March 18, 2008

Copyright ကို မထောက်ခံပါ

Copyright တွေကိုတော့ အားနာပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ အခုထက်ထိ Copyright law မရှိသေးတော့ Priate Software တွေကို အားရပါ;ရ သုံးကောင်းနေတုန်းပဲရှိပါသေးတယ်။ ဒေါ်လာ ၂၉၉ ဒေါ်လာတန်တဲ့ Windows Vista ကိုလည်း မြန်မာငွေ ၁၀၀၀ လောက်နဲ့ရ၊ Photoshop CS3 ဆိုလည်း နိုင်ငံခြားကလူတွေတောင် သုံးနိုင်ဦးမယ်မထင်သေးဘူး၊ ကျွန်တော်တို့က သုံးနိုင်နေပြီ။ ဒီကြားထဲ ဒီ software လေးကောင်းတယ်ကွ၊ ယူသွားပါလားဆိုပြီး share သမားတွေလည်း အများကြီး။ အဲဒါကြောင့်ပြောတာ။ မြန်မာပြည်ဟာ ကွန်ပျူတာသမားတွေအတွက် အကောင်းဆုံးနိုင်ငံပါဆို။ တကယ်ပြောတာပါ။ ကျွန်တော်တို့မှာ ငွေအနည်းငယ်နဲ့ ဒေါ်လာရာပေါင်းများစွာတန်တဲ့ software တွေကိုသုံးနိုင်တယ်။ Ebook တွေလည်း ဖတ်စမ်းပါလိမ့်။ နည်းပညာစာအုပ်တွေကိုလည်း re-print တွေလုပ်ကြ၊ ဈေးချိုချိုနဲ့ရောင်းကြ။ ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ တချို့က မြန်မာပြည် copyright မရှိဘူး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောနေကြတာ။ တကယ်တမ်းသာ copyright law ရှိကြည့်ပါလား။ ကျွန်တော်တို့ရဲ့ လက်ရှိဝင်ငွေလေးတွေနဲ့ အခု သုံးနေတဲ့ Software တွေကို အနားတောင်သီနိုင်မှာမဟုတ်ဘူး။ copyright သမားများခင်ဗျား..လောလောဆယ် မြန်မာပြည်သူတွေရဲ့ တစ်ယောက်ချင်းစီ ပျှမ်းမျှဝင်ငွေကို လေ့လာတွက်ချက်ပြီးမှ copyright အကြောင်း ပြောပါခင်ဗျား။

2 comments:

  1. That's dead right!...Copyright will make us disappointed...Because I can afford $ price!..

    ReplyDelete
  2. Yeah that's right,
    so we have so many chance to improve our knowledge on products but not complete... so how can we think about myanmar developers? if they said just about copyright for their products,we should think about them!

    but i preferred COPYLEFT!
    Freely use,Freely test!
    Just positive comment!

    I'm one of Tux-lover! :P

    ReplyDelete