October 22, 2008

Snapshot Events

ကွန်ပျူတာစဖွင့် Windows တက်တာလည်း ထိုင်စောင့်၊ Desktop ကြီးပေါ်လာတော့ My Computer ကို ဖွင့်လိုက်တယ်။ ကျွန်တော့် ကွန်ပျူတာက Partition နှစ်ပိုင်းရှိတာ။ C: က Windows အတွက် D: က Data တွေအတွက်လေ။ Data (D:) ကို ဖွင့်လိုက်တယ်။ သီချင်းနားထောင်ဖို့ Songs ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ အဲဒီ Folder ထဲမှာ သီချင်းတွေကို Artist အလိုက် Subfolder လေးတွေ ခွဲထားတယ်။ Linkin Park Folder ကိုဖွင့်လိုက်တယ်။ ပြီးတော့ Live In Texas Folder ကို ထပ်ဖွင့်တယ်။ ပြီးတော့မှ Select All လုပ်ပြီး Enter ခေါက်လိုက်တယ်။ ဟော သီချင်းသံတွေ ထွက်လာပြီ။
D:\Songs\Linkin Park\Live In Texas

ပြီးတော့ မြန်မာဝတ္တုတစ်အုပ်လောက် ဖတ်ချင်လာတာနဲ့ ဒီအတိုင်း ဖွင့်လိုက်တယ်။
D:\Ebooks\Myanmar\Min Khite Soe San – Zero.pdf

စာအုပ်ဖတ်နေရင်း သူငယ်ချင်းတစ်ယောက်ရောက်လာတယ်။ Babylon Dictionary လိုချင်လို့တဲ့။ အဲဒါနဲ့ သူ့ Memory Stick ကို စက်မှာတပ်၊ ဗိုင်းရပ်စ်စစ်ပြီးတော့
D:\Softwares\Dictionary ကိုဖွင့်လိုက်တယ်။ အဲဒီမှာ ဒါတွေ ထွက်လာတယ်။
Babylon
Lingoes
Oxford
Cambridge

အဲဒီထဲကမှ Babylon Folder ကို Copy လုပ်ပြီး သူငယ်ချင်း Memory Stick ထဲမှာ Paste လုပ်လိုက်တယ်။
ကျွန်တော် အဲဒါတွေလုပ်နေတုန်း သူငယ်ချင်းက စာအုပ်စင်ကိုသွားပြီး ကမ္ဘာပြားပြီ စာအုပ်ကို လှန်လှောကြည့်နေတယ်။ ပြီးတော့မှ စာရေးဆရာက မြန်မာပြည်ကို ရောက်ဖူးဟန်မတူဘူး ဆိုပြီး သူ့ဟာသူ ပြောနေတယ်။

No comments:

Post a Comment