July 16, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၇)

chitloonthu: အစ်ကို..ရေ.အင်တာနက်ဆိုင်တစ်ဆိုင်သွားတာ folder တွေ အရောင်ပြောင်းနေတာတွေ့ရပါတယ်။ ဘယ်လိုလုပ်ပါသလဲ
အဖြေ။ ။ ဆော့ဖ်ဝဲနဲ့ပဲ လုပ်တာပေါ့ဗျာ။ Folder Marker ဆိုတာရှိတယ်။ ဒေါင်းလုပ်လင့်ခ်ကတော့ http://www.foldermarker.com/FolderMarker_Free.exe

thar soe: how do i type the myr font in c-box..how do i pass the proxy..
အဖြေ။ ။ ခင်ဗျားစက်မှာ Alpha Zawgyi ရှိမှရပါမယ်။ www.zawgyi.org မှာရှိပါတယ်။ အဲဒါကို သွင်းပြီးရင် Ctrl+Shift တစ်လှည့်စီနှိပ်ပြီး အင်္ဂလိပ်၊မြန်မာ တစ်လှည့်စီပြောင်းနိုင်ပါတယ်။ Proxy အကြောင်းကိုတော့ အီးမေးလ်နဲ့ပို့လိုက်ပါ့တယ်။

tarnaw0:ံHi brother, I downloaded HP Disk Storage Format Tool and format my usb, i see error that device media is write-protected. What should i do brother? please advice again. Thanks.
အဖြေ။ ။ ခင်ဗျား USB မှာပါတဲ့ Hold ဆိုတဲ့ slide ခလုတ်ကလေးကို On ထားလို့ပါ။ တခြားဘက်ကို ရွှေ့လိုက်ပါ။

ကိုစည်သူ: webmail hack software fullversion ကို ဘယ်မှာ download လုပ်ရင်ရနိုင်ပါလဲခင်ဗျာ
အဖြေ။ ။ ကျွန်တော်ကတော့ အားမပေးချင်ဘူးဗျာ။

heinandar: gtalk ၀င်ရတာ သိပ်ကြာတဘဲ တစ်ခါတစ်ခါ 45 မိနစ်လောက်ကြာတယ်။ ဆိုင်မှာသုံးတာပါ။ယူဇာတွေကို ဘယ်လိုလုပ်ပေးရမှန်းကို မသိတော့ဘူး။ ဆာဗာက 2003 ပါ။ ကလိုင်းယန့်တွေက ဆားဗစ်ပက်2 အိစ်ပီပါ
အဖြေ။ ။ Gtalk version အသစ် ပြန်တင်ကြည့်ပါလား။ Server စက်မှာ Server Role က ဘာတွေတင်ထားလဲ ပြန်ပြောပေးပါဦး။

samelann: myanmarblogdirectory မှာလဲဘယ်လို ကြော်ငြာရမလဲဗျ
အဖြေ။ ။ Comment ထဲမှာ ခင်ဗျားလိပ်စာလေး ရိုက်ထည့်ပေးလိုက်ရုံပါပဲ။

samelann: ဘလော့ကို google reader နဲ့ ဖတ်လို့ရအောင်လဲဘယ်လိုလုပ်ရမလဲဗျ
အဖြေ။ ။ ဒီဘလော့ခ်မှာ ရေးထားပါတယ်။ သေချာပြန်ရှာကြည့်ပါဦး။

samelann: brother ကျွန်တော်ဘလော့တခုလုပ်နေပါတယ်.cbox ကို register လုပ်ပြီးသွားပါပြီ but ဘလော့မှာဘယ်လိုထည့်ရမလဲဗျ..
အဖြေ။ ။ Cbox ကထုတ်ပေးတဲ့ code ကို copy ကူးပါ။ ပြီးရင် blogger.com ကိုသွားပြီး Login လုပ်ပါ။ Dashboard မှာ Manage Template ဆိုတာပါပါတယ်။ အဲဒါကိုနှိပ်ပြီး Cbox ကပေးတဲ့ code တွေကို paste လုပ်လိုက်ပါ။

komin: ကျွန်တော့်စက်မှာ registry ကို ပြင်လို့မရဘူဖြစ်နေတယ်။ registry edtion has been disable by administratior လို့ပြနေတယ် ..regedit ခေါ်လိုက်တိုင်းစက်က restart ဖြစ်သွားတယ်..ဘယ်လိုရှင်းရမလဲဆိုတာ ကျေးဇူပြုပြီး
အဖြေ။ ။ Ultimate Washer ဆိုတဲ့ program လေးရှိပါတယ်။ ကျွန်တော်သုံးနေကျပါ။ ဒီမှာနှိပ်ပြီး download လုပ်ပါ။ Install လုပ်စရာတောင်မလိုဘူး။ ဒီအတိုင်းလေးနှိပ်ဖွင့်လိုက်ပါ။ အဲဒီမှာ Registry ဆိုတဲ့ tab ကိုနှိပ်ပြီး Repair Registy ဆိုတဲ့ buttton လေးကို နှိပ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။

it search: စက်က Adobe Acrobat 7 Professional တင်ထားတာ clamwin-0.93.1-setup.exe ကို Download လုပ်ပြီးတဲ့နောက်ပိုင်း Software တော်တော်များများ acrobat.exe တွေပြောင်းပြီးတော့ Software တွေ Run လို့မရတော့ဘူး။ System restore point လည်းမရတော့ဘူး။ Acrobat ကို uninstall လုပ်တော့မှပြန်သုံးလို့ရတယ်။ Acrobat ကိုပြန်တင်ရင် ခုနလိုပဲပြန်ဖြစ်သွားတာပဲ။ ဘယ်လိုလုပ်ရမလည်းမသိဘူး။ ခုတော့ Acrobat ကို ဖြုတ်ထားပြီးသုံးနေရတယ်။
အဖြေ။ ။ Acrobat ရဲ့ keygen မှာ ဗိုင်းရပ်စ် ပါနေတယ်ထင်တယ်။ တခြား Acrobat ခွေဝယ်ပြီး တင်လိုက်ပါ။ ကောင်းသွားပါလိမ့်မယ်။

Nyi Nyi: ကိုသူရိန်ရဲ့ itmen.myanmarbloggers.org ကို google reader နှင့် link လုပ်လို့ မရဘူးဖြစ်နေတယ်.. အခြား site ကြတော့ရတယ်..ကူညီပါအုန်း... အမြဲလေးစားအားကျလျှက်...
အဖြေ။ ။ itmen.blogspot.com နဲ့ link လုပ်မှ ရမှာဗျ။

No comments:

Post a Comment