။ ပြီးတော့ ထွက်လာတဲ့ Result တွေကို ဖတ်ပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော်လုပ်လိုက်တဲ့ Configuration မှာ ပထမဆုံး Windows Server 2003 မှာ Role တွေ တင်ပါတယ်။ DHCP ရယ်၊ DNS ရယ်၊ AD ရယ်ပါ။ DHCP role တင်တဲ့အခါမှာ Gateway IP မထည့်ခဲ့ပါဘူး။ Role တွေတင်ပြီးတဲ့အခါမှာ Control Panel ထဲမှာပါတဲ့ Add/Remove Programs ထဲက Add/Remove Windows Component ကိုသုံးပြီး RIS ကို install လုပ်ပါတယ်။ install လုပ်လိုက်တဲ့အခါမှာ RIS Install Wizard ဟာ All Programs ထဲက Administrative Tools ထဲကို ရောက်သွားပါတယ်။ Drive ထဲမှာ Windows XP ခွေထည့်ပြီး အဲဒီ Wizard လေးနဲ့ Image ရိုက်ပါတယ်။ ၁၀ မိနစ်လောက်ကြာပါတယ်။

Server Configuration ကို အဲဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ Laptop နဲ့ Server နဲ့ကို Switch နဲ့ Network ချိတ်ပါတယ်။ (Direct မဟုတ်ပါ) Laptop ရဲ့ Boot Sequence ထဲမှာ Network Boot ကို First ထားပါတယ်။ ပြီးတော့ Boot လုပ်ကြည့်ပါတယ်။ IP ပဲရပြီး Boot မလုပ်နိုင်ပါဘူး။ အဲဒါနဲ့ Server ရဲ့ Help ကိုဖွင့်ပြီး ထပ်ရှာကြည့်တဲ့ခါမှာ Configuration တစ်ခုကျန်တာကို တွေ့ရပါတယ်။ ဘာကျန်လဲဆိုတော့ AD Users and Computers ထဲမှာ Server က Windows တင်ပေးရမယ့် Computer ကို ထည့်ပေးဖို့ လိုပါတယ်။ အဲဒါနဲ့ Computer ထည့်ပါတယ်။ ထူးဆန်းတာက ကွန်ပျူတာထည့်တဲ့အခါမှာ Computer Name မတောင်းဘဲ GUID တောင်းတာပါ။ အဲဒီ GUID ကို ဘယ်ကယူရမယ်မှန်းမသိဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ Laptop ကို ဖွင့်ကြည့်တဲ့အခါမှာ သူက Network boot လုပ်နေတဲ့အခါမှာ GUID ဆိုပြီး ပြပါတယ်။ (GUID က Serial Number တွေနဲ့တူပါတယ်။ GUID တွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် တစ်ခုနဲ့တစ်ခု မထပ်ဘူးလို့ Ebook တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်။ Hardward ပစ္စည်းတွေမှာလည်း GUID သုံးသလို စာဖတ်သူ ကွန်ပျူတာထဲမှာ ရှိနေတဲ့ Program တွေမှာလည်း GUID ကိုယ်စီရှိပါတယ်။)

အဲဒါနဲ့ Laptop ရဲ့ GUID ကို Server မှာ ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ ရလောက်ပြီ အထင်နဲ့ Laptop ကို Network ကနေ Boot လုပ်ခိုင်းပါတယ်။ အဲဒီအခါမှာ Error က ဘယ်လိုတက်သလဲဆိုတော့ No Boot File Found ဆိုပြီး တက်ပါတယ်။ အဲဒါနဲ့ DHCP ထိုင်တိုင်း Boot File ဆိုတာလေးကို တွေ့ဖူးသလိုလိုရှိတာကို မှတ်မိပြီး Server စက်ရဲ့ DHCP ထဲ မွှေကြည့်တဲ့အခါမှာ Boot File ဆိုတာလေးကို တွေ့ပါတယ်။ သူ့ကို အမှန်ခြစ်လေးခြစ်ပြီး Value တစ်ခု ထည့်ပေးလိုက်ပါတယ်။ သူက String value မို့ xp ဆိုပြီး ပေးကြည့်ပါတယ်။

Laptop ကနေ Boot လုပ်လိုက်ပါပြီ။ ဟော အပြာရောင် Screen ကြီးနဲ့ Windows Setup ကြီး ပေါ်လာတဲ့အခါ မှာတော့ ကျွန်တော်တို့နှစ်ယောက် ထခုန်မတတ် ၀မ်းသာသွားခဲ့ကြပါကြောင်း....

