May 30, 2009

Explorer အစား XYplorer

virus တွေက၀င် foler option ကပျောက် အော် folder option က ပြန်ပေါ်တော့ hidden နဲ့ system ကို ပြန်ဖော် OK တောင်မနှိပ်ရသေးဘူး Apply ပဲရှိသေး ပြန်ပြောင်းသွားပြီ XYplorer နဲ့မှပဲ စိတ်ချမ်းသာ ရတော့တယ်ဗျာ။ window က explorer လိုပဲ ထူးခြားတာက security ပေးထားတဲ့ flie/folder, hidden, system file/folder ကြိုက်တဲ့ file လာခဲ့ ကြိုက်တဲ့ folder လာခဲ့ အကုန်ကြည့် လို့ change လို့ရစေတယ်ဗျာ။ security folder ဆိုတာ System Volume Information လို folder ကိုပြောတာပါ။ ဟိုးတစ်ခါက ကျွန်တော်ရေးခဲ့တဲ့ software လည်းလွင့်ပစ် လိုက်တော့။ မလိုတော့ဘူး။ XYplorer ထဲမှာ တစ်ခါတည်း ပြောင်းလို့ရပါတယ်။ ကျွန်တော်တာ့ window က explorer နေရာအစား ဒီ XYplorer လေးကိုတောင် အစားထိုးထားလိုက်ချင်သေးတယ်ဗျာ။
ဒီမှာ downwload link က
http://www.mediafire.com/?d2zliiiwmhh
http://www.mediafire.com/file/d2zliiiwmhh/XYplorer.exe

May 29, 2009

Driver

Internet ပေါ်မှာ ASUS, MSI, GIGABYTE, Intel and ECS Motherboards အတွက် Drivers ရှာရင် အောက်ပါ Links တွေက အသုံးဝင်ပါလိမ့်မယ်။

http://support.asus.com.tw/download/download.aspx?SLanguage=en-us
http://www.msi.com/index.php?func=service
http://www.gigabyte.com.tw/Support/Motherboard/DownloadCenter_List.aspx
http://downloadcenter.intel.com/
http://www.ecs.com.tw/ECSWebSite/Downloads/Category_Download.aspx?MenuID=6&LanID=0

SimpleHelp.net

အင်တာနက်ဂျာနယ်ထဲ ပါလာတာနဲ့ ၀င်ကြည့်မိတယ်။ အတော်လေး ကောင်းပါတယ်။ Step by Step လေးတွေနဲ့ ရှင်းပြထားတယ်။ လုပ်နည်းတွေကတော့ အစုံပါပဲ။ အောက်မှာ သူရဲ့ recent posts လေးတွေကို ပြထားပါတယ်။
အဲဒီလို အဲဒီလိုမျိုးတွေ အများကြီးပါပဲ။
ကဲ Let's Go to www.simplehelp.net

May 27, 2009

Origmai


ကွန်ပျူတာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ စာဖတ်သူတိုင်း စိတ်ဝင်စားလောက်ပါတယ်။ ဘာလဲသိလား။ စက္ကူခေါက်နည်းလေ။ စပယ်ရှယ် လုပ်နည်းတွေတင်ထားတဲ့ site နှစ်ခုရှိတယ်။
http://www.origami-instructions.com/ နဲ့ http://www.origami.com/ ပါ။ ဖတ်ပြီး လိုက်ခေါက်ကြည့်လိုက်။ ပျော်စရာကောင်းတယ်နော်။

How to Block Spam Mails

Spam တွေ ရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက်

(၁) Forum တွေ Website တွေပေါ်မှာ မိမိရဲ့ email လိပ်စာ ရိုက်ထည့်ခြင်းမျိုးကို ရှောင်ပါ။ မဖြစ်မနေဆိုပါက ဥပမာ kyawkyaw at gmail dot com ဟုသာ ရိုက်ပါ။ format အမှန်အတိုင်းသာ ရိုက်မယ်ဆိုရင်တော့ Google မှာ @gmail.com ဆိုပြီး ရိုက်ထည့် ရှာလိုက်တာနဲ့ ကိုယ့်လိပ်စာကြီးကို တန်းခနဲ တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။

(၂) ဖြစ်နိုင်ရင် အီးမေးလ်လိပ်စာကို နှစ်ခုသုံးပါ။ Website တွေမှာ Registration လုပ်ဖို့အတွက်တစ်ခုသုံး၊ personal အတွက် တစ်ခုသုံးပေါ့။ ကိုယ့်အီးမေးလ်လိပ်စာကို spammer တွေကို ရောင်းစားတဲ့ Site တွေ အင်တာနက်မှာ အများကြီး ရှိနေပါတယ်။ အီးမေးလ်လိပ်စာ တစ်ခုတည်းပဲ သုံးချင်ရင်တော့ Registration လုပ်တဲ့အခါမှာ gmail ရဲ့ plus addressing ကို သုံးပါ။ ဒါမှ Gmail ရဲ့ Filter နဲ့ ပိတ်ပစ်လို့ ရမှာကိုး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ Plus addressing ကို လက်မခံတဲ့ site တွေကို တွေ့လာပါတယ်။ ကျွန်တော်ကတော့ အဲဒီလို site ဆိုရင် ဘာပဲပေးပေး register မလုပ်တော့ပါ။

(၃) File sharing site တွေကို သုံးသူတွေ သတိထားပါ။ File sharing မှာ ပေးပို့တဲ့သူရဲ့ mail ကို တောင်းတဲ့အခါ မိမိရဲ့ personal mail လိပ်စာကို လုံးဝမပေးမိပါစေနဲ့။

(၄) Spam တော်တော်များများကို Gmail ကသိပေမဲ့ Invitation mail တွေကို Gmail က မတားတော့ပါ။ ကိုယ့်ရဲ့ Inbox ထဲသာ ရောက်လာပါလိမ့်မယ်။ ဥပမာ Tagged ရဲ့ invitation mail ကို လက်မခံချင်တော့ဘူးဆိုရင် အဲဒီမေးလ်ရဲ့ အောက်ဆုံးနားမှာ Unsubscribe သို့မဟုတ် block လုပ်တဲ့ link တွေပါပါတယ်။ အဲဒါတွေကို အသုံးချပြီး ကိုယ့်ဆီကို နောက်ထပ် invitation mail တွေ ရောက်လာတဲ့ရန်ကနေ ကာကွယ်ပါ။

(၅) Forward တွေကို ပြန် Forward လုပ်တဲ့သူတွေ သတိထားပါ။ Forward mail တစ်ခုကို ပြန် Forward လုပ်လိုက်တာနဲ့ ကိုယ့်မေးလ် လိပ်စာက အဲဒီ Forward စာရင်းအတွဲကြီးထဲမှာ ပါသွားပြီဆိုတာ သတိရပါ။ မယုံရင် Forward မေးလ်တစ်စောင်လောက်ကို ဖွင့်ကြည့်ပါ။ Show Details ကို နှိပ်လိုက်တာနဲ့ မေးလ်လိပ်စာတွေ တစ်သီကြီးကို တွေ့ရပါလိမ့်မယ်။ တကယ်လို့များ အဲဒီမေးလ်သာ Spammer တစ်ယောက်ဆီရောက်သွားရင်...ကဲ ဘယ်လိုလုပ်မလဲဗျာ။

Do not need to Restart

sound driver ကြေင့် ခဏတိုင်း restart လုပ်ပေး နေရရင်စိတ်ညစ်မနေပါနဲ့။ Device Mananger က နေ Audio drive ကို Uninstall လုပ်ပြီးရင် scan for hardware changes ကိုနှိပ်ပြီး ခဏစောင့်နေလိုက်။ အားလုံး ok သွားပါလိမ့်မယ်။

May 24, 2009

အရေးကြီးတာတွေ Forward လုပ်ပို့ရအောင်

ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။

Gmail မှာ Group ဆောက်ဖို့အတွက်

၁။ သင်ဟာ Gmail ရဲ့ new version ကို သုံးနေတာ သေချာပါစေ။

၁။ Gmail Window ရဲ့ ညာဘက်မှာ ရှိတဲ့ Contacts မှာ တစ်ချက်နှိပ်ပါ။

၂။ ပြီးရင် လူနှစ်ယောက်ပုံလေးနဲ့ အပေါင်းလက္ခဏာလေးပေါ်နေတဲ့ Create Group button မှာ တစ်ချက်နှိပ်ပါ။


၃။ အဲဒီအခါမှာ Group နာမည်တောင်းတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Group နာမည်ရိုက်ပြီး OK နှိပ်ပါ။

၎။ အဲဒီအခါမှာ ပုံမှာပြထားသလို Group နာမည်လေး ပေါ်လာပါလိမ့်မယ်။ အခု ဥပမာအနေနဲ့ MyFriends ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။


၅။ ပြီးရင် All Contacts မှာ တစ်ချက်နှိပ်ပါ။ Select All ကို နှိပ်ပါ။ ဒီနေရာမှာ Select All ကို မနှိပ်ပဲ Group ထဲ ထည့်ချင်တဲ့ လိပ်စာတွေကို Checkmark လေးတွေ ပေးပြီး ရွေးရင်လည်း ရပါတယ်။

၆။ ပြီးရင် ညာဘက်က Groups list box လေးကို ဖွင့်ချပြီး အခုအသစ်လုပ်လိုက်တဲ့ Group (MyFriends) ကို ရွေးပေးလိုက်ပါ။ ဒီအခါမှာ Group ထဲကို မေးလ်လိပ်စာတွေ ရောက်သွားပါပြီ။


၇။ အခု စပြီးတော့ မေးလ်ပို့လို့ ရသွားပါပြီ။ Compose mail ကို နှိပ်ပြီး To နေရာမှာ Group နာမည်ကို ရိုက်ထည့်လိုက်ရုံပါ။ Body ထဲ ကိုယ်ပို့လို့တဲ့စာတွေထည့်ပြီး Send ကို နှိပ်လိုက်ရင် အဲဒီ Group ထဲမှာ ရှိတဲ့ လိပ်စာတွေ အကုန်လုံးဆီကို အီးမေးလ်တွေ ရောက်သွားပါလိမ့်မယ်။


Bit rate, Sample Rate, Codec

Audio CD ကနေ MP3 ပြောင်းတဲ့အခါပဲဖြစ်ဖြစ်၊ VCD ကနေ MP4 ပြောင်းတဲ့အခါပဲ ဖြစ်ဖြစ် sample rate တို့ bit rate တို့ codec တို့ဆိုတာက မမြင်ချင်မှ အဆုံးပါ။ အရင်တုန်းကတော့ အသေပဲ မှတ်ထားတယ်။ bit rate များရင် သီချင်းက ပိုနားထောင်ကောင်းတယ်။ ဒါပေမဲ့ ဖိုင်ဆိုက်ဒ်ကြီးတယ်ပေါ့။ sample rate ဆိုတာကျ ဘာမှန်းလဲမသိတော့ အဲဒီ value တွေကို သွားတောင် မထိဘူး။ အခုနောက်ပိုင်း Xilisoft Video Converter ကို တော်တော်လေး မွှေကြည့်ရင်းနဲ့ audio ဖိုင်တွေ video ဖိုင်တွေ converting လုပ်တဲ့အခါမှာ codec ကို သုံးတယ်ဆိုတာ သိလာပါတယ်။ အရင်တုန်းက avi ဖိုင်၊ dat ဖိုင်၊ wmv ဖိုင် စသည်ဖြင့် အဲဒီလိုတွေပဲ သိရာကနေ အခုတော့ avi ဖိုင်တောင်မှ အများကြီး ကွဲတယ်ဆိုတာ သိလာပါတယ်။ codec ကြောင့် ကွဲသွားတာပေါ့လေ။
ဟိုတစ်နေ့က MP4 Model အသစ်တစ်လုံးကို စမ်းသုံးကြည့်တဲ့အခါ သူက avi ဖိုင်တစ်မျိုးထဲပဲ လက်ခံတယ်။ အဲဒါနဲ့ စက်ထဲရှိတဲ့ avi ဖိုင်တစ်ဖိုင်ကို ကောက်ထည့်လိုက်တယ်။ ပြီးတော့ ဖွင့်ကြည့်တော့ ဖွင့်မရဘူး။ အဲဒါနဲ့ သူ့ထဲမှာပါပြီးသား sample video file ရဲ့ properties ကို ကြည့်လိုက်တော့ သူက xvid codec ကို သုံးထားတာကို သိရပါတယ်။ အဲဒါနဲ့ avi ဖိုင်ကိုမှ xvid codec သုံးပြီး convert လုပ်လိုက် အတော်လေး အဆင်ပြေသွားပါတယ်။
bit rate တွေ sample rate တွေဟာ ဘာလဲဆိုတာ သိချင်တော့ Wikipeida ထဲ ရှာကြည့်ပါတယ်။ သူ့ description တွေ ဖတ်ကြည့်လိုက်တာ ခေါင်းကို မူးသွားတာပါပဲ။ အဲဒါနဲ့ google မှာ ထပ်မွှေကြည့်တဲ့အခါ www.techterms.com က အတော်လေး ကောင်းတာကို တွေ့ခဲ့ပါတယ်။ ရှင်းပြတာလည်း တိုတယ်၊ နားလည်လွယ်တယ်ဗျာ။

