October 23, 2008

Fix this device cannot start ?

This Device Cannot Start ဆိုတဲ့ Error ကတော့ Windows XP မှာ USB Device ကိုထိုးလိုက် တိုင်းပေါ်နေတာ။ပိုင်ရှင်ကတော့ကြည့်ပေးပါ ပြင်လို့မရရင်တော့ အသစ်ပဲဝယ်လိုက်ပါ့ မယ်လို့ပြော တော့ကျွန် တော်ကလည်းရောင်း ချင်နေတာနဲ့အတော်ပဲ အင်းဒါပေမဲ့ ကြည့်လိုက်ပါအုံးမယ်။ခက်တာက နောက်စက် တစ်လုံးမှာထိုးကြည့်ရအောင်လည်း outdoor ဖြစ်နေတော့ ဒီစက်ကလွဲလို့တစ်ခြား စက်မရှိတော့ ဘူး။အကြမ်း ဖျင်းကတော့ Device Error ပဲဖြစ် လိမ့်မယ်လို့ စဉ်းစားပြီးသား ကဲစာဖတ်သူ ဘယ်ကိုပြေးမလဲ Windows Key+R ကိုတွဲနှိပ် (open run box) ကိုဖွင့် တာ ဘောက်ထဲမှာ Devmgmt.msc ရိုက် enter ခေါက်ပါ။ အောက်ဆုံးနားကUniversal Serial Bus Controller Section ကို Expand လုပ်ပါ။ Universal Serial Bus Controller Node အောက်က Device တိုင်းမှာ Right Click နှိပ် Uninstall ကို တစ်ကြိမ်စီရွေးချယ်ပါ။ ဆယ်ခုတွေ့လျှင် ဆယ်ခါလုပ်ရန်လိုပါသည်။Usb Controller များကို စက်မှ ပြန်လည် အသိပြုရန် စက်ကို Restart လုပ်ပေးပါ။ စက်ပြန်တက်လာပြီး Ready အခြေအနေတွင် usb device ကိုပြန်လည် စမ်းထိုးကြည့်ရာတွင် usb device သည် နဂိုအခြေအနေအတိုင်း ပြန်လည် Read/Write လုပ်လို့ရ သွားပါသည်။

မှတ်ချက် ။ တခါတလေတွင် စက်နှင့် usb device ကိုချိတ်သော cable ကြောင့်လည်းဖြစ်နိုင်ပါသည်။ usb 2.0 cable သည် usb device 2.0 နှင့်သာ အဆင်ပြေပါသည်။ Usb 1.1 cable သည် usb device 1.1 နှင့်သာအဆင် ပြေသည်ကိုသတိပြုပါ။

နောက်တစ်ခုမှာ Device Manager ရှိ usb device ကို control လုပ်သော node ကို double click နှိပ်ပြီး Device Status တွင် ချိတ်ဆက်ထားသော device Working Properly or cannot start အခြေအနေကို ကြည့် ခြင်းဖြင့် Device ကောင်းမွန်စွာအလုပ်မလုပ်သိနိုင်ပါသည်။

ထို့အပြင် Usb Controller node ရှေ့တွင် အ၀ါရောင် Exclamation mark ပြပါကလည်း Device တွင် ပြဿနာ ရှိနိုင်သည်ကိုသိရှိနိုပါသည်။

ငြိမ်းချမ်းအေးမြကြပါစေ။


No comments:

Post a Comment