November 15, 2009

Kaspersky 2010 ကို အင်တာနက်မလိုပဲ Activation လုပ်နိုင်

အရင်ပို့စ်တစ်ခုမှာ Kaspersky 2010 ဟာ အင်တာနက်ရှိမှ Activation လုပ်လို့ ရမယ်၊ ပြီးတော့ Offline Update လုပ်လို့ မရဘူးလို့ ဖော်ပြမိခဲ့ပါတယ်။ သေချာမစမ်းသပ်ဘဲ အလောတကြီး ဖော်ပြမိခဲ့တဲ့အတွက် စာဖတ်သူများကို တောင်းပန်အပ်ပါတယ်။ Kaspersky 2010 ဟာ အင်တာနက်မလိုဘဲ Key file နဲ့ Activate လုပ်နိုင်ပြီး update ကိုတော့ officeextract ကနေ ဆွဲနိုင်ပါတယ်။
Kapsersky 2010 ကို Activation လုပ်နည်း၊ Update လုပ်နည်းကိုတော့ မရေးတော့ပါဘူး။ အွန်လိုင်းမှာ တခြား ညီနောင်တွေက ရေးသားပြီးကြပါပြီ။
ဒီ Link တွေမှာ ရေးထားကြပါတယ်။
http://www.mmso.org/forum/index.php//topic,200.msg6753.html#msg6753
http://www.nyinaymin.com/search?q=kaspersky
အင်တာနက်မလိုဘဲ လုပ်နိုင်တဲ့အကြောင်း Comment တွေ ပေးခဲ့ကြတဲ့ စာဖတ်သူများကို အထူးကျေးဇူးတင်ပါတယ်။

IT Men Blog တွင် Favicon ထည့်သွင်းထား

IT Men Blog မှာ အခု favicon လေး ထည့်သွင်းလိုက်ပါပြီ။ အားလုံးလည်း သတိပြုမိကြမယ် ထင်ပါတယ်။ Browser ရဲ့ address bar မှာ ပေါ်နေတာလေးကိုလေ။ ကျွန်တော်တို့ IT Men Logo ကိုပဲ icon အနေနဲ့ သုံးထားပါတယ်။ အဲဒီ icon လေးကို www.picpanda.com မှာသွားပြီး upload လုပ်ထားပါတယ်။ ကျွန်တော် သုံးနေကျ imageshack က direct link ရပေမဲ့ ico ဖိုင်ကို လက်မခံလို့ direct link လည်းရ၊ ico ကိုလည်း လက်ခံတဲ့ picpanda မှာ သွားပြီး လုပ်ရပါတယ်။

November 12, 2009

Deep Freeze Password Remover

Deep Freeze ကြီးတင်ပြီး password မေ့သွားလို့ အခက်တွေ့နေသူများအတွက် Deep Freeze Password Remover ကို ကိုဇော်ထက်ဟန်ကနေ မေးလ်ပို့လိုက်တဲ့အတွက် ပြန်ရှဲလိုက်ပါတယ်။ Deep Freeze version 6.10 မှာ စမ်းသပ်ကြည့်တာ ချက်ချင်းကိုပဲ password ပြုတ်သွားပါတယ်။
Download Link: http://www.mediafire.com/?my5wt4qjnkw
File Size: 104 KB