May 20, 2009

Gmail message translator

Gmail က message translation ဆိုတာလေး 18 ရက်နေ့က ထပ်ထည့်လိုက်ပါတယ်
သင်ဆီကို သင်နားမလည်တဲ့ language နဲ့ mail ရောက်လာ ခဲ့ရင် သင်နားလည်တဲ့ language တွေနဲ့ ပြောင်းနိုင်ပါပြီ
gmail labs ထဲက Message translation ကို Enable လုပ်ပြီး ၀င်လာတဲ့ mail ကို Translate message to:English ဆိုတာလေးကို နှိပ်ပြီး english လိုဖတ်နိုင်ပါတယ် change language မှာ laguage ပြောင်းဖတ်နိုင်ပေမယ့် Myanmar မပါလာ တာတော့ တော်တော် ၀မ်းနည်း စရာကောင်းပါတယ်...

နမူနာ စမ်းကြည့် လိုသူများ အတွက် ဒီစာသား လေးတွေကို ကိုယ့်mail ကိုပြန်ပို့ ၍ စမ်းကြည့်နိုင်ပါတယ်

Vittoria Colonna (* 1492 in Castello di Marino bei Rom; † 25. Februar 1547 in Rom) war eine berühmte Dichterin. Für viele ihrer gebildeten Zeitgenossen war sie eine vorbildliche Idealfigur, die neben die großen Frauengestalten der Antike gestellt wurde. Sie entstammte dem alten, schon im Mittelalter mächtigen römischen Adelsgeschlecht der Colonna, einer der einflussreichsten Familien im Kirchenstaat. Durch ihre Ehe mit dem Markgrafen von Pescara, einem erfolgreichen Heerführer, wurde sie Markgräfin. Nach seinem Tod an den Folgen einer in der Schlacht erlittenen Verwundung blieb sie Witwe und kinderlos und widmete sich kulturellen und religiösen Aufgaben. Sie stand mit bedeutenden humanistischen Gelehrten, Künstlern und kirchlichen Würdenträgern in freundschaftlicher Verbindung. Besonders mit Michelangelo verband sie eine enge Freundschaft. mehr

Deep Freeze Enterprise

internet cafe တွေမှာ deep freeze ကို တော်တော်လေး သုံးကြတယ်။ တစ်ခုခက်တာက ကိုယ်က program တွေဘာတွေ တင်တာတွေ လုပ်ချင်ရင် အဲဒီ deep freeze ကို ခဏပိတ်ရတာပါပဲ။ တစ်လုံးဆို ကိစ္စမရှိဘူး။ အလုံးနှစ်ဆယ်လောက်ဆိုရင် လူလည်း ဟောဟဲဟောဟဲ ဖြစ်ရော။ ဒါပေမဲ့လည်း လုပ်ခဲ့ရတာပါပဲ။
ဟိုတစ်နေ့က အသိဦးလေးတစ်ယောက်က Active ကနေ Max11 ဆိုတဲ့ software ခွေလေး ၀ယ်လာခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီထဲမှာ Deep Freeze Enterprise ကြီး ပါလာရော။ အဲဒါနဲ့ အဲဒီကောင်ကြီး install လုပ်ပြီး သုံးကြည့်တယ်။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ စက်အလုံးနှစ်ဆယ်မကလို့ တစ်ရာပဲရှိရှိ အဲဒီစက်တွေရဲ့ Deep Freeze ကိုပိတ်ချင်ရင် Mouse ကလေးနဲ့ One Click ပါပဲ။
ဘယ်လိုလုပ်ရသလဲဆိုတော့ အရင်ဆုံး Deep Freeze Server အနေနဲ့ ထားမယ့်စက်မှာ Deep Freeze Enterprise ကို တင်ရပါတယ်။ ပြီးတဲ့အခါမှာ File menu ထဲကနေ Create Workstation Install Program ကို ရွေးရပါတယ်။ အဲဒီအခါ သူက workstation တွေမှာ install လုပ်ရမယ့် deep freeze installer လေး ထုတ်ပေးပါလိမ့်မယ်။ အဲဒီကောင်ကို workstation တိုင်းမှာ လိုက်တင်ရပါတယ်။ တကယ်လို့များ workstation တွေမှာ deep freeze standard တွေရှိနေရင်တော့ သူ့ကို အရင်ဖြုတ်ပစ်မှ ရပါလိမ့်မယ်။
အားလုံးပြီးသွားတဲ့အခါမှာ deep freeze server စက်မှာ deep freeze ကို ပြန်ဖွင့်ပြီး File Menu ကနေ Create Enterprise Console ကိုရွေးရပါတယ်။ ထွက်လာတဲ့ဖိုင်ကို ထပ်ပြီး install လုပ်လိုက်ပါ။ ပြီးတော့ အဲဒီကောင်ကို run လိုက်။ Toolbar ကနေ Wake On Lan ကို ရွေးလိုက်။ ဟော workstation တွေ တစ်တန်းကြီး ပေါ်လာလိမ့်မယ်။ Select All လုပ်ပြီး Thawed တွေ Frozen တွေ ကိုယ်ကြိုက်တာ လုပ်ခိုင်းရုံပါပဲ။
မှတ်ချက်။ deep freeze enterprise ver 6.10 သည် vista တွင် အလုပ်မလုပ်ပါ။ 6.40 မှသာ အလုပ်လုပ်ပါလိမ့်မည်။

