June 10, 2007

Gmail And Plus Addressing

gmail ရဲ့ plus addressing ဆိုတာက အတော်အသုံးဝင်ပါတယ်။Website တွေမှာ Register လုပ်တဲ့အခါ ဒီ Website ဟာ ကိုယ့် email address ကိုspammer တွေဆီ ရောင်းစား/မစားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် အဲဒီလို Website တွေကို register လုပ်ရင်း ကိုယ့် email address ကိုရိုက်ထည့်တဲ့အခါကိုယ့်အီးမေးလ်နောက်မှာ plus sign လေးထည့်ပေးလိုက်ပါ။ဥပမာ ခင်ဗျားမေးလ်က kyawkyaw@gmail.com လို့ဆိုပါတော့။ Email ထည့်ခိုင်းတဲ့Website က gogo.com ဆိုပါတော့။ ဒါဆိုရင် kyawkyaw+gogo@gmail.com လို့ရိုက်ပေးလိုက်ပါ။ အဲဒီ Website ကမေးလ်ပို့တဲ့အခါ kyawkyaw+gogo@gmail.com နဲ့ပို့မှာပါ။ kyawkyaw+gogo@gmail.com နဲ့ kyawkyaw@gmail.com ကအတူတူပါပဲ။ဒါပေမဲ့ Plus ခံထားတဲ့အတွက် Filter လုပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ Gmail ထဲက Filter Option က To: မှာ kyawkyaw+gogo@gmail.com လို့ထည့်ပါ။ပြီးရင် အဲဒီ Address နဲ့ လာတဲ့Mail တွေကို Star ပဲလုပ်လုပ်၊ Delete ပဲလုပ်လုပ်ကိုယ်ကြိုက်တာ လုပ်ခိုင်းလို့ရပါပြီ။

1 comment:

  1. OKie THz .. that's suffer gmail user nowadays..anyway thz

    ReplyDelete