July 8, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း (၅)

caaung: i have a problem with IE antivirus(spyware).dialogue box came up when opening folder.I try with many spy ware soft but cant solve ......So PLS HELP ME ...With respects Geek
အဖြေ။ ။ folder တွေကို ဖွင့်တိုင်း ဖွင့်တိုင်း dialog box ပေါ်လာတာကို ပြောတာလားမသိဘူး။ အဲဒီ dialog box မှာရော ဘာတွေရေးထားတာလဲ။ အသေးစိတ်ပြောပေးပါဦး။

kophyo: How can I recover my win XP login that was give a password by unknown user.
အဖြေ။ ။ Passware Recovery Kit 7.0 ဆိုတဲ့ software နဲ့ recover လုပ်လို့ရပါတယ်။ စီဒီဆိုင်တွေမှာ မေးဝယ်ပါ။

caaung: i wanna know Torrent and how to use
အဖြေ။ ။ Torrent တွေကို မြန်မာပြည်မှာ သုံးမရဘူးဗျ။ ပိတ်ထားတယ်။

သန်းထိုက်: CCNA Exam ဖြေဖို့ဘာတွေကိုကြည့်ဖို့လိုမလဲဆိုတာသိချင်ပါတယ်။
အဖြေ။ ။ CCNA စာအုပ်တွေ ကွန်ပျူတာဂျာနယ်တိုက်မှာ ရှိပါတယ်။ အဲဒါတွေကိုပဲ ပြီးအောင် ဖတ်ပါဦး။

KMT: How I can set email account in portable Thunderbird email program.
အဖြေ။ ။ Thunderbird ကိုတော့ မသုံးဘူးဗျ။ အခု ဆိုင်မှာဗျ။ အိမ်ရောက်မှ check လုပ်ပြီး မေးလ်ပို့လိုက်မယ်နော်။

mgmg: ကွန်ပျူတာကိုpassword ဘယ်နှမျိုးရှိပါသလဲ..အစ်ကို။ပြောပြပါနော်။လုပ်နည်းလေးပါရေးထားပေးပါ။ညီလေး..mail ကိုပို့ပေးရင် ပိုကောင်းပါတယ် အစ်ကို..ကူညီပါလို့ တောင်းဆိုပါရစေ.
အဖြေ။ ။ password ဘယ်နှစ်မျိုးရှိသလဲ။ အဲ..password ပါဆို password တစ်မျိုးတည်းရှိတာပေါ့။

thetnaingwin: Laser Printer ကို Network Printer ကနေ ထုတ်ရင် ကနေထုတ်ရင် အရမ်းကြာနေတယ် Virus ကြောင့်လား
အဖြေ။ ။ share ပေးထာတဲ့စက်ရဲ့ spooler service ကို စစ်ကြည့်ပါ။ Run ထဲမှာ services.msc လို့ ရိုက်ထည့်ပြီး Print Spooler ကို တွေ့အောင်ရှာပါ။ သူက Started ဖြစ်နေရဲ့လား။ ဖြစ်မနေရင် Double Click နှိပ်ပါ။ ပေါ်လာတဲ့ box ထဲမှာ Start ခလုတ်ကို နှိပ်ပါ။ ပြီးရင်  Recovery tab ပေါ်မှာနှိပ်လိုက်ပါဦး။ First Failure, Second Failure, Subsequent Failure တွေမှာ Restart the Service ကိုပဲ ရွေးပေးပါ။
နောက်ဖြစ်နိုင်ချေတစ်ခုက share ပေးတဲ့စက်ရဲ့ Memory နဲ့ ဆိုင်ပါတယ်။ နည်းနေရင်တော့ ကြာမှာပဲ။
နောက် ဖြေရှင်းနည်းတစ်ခုက လှမ်းထုတ်မဲ့ စက်ရဲ့ Priority ကို မြှင့်ပေးရင် ရနိုင်ပါတယ်။ လှမ်းထုတ်မဲ့စက်ရဲ့ Control Panel>Printer and Fax ကို သွားပါ။ Printer ရဲ့ Properties ထဲမှာ Priority ပါပါတယ်။ ရှာကြည့်ပါ။ အဲဒီတန်ဖိုးကို တိုးကြည့်ပါ။