May 19, 2009

ISA ကို ပိုမြန်အောင် လုပ်နည်းများ

ပထမဆုံးအချက်ကတော့ OpenDNS ကို သုံးကြည့်ပါ။ စာဖတ်သူရဲ့ ISP က အဲဒီ OpenDNS ရဲ့ IP ကို ban မထားဘူးဆိုရင်ပေါ့လေ။ configuration အတွက် အသေးစိတ်ကို www.opendns.com ကို သွားကြည့်နိုင်ပါတယ်။
နောက်တစ်ခုကတော့ DNS ကို cache လုပ်တာပါ။ ကိုယ့် Server ကို DNS Role တော့ တင်ထားရမှာပေါ့လေ။ တကယ်တမ်းကတော့ Forward Lookup လုပ်လိုက်တာပါပဲ။ ကိုယ့် Local Network ရဲ့ DNS request တွေကို ISP ရဲ့ DNS Server ဆီ forward လုပ်ပေးတာပါပဲ။ ISA က request တစ်ခုကို Forward လုပ်ပေးပြီးတဲ့အခါ နောက်တစ်ခါ အဲဒီ request လာတဲ့အခါ Forward မလုပ်တော့ပဲ DNS Cache ထဲက ထုတ်ပေးလိုက်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကလည်း Zone ကို ကော်ပီကူးမရတော့လည်း Forward လေးပဲ လုပ်ရတော့တာပေါ့လေ။
နောက်တစ်ခုက Proxy ရဲ့ Cache ထုတ်ပေးတဲ့ Policy ကို active cache ထားပေးရပါမယ်။ Active cache ဟာ Dynamic Content တွေပါတဲ့ site တွေနဲ့ ပြဿနာတက်တာကြောင့် Dynamic Content Site တွေကိုတော့ Cache မလုပ်သင့်ပါဘူး။ Active cache ဆိုတာက any version ကို ရွေးလိုက်တာဖြစ်ပြီး passive cache ဆိုတာက valid version ကို ရွေးလိုက်တာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက QoS ကို သုံးတာပါ။ XP မှာ QoS က သက်သက်ထည့်ပေးရပေမဲ့ Vista မှာတော့ QoS က ပါပြီးသားပါ။ server 2k3 ထိုင်တဲ့သူတွေအနေနဲ့ QoS ကို ထည့်ပြီး Group Policy မှာ configuration လုပ်ရပါလိမ့်မယ်။ Client တွေ တစ်လုံးချင်းစီကို သွားလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။ Limit Reservable bandwidth ကို 20 percent လောက် ထားကြည့်လိုက်ပါ။ QoS ဟာ VIOP application အတွက် သီးသန့် ဖြစ်တာကြောင့် Browser နဲ့ VOIP တွဲသုံးတဲ့အခါ VOIP တွေက bandwidth ပိုရပါလိမ့်မယ်။

(ISA သမားများအတွက် Tips များ ပေးခြင်းသားဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာများကို Gtalk မှတစ်ဆင့် ပြောပြပေးသော ကိုnetlyner အား အထူး ကျေးဇူးတင်ရှိပါသည်)

ISA ကို ပိုမြန်အောင် လုပ်နည်းများ

ပထမဆုံးအချက်ကတော့ OpenDNS ကို သုံးကြည့်ပါ။ စာဖတ်သူရဲ့ ISP က အဲဒီ OpenDNS ရဲ့ IP ကို ban မထားဘူးဆိုရင်ပေါ့လေ။ configuration အတွက် အသေးစိတ်ကို http://www.opendns.com/ ကို သွားကြည့်နိုင်ပါတယ်။

နောက်တစ်ခုကတော့ DNS ကို cache လုပ်တာပါ။ ကိုယ့် Server ကို DNS Role တော့ တင်ထားရမှာပေါ့လေ။ တကယ်တမ်းကတော့ Forward Lookup လုပ်လိုက်တာပါပဲ။ ကိုယ့် Local Network ရဲ့ DNS request တွေကို ISP ရဲ့ DNS Server ဆီ forward လုပ်ပေးတာပါပဲ။ ISA က request တစ်ခုကို Forward လုပ်ပေးပြီးတဲ့အခါ နောက်တစ်ခါ အဲဒီ request လာတဲ့အခါ Forward မလုပ်တော့ပဲ DNS Cache ထဲက ထုတ်ပေးလိုက်ပါတယ်။

ကျွန်တော်တို့အနေနဲ့ကလည်း Zone ကို ကော်ပီကူးမရတော့လည်း Forward လေးပဲ လုပ်ရတော့တာပေါ့လေ။

