March 20, 2008

ကြိုးစားလိုက်ရအောင်

စာဖတ်သူတွေကို ဟိုဆော့ဖ်ဝဲကောင်းတယ်၊ ဒီဝက်ဆိုက်ကောင်းတယ် စသည်ဖြင့် သိပ်မညွှန်းချင်ဘူးဗျ။ ဘာကြောင့်လို့ဆိုတော့ ကောင်းတဲ့ program တွေကလည်း အများကြီး၊ ကောင်းတဲ့ Website တွေကလည်း အများကြီး။ လိုက်သုံးလို့ ဆုံးမှာမဟုတ်တော့ဘူး။ ပြီးတော့ အဲဒါတွေ လိုက်သုံး၊ လိုက်ကြည့်နေရင် ကိုယ်က user အဆင့်က တတ်မှာမဟုတ်တော့ဘူး။ (တကယ်အကျိုးရှိမဲ့အရာတွေကိုတော့ ကျွန်တော်ညွှန်းပါသည်) ကျွန်တော်တို့တွေ normal user၊ advanvced user အဆင့်နဲ့တင် တန့်နေလို့ မဖြစ်ဘူး။ developer တွေဖြစ်အောင် ကြိုးစားရမှာ။ သူများတွေ (နိုင်ငံခြားကလူတွေ) ဖန်တီးထားတာကို အားကျနေမဲ့အစား ငါတို့လည်း သူတို့လို ဘာကြောင့်မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကလေးထားပြီး ကြိုးစားသင့်တယ်လို့ ကျွန်တော်မြင်တာပဲ။ ဟိုစပ်စပ်၊ ဒီစပ်စပ်လုပ်မနေပဲ တစ်လိုင်းလိုင်းကိုပဲ အပြင်းအထန်လိုက်၊ ကြိုးစား လေ့လာနေရမှာ။ ကွန်ပျူတာနဲ့ပတ်သတ်တာတွေက အကုန်လုံး စိတ်ဝင်စားစရာတွေချည်းပဲမဟုတ်လား။ အဲဒါပဲ..အကုန်လုံးက စိတ်ဝင်စားစရာကောင်းပေမဲ့ အကုန်လိုက်ပြီး မလေ့လာပါနဲ့။ ဆုံးမှာမဟုတ်ဘူး..လုံးဝဆုံးမှာမဟုတ်ဘူး။ တစ်ခုတည်းကိုပဲ ရွေးပါ။ networking လား၊ programming လား၊ database လား၊ web လား..ကိုယ်ဘာကိုစိတ်ဝင်စားသလဲ၊ ဘယ်ဟာကိုရွေးရင် ဖြစ်ထွန်းနိုင်သလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးပါ။ ပြီးရင် စလုပ်လိုက်ပါတော့။

3 comments:

  1. That's right Buddy ! I absolutely agree with u.Keep it up ! Be successful ! Cheers !

    ReplyDelete
  2. ကျေးဇူးအစ်ကိုရေ အစ်ကိုစကားတွေကလေးစားဖို့ကောင်းတယ် :))

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete