January 16, 2009
Download Myanmar Ebooks
မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ ဒေါင်းလုပ်လုပ်ပြီးဖတ်ရှု့လို့ရနိုင်ပါပြီ။ အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၃၀၀ နီးပါးတင်ထားပြီး ဆက်လက်တင်နေဆဲဖြစ်ပါတယ်။ အားလုံးအသုံးပြုလွယ်ကူအောင် ၀ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီး စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။ Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သုတ ရသ ပညာပေး စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။ ၀ဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။ အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။ ဒီအီးမေလ်းလေးကိုလဲ သူငယ်ချင်းများသိအောင် forward လုပ်ပြီး ဖြစ်စေ google status တွင်တင်ပြီးဖြစ်စေ အကြောင်းကြားပေးစေလိုပါသည်။ ကျေးဇူးအများကြီးတင်ပါတယ်။
7 comments:
  1. Account ဖွင့်ပြီး Log In လုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားပါတယ် Accountလုံးဝ ဖွင့်လို့မရပါ။ The word you entered is wrong. လို့ ပြနေပါတယ်။ ကျေးဇူးပြု၍ ပြန်စစ်ပေးစေလိုပါတယ်။
    ReplyDelete
  2. ဟုတ်ပဗျာ
    အတူတူပဲ အပေါ်ကအကိုပြောတာနဲ့
    ကျနော်လဲရက်ဂျစ်စတာလုပ်လို့မရဘူးဗျ
    ကျနော့်သူငယ်ချင်းအကောင့်နဲ့ဝင်တော့လဲမရဘူးဗျာ
    ဘာဖြစ်တာလဲမသိဘူး
    ပြန်စစ်ပေးပါဗျာ
    ReplyDelete
  3. အတူတူပဲ အပေါ်ကအကိုပြောတာနဲ့
    ကျနော်လဲရက်ဂျစ်စတာလုပ်လို့မရဘူးဗျ
    ကျနော့်သူငယ်ချင်းအကောင့်နဲ့ဝင်တော့လဲမရဘူးဗျာ
    ဘာဖြစ်တာလဲမသိဘူး
    Wrong Security Code The word you entered is wrong. You have to type the above image (Burmese Word) as in English.
    ပြန်စစ်ပေးပါဗျာ
    ReplyDelete
  4. အားလုံးပြောသွားတဲ့အတိုင်းပါပဲ။
    အကောင့်ဖွင့်ပြီးတဲ့အခါ
    သင့်e-mail သို့ activation code ပို့ လိုက်မည်ပြောပြီး။ ရောက်မလာ။
    ဖွင့်စဉ်သုံးခဲ့သည့် e-mail ဖြင့်
    Invalid user တဲ့။
    သေချာပြန်လုပ်ပေးပါဦးခင်ဗျာ။
    ကျေးဇူးအများကြီး တင်ပါတယ်။
    သို့ မဟုတ် activation code ကို ဘယ်နှစ်ရက် စောင့်ဖို့  လိုပါသလဲ။
    လေးစားစွာဖြင့်
    ReplyDelete
  5. ကျွန်တော်ကတော့ account ဖွင့်လို့ရပါတယ်..........ဒါပေမယ့် အခုတစ်ပါတ်လောက်နေတော့..websiteကိုဝင်လို့ကိုမရတော့ဘူး...
    ဘာဖြစ်သွားတာလဲဗျာ.........စိတ်ပိန်တယ်...........ဂယ်ဘဲ....ဂယ်ဘဲ..
    ReplyDelete
  6. အဲဒီ Site က မကြာခဏ ဒေါင်းတတ်ပါတယ်။ ပြီးတော့ verification code နေရာမှာ သူပြပေးတဲ့ မြန်မာစာလုံးကို English လို ပြန်ရိုက်ပေးရမှာပါ။ Activation Email ကတော့ နှစ်ရက်လောက် စောင့်ရပါတယ်။
    ReplyDelete