နောက်တစ်ခုက Proxy ရဲ့ Cache ထုတ်ပေးတဲ့ Policy ကို active cache ထားပေးရပါမယ်။ Active cache ဟာ Dynamic Content တွေပါတဲ့ site တွေနဲ့ ပြဿနာတက်တာကြောင့် Dynamic Content Site တွေကိုတော့ Cache မလုပ်သင့်ပါဘူး။ Active cache ဆိုတာက any version ကို ရွေးလိုက်တာဖြစ်ပြီး passive cache ဆိုတာက valid version ကို ရွေးလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုက QoS ကို သုံးတာပါ။ XP မှာ QoS က သက်သက်ထည့်ပေးရပေမဲ့ Vista မှာတော့ QoS က ပါပြီးသားပါ။ server 2k3 ထိုင်တဲ့သူတွေအနေနဲ့ QoS ကို ထည့်ပြီး Group Policy မှာ configuration လုပ်ရပါလိမ့်မယ်။ Client တွေ တစ်လုံးချင်းစီကို သွားလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။ Limit Reservable bandwidth ကို 20 percent လောက် ထားကြည့်လိုက်ပါ။ QoS ဟာ VIOP application အတွက် သီးသန့် ဖြစ်တာကြောင့် Browser နဲ့ VOIP တွဲသုံးတဲ့အခါ VOIP တွေက bandwidth ပိုရပါလိမ့်မယ်။

(ISA သမားများအတွက် Tips များ ပေးခြင်းသာဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာများကို Gtalk မှတစ်ဆင့် ပြောပြပေးသော ကိုnetlyner အား အထူး ကျေးဇူးတင်ရှိပါသည်)

May 14, 2009

gmail trace လိုက်နည်း

gmail ရဲ့ feature တစ်ခုဖြစ်တဲ့ Show original ကိုသုံးပြီး ကိုယ့်ဆီ ရောက်လာတဲ့ mail ဘယ်ကပို့လဲလို့ အလွယ်လေးသိနိုင်တယ် inbox ထဲက သိချင်တဲ့ mail ကိုဖွင့်ကြည့် လိုက်ပါအုံး Reply ဘေးကမျှားလေးကို နှိပ်ပြီး Show original ကို ရွှေးလိုက်၊ဒီတော့ web page တစ်ခုကျလာပြီ X-Originating-IP: ဆိုတာရှာ သူ့နောက် က IP address ကိုကူး၊

http://ipinfo.info/html/ip_checker.php (proxy တစ်ခုခုနှင့်ကျော်ပါ)
ကိုသွား domain whois record ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေး လိုက်ပါအုံး၊ (မကျော်ချင်ရင် http://www.geobytes.com/IpLocator.h tm?GetLocation ကိုသွားပါ) ကဲ စောစောက ကူးထားတာလေး past လုပ်ပေး ပြီး enter နှိပ်လိုက်တော့၊

ဟော ဟော မိပြီ Domain Whois Record အောက်မှာ Owner/Main contact အောက်မှာ နာမည်ရော လိပ်စာရော နိုင်ငံရောပါပဲ အကုန်ကို ပေါ်တာပါပဲ

May 11, 2009

Online မှာပဲ သိမ်းတော့မယ်

ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ မှတ်စုတွေ၊ ဖိုင်တွေကို အွန်လိုင်းပေါ်မှာပဲ သိမ်းရင် ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်မိတယ်။

မှတ်စရာလေးတွေရှိရင် စာအုပ်ထဲမှတ်တဲ့သူရှိမယ်၊ ဦးနှောက်ထဲ မှတ်တဲ့သူ ရှိမယ်။ စာအုပ်ထဲ မှတ်တယ်ဆိုတာက စာအုပ်ပျောက်တာတွေ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှတ်ရင်လည်း တစ်ချိန်ကြရင် မေ့သွားနိုင်တယ်။ ဟော အွန်လိုင်းပေါ်မှာ Blog ရေးပြီးတော့ပဲဖြစ်ဖြစ် Zoho တို့လို Google Notebook တွေလိုဟာ သုံးပြီးတော့ပဲ ဖြစ်ဖြစ် မှတ်ထားရင်တော့ ပျောက်သွားမှာတွေ ဘာတွေ ရှိမှာ မဟုတ်တော့ဘူးလေ။ private notes လေးတွေ မှတ်ချင်ရင် Google Notebook ကို သုံးလို့ ရတာပဲလေ။ Gmail ရှိရုံနဲ့ သုံးလို့ရတယ်။ ကိုယ်ကလွဲပြီး ဘယ်သှူ ကြည့်လို့ရမှာမဟုတ်တော့ဘူး။ အဲ အများသိဖို့ လိုတာလေးတွေကိုတော့ Blog ရေးပြီး တင်သင့်တာပေါ့ဗျာ။

တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ မြန်မာတွေ ဖန်တီးထားတဲ့ Forum တွေ၊ Website တွေမှာ Blog တင်တာတွေ၊ data သိမ်းတာတွေ၊ Discussion လုပ်ကြတာတွေကတော့ နည်းနည်း သတိထားသင့်တယ်။ ဒီလိုဗျာ Webiste တစ်ခု အသက်ရှင်သန်နိုင်ဖို့ ဒိုမိန်းကြေး၊ Hosting ကြေးတွေက နှစ်စဉ် ပေးနေတာကိုး။ သူတို့တွေ မ run နိုင်တော့တဲ့ တစ်နေ့ကျရင် ကျွန်တော်တို့ ဆွေးနွေးထားသမျှ၊ တင်ထားသမျှတွေက အလကား ဖြစ်သွားမှာလေ။ ရှေ့ပြေးတွေကလည်း ရှိထားတာကိုး။ ပြီးတော့ မြန်မာ site တွေကလည်း ဘာကြောင့်မှန်းမသိ Hack တွေ ခဏခဏအလုပ်ခံရတယ်။ အဲဒီတော့ site တစ်ခု သေဆုံးသွားဖို့ အခွင့်အလမ်းတွေက များနေပြီ။

