June 2, 2007

အာဏာရှင်ဆိုသည်မှာ

အာဏာရှင်အစိုးရတို့သည် တိုင်းပြည်လူထု၏အကျိုးကိုရှေးရှု၍ အာဏာရှင်စနစ်ကို ကျင့်သုံးရခြင်းဖြစ်သည်ဟုယုံကြည်ကြ၏။ အာဏာရှင်မိဘတို့သည် သားသမီးများကို ချစ်သောကြောင့်ဖိနှိပ်ချုပ်ချယ်ထားခြင်းဖြစ်သည်ဟု ဆိုကြ၏။ အာဏာရှင်တို့သည် မိမိတို့၏အတ္တမာနအားကြီးမှုကို ၀န်ခံကြမည်မဟုတ်ချေ။ သူတို့၏လက်အောက်ခံလူများကလည်း မိမိတို့၏မိဘ၊ သို့မဟုတ် ခေါင်းဆောင်များကို ကြည်ညိုလေးစားသောကြောင့် အမိန့်နာခံခြင်းဖြစ်သည်ဟုယုံကြည်ကြ၏။ စင်စစ် မိမိတို့၏အစွမ်းသတ္တိညံ့ဖျင်းမှု၊ လွတ်လပ်ရေးကိုတန်ဖိုးမထားမှု၊ မိမိကိုယ်ကိုအားမကိုးဘဲ သူတစ်ပါးကိုမှီခိုလိုမှု စသောအားနည်းချက်များကြောင့် ကျိုးနွံခြင်းဖြစ်ကြောင်း မသိမြင်ကြချေ။
ဦးအေးမောင် (`ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´မှ ကောက်နှုတ်ဖော်ပြသည်)

1 comment:

  1. ကြိုက်သွားပီ.....ဒီလိုမှတ်လောက်သားလောက်အောင်စော်ပစ်လိုက်တာကောင်းတယ်....

    ReplyDelete