ပထမဆုံးသော မြန်မာအက္ခရာသုံးဒိုမိန်း

ICANN က Domain Name တွေမှာ Unicode ကိုသုံးစွဲခွင့်ပြုလိုက်တဲ့ နောက်ပိုင်းမှာ မြန်မာအက္ခရာသုံး ဒိုမိန်းအဖြစ် ပေါ်ထွန်းလာခဲ့တာကတော့ www.ဧရာ.com ပါ။ Browser ရဲ့ address bar မှာ www.ဧရာ.com လို့ ရိုက်ထည့်ပြီး ကြည့်နိုင်ပါပြီ။ အဲဒီအခါမှာ www.xn--fjdxq.com သို့ ရောက်သွားပါလိမ့်မယ်။ လောလောဆယ်တော့ ICANN က URL မှာသာ မိမိတို့ ဘာသာစကားတွေကို ထည့်သွင်းခွင့်ပြုထားသေးတာဖြစ်ပြီး DNS မှာ မိခင်ဘာသာစကားတွေ ထည့်သွင်းနိုင်ဖို့ကတော့ 2010 မှ ဖြစ်လာနိုင်မယ်လို့ သိရပါတယ်။
ဘာပဲပြောပြော နောက်ပိုင်းမှာတော့ Website လိပ်စာတွေက english လိုချည်းမဟုတ်တော့ပဲ နိုင်ငံတိုင်းဟာ ကိုယ့်ဘာသာစကားတွေကို သုံးစွဲလို့ရသွားပါပြီ။ အင်း မှတ်ရပြုရတာတော့ ခက်ခဲတော့မှာပါပဲ။ စာဖတ်သူတို့အတွက်လည်း www.အိုင်တီမန်း.com ဆိုပြီး လုပ်လိုက်ရင် ကောင်းမလားလို့။

သတင်းအပြည့်အစုံကို http://peoplemediavoice.net/tech-news/yes-we-can-use-burmese-name-in-url.html မှာ သွားကြည့်နိုင်ပါတယ်။

ICANN ရဲ့ gTLD ကို Internationalized လုပ်ခွင့်ပေးလိုက်တဲ့ ကြေငြာချက်ကိုတော့ http://www.icann.org/en/announcements/announcement-04oct09-en.htm မှာ သွားဖတ်နိုင်ပါတယ်။

November 11, 2009

Activating Kaspersky 2010

1. Download and install Kaspersky (Activate with a Trial License)
2. Go to Kaspersky's settings, click Options, and untick Enable Self-Defence
3. Exit Kaspersky
4. Go to Start, run, then type regedit and press enter
5. Press CTRL+F and type in ProductStatus and hit enter
6. Double click ProductStatus and change Release to Beta (it may say Trial instead of Release)
7. Press OK then open Kaspersky.
8. Tick Activate beta license then press Next and Finish
9. Re-enable Self-Defence.
10. Every 30 days Kaspersky will ask for a license, simply click Activate Beta and boom you're good to go Smile

If it still doesn't work, some users found re-installing the application worked, or removing the existing license key allowed the patch to work.

Common Problems
*Delete the old key before running the patch.
*Make sure Kaspersky isn't running
*Reboot before activating the beta license

မကွေးက ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းက ရှဲလုပ်လိုက်တာပါ။ အခု ပြန်ရှဲလိုက်ပါတယ်။ မြန်မာလို မပြန်တာက လူအများကြီး သိကုန်ရင် သိပ်မကောင်းဘူးလို့ ထင်လို့ပါ။ သူများစီးပွားရေးကို ထိခိုက်တယ်လေ။ စမ်းသပ်ကြည့်ထားပါတယ်။ အဆင်ပြေပါတယ်။

November 9, 2009

Download Kapsersky 2009 & 2010 Update



Kaspersky 2009 နဲ့ 2010 ကို Automatic Update အဆင်မပြေသူများအနေနဲ့ Update ကို http://www.officextracts.com/download.php မှာ ရယူနိုင်ပါတယ်။ Offical Update မဟုတ်ပေမဲ့ အဆင်ပြေပါတယ်။ ဒါကြောင့်မို့ အရင်ပို့စ်မှာ ရေးခဲ့သလို Kaspersky Antivirus 2009 နဲ့ 2010 ဟာ Internet နဲ့မှ Update လုပ်လို့ရမယ်ဆိုတာ မဟုတ်တော့ပါဘူး။ ဒီအကြောင်းကို မေးလ်ပို့ပြီး ပြောပြပေးတဲ့ Rain Cloud ကို ကျေးဇူးတင်ပါတယ်။

Redirecting Application Data in Windows XP


သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.