အဲဒါကြောင့် ကျွန်တော်ကတော့ စိတ်ချရတာတွေကိုပဲ သုံးတယ်။ ဥပမာ Google ဆိုရင် ဘယ်တော့မှ down သွားမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယူဆထားတယ်။ Forum အတွက်ဆိုလည်း Google Groups ရှိတယ်ဗျာ။ ကျွန်တော်တို့ http://www.mmitmen.co.cc/ ဆိုလည်း Google Groups ကို သုံးထားတာပဲ။ Free ဗျာ။ စိတ်ချရတယ်ဗျာ။ Discussion လုပ်ထားတာတွေ ဘယ်တော့မှ ပျက်သွားမှာမဟုတ်ဘူး။
ပြီးတော့ သေခြင်းတရားကို ကျွန်တော်တို့တွေ အမြဲတမ်းသတိရသင့်တယ်။ အကောင်းကြီးကနေ ဖျတ်ခနဲ သေသွားနိုင်တာပဲလေ။ ကိုယ်သေသွားတဲ့အခါမှာ ကိုယ်သိထားတာတွေကို တစ်ယောက်ယောက်ကို မပြောခဲ့ရဘူးဆိုရင် ဘယ်လောက်နှမြောစရာကောင်းမလဲ။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပညာရှင်တွေ ကိုယ်သိထား၊တတ်ထားတာတွေကို ဖြန့်ဝေခဲ့လို့သာ လူ့လောကကြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့တာပဲ မဟုတ်လား။

တကယ်တော့ ဒီလိုပါဗျာ။ ကျွန်တော် အားမရလို့ပါ။ ကျွန်တော်တို့ထက် သိတဲ့၊ တတ်တဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မသိသေးတာတွေကို သိထားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ online ပေါ် ရောက်မလာကြဘူး။ offline မှာလည်း မမြင်ဘူး။ သြော် မအားကြလို့ နေမှာပါဆိုပြီ ဖြေသိမ့်နေရတယ်။ မြန်မာပြည်မှာက လူတော်ဆိုရင် ကြာကြာမနေရဘူးလေ။ မတော်လို့ ဖျတ်ခနဲ မသင်းမေက ခေါ်သွားရင်ဖြင့် နှမြောစရာကောင်းလွန်းပါတယ် Pro အပေါင်းတို့ရေ...

May 10, 2009

Inserting a Button in Blog Post (2)

ဟိုတစ်နေ့က Blog Post ထဲ button ထည့်နည်းကို ရေးခဲ့တာ code တွေ မမှန်လို့ အလုပ်မလုပ်ခဲ့ပါဘူး။ အခု အမှန်ကို ပြင်လိုက်ပါပြီ။ ပြီးတော့ အဲဒီတုန်းကလို javascript မှာ function ကြေငြာစရာမလိုပါဘူး။ ကိုယ် button ထည့်ချင်တဲ့ နေရာမှာ အောက်က code လေး တစ်ကြာင်းတည်းကိုပဲ ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင်တော့ သေချာပေါက် ရသွားပြီပေါ့ဗျာ။

May 7, 2009

DVD/CD-ROM စက်မပိတ်ပဲ ဖြုတ်မယ်

ကဲကဲ အိုင်တီမန်း ပရိတ်သတ်တွေမို့ လက်တို့ ပြောလိုက် CD Drive ကို စက်မပိတ်ပဲ ဖြုတ်လို့ရတယ်ဗျို့ Device Manager ထဲက DVD/CD-ROM drives ကို ဖွင့်ချလိုက်ပြီး ဖြုတ်ချင်တဲ့ Drive ကို right click နှိပ်ပြီး Uninstall ကိုရွှေးပြီး စိတ်ချလက်ချသာဖြုတ် (ပျက်သွားလဲမသစ်ပေါ့ ဟဲဟဲ) စက်လုံးဝလုံးဝ မဟန်း ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် အိုင်တီမန်း ပရိတ်သတ်အပေါင်းတို့ခင်ဗျား

May 5, 2009

Microsoft Word နှင့် registry ကို စောင့်ကြည့်ခြင်း

window registry ကို စောင့်ကြည့်နိုင်ဖို့ Third party software တွေ စမ်းသုံးရင်းနဲ့ တော်တော်ကြာခဲ့ပါပြီ။ ဖြစ်နေကြ ပြဿနာကတော့ စက်တိုင်း လိုက်တင်တင်နေရတာပါပဲ ခုတော့ microsoft word နဲ့အဆင်ပြေသွားပြီ။
word ဆိုတာက စက်တိုင်းလိုလို ရှိနေတယ် မဟုတ်လား။ ကဲလိုရင်းကိုစပြောတော့မယ်။ ပထမဆုံး Trace လိုက်ချင်တဲ့ regisity key ကိုမပြောင်းမီတခါ ပြောင်းပြီးတစ်ခါ export လုပ်ထားရမယ်။ ပြီးမှတိုက်ကြည့်မယ်လေ။ microsoft word က Tools Menu ထဲက Compare & Merge Document... နဲ့ပေါ့။

နမူနာအနေနဲ့ ကျွန်တော်စမ်းထားပုံလေး ပြောပြပါ့မယ်။
>ကျွန်တော်က gtalk မဖွင့်ခင်မှာ HKEY_CURRENT_USER\Software\Google ကို အရင် export လုပ်ထားလိုက်တယ် (1.reg)
>>နောက်တော့ gtalk ကိုဖွင့်လိုက်တယ် gtalk တတ်လာတဲ့အခါ HKEY_CURRENT_USER\Software\Google ကို နောက်တစ်ကြိမ် export လုပ်ထားလိုက်တယ် (2.reg)
>>>ပြီးတော့ 1.reg ကို microsoft word နဲ့ ဖွင့်လိုက်တယ် encode မှာသူ့အတိုင်း ok ပေးလိုက်တယ်
>>>> Tools > Compare & Merge Document... ကိုရွှေးပြီး 2.reg ရွှေးပေးလိုက်တယ်လေ ပြီးရော


have a nice day :)