wathan: လက်ရှိ့ Mother Board တွေထဲမှာအကောင်းဆုံးMother Board ကိုပြောပြပေးပါနော်..
အဖြေ။ ။ အကောင်းဆုံးရယ်လို့တော့ ဖြေရခက်တယ်ဗျာ။ ကိုယ်က ဘာအတွက်သုံးချင်တာလဲ။ အဲဒီအပေါ်မှာ မူတည်တယ်။ လောလောဆယ် အိမ်သုံးအတွက်လောက်ကတော့ ASUS ရဲ့ P5GCMX ကို ကြိုက်တယ်။ တချို့ကလည်း MSI ကို ကြိုက်ကြတယ်။ လက်တွေ့စမ်းသပ်ချက်အရ MSI က ASUS ထက် နည်းနည်းပိုမြန်တယ်။ ပြီးတော့ ASUS လောက်တော့ ဈေးမများဘူး။ ဒါပေမဲ့ ASUS က service ပိုင်းမှာ သာတယ်။ တော်ရုံတန်ရုံ ဖြစ်တာလောက်တော့ ပြည်တွင်းမှာတင်ပဲ ရအောင်ပြင်ပေးနိုင်တယ်။

wathan: Assess Point တွေ ပွားခြင်တာပါ.. ပြီးရင် User Password တွေနဲ့ User တွေရဲ့အသုံးပြုမှု Time တွေကို Charges တွက်ချင်တာပါ.. ကူညီပါဦးနော်..
အဖြေ။ ။ AP ပွားချင်တာ။ အဲ..ဟိုဒင်း နည်းနည်းလေးပါလာပြီ။ လုပ်လို့ရပါတယ်။ မေးလ်နဲ့ ပို့လိုက်ပါ့မယ်။ ရောက်မလာရင်လည်း လှမ်းသတိပေးဦး။ ကျွန်တော်က မေ့တတ်တယ်။ Time တွေကို Charges တွက်ချင်တာဆိုတော့ ခင်ဗျားက Net Cafe ဖွင့်ထားတာလား။ Cafezee, Handy Cafe, CyberCafe Pro အဲဒီဟာတွေ သုံးကြည့်လေ။

နတ်သျှင်နောင်: ကျွန်တော့်computer မှာ network မှတဆင့်ထိန်းချုပ်ခြင်းကိုစမ်းကြည့်ပါတယ်...Run ထဲကနေ tasklist နဲ့ computer name ထဲ့ပြီးခေါလိုက်တာနဲ့ ခဏပဲပေါပြီးပျောက်သွားပါတယ်...ဘာမှဆက်လုပ်လို့မရတော့်ပါဘူး
အဖြေ။ ။ tasklist နဲ့ မဆိုင်ပါဘူး။ အဓိကက command prompt ကို run မရတာ။ ဗိုင်းရပ်စ်က လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ရှင်းပစ်လိုက်လေ။

aungpainglin: အစ်ကို့ဆီကနေ Babylone Eng-Myan Dic: ယူပြီး တင်ထားတာ Expire ဖြစ်သွားပြီ။ ထပ်တင်လို့လည်းမရဘူး။ ဘယ်လို လုပ်ရမလဲ။ ကူညီပါဦး။
အဖြေ။ ။ ဒီ blog မှာ Crack ဖိုင် ပေးထားပါတယ်။ သေချာ ရှာကြည့်လိုက်ပါဦး။


1 comment:

  1. ကျမတွင်MPT(KOREA}ADSLလိုင်းနဲ့အသုံးပြုနေတာ1YEARနီးပါးရှိတော့မယ်။
    ဒါပေမယ့်မကြာမီငှါးထားတဲ့ဖုန်းလိုင်းကပြည့်တော့မယ်ဆိုတော့
    နောက်ဖုန်းတလိုင်းထပ်ပြောင်းရင်ဘယ်ကိုဆက်သွယ်ရမလဲရှင့်။
    ပုဂံနက်ဆိုမာလာဆောင်ရှေ့ကရုံးကိုဆက်သွယ်လိုက်လို့ရတယ်ရှင့်။
    အခုဆိုတော့ဘယ်ကိုဆက်သွယ်ရမလဲမသိတော့ဘူး။
    အကြံညဏ်တွေပေးပါအုံး။ကျေးဇူးတင်လေးစားလျက်။။။။။။

    ReplyDelete