October 23, 2008

Set Priority for individual programs

တစ်ချိန်တည်းမှာ Programs နှစ်ခု သုံးခု ဖွင့်ပြီး အသုံးချခြင်းကို multitask ဟုသိနိုင်သည်။ အချို့အသုံးပြု နေကျ program များသည် horse power ကိုပိုမိုလိုအပ်နေနိုင်ပါသည်။ ဥပမာဆိုရလျှင် Adobe Photoshop Program သည် Microsoft word ထက် ပိုမိုကြာရှည်စွာ အသုံးပြုရန်လိုအပ်ပါက CPU (processor) ၏ Time ကို Adobe Photoshop Program အတွက်ပိုမိုခွဲဝေအသုံးပြုနိုင်ဖို့ရန် ပြုပြင်ဆောင်ရွက်နိုင်ပါသည်။ ဒီနေရာတွင်ရှင်းပြလိုသည် မှာ မည်သည့် program ကို ပုံမှန်ဦးစားပေး အမြင့်ဆုံဦးစားပေးရန် အဆုံအဖြတ်ပေးသည်မှာ သင့်၏ Operating System ကသာ ဆုံးဖြတ်ပေးပါသည်။ ချုပ်ရလျှင် သင့်စွဲစွဲမြဲမြဲအသုံးပြုနေကျ Program တစ်ခုကို ပိုမိုမြန်ဆန်မှုရှိစေ ရန် ( horse power) ပိုမိုရရှိစေရန်နှင့် CPU (processor)၏ Time ကို ပိုမိုရရှိစေရန်ဖြစ်ပါသည်။ လုပ်ဆောင်ပုံမှာ

1. Ctrl+Alt+Del ခလုတ်သုံးခုကိုတွဲနှိပ်ပြီး Task Manager ကိုဖွင့်ပါ။
2. Application Tab ကိုနှိပ်ပါ။ (မှတ်ချက် - အနည်းဆုံး Program နှစ်ခုကိုဖွင့်ထားရပါမည်။)
3. Task အောက်မှ သင်နှစ်သက်ရာProgram တစ်ခုကို right click နှိပ် Go to Process ကိုရွေးပါ။
4. Process Tab အောက်တွင် Selection ဖြစ်နေသော program ပေါ်တွင် right click နှိပ် ပါ။
5. Set Priority ကိုရွေးပါ။ ပြီးလျှင် High ကိုရွေးပါ။

မှတ်ချက် - waring box ပေါ်လာလျှင် yes ကိုရွေးပါ။

အောင်မြင်ပါစေ။

No comments:

Post a Comment