May 4, 2009

copy ကူးရင်စိတ်မညစ်ရလေအောင်

ကျွန်တော်တို့ copy ကူးကြတဲ့အခါ virus file ပါလို့ပဲဖြစ်ဖြစ်၊ ကူးမရ ရွှေ့မရတဲ့ file တွေ့နဲ့တွေလို့ပဲဖြစ်ဖြစ် "ဒုန်" ဆိုတဲ့အသံထွက်လာရင် အရမ်းစိတ်ညစ်ရတယ်ဗျာ။ file error တတ်လဲ ဆက်ကူးတဲ့ non stop copy software တွေရှိပေမယ့် စက်တိုင်းမှာ မရှိနိုင်ပြန်တော့ အဆင်မပြေပြန်ဘူးလေ။

ဒါကြောင့် window က ပါတဲ့ xcopy utility တစ်ခုကို သုံးကြည့်ကြရအောင်။ command prompt ကနေသုံးရပါ့မယ်။
ကျွန်တော့ CD Drive က F: ဆိုပါတော့။ ကျွန်တော်က CD ခွေထဲကနေ hard disk (D:) ထဲကိုကူးမယ်။ ဒီတော့
အရင်ဆုံး D: ထဲမှာ aquartz ဆိုတဲ့ folder လေးအရင်ဆောက်လိုက်တယ်
> Run box ကနေ cmd လို့ ရိုက်ပြီး Ms DOS cmmand pormpt ထဲကို ၀င်လိုက်ပြီ၊
>> F: ဆိုပြီး enter နှိပ်လိုက်တယ် ပြီးတော့
> xcopy /c /s *.* D:\aquartz (ကြားထဲမှာ space တွေပါတယ်နော်) လို့ ရိုက် enter နှိပ်ပြီး ကော်ဖီသောက်ရင်း ကြည့်နေလိုက်တယ်လေ အေးဆေးပဲ
ဒီနေရာမှာ xcopy command လေး အကြောင်းနဲနဲ(သိသလောက်) ရှင်းပြပါရစေ
xcopy /s /c *.* D:\aquartz ကျွန်တော်သုံးလိုက်တာက
xcopy က အဓိက commnad, /s *.* ကတော့ CD ထဲကရှိသမျှ file တွေနဲ့ subfolder တွေအားလုံးကူးမယ်
/c ကတော့ error တတ်လည်း ဆက်ကူးပါ ပေါ့
နောက်ဆုံး D:\aquartz ဆိုတာကတော့ paste လုပ်မဲ့ destination ပေါ့ဗျာ



အသေးစိတ်သိချင်သူများအတွက် Xcopy ပုံစံကတော့ ဒီလိုပါ (as type XCOPY /? in command prompt)
XCOPY source [destination] [/A | /M] [/D[:date]] [/P] [/S [/E]] [/V] [/W]
[/C] [/I] [/Q] [/F] [/L] [/G] [/H] [/R] [/T] [/U]
[/K] [/N] [/O] [/X] [/Y] [/-Y] [/Z]
[/EXCLUDE:file1[+file2][+file3]...]

source Specifies the file(s) to copy.
destination Specifies the location and/or name of new files.
/A Copies only files with the archive attribute set, doesn't change the attribute.
/M Copies only files with the archive attribute set, turns off the archive attribute.
/D:m-d-y Copies files changed on or after the specified date. If no date is given, copies only those files whose source time is newer than the destination time.
/EXCLUDE:file1[+file2][+file3]... Specifies a list of files containing strings. Each string should be in a separate line in the files. When any of the strings match any part of the absolute path of the file to be copied, that file will be excluded from being copied. For example, specifying a string like \obj\ or .obj will exclude all files underneath the directory obj or all files with the .obj extension respectively.
/P Prompts you before creating each destination file.
/S Copies directories and subdirectories except empty ones.
/E Copies directories and subdirectories, including empty ones. Same as /S /E. May be used to modify /T.
/V Verifies each new file.
/W Prompts you to press a key before copying.
/C Continues copying even if errors occur.
/I If destination does not exist and copying more than one file, assumes that destination must be a directory.
/Q Does not display file names while copying.
/F Displays full source and destination file names while copying.
/L Displays files that would be copied.
/G Allows the copying of encrypted files to destination that does not support encryption.
/H Copies hidden and system files also.
/R Overwrites read-only files.
/T Creates directory structure, but does not copy files. Does not include empty directories or subdirectories. /T /E includes empty directories and subdirectories.
/U Copies only files that already exist in destination.
/K Copies attributes. Normal Xcopy will reset read-only attributes.
/N Copies using the generated short names.
/O Copies file ownership and ACL information.
/X Copies file audit settings (implies /O).
/Y Suppresses prompting to confirm you want to overwrite an existing destination file.
/-Y Causes prompting to confirm you want to overwrite an existing destination file.
/Z Copies networked files in restartable mode.

The switch /Y may be preset in the COPYCMD environment variable. This may be overridden with /-Y on the command line.
အားလုံးပဲ ကော်ပီကူးရင်း ကော်ဖီဇိမ်နဲ့သောက်နိုင်ကြပါစေ 

Inserting a Button in Blog Post

တော်တော်လေးတော့ ကြာခဲ့ပါပြီ။

ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင် ရောက်လာခဲ့ဖူးတယ်။ သူမေးတာက ထူးထူးခြားခြား။ Blog တင်တဲ့အခါမှာ Post ထဲကို button လေးတွေ ထည့်လို့မရဘူးလားတဲ့။ ဖြစ်ချင်တာက အဲဒီ button လေးကို နှိပ်လိုက်ရင် browser မှာ Link တစ်ခုခုကို new window နဲ့ ပွင့်သွားစေချင်တယ်တဲ့။ လုပ်လို့ရလား။ ရရင်ကော ဘယ်လို လုပ်ရမှာလဲဆိုပြီး မေးခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ ကျွန်တော်က Link ချိတ်တာများ Text Link လုပ်လို့ရနေတာပဲ ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး button ကြီးနဲ့ ချိတ်နေမှာလဲဗျာဆိုပြီး ပြန်ပြောမိပါတယ်။ ပြီးတော့ စိတ်ထဲမှာ မဖြစ်နိုင်လောက်ဘူးလို့လည်း ထင်မိခဲ့ပါတယ်။ Post တွေထဲမှာ စာတွေ၊ ပုံတွေ၊ ဗွီဒီယိုတွေပဲ ထည့်လို့ရမယ်လို့ ထင်ခဲ့တာလေ။

