January 14, 2009

Asus P5B Deluxe and Core2 Duo

တစ်နေ့က သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့စက်ကို အသစ်ဝယ်လာတဲ့ Core2Duo ပြောင်းတပ်လိုက်တာ ဖွင့်မရတော့လို့
ဘယ်လိုလုပ်ရမလဲလို့ မေးပါတယ်။ Monitor ပေါ်မှာတောင် ဘာမှမပေါ်ဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ငါလာခဲ့ပါမယ်ကွာဆိုပြီး
သွားကြည့်လိုက်ပါတယ်။

ရောက်တဲ့အခါမှာ စက်ကိုဖွင့်ကြည့်တယ်။ စက်ကဖွင့်တဲ့အချိန်မှာ ခဏလေးတက်လာလိုက်၊ ပြီးတော့ ကျသွားလိုက်နဲ့
ဖြစ်နေပါတယ်။ စက်တက်လာတယ်ဆိုတာကတောင် မော်နီတာမှာ ဘာမှမပေါ်ပါဘူး။ CPU Fan နဲ့ Power Supply Fan တွေ လည်လာလိုက်
ရပ်သွားလိုက် အဲဒီလိုဖြစ်တာပါ။ ကျွန်တော်လည်း စဉ်းစားတာပေါ့။ Power Supply ကများ Watt နည်းတာလားပေါ့။ Core2 Duo က Power
Usage များတာကိုး။ အဲဒါနဲ့ Power Supply ကို ဖြုတ်ပြီး Watt ကြည့်လိုက်ပါတယ်။ Watt က 350 W တဲ့။ အဲဒါနဲ့ နည်းလို့လားမသိဘူးဆိုပြီး
တခြားစက်မှာတပ်ထားတဲ့ 550 W Power Supply နဲ့ ပြောင်းတပ်ကြည့်ပါတယ်။ အဲဒါလည်း မရဘူး။ အင်း 550 W ကြီးတပ်ထားတာတောင်
ဖြစ်တာဆိုတော့ Power Supply ကတော့ မဖြစ်နိုင်တော့ဘူးဆိုပြီး တွက်လိုက်ပါတယ်။ Motherboard ကလားမသိဘူးဆိုပြီး တွက်ကြည့်မိတယ်။
အဲဒါနဲ့ အရင်က သုံးနေတဲ့ Pentium D Processor ကို ပြန်တပ်ကြည့်တယ်။ အဲဒီလိုကျတော့ အကောင်း။ ဖျတ်ခနဲ တက်လာတယ်။

ဒါဆိုသေချာပြီပေါ့။ Motherboard က Core2Duo Processor ကို မသိတာပဲ။ Motherboard က Asus P5B Deluxe ပါ။ Chipset က 965 လေ။
အဲဒါနဲ့ Manual ကြည့်ဦးမှပဲဆိုပြီး သူငယ်ချင်းကို Manual ရှိလားလို့ မေးလိုက်တယ်။ သူက မရှိတော့ဘူးဆိုတာနဲ့ အွန်လိုင်းပေါ်တက်ပြီး
P5B Deluxe ရဲ့ Manual ကို Download လုပ်ပြီး ဖတ်ကြည့်ပါတယ်။ Manual ထဲ ရေးထားတာကတော့ Core2 Quad ထိတောင် ရတယ်လို့
ရေးထားတာ။ ဟ အဲဒါဆိုဘာကြောင့် အခုလိုမသိသလဲဆိုပြီး စဉ်းစားကြည့်မိတယ်။

နောက်ဆုံးတော့ BIOS တစ်ခုပဲ ဖြစ်နိုင်စရာရှိတာပဲ ဆိုပြီးတွက်လိုက်တယ်။ BIOS ကို Upgrade လုပ်ကြည့်ရမှာပဲဆိုပြီး Asus Website ထဲဝင်ပြီး
P5B Deluxe ရဲ့ BIOS Update ကို ရှာကြည့်ပါတယ်။ အားပါး P5B Deluxe အတွက် release လုပ်ထားတဲ့ BIOS Update တွေက မနည်းဘူးဘဲ။
အဲဒါနဲ့ နောက်ဆုံး BIOS Update ကို down လိုက်တယ်။ ပြီးတော့ Motherboard ၀ယ်တုန်းကပါတဲ့ CD ခွေကိုဖွင့်ပြီး Asus Update Program
ကို စက်မှာ Install လုပ်လိုက်ပါတယ်။ အရင် Pentium D လေးကို သုံးရတာပေါ့နော်။ ပြီးတော့ အဲဒီ Program နဲ့ BIOS ကို Upgrade လုပ်လိုက်
ပါတယ်။ ပြီးတော့ shutdown လုပ်၊ Core2Duo လေး ပြန်တပ်။ ပြန်ဖွင့်လိုက်တဲ့အခါ ဖျတ်ခနဲ ပွင့်လာကြောင်းပါဗျာ။

မှတ်ချက်။ ။ BIOS ကို Upgrade ပြုလုပ်ခြင်းဟာ အခန့်မသင့်ရင် Motherboard ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခဏခဏ မလုပ်သင့်ပါ။
အခုလို မဖြစ်မနေအချိန်မှသာ လုပ်သင့်ပါတယ်။ ပြီးတော့ Upgrade လုပ်နေတဲ့အချိန်မှာ မီးမပျက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်ကတော့
လင်းရာမ နဲ့ ကွန်ပျူတာကိုချိတ်ပြီး လုပ်ပါတယ်။

3 comments:

  1. အစ်ကို အတွေ့အကြုံလေးတွေသိရတာ ဗဟုသုတ တိုးတဲ့အတွက် ကျေးဇူးပါ။အခုကျွန်တော်တွေ့ရတဲ့အခက်အခဲလေးကိုလည်း
    ဘယ်လိုလုပ်ရမလဲအကြံပေးပါဦး၊ ကျွန်တော် xp sp1 သုံးနေရာက sp 3 သုံးချင်လို့ cd၀ယ်ပြီးတင်လိုက်တယ်။ မလုပ်တတ်တော့ window က sp1 နဲ့sp3 နှစ်ခုဖြစ်နေတယ်။ sp3မှာ sp1 က software တွေ၊file တွေပါမလာဘူး၊ အဲဒါ sp3 တစ်ခုတည်းကို sp1 က software တွေပါလာအောင်ဘယ်လိုလုပ်ရမလဲအစ်ကို။ကျေးဇူးပြုပြီးရှင်းပြပေးပါ။
    myatminchit@gmail.com

    ReplyDelete
  2. လုပ်ကြည့် လိုက်မှ ပေါ်လာတဲ့ ကိုယ်တွေ့ အခက်အခဲ လေးတွေကို အခုလို မျှဝေတာ ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. SP3 မှာ SP1 က Software တွေ ပါမလာဘူးဆိုတာကို သိပ်မရှင်းပါ။ Windows ခွေတိုင်းမှာ တခြား Software တွေ ပါလေ့မရှိပါဘူး။ ငါ့ညီသုံးတဲ့ခွေက Customize လုပ်ထားတဲ့ခွေ ဖြစ်ဖို့များပါတယ်။
    အဲဒီလို ၀င်းဒိုးတင်ပြီးတာနဲ့ ဆော့ဖ်ဝဲတွေပါ ပါစေချင်ရင်တော့ nLite ကို သုံးပါ။

    ReplyDelete