November 8, 2007

Portable Application တွေအကြောင်း

Portable application ဆိုတာက portable device တွေမှာ သုံးလို့ရတဲ့ application ကိုပြောတာပါ။ ဥပမာ- ခင်ဗျားရဲ့ MP3 Player, Memory Stick ထဲမှာပေါ့။ Install လုပ်စရာမလိုဘူး။ ချက်ချင်းသုံးရုံပဲ။ ဘယ်လောက်ဟန်ကျသလဲ။ ကိုယ်ထည့်ချင်တဲ့ application တွေထည့်၊ သွားလေရာသယ်သွားရုံပဲ။
ခင်ဗျားတို့လည်းတွေ့မှာပါ။ ကွန်ပျူတာဂျာနယ်နောက်ကျောဖုံးမှာ စီဒီဖိုရမ်ကကြော်ငြာကိုလေ။ အဲဒီထဲမှာ USB Drive ကနေတိုက်ရိုက်သုံးလို့ရတဲ့ AutoCAD တွေဘာတွေ စသည်ဖြင့်ရေးထားတာလေ။ အဲဒါ portable application တွေပဲ။ အခုနောက်ပိုင်း ဗိုင်းရပ်စ်တွေဆိုးရွားလာတော့ ကျွန်တော်က ကျွန်တော့် Memory Stick ထဲ Antivirus Software လေးထည့်ထားလိုက်တယ်။ ဗိုင်းရပ်စ်ရှိတဲ့စက်ထိုးလည်း ကိစ္စမရှိဘူး။ Automatic ကာကွယ်ပြီးသားပဲ။
ကဲ..ကဲ ကျွန်တော်ဒီလောက်ညွှန်းနေမှတော့ သုံးချင်လာပြီနဲ့တူတယ်။ အလကားရတယ်နော်။ ဘယ်မှာလဲဆိုတော့ www.portableapps.com

No comments:

Post a Comment