November 16, 2007

About File Hash

ခင်ဗျားရော ကျွန်တော်ရော အင်တာနက်သုံးတယ်။ ဟိုဟာဒီဟာ download လုပ်တယ်။ တခါတလေ connection ကျသွားရင် download လုပ်တာ 99% ရောက်ပြီးကာမှ အစကပြန်လုပ်ရတာမျိုး ကြုံဖူးတယ် မဟုတ်လား။ အဲဒီလို ပြဿနာကျ Free Download Manager သုံးပြီး ဖြေရှင်းနိုင်တယ်။ သူ့မှာက Resume စနစ် ပါတယ်။ connection ပြတ်လည်း ရောက်တဲ့နေရာကနေ ပြန်လုပ်ပေးတယ်။ ဒီထိတော့ ခင်ဗျားလည်း သိမှာပါ။ အဲ နောက်တစ်ခုကတော့ တကယ့်ပြဿနာဗျ။ 100% ထိလည်း ရောက်တယ်။ ဖွင့်ကြည့်တော့မရ။ download လုပ်တာ မပြည့်စုံဘူးလို့ပဲ error ပြပြနေတာမျိုးပေါ့။ ဒီထိ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်းမသိသေးဘူး။ နောက်ပိုင်း တချို့ website တွေမှာ File တစ်ဖိုင်ကို download ပေးပြီဆိုရင် အောက်မှာ MD5 Hash ဆိုတာ ပါလာတယ်။ 32 လုံးထိ ရှည်တယ်။ number တွေရော၊ character တွေရော ပါတယ်။ ဒါမျိုးလေး 4E5DFD6C2B42409AF27340A1E7D4FE41
ဒါနဲ့ အဲဒါ ဘာလဲပေါ့။ လိုက်ရှာကြည့်တော့ လားလား download ပြဿနာကြီးကို လုံးဝရှင်းပေးတဲ့နည်းပဲဗျ။
သဘောက ဖိုင်တစ်ဖိုင်မှာ သူ့ရဲ့ size ပေါ်မူတည်ပြီး Hash value တွေပြောင်းသွားတယ်။ အဲဒီဖိုင် ပြည့်စုံမှု ရှိမရှိဆိုတာ File Hash ကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။ ခင်ဗျားက Website တစ်ခုကနေ File download လုပ်မယ်ဗျာ။ အဲဒီ Website မှာ အဲဒီဖိုင်အတွက် Hash value ပေးထားမယ်။ ခင်ဗျား download လုပ်လိုက်တဲ့ File ရဲ့ Hash value နဲ့ Website မှာ ပြထားတဲ့ Hash value တူကိုတူရမယ်။ မတူရင် အဲဒီဖိုင် download လုပ်တာ မပြီးဘူးလို့ယူဆလို့ရပါတယ်။
File Hash တွက်နည်းတွေ အများကြီးရှိပါတယ်။ MD5, SHA1, CRC32 စသည်ဖြင့်ပေါ့။ MD5 က အသုံးများတယ်။ File Hash တွက်ပေးတဲ့ Program ထဲမှာ www.beeblebrox.org က ထုတ်တဲ့ Hash Tabက အကောင်းဆုံးပဲ။ Windows Shell Extension လည်းဖြစ်တယ်။ File ကို Right Click နှိပ်၊ Properties ရွေးပြီး File Hash ကို ရွေးလိုက်ရုံပဲ။ Compare လုပ်ဖို့အတွက် Compare button လေးပါပါတယ်။ download လုပ်ဖို့အတွက်တော့ http://www.beeblebrox.org/hashtab/ ကိုသွားလိုက်ပါဦး။်

No comments:

Post a Comment