November 22, 2008

ဘယ်လိုဖြစ်တာလဲ ASUS ရယ်

ကျွန်တော်တို့စင်တာမှာ ASUS Board နဲ့ဆင်ထားတဲ့ စက်လေးလုံးရှိပါတယ်။ ဆင်ထားတာ ၈ လလောက်ပဲ ရှိပါသေးတယ်။ ၀ယ်တုန်းကလည်း သူတို့ပြောတဲ့ Sticker တွေဘာတွေ အပြည့်အစုံပါပါတယ်။ ပြီးတော့ စိတ်ချရတဲ့ ဆိုင်ကြီးတစ်ဆိုင်ကနေ ၀ယ်တာပါ။

ဘယ် Motherboard လည်းဆိုတော့ လူသုံးအများဆုံး ASUS P5GCMX Board နဲ့ ဆင်ထားတာပါ။ စင်တာမှာ Network ကို အဓိကသုံးပါတယ်။ Switch ကလည်း တစ်နေကုန် On ထားတယ်။ စက်တွေလည်း တစ်နေကုန် မနားရပါဘူး။ Network Card တွေ မသုံးပဲ Motherboard တွေမှာပါတဲ့ Built-in Port တွေနဲ့ Network ချိတ်ထားပါတယ်။

အဲဒီလိုချင်းအတူတူ တခြား Board တွေမှာ ဘာမှမဖြစ်ဘူး။ ASUS စက် လေးလုံးမှာ အခု နှစ်လုံးက Network Port တွေ ကြောင်သွားပါတယ်။ မီးလင်းတယ်။ ဒါပေမဲ့ လုံးဝ Connect လုပ်မရတော့ဘူး။ အဲဒါနဲ့ D-Link Card နှစ်ကဒ်ဝယ်ပြီး စိုက်လိုက်ရတယ်။ ကျန်တဲ့ နောက်နှစ်လုံးလည်း ဘယ်နေ့ Network Port ကြောင်မလဲမသိဘူး။

သူငယ်ချင်းတစ်ယောက်ရဲ့ Internet Café မှာလည်း အဲဒီ GCMX တွေချည်းပဲ သုံးထားတာတဲ့။ အခု သူလည်း စက်သုံးလုံး Network Port ကြောင်သွားတယ်ဆိုပြီး ဟိုနေ့က ဖုန်းဆက်ပြောတယ်။

ASUS Company ကြီးကိုပဲ GCMX က ဘယ်လိုဖြစ်တာလဲဆိုပြီး လှမ်းမေးလိုက်ချင်ပါတော့တယ်။

1 comment:

  1. ဟုတ်ပါတယ်။ ASUS Motherboard တွေက Network မကောင်းပါဘူး။ ASUS က Atheros Chipset ကို သုံးထားပါတယ်။ ASUS P5GCMX က MSI 865GVM3 (Realtek Chipset) ကို မယှဉ်နိုင်ပါဘူး။ Onboard ချင်းအတူတူ MSI က ပိုသာပါတယ်။

    ReplyDelete