September 6, 2008

Disable virus scan for firefox 3

Firefox 3 ရဲ့ သွင်ပြင်သစ် တစ်ခုက ဒေါင်းလုဒ် ပြီးသွားရင် ဗိုင်းရပ်စ် စစ်ပေးပါတယ်။ ကိုယ့်မှာ အန်တီဗိုင်းရပ်စ် ပရိုဂရမ် ကောင်းကောင်းရှိရင် ဒီအဆင့်ကို ဖြုတ်ထားနိုင်ပါတယ်။ စက္ကန့် ပိုင်းလောက်သာ ဆိုပေမယ့် မလိုအပ်ဘဲ အကြိမ်များစွာ မစောင့်ရအောင် ဖြုတ်ထားလည်း ပြသနာ မရှိပါဘူး။

Firefox ရဲ့ address bar မှာ about:config ကိုရိုက်ပါ။ သတိပေးချက် ပေါ်လာရင် ဆက်နှိပ်တာပေါ့။

Filter bar မှာ " scanWhenDone " ကိုရိုက်ပြီး " browser.download.manager.scanWhenDone " ကိုရှာလိုက်ပါမယ်။

Preference Name မှ " browser.download.manager.scanWhenDone " ရဲ့ value ကို double click ဖြင့် false သို့ ပြောင်းပေးခြင်းဖြင့် auto scan ကို ဖယ်ထုတ်နိုင်ပါတယ်။ Restart ပြန်လုပ်စရာ မလိုဘဲ ဒေါင်းလုဒ် ပြီးသွားတိုင်း scan လုပ်ခြင်းအဆင့် ပျောက်ကွယ် နေပါလိမ့်မယ်။

No comments:

Post a Comment