July 14, 2008

Network Load Balancing

Network Load Balancing မိတ်ဆတ်

 

NLB service ဟာ Web Server, Firewall Server, Proxy Server စသည်တွေမှာသုံးတဲ့ Internet Server Application တွေကို အချိန်တိုင်းခေါ်ယူသုံးစွဲနိုင်အောင် (server down သည့်အချိန်နည်းပါးအောင်) နဲ့ cluster (server များကို အုပ်စုဖွဲ့ထားခြင်း) တစ်ခုဟာ performance နှေးနေပါက နောက်ထပ် system များ အလွယ်တကူ ထပ်တိုးနိုင်အောင် စသည်တို့ကို ပိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ Windows Server တင်ထားတဲ့ ကွန်ပျူတာတစ်လုံးဟာ စွမ်းဆောင်ရည်အပိုင်းမှာရော၊ စိတ်ချရမှုမှာပါ အကန့်အသတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ Windows Server တင်ထားတဲ့ ကွန်ပျူတာနှစ်လုံး၊ သုံးလုံးလောက်ကို cluster တစ်ခုအနေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် NLB ဟာ အဲဒီ server တွေ အချင်းချင်းအတွက် performance တွေ reliability တွေကို ညီအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဥပမာ Web Server၊ FTP Server၊ Telnet Server သုံးလုံးကိုစုထားတဲ့ cluster တစ်ခုမှာဆိုရင် NLB ဟာ ၀င်လာတဲ့ client request မှန်သမျှကို အဲဒီ cluster အတွင်းမှာရှိတဲ့ host (Network အတွင်းရှိသော IP ပါသည့် device မှန်သမျှ) တွေအကုန်လုံးဆီ ဖြန့်ဝေပေးပါတယ်။ ဒါမှမဟုတ်လည်း NLB ကိုသုံးပြီး traffic တွေမှန်သမျှကို host တစ်ခုတည်းဆီသွားအောင်လည်း လုပ်လို့ရပါသေးတယ်။

ပြီးတော့ NLB ဟာ cluster အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေအကုန်လုံးကို cluster IP address သုံးပြီး address တပ်လို့ရပါသေးတယ်။ (မူရင်း IP ကို မထိခိုက်စေပါဘူး)

ကိုယ့် Network မှာ NLB ကိုလည်း သုံးထားမယ်၊ run နေတာကလည်း Load-Balanced application ဖြစ်မယ်ဆိုရင် အဲဒီ application တင်ထားတဲ့ ကွန်ပျူတာ down သွားတောင်မှ NLB က တခြား အလုပ်လုပ်နေသေးတဲ့ ကွန်ပျူတာဆီကို အဲဒီကွန်ပျူတာဆီရောက်လာတဲ့ load တွေကို လွှဲပေးမှာပါ။ မူလကွန်ပျူတာ ပြန်ကောင်းသွားရင်တော့ load တွေကို share ပြန်ယူလို့ရပါတယ်။

2 comments:

  1. ကျေးဇူးတင်ပါတယ်ဗျာ။ ဗဟုသုတလည်း တိုးပါတယ်။ အဆင်ပြေနိုင်မယ်ဆိုရင် configuration ချပုံလေးလည်း သိချင်ပါတယ်ဗျာ။

    ReplyDelete
  2. မြန်မာလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete