January 12, 2010

4shared Desktop

အခုဆိုရင် File တွေကို Upload လုပ်ကြတဲ့အခါမှာ အများအားဖြင့် Mediafire တို့လို Web based တွေကိုပဲ အသုံးများနေကြပါတယ်။ Web based တွေဟာ Connection မကောင်းတဲ့အခါမှာ တင်ရတာ အဆင်မပြေဘဲ connection ကောင်းတောင်မှ တစ်ခါတရံ error တက်လေ့ရှိပါတယ်။

အခု ဒီ 4shared Desktop ကို စမ်းသုံးကြည့်ပါလားလို့ တိုက်တွန်းချင်ပါတယ်။ MB ရာချီရှိတာတောင်မှ နေ့လည်ခင်း connection နဲ့ အေးအေးဆေးဆေး upload လုပ်လို့ရပါတယ်။ ကျွန်တော့်အထင် သူက 80 port ကိုမသုံးဘဲ တခြား Port တစ်ခုကို သုံးထားလို့ အရမ်းမြန်နေတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် 4shared desktop ဟာ တခြား uploader နဲ့တောင် မတူပါဘူး။ upload လုပ်တာ အရမ်းမြန်တယ်၊ ပြုတ်သွားတာမျိုးလည်း မရှိဘူး။ အခုဆိုရင် upload လုပ်ချင်ရင် 4shared desktop ကိုပဲ Install လုပ်ပြီး တင်နေဖြစ်ပါတယ်။ နောင်လည်း ဒီအတိုင်းပဲ တင်သွားတော့မယ်။

http://www.4shared.com/file/50786419/76ca898d/4shared_Desktop_310.html ကနေ 4shared desktop ကို ရယူနိုင်ပါတယ်။

No comments:

Post a Comment