April 21, 2008

ဘာကြောင့် အွန်လိုင်းပေါ် ရောက်မလာကြတာလဲ

အခုအချိန်တွင် အိုင်တီခေတ် ၊ အိုင်တီခေတ် ဟု အော်နေကြသောကွန်ပျုတာနည်းပညာ စာစောင်မဂ္ဂဇင်းများက အွန်လိုင်းပေါ်ရောက်မလာဘဲ အခြား ဂျာနယ် ၊ မဂ္ဂဇင်းများသာ အွန်လိုင်းပေါ်တက်လာကြပါသည်။

အထူးသဖြင့် ကွန်ပျုတာဂျာနယ် ၊ ပီစီမဂ္ဂဇင်း(ကွန်ပျုတာမဂ္ဂဇင်း) ၊ ပီစီဝါးလ်ဒ် ၊ အင်တာနက် ဂျာနယ်များသည် အွန်လိုင်းပေါ်တွင် မရှိမဖြစ်ရှိနေသင့်ပါသည်။ ဘာကြောင့်လဲဟုမေးစရာရှိပါသည်။ ကွန်ပျုတာနည်းပညာပြန့်ပွားစေချင်လို့ပါ။ ဒါကတော့ မင်းပြောမှလားပေါ့။ သူတို့လည်း နည်းပညာ တိုးတက်စေချင်လို့ စာအုပ်ထုတ်နေတာပဲ။ မှန်ပါသည်။ office ဘယ်လောက်ပဲထုတ်ထုတ် ၊ ဘယ်နှစ်နှစ်သက်တမ်းပဲရှိပါစေ online ပေါ်ရောက်မလာသေးသရွေ့ထိုဂျာနယ် ၊ မဂ္ဂဇင်းများသည် အိုင်တီခေတ်၏ ပြယုဂ်များ မဖြစ်နိုင်သေးပေ။ ထုတ်ဝေသူများဘက်မှဆင်ခြေပေးစရာများစွာရှိနေနိုင်သော်လည်း ကျွန်တော်တို့စာဖက်သူများဘက်ကတော့ဖြစ်စေချင်လှပါပြီ။

အင်တာနက်ဂျာနယ် online ပေါ်ရောက်ခဲ့ဖူးပါသည်။ သို့သော်လည်း ဂျာနယ်ထွက်ပြီး အတော်ကြာမှတင်သည်။ မထူးပါ offline ကပို၍မြန်နေသည်။ ယခုမူ www.planet.com.m/internetjournal ဟု ရိုက်ထည့်လိုက်လျှင် planet ၏ new page ကိုသာ ရောက်သွားပါသည်။ internet ဂျာနယ်ကြီး ဘယ်ရောက်သွားပါသနည်း။

ဤနေရာတွင် eleven media group ၏ website(www.11mediagroup.com)နှင့် နှိုင်းယှဉ်ပြောလိုပါသည်။ ထို website တွင် weekly eleven , first eleven စသည်ဂျာနယ်များကို တင်ပေးထားပါသည်။ offline မှာ ဒီနေ့ထွက် ၊ ဒီနေ့ online ပေါ်ရောက်နေပါပြီ။ online ပေါ်တင်ထားလို့ offline မှာရောင်းအားကျသွားမည်လားဟု ထုတ်ဝေသူများဘက်မှစဉ်းစားလိုပါက လုံးဝမကျနိုင်ကြောင်းကျွန်တော်အာမခံရဲပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တစ်နေ့ online ပေါ်တက်နေသောသူအရေအတွက်သည် တတိုင်းပြည်လုံးရှိလူဦးရေနှင့်စာလျှင် မပြောပလောက်ပါ။ ဒုတိယအချက်အနေဖြင့် online ပေါ်တွင် ဘယ်လောက်ဖက်ရဖက်ရ ဂျာနယ်လေးကို လက်ကကိုင်ပြီး ဖက်ရတာနဲ့ အရသာချင်း မလဲနိုင်ပါ။ ကျွန်တော့်နည်းတူ အားလုံးလည်းကျွန်တော်ကဲ့သို့မြင်သည်ဟု ထင်ပါသည်။

ကွန်ပျုတာဂျာနယ်၊ ပီစီမဂ္ဂဇင်း၊ ပီစီဝါးလ် မဂ္ဂဇင်းများသည်လည်း www.pcworld.com , www.pcmag.com လိုလုပ်ဆောင်သင့်ပါသည်။ ထုတ်ဝေပြီးခဲ့သမျှ issue တွေထဲကနေ subject လေးတွေခွဲပေးထာမယ်။ ဥပမာ ကွန်ပျုတာသတင်း ၊ ကွန်ပျုတာသင်ခန်းစာ စသည်ဖြင့်ပေါ့။ ပြီးတော့ searching ပါသင့်တယ်။ ကျောင်းသား ၊ ကျောင်းသူ တစ်ယောက်က Reference တစ်ခုခုလုပ်ချင်တဲ့အခါမျိုး ၊ ဒါမှမဟုတ် အဟောင်းတွေပြန်ဖက်ချင်တာမျိုး ဖြစ်လာတဲ့အခါ မဂ္ဂဇင်းစာအုပ်တွေ တပုံကြီးကို ကိုင်မွှေရမယ့်အစား keyboard နဲ့ mouse ကိုသာသုံးပြီး ရှာနိုင်ရင်ဘယ်လောက်ကောင်းမလဲ။ အင်တာနက်မှာ သိချင်တာတွေမှန်သမျှ ရှာလို့ရတယ်ဆိုပေမယ့်မြန်မာလိုရေးထားတာတွေလောက်တော့ ဘယ်အင်္ဂလိပ်စာကမှ ခံတွင်းမတွေ့စေနိုင်ပါဘူး။

ကျွန်တော်ပြောတာ pdf ဖိုင်တွေတင်ပေးဖို့ပြောတာမဟုတ်ပါဘူး။ ရိုးရိုး webpage တွေသာတင်ရုံနဲ့ကို customer တွေကျေနပ်ကြမှာပါ။ issue တွေအားလုံးဟာ ကွန်ပျုတာနဲ့ စာစီထားခဲ့တာပဲမဟုက်လား။ သိပ်အကြာကြီးမဟုတ်လောက်ပါဘူး။ ခင်ဗျားတို့မအားဘူးဆိုရင်လည်း ကျွန်တော်တို့လုပ်ချင်ပါတယ်။ အလကားနူန်းနဲ့ပေါ့။ တကယ်ပြောတာပါ။

'နေရာတိုင်း computerized ဖြစ်မှ computer ခေတ်ကိုရောက်တာပါ'

No comments:

Post a Comment