May 30, 2008

Babylon And Padoma

အခုခေတ်က ကွန်ပျူတာခေတ်ပါ။ အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ ဆိုလိုရင်းကို သိဖို့ Oxford Dictionary အထူကြီးကို လှန်ရှာနေရမယ့်ခေတ်မဟုတ်တော့ဘူးလေ။ Computer နဲ့ရှာကြည့်၊ အချိန်တွေအများကြီးသက်သာသွားမယ်။ (ဒါကလည်း မီးလာမှပေါ့)။ အင်တာနက်မှာ ရနိုင်တဲ့ Dictionary Program တွေထဲက Babylon ကို ဖောက်သည်ချလိုက်ပါတယ်။ (Babylon ကို Gmail ကနေ မိတ်ဆတ်ပေးတဲ့ ကိုမင်းနိုင်ဦးကို ကျေးဇူးတင်ပါတယ်)
Babylon ဆိုတာက Dictionary Program လေးတစ်ခုပါ။ Size လည်းသေးတယ်။ ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့စကားလုံးတစ်ခု တွေ့ပြီဆိုရင် Control key နဲ့ Mouse တစ်ချက်နှိပ်ပြီး အနက်အဓိပာယ်ကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် dictionary တွေလည်း ထပ်ထည့်လို့ ရပါသေးတယ်။ အဲဒါကိုသိတဲ့ Padoma အဖွဲ့က Babylon မှာ ထပ်ထည့်လို့ရတဲ့ English-Myanmar Dictionary File လေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ စာဖတ်သူလည်း သုံးကြည့်ပါဦး။
အသုံးပြုနည်း
၁။ Babylon ရဲ့ မူရင်းလိပ်စာက www.babylon.com ပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ Myanmar ISP တွေက ပိတ်ထားပါတယ်။ ဒါကြောင့် www.download.com မှာ Babylon 7 လို့ရိုက်ထည့်ပြီး ရှာပြီး Download လုပ်ပါ။ ပြီးရင် Babylon မှာ English-Myanmar ရနိုင်ဖို့ ဒီဖိုင်လေးကို Download လုပ်ပါ။
၂။ ပြီးရင် Babylon ကို Install လုပ်ပါ။
၃။ English-Myanmar Dictionary ကို Babylon ထဲ ထည့်ဖို့အတွက် Options ကိုနှိပ်ပါ။ Dictionaries>Install dictionaries from disk ကိုရွေးပါ။
၎။ Padoma-English-Myanmar ဖိုင်ကိုရွေးပါ။ OK နှိပ်ပါ။
၅။ စသုံးကြည့်လို့ရပါပြီ။ Babylon ထဲမှာ ကိုယ်မသိတဲ့စကားလုံးကို ရိုက်ထည့်ပြီး ရှာနိုင်သလို ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့ စကားလုံးတွေ့ရင် Control key ကို ဖိထားပြီး Mouse နဲ့ တစ်ချက်နှိပ်ရင်လည်း အဲဒီစကားလုံးရဲ့ meaning ကို Babylon က ပြောပြပါလိမ့်မယ်။

1 comment:

  1. cannot see myanmar font and i only can see is so many square boxes. please help me.....

    ReplyDelete