March 5, 2009

Google ကြီး မြန်မာလိုဖြစ်တော့မယ်

Google Site ကို တခြားဘာသာတွေနဲ့ ဖော်ပြနိုင်ဖို့အတွက် Google က Google In Your Language ဆိုတဲ့ Services တစ်ခု ပေးထားပါတယ်။ Google Account ရှိသူတိုင်း အဲဒီ GIYL ကို သုံးနိုင်ပြီး သူတို့ release မလုပ်သေးတဲ့ language ကိုရွေးပြီး ကိုယ်ကိုယ်တိုင် Volunteer အနေနဲ့ သူတို့စကားလုံးတွေကို ဘာသာပြန် ပေးလို့ ရပါတယ်။

မြန်မာပြည်က volunteer များ ရဲ့ ကြိုးစားမှုကြောင့် အခုဆိုရင် Google ရဲ့ Main Search Site ဟာ 100% မြန်မာလို ဖြစ်သွားပါပြီ။ ဒါပေမဲ့ တခြားဟာတွေကျန်ပါသေးတယ်။ အောက်ကပုံလေးကို ကြည့်လိုက်ပါ။

Google In Burmese Language

လူတိုင်း ဘာသာဝင်ပြန်နေလို့ရတဲ့အတွက် Zawgyi သုံးထားတာ၊ Myanmar3 သုံးထားတာ စသည်ဖြင့် ရောထွေးနေပါတယ်။ တစ်ခုတည်းကိုပဲ သုံးပြီး ဘာသာပြန်ပေးကြရင် အဆင်ပြေမှာပါ။ အကုန်လုံး 100% ဖြစ်သွားