June 25, 2008

Mystery Zillion

Mystery Zillion ကိုတော့ တော်တော်များများ သိကြမှာပါ။ မသိသေးရင်တော့ www.mysteryzillion.com ကို သွားလည်ကြည့်ကြပါ။ လူငယ်ကွန်ပျူတာပညာရှင်လေးတွေ တည်ထောင်ထားတယ်လို့ ယူဆမိပါတယ်။ အဓိကဇောင်းပေးထားတာကတော့ Forum ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်လို့ရတယ်။ ကိုယ့်အခက်အခဲတွေပြောပြလိုက် ကူညီမယ့်သူတွေ တစ်ပုံကြီးပါ။ ဒါပေမဲ့တစ်ခုရှိတာက အဲဒီ site ကို အပေါ်ယံလေးတင် မကြည့်ပါနဲ့။ အချိန်ပေးပြီး Forum လေးတွေကို လိုက်ဖတ်ကြည့်ပါ။ ဗဟုသုတ တစ်ကယ်တိုးပါတယ်။ member ၀င်ထားရင်တော့ ပိုကောင်းတာပေါ့။ နောက်ဆိုရင်တော့ မြန်မာပြည်က ကွန်ပျူတာသမားတွေ အမြဲဆုံတဲ့ နေရာလေးတစ်ခု ဖြစ်လာမလားပဲ။

No comments:

Post a Comment