June 19, 2008

thG Trojan အား ဖယ်ရှားနည်း

အခုတစ်လော Memory Stick တွေမှာ thG.exe ဆိုတဲ့ ဖိုင်လေးတစ်ဖိုင် တွေ့နေရပါတယ်။ ဖျက်လို့လည်းမရဘူး။ ကျွန်တော့် ကွန်ပျူတာလေးလည်း Memory Stick တွေကနေတစ်ဆင့် ကူးပါလေရော။ Kaspersky က လုံးဝကို မသိဘူး။ ကျွန်တော်လည်း တော်တော်စိုးရိမ်သွားတာပေါ့။ ဒီကောင် ဘယ်လိုများ ဒုက္ခပေးမှာလဲဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်စက်ကို Stick ထိုးလိုက်တိုင်း အဲဒီကောင်လေးက ခုန်ကူးသွားတယ်။

thG  ဆိုတာ ဘာလဲ?
thG ဆိုတာ trojan horse Gallery ရဲ့ အတိုကောက်ပါ။ virae.org က ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ကိုယ့် Memory Stick မှာ thG ရှိမှန်း ဘယ်လိုသိနိုင်မလဲ?
Stick ကို ဖွင့်တဲ့အခါ wget.exe ဆိုတဲ့ဖိုင်လေး တွေ့လိမ့်မယ်။ My Computer မှာပေါ်တဲ့ Removable Disk icon ဟာ ခါတိုင်း icon ပုံမဟုတ်ဘဲ Hard Disk icon ပုံဖြစ်နေလိ့မ်မယ်။ ဖွင့်တဲ့အခါမှာလည်း တော်တော်လေးကြာမှ New Window နဲ့ ပွင့်လာလိမ့်မယ်။

ကိုယ့်စက်မှာ thG.exe ၀င်နေမှန်း ဘယ်လိုသိနိုင်မလဲ?
Task Manager ဖွင့်ကြည့်တဲ့အခါ thG.exe သို့မဟုတ် wget.exe သို့မဟုတ် wscript.exe ဆိုတာ run နေရတာကို တွေ့ရမယ်ဆိုရင်၊ ကွန်ပျူတာကို Memory Stick တပ်သုံးပြီး Safely Remove နဲ့ဖြုတ်တဲ့အခါ error တက်ပြီဆိုရင် ခင်ဗျားစက်မှာ  thG Trojan လေးဝင်နေတာ သေချာပြီပေါ့ဗျာ။

သူက ကွန်ပျူတာကို ဘယ်လိုဒုက္ခပေးသလဲ
ဘာမှတော့ မဖြစ်ပါဘူး။ အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာဆိုရင်တော့ Restart လုပ်တိုင်းလုပ်တိုင်း Desktop Background ပြောင်းပြောင်းသွားပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တဲ့ Stick မှန်သမျှထဲ ကူးသွားပါလိ့မ်မယ်။

ဘယ်လိုဖယ်ရှားမလဲ
လွယ်လွယ်လေးပါ။ ကွန်ပျူတာထဲမှာ ရှိနေတဲ့ thG ကိုဖယ်ရှားတဲ့ Program လေးကို ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ Double Click နှိပ် ဖွင့်လိုက်ရုံပါပဲ။ Flash Drive ထဲမှာရှိတဲ့ thG.exe ကို ဖယ်ရှားတဲ့ Program ကိုတော့ ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ ဖွင့်ပြီး run ပါ။


No comments:

Post a Comment