March 4, 2008

Dictionary Extensions for Firefox


Post From cmsmdy.blogspot.com

internet ကနေ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အချက်အလက်တွေကို ရှာဖွေ ဖတ်ရှူ့ မှတ်စုလုပ်နေကြရပါတယ်။ "သတင်းစာတစ်ရက် မဖတ်ရင် တစ်ရက်ခေတ်နောက်ကျတယ်" ဆိုသလိုပဲ အင်တာနက် တစ်ရက်မကြည့်ရင်လည်း အဲဒီထက်ပိုပြီး ခေတ်နောက်ကျသွားမယ်တောင် ထင်ပါတယ်။ အချက်အလက်တွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ အဓိကကြုံတွေ့နေရတာက English စာ အခက်အခဲပါ။ အဓိကကတော့ ကိုယ်မသိတဲ့ စာလုံးပေါင်း အဓိပ္ပယ်တွေကို နားလည်ဖို့လိုပါတယ်။ အဲဒီလို အခက်အခဲတွေကို အဆင်ပြေဖို့အတွက် Dictionary တွေကို အသုံးချရပါတယ်။ Dictionary သုံးတဲ့အခါမှာ စာအုပ်နဲ့ကြည့်တာ ရှိသလို အင်တာနက်သုံးရင်းနဲ့ Online Dictionary site တွေမှာ သွားရောက်ရှာဖွေတာလည်း ရှိပါတယ်။ အခုပြောမယ့် firefox extension တွေကို သုံးမယ်ဆိုရင် စာလုံးပေါင်းတွေကို အဲလိုမျိုး တကူးတကသွားပြီး ရှာဖွေစရာ မလိုပါဘူး။ click လုပ်ရုံနဲ့ ကိုယ်သိချင်တဲ့ result ကို ဖော်ပြပေးမှာဖြစ်ပါတယ်။


1. Dict - ဒီ extension ကို install လုပ်ပြီး ရှာဖွေရတာလွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့စာလုံးကို highlight လုပ်၊ နောက် .. right click လုပ်ပြီး ကြည့်ရုံပါပဲ။ ဥပမာ .. "blog" ဆိုတဲ့စာလုံးကို hightlight လုပ်ပြီး right click လုပ်ကြည့်မယ်ဆိုရင် Define "blog" ဆိုပြီးပေါ်နေတာ တွေ့ရမှာပါ။ အဖြေ (result) ကိုတော့ pop-up window တစ်ခုအနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

2. Dictionary Search - အပေါ်မှာ ဖော်ပြခဲ့တဲ့ dict extension နဲ့အတူတူပါပဲ။ result ကိုတော့ new tab တစ်ခုအနေနဲ့ ဖော်ပြပေးပြီး The Free Dctionary ကို အခြေခံထားပါတယ်။

3. FastDict - ကျွန်တော်ကတော့ ဒီ extension ကိုအကြိုက်ဆုံးပါပဲ။ install လုပ်ပြီးချင်း သုံးလို့မရသေးပဲ သူ့ရဲ့ option ကိုသွားပြီး setting လုပ်ပေးရပါသေးတယ်။ setting လုပ်ဖို့အတွက်ကတော့ Tools > Add on ကိုသွားပြီး FastDict ရဲ့ Option မှာ ထည့်ပေးရမှာပါ။ setting ပေးရတာ သုံးမျိုးပဲရှိပါတယ်။ စာလုံးတစ်လုံးရဲ့ အဓိပ္ပယ်ကို သိချင်ရင် အဲဒီစာလုံးကို control+click (or) shift+click (or) alter+click နဲ့ကြည့်မှာလား ဒါမှမဟုတ် သုံးမျိုးလုံးကို အသုံးပြုပြီး ရွေးမှာလားဆိုပြီး setting သတ်မှတ်နိုင်ပါတယ်။

Option ထဲမှာပါတဲ့ setting တွေပါ။ ကျွန်တော့်ဆီမှာ control+click လုပ်ရင် စာလုံးရဲ့ အဓိပ္ပာယ်ကို ဖော်ပြဖို့ လုပ်ထားပြီး Dictionary ကိုတော့ Cambridge Dictionary ကို ရွေးထားပါတယ်။ Dictionary တွေအပြင် wiki, google search စတာတွေမှာလည်း ရှာဖွေဘို့အတွက် setting ပေးထားနိုင်ပါတယ်။

No comments:

Post a Comment