October 24, 2008

ReadyBoost

Windows Vista မှာ Ready Boost ဆိုတဲ့ Feature တစ်ခု ပါလာပါတယ်။ သူက USB Flash Device ကို သုံးပြီး ကွန်ပျူတာသုံးရတာ မြန်အောင် လုပ်ပေးပါတယ်။

Vista တင်ထားတဲ့ ကွန်ပျူတာမှာ Memory Stick တပ်လိုက်တာနဲ့ AutoPlay Dialog Box တက်လာပြီး Ready Boost ကိုသုံးမှာလားဆိုတဲ့ Option ပေါ်လာပါတယ်။ အဲဒါကို ရွေးလိုက်မယ်ဆိုရင် ကိုယ့် Memory Stick ရဲ့ Space ဘယ်လောက်ကို System အတွက် သုံးမယ်ဆိုတာကို သတ်မှတ်ပေးရပါတယ်။ ပြီးရင် OK နှိပ်လိုက်တာနဲ့ ကွန်ပျူတာသုံးရတာ သိသိသာသာမြန်လာတာကို သတိထားမိမှာပါ။


ဒါပေမဲ့ တခါတရံမှာ Memory Stick တပ်ပေမယ့်လည်း ReadyBoost မရတာမျိုးလည်း ရှိတတ်ပါတယ်။ တကယ်တော့ Memory Stick တွေထဲမှာပါတဲ့ Flash Memory တွေမှာ မြန်တဲ့ဟာရှိသလို နှေးတဲ့ဟာလည်း ရှိပါတယ်။ Vista က မြန်တဲ့ Flash Memory ပါတဲ့ Memory Stick တွေကိုပဲ ReadyBoost လုပ်ပေးနိုင်တာပါ။ ပြီးတော့ Memory Stick ရဲ့ Capacity ကလည်း စကားပြောပါတယ်။ ကိုယ့်ကွန်ပျူတာမှာ တပ်ထားတဲ့ RAM ရဲ့ သုံးဆ လိုအပ်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ 512 MB ရှိတဲ့ RAM တပ်ထားမယ်ဆိုရင် 1.5GB အနည်းဆုံးလွတ်နေတဲ့ Memory Stick တပ်မှ Ready Boost ရပါလိမ့်မယ်။

No comments:

Post a Comment