GC (google chrome) က မပြည့်စုံသေးတော့ FF(firefox) ဘဲ သုံးနေရတာပေါ့။ FF ကို proxy နဲ့ သုံးရင်း မကျော် မခွရတဲ့ လင့်တွေကို rightclick လေးနဲ့ GC ကဖွင့်သွားရင် တော်တော် အလုပ်ရှုတ် သက်သာသွားတယ်။

Open-in-google-chrome.xpi ကို ဒေါင်းလုဒ် လုပ်ပြီး FF မှာ ဖွင့်လိုက်ပါ။ ဒါဆို addon install လုပ်သွားပါမယ်။
FF restart လုပ်ပြီး tools \addons \open in google chrome \options ကို အဆင့်ဆင့် သွားလိုက်ပါ။

Google Chrome Options Windows မှာ C:\Documents and Settings\Administrator\Local Settings\Application Data\Google\Chrome\Application\chrome.exe (for xp) or C:\Users\Administrator\AppData\Local\Google\Chrome\Application\chrome.exe (for vista) ကို copy/paste ဖြည့်ပြီး ရင် ရပါပြီ။ Administrator နေရာ မိမိ အကောင့် ပြောင်းပေးလိုက်ပါ။ Manual Browse လုပ်ရင်တော့ show hidden files and folders ကို folder options မှာ ရွေးထားပေးပါ။ Folder options က ဗိုင်းရပ်စ် နှိပ်စက်လို့ လူတိုင်းလောက် သိမှာပါ :-)

No comments:
Post a Comment