အခုနောက်ပိုင်းမှာမှ Post တွေတင်ရင်း သတိထားမိတာက Post ရေးတဲ့အခါ Edit HTML ရယ် Compose ရယ် ဆိုပြီး View နှစ်ခုရှိတဲ့နေရာမှာ Edit HTML ထဲမှာ ကိုယ်ကြိုက်တဲ့ HTML code တွေပါ ထပ်ထည့်လို့ ရတာဆိုတာကို တွေ့ရပါတယ်။ ပြီးတော့ Javascript ရော ရသလားဆိုပြီး ကျွန်တော်စမ်းကြည့်တယ်။ ရတယ်။

ဒါကြောင့် အခု Post မှာ button ထည့်ပြီး Link ချိတ်နည်းလေးကို Share ပေးလိုက်ပါတယ်။ Blogger တွေ အတွက်တော့ အသုံးကျမှာပါ။

ပထမဆုံး အောက်က script လေးကို Post ရေးတဲ့နေရာမှာ Edit HTML ကို ပြောင်းပြီး ထည့်လိုက်ပါ။




Enter your link here နေရာမှာတော့ ကိုယ်ချိတ်မယ့် link ကို ထည့်ပေးရမှာပေါ့။ ပြီးတော့ အောက်ကနေ ဒါမျိုးလေး ဆက်ရေးလိုက်ပါ။


Enter button name နေရာမှာတော့ button မှာပေါ်ချင်တဲ့ နာမည်ကို ထည့်ပေးရပါမယ်။

ကဲပြီးရင် ကိုယ်တင်မယ့် Post ကို ဆက်ရေးပြီး Publish လုပ်လိုက်တဲ့အခါမှာ Post ထဲမှာ button လေးတစ်ခု ရောက်နေမှာဖြစ်ပြီး အဲဒီ button ကို နှိပ်လိုက်ရင် ကိုယ်ပေးထားတဲ့ Link အတိုင်း Browser က new window နဲ့ ဖွင့်ပေးပါလိမ့်မယ်။

နမူနာအနေနဲ့ အောက်က button လေးကို နှိပ်ကြည့်လိုက်ပါဦးဗျာ။ google ကို နောက်ထပ် new window နဲ့ ဖွင့်ပေးပါလိမ့်မယ်။

နောက်ရက်ကျရင် Textarea ထည့်နည်းလေးပါ တင်ပေးထားပါဦးမယ်။




နှိပ်လည်း Google ကို ရောက်မှာမဟုတ်သေးဘူးဗျို့။ Code ပြင်ရဦးမှာ။ အခုတော့ သွားစရာရှိလို့ သွားလိုက်ဦးမယ်။ နောက်ရက်မှ ပြင်ထားလိုက်မယ်။

May 2, 2009

IT Men's Blog Gadget

ကျွန်တော်တို့ IT Men Blog ရဲ့ Gadget ကို ဖန်တီးလို့ ပြီးသွားပါပြီ။ စာဖတ်သူ ညီအစ်ကိုတွေထဲက Blogger တွေများ ပါတယ်ဆိုရင် ဒီ gadget လေးကို ကိုယ်ပိုင် blog မှာ ထည့်ပေးကြပါဦးလို့ တောင်းဆိုလိုပါတယ်ဗျာ။ Gadget ပုံစံကတော့ အောက်မှာ ပြထားသလိုပါ။ အဲဒီမှာ တစ်ချက်နှိပ်လိုက်ရင် itmen blog ကို ရောက်သွားမှာပါ။


အထက်ပါ Gadget အား မိမိ Blog တွင် ထည့်သွင်းနည်း
၁။ Blog ရဲ့ Layout မှာ Add a Gadget ဆိုတာကို နှိပ်ပါ။
၂။ Add a gadget dialog box ပေါ်လာရင် ဘယ်ဘက်အောက်နားက Add you own ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။
၃။ အဲဒီအခါမှာ Blogger က gadget ရှိတဲ့ URL ကို ထည့်ခိုင်းပါလိမ့်မယ်။ အဲဒီ text box ထဲမှာ http://itmenblog.googlepages.com/itmen.xml ဆိုပြီး copy ကူးထည့်လိုက်ပါ။
၎။ Add by URL ကိုနှိပ်ပါ။
၅။ Save ကို နှိပ်ပါ။

ဒါဆိုရင် မိမိ Blog မှာ IT Men's Blog ရဲ့ Gadget လေး ရောက်သွားပါပြီ။

Google Insights for Search



See what the world is searching for

တကမ္ဘာလုံးကလူတွေ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကလူတွေ Google ကြီးမှာ ဘာတွေများ ရှာနေကြသလဲ ဆိုတာ သိချင်ရင်တော့ အောက်က လင့်ခ်သာ နှိပ်လိုက်ပေတာ့။
www.google.com/insights/search

Microsoft Computer Dictionary Fifth Edition

ကျွန်တော့်ဆီမှာ ရှိနေတာတော့ ကြာပြီ။ တင်မယ် တင်မယ်နဲ့ မတင်ဖြစ်တာ။ အခုတော့ ရှဲလိုက်ပြီ။ Microsoft Computer Dictionary ပါ။ တော်တော်လေး စုံပါတယ်။ ဆောင်ထားပေါ့။ ကိုယ်မသိတဲ့ ကွန်ပျူတာ term တစ်ခုခုတွေ့ရင် ရှာကြည့်လိုက်ပေါ့။ မသိဘူးဆိုရင် သိအောင်လုပ်ရမှာပေါ့။ မသိတာကို မသိဘူးလို့ပဲ ပြောနေရင်တော့ မသိတော့မှာပဲ ရှိမှာပေါ့။ သိလိုစိတ်ရှိမှ တတ်ကျွမ်းမှုရှိမှာပေါ့...


Download Microsoft Computer Dictionary 5th Edition