November 8, 2009

Myanmar Computer Ebooks ( 9)



စာအုပ်အမည် - ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အခြေခံ သဘောတရားများ (ဒုတိယအကြိမ်)
စာရေးသူ - မျိုးသူရ
Download Link: http://www.4shared.com/file/151248534/7a7ecb96/Myo_Thura_-_A.html
File Size: 12.8 MB

Kaspersky 2010 မသုံးခင် သိထားသင့်သောအချက်များ

Microsoft က Windows 7 နဲ့ Compatiable ဖြစ်တဲ့ Antivirus စာရင်းကို ထုတ်ပြန်တဲ့အခါမှာ Kaspersky Antivirus 2010 ဟာ Compatiable ဖြစ်တယ်လို့ ပြောပါတယ်။ 2009 တောင် မပါပါဘူး။ စမ်းသပ်ကြည့်တဲ့ အခါမှာလည်း Kaspersky Antivirus 2009 ဟာ Windows 7 မှာ ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ File Antivirus နဲ့ Proactive Defense မှာ Error တတ်ပါတယ်။ Windows 7 ရဲ့ Compatiblily Mode ကိုသုံးပြီး Install လုပ်ရင် ရကောင်းရနိုင်ပေမဲ့ ကျွန်တော်ကတော့ သဘောမတွေ့ပါဘူး။

အဲဒါနဲ့ပဲ Windows 7 မှာ တင်ရမယ့် Antivirus ဟာ Kaserpsky Antivirus 2010 ဖြစ်သွားတာပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော်လည်း Kaspersky Website ကနေ Kaspersky Antivirus 2010 ကို Download ဆွဲပြီး Windows 7 ပေါ်မှာ စမ်းသပ် သုံးစွဲကြည့်ပါတယ်။

အရမ်းတင်းကျပ်သွားပါတယ်။ ခိုးသုံးလို့မရအောင် တင်းကျပ်သွားတာပါ။ Install လုပ်ပြီးတဲ့အခါမှာ သူက Activation code ရိုက်ထည့်ခိုင်းပါတယ်။ အရင်တုန်းကလို Activation code မရိုက်ချင်ရင် Key file ကို ရွေးပေးလို့ရတဲ့ option ပါမလာတော့ပါဘူး။ Activation code မရိုက်ထည့်ဘူးဆိုရင် Trial mode ကို ရွေးလို့ရပါတယ်။ Trial ကတော့ 1 လပဲ အသုံးခံမှာပါ။ အဲဒီတစ်လအတွင်းမှာ Update တောင် လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ Actiavtion code ကလည်း အလကား မရပါဘူး။ ၀ယ်တဲ့အခါမှာမှ ပါလာမှာပါ။ Activation code ထည့်ပြီး Activate လုပ်ပေးရပါတယ်။ Kaspersky Server က ရိုက်ထည့်တဲ့ Activation code မှန်မမှန်စစ်ဆေးပါတယ်။ ဒါကြောင့် Kaspersky Antivirus 2010 ဟာ အင်တာနက်ချိတ်ဆတ်မှု မရှိတဲ့ လုံးဝ အသုံးပြုလို့မရပါဘူး။ (Crack တွေ ရှိချင်ရှိပါလိမ့်မယ်၊ ကျွန်တော်ကတော့ အခုထိမတွေ့သေးပါဘူး)

နောက်တစ်ခုက Update ကိစ္စပါ။ Kaspersky က Automatice Update နဲ့ Manual Update ဆိုပြီး နှစ်မျိုး ရွေးချယ်ခွင့်ပေးထားပါတယ်။ ကျွန်တော်တို့အတွက်ကတော့ Manual Update က အဆင်အပြေဆုံးပါ။ ဒါပေမဲ့ Kaspersky Website ထဲမှာ 2010 အတွက် Virus Update Database လုံးဝ ပေးမထားပါဘူး။ ဒါကြောင့်မို့ Kasersky 2010 ဟာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာမှာပဲ တင်ရမယ်။ ပြီးရင်လည်း Automatic Update လုပ်ပြီး သုံးစွဲရုံပဲ ရှိပါတော့တယ်။ Automatic Update ဟာ Connection နှေးတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အဆင်မပြေနိုင်ပါဘူး။

နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ 2010 ကို Install လုပ်။ ပြီးရင် အင်တာနက်ရတဲ့နေရာသွားပြီး Activate လုပ်။ ပြီးရင် အိမ်ကို ပြန်သယ်လာ။ Update လုပ်ချင်ရင် Kaserpsky 2010 သုံးတဲ့ အင်တာနက်လည်း ချိတ်ထားတဲ့၊ လိုင်စင်ဗားရှင်းကိုသုံးတဲ သူငယ်ချင်းကို အကူအညီ တောင်းရပါလိမ့်မယ်။ ဘယ်လို အကူအညီ တောင်းရမလဲဆိုတော့ မင်း Automatic Update မလုပ်ခင် Setting ထဲက Copy Update to Distribution Folder ဆိုတဲ့ Checkbox လေးကို အမှန်ခြစ်ပြီး Update ရောက်သွားချင် တဲ့ Folder တစ်ခုကို ရွေးပေးထားပေးပါကွာလို့ ပြောထားရပါမယ်။ ဒါဆိုရင် သူ့စက်က Automatic Update လုပ်ပြီးသွားတဲ့အခါမှာ Update ဟာ သူရွေးပေးထားတဲ့ Folder အောက်ကို ရောက်သွားပါလိမ့်မယ်။ ကိုယ်က အဲဒီ Folder လေးကို Copy ကူးပြီး ကိုယ့်အိမ်က ကွန်ပျူတာရှိတဲ့ Kaspersky 2010 ကို Update လုပ်နိုင်ပါလိမ့်မယ်။ (ခက်ခဲလိုက်တာနော်)

ရှေ့က ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ Kaspersky 2010 ဟာ Activation လုပ်ဖို့အတွက် Internet Access လိုအပ်ခြင်း၊ Update လုပ်ဖို့ရာ ခက်ခဲခြင်း၊ ခိုးသုံးလို့ မလွယ်ကူခြင်း တို့ကြောင့် မြန်မာပြည်မှာ ပေါက်ဖို့ဆိုတာ သိပ်တော့ မထင်ပါဘူး။ ခိုးသုံးဖို့အတွက် Activation code ရှိရပါလိမ့်မယ်။ ကျွန်တော်ရှာကြည့်သလောက်တော့ ဘယ်မှာမှ မတွေ့ပါဘူး။ ဒါပေမဲ့ Windows 7 မှာ Kaspersky သုံးချင်ရင် 2010 မှဘဲ အဆင်ပြေပါလိမ့်မယ်။ ကဲ ဘယ့်နှယ်လုပ်ကြမလဲ။

ကျွန်တော်ကတော့ အခုထိ Kaspersky 7 လေးနဲ့ အဆင်ပြေနေတုန်းပါပဲ။ ၀ယ်ထားတဲ့ဖြစ်တဲ့အတွက် Key ပြဿနာလည်း မရှိပါဘူး။ ပြီးတော့ လိုင်စင်သက်တမ်းကလည်း မကုန်သေးဘူးလေ။ လိုင်စင်သက်တမ်း ကုန်တဲ့နေ့ရောက်ရင်၊ ပြီးတော့ Kaserspky 7 နဲ့မနိုင်ဘဲ 2010 (version 9) နဲ့မှ နိုင်တဲ့ ဗိုင်းရပ်စ်ပေါ်လာတဲ့ အခါကျရင်တော့ Kaserspky 2010 ကို ၀ယ်ဖို့ စဉ်းစားရပါလိမ့်မယ်။

BitDefender ကတော့ ဘယ်လိုနေမလဲ မသိဘူး။ သူက ကမ္ဘာ့အကောင်းဆုံးလည်း ဖြစ်တယ်။ ပြီးတော့ 2009 version အထိ Activate လုပ်ဖို့အတွက် အင်တာနက်မလိုပါဘူး။ License Key မှန်မမှန်ကို Program ကပဲ စစ်ပေးသွားပါတယ်။ 2010 မှာလည်း အဲဒီလို Internet access မလိုဘူးဆိုရင်တော့ BitDefender ကိုပဲ သုံးရတော့မယ် ထင်ပါတယ်။ ဒါပေမဲ့ Update ကို Kaspersky လို အင်တာနက်ကဖေးမှာ သွားဝယ်လို့ မရနိုင်တော့ဘူးလေ။ ကိုယ်တိုင် download လုပ်ရတော့မှာ။ အင်တာနက်ကဖေးတွေကလည်း လူသုံးများတဲ့ Kaspersky ရဲ့ Update ကိုပဲ ဆွဲထားကြတာ။ Bitdefender update ကိုကျ ဆွဲထားမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဆိုင်တစ်ချို့တော့ ရှိတယ်ထင်ပါတယ်။

November 7, 2009

7Loader

Windows 7 ကို activation လုပ်ဖို့အတွက် ခွေဝယ်တုန်းကပါလာခဲ့တဲ့ 7loader ကို အသုံးပြုနေပါတယ်။ ကျွန်တော်အခု Windows7 ကို Desktop သုံးလုံးနဲ့ Laptop နှစ်လုံးမှာ တင်ခဲ့ပြီးပါပြီ။ အကုန်လုံးကို 7loader နဲ့ Crack လုပ်တာချည်းပဲ။ Desktop မှာ လုံးဝ အဆင်ပြေပါတယ်။ Laptop မှာတော့ လုံးဝ အဆင်မပြေပါဘူး။ Activation လုံးဝ လုပ်မရဘူး။ ခွေထဲပါတဲ့ဟာက 7loader version 1.2 ပါ။ Activation လုပ်မရတော့ 1 လပဲ အသုံးခံမှာလေ။ အဲဒါနဲ့ပဲ အဆင်ပြေမယ့်ဟာကို အွန်လိုင်းမှာ အသည်းအသန် လိုက်ရှာနေရတယ်။ 7loader ကို ရေးသားတဲ့ Hazar ရှိတဲ့ My Digital Life Forum ကို မွှေကြည့်ရပါတယ်။ သူတို့ပေးတဲ့ Link တွေ ဖွင့်လိုက်တိုင်း Copyright နဲ့ ညှိနေလို့ ဖျက်ပစ်လိုက်ပါတယ်ဆိုတဲ့ စာသားတွေချည်းနဲ့ပဲ ကြုံနေရတယ်။ ifile, mediafire, megaupload အကုန်လုံးပါပဲ။ Microsoft က Windows 7 နဲ့ ပတ်သတ်တဲ့ Link မှန်သမျှ လိုက်ဖျက်ခိုင်းနေတယ်ဆိုတာ ဟုတ်မှာပဲ။

ကံကောင်းလို့ Link တစ်ခုရပါတယ်။ Download ဆွဲတယ်။ megaupload က download limit exceed ဖြစ်နေလို့ ရန်ကုန်က သူငယ်ချင်းကို အကူအညီတောင်း၊ သူကတစ်ဆင့် မလေးက အစ်မတစ်ယောက်ကို ပြန် download ဆွဲခိုင်း၊ ပြီးမှ ifile နဲ့ ပြန်တင်ခိုင်း၊ ကျွန်တော်က ပြန်ဆွဲ။ ရှုပ်နေတာပါပဲ။ စိတ်ရှည်လက်ရှည် download ဆွဲပြီးတော့ ရလာတာက version 1.2 ဖြစ်နေလို့ အတော်လေး လေသွားတယ်။

လိုချင်တာက နောက်ဆုံး version ဖြစ်တဲ့ 1.4 လေ။ သူနဲ့ဆိုရင်တော့ အဆင်ပြေမယ် ထင်တာပါပဲ။ အခုထိတော့ မရသေးဘူး။ သူငယ်ချင်း တစ်ယောက်ကတော့ Crack မလုပ်ပဲ Product Key တွေထည့်ပြီး Activate လုပ်ကြည့်ပါလားလို့ ပြောတယ်။ အဲဒါနဲ့ စမ်းကြည့်တယ်။ Product Key အခု သုံးဆယ်လောက် တစ်ခုပြီးတစ်ခု ထည့်ကြည့်တာ Microsoft က invalid ချည်းပဲ ပြောနေပြန်တယ်လေ။

Update:
Windows 7 ကို Fully activated ရသွားပါပြီ။ Windows 7 Loader 1.7.3 နဲ့ပါ။ Download Link ကတော့ http://slics.myftp.org/Tools/Daz/Windows%207%20Loader%20v1.7.3.zip ပါ။ သူ့အကြောင်း အသေးစိတ်သိချင်ရင်http://forums.mydigitallife.info/showthread.php?t=8632 ကိုသွားပါ။


Windows 7 Activation အကြောင်း အသေးစိတ်သိချင်ရင်တော့ http://forums.mydigitallife.info/showthread.php?t=7126 ကို သွားလိုက်ပါ။ တကယ်ကောင်းပါတယ်။ Activation လုပ်နည်းမျိုးစုံ ရှိပါတယ်။

November 5, 2009

Windows 7 နဲ့ အဆင်မပြေတဲ့ Program တွေ

မြန်မာနိုင်ငံတွင် လူသုံးများသော Program များအနက်မှ အောက်ပါ Program များသည် Windows 7 တွင် လုံးဝ အလုပ်မလုပ်နိုင်ပါ။ ထို့ကြောင့် ထို Program များအား တင်မိသောအခါတွင် ရရှိလာမည့် ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ နောက်ရက်များတွင်လည်း Update လုပ်ပေးသွားပါဦးမယ်။ စာဖတ်သူများမှလည်း Windows 7 နှင့် Compatible မဖြစ်သော Program များကို သိရှိခဲ့ပါက Comment များ ပေးခဲ့ရန် ဖိတ်ခေါ်အပ်ပါတယ်။

Adobe Reader 8
Nero 7
Kaspersky 2007 & 2008 & 2009
DeepFreeze 6
CCleaner v1
Registy Mechanic 7
CorelDraw 13

Windows 7 တွင် အလုပ်လုပ်နိုင်သော Program List အသေးစိတ်ကို သိရှိလိုပါက အောက်ပါ Link တွင် သွားရောက် ကြည့်နိုင်ပါသည်။

http://www.microsoft.com/windows/compatibility/windows-7/en-us/default.aspx

November 1, 2009

Microsoft Press: Windows 7 Ebooks

Microsoft ကနေပြီး ဖြန့်ချိမယ့် Windows 7 နဲ့ပတ်သတ်တဲ့ စာအုပ်တွေပါ။ အခုတော့ တစ်အုပ်မှ မထုတ်သေးပါဘူး။ ထွက်ရင်လည်း အလကားတော့ ရမှာမဟုတ်ပါဘူး။

Windows 7 Administrator’s Pocket Consultant
Windows 7 Inside Out
Windows 7 Plain & Simple
Windows 7 Resource Kit
Windows 7 Step by Step
MCTS Self-Paced Training Kit (Exam 70-680): Configuring Windows 7
Introducing Windows 7 for Developers

အခုလောလောဆယ်တော့ Microsoft ကနေပြီး Windows 7 နဲ့ပတ်သတ်ပြီး ထုတ်ထားတာ တစ်အုပ်ပဲရှိပါသေးတယ်။ နာမည်က Deploying Windows 7 Essential Guidance from the Windows 7 Resource Kit and Microsoft TechNet Magazine ပါ။ Download Link ကတော့ ဒီမှာပါ။