August 21, 2008

Flash Drive နဲ့ Virus အကြောင်းကျွန်တော့်အမြင်ပါ။

ကျွန်တော်dna30xရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးနည်းနည်းလောက်ဆွေးနွေးပါရစေ။ ကျွန်တော့်အမြင်ပြောရရင် stroageDevicePolicies မှာ writeProtect လုပ်ထားရင် ကိုယ့်စက်ရဲ့  registry မှာဘဲပြင်ထားတာဆိုတော့ ကိုယ့်ရဲ့ ကွန်ပြူတာမှာဘဲ writeProtect ဖြစ်မှာပါ။ တစ်ခြားစက်တွေမှာကိုယ့် flashDrive သွားတပ်ရင် write လုပ်လို့ရနေဦးမှာပါ။အဲဒီတော့ ကိုယ့်စက်မှာပြန်တပ်တဲ့အခါ virus က run နိုင်ပါသေးတယ်။ ပြီးတော့ file တွေကို encrypt လုပ်တာပါ။ ကျွန်တော်သိသလောက်ပြောရရင် virus တွေက file တွေမှာ append မလုပ်ပါဘူး။ သူ့ file နဲ့သူပါ။ အဲဒီတော့ file တွေကို encrypt လုပ်ထားလဲ flashDrive ထဲမှာနေရာလွတ်ရှိသရွေ့ virus က၀င်နိုင်ပါသေးတယ်။virus တွေက autorun.inf ဆိုတဲ့ file ကို flashDrive ထဲမှာ ထည့်ပြီး virus file ကို run ခိုင်းတာပါ။ window ရဲ့ autorun feature ကိုပိတ်ထားရင်တောင် double click နဲ့ ဖွင့်ရင် autorun.inf ကအလုပ်လုပ်ပါသေးတယ်။ RightClick>Explore ကလည်း virus ရေးတဲ့လူအားလုံးလိုလို က သူတို့ file run ဖို့ autorun.inf မှာ ထည့်ရေးထားပြီးသားပါ။ flashDrive ကို FolderView ဒါမှမဟုတ် AdressBar မှာ driveLetter နဲ့ ဖွင့်ရင်တော့ autorun.inf ကအလုပ်မလုပ်နိုင်ပါဘူး။ အဲလိုဖွင့်ပြီး ကိုယ့် flashDrive မှာ autorun.inf ရှိမရှိ စစ်ကြည့်တာပိုကောင်းပါတယ်။ autorun.inf ကို system file အဖြစ်နဲ့ hide လုပ်ထားလေ့ရှိပါတယ်။ adressBar မှာ X:\autorun.inf(X = ur flashDrive's letter) လို့ရိုက်ပြီး ဖွင့်ကြည့်တာတော့ အမြန်ဆုံး ပါဘဲ။ ကိုယ့်ဟာကိုယ်ထည့်ထားတာ မဟုတ်ဘဲနဲ့ autorun.inf က defult text editor တစ်ခုခုနဲ့ ပွင့်လာရင်တော့ သေချာပါတယ် virus ၀င်နေလို့ပါ။ autorun.inf file ထဲက "open=" ဆိုတဲ့နောက်မှာ executable file name တစ်ခုပါ ပါလိမ့်မယ်။ အဲဒီ file နဲ့ autorun.inf ကို flashDrive ထဲကဖျက်ပစ် လိုက်ရင် ရပါတယ်။


No comments:

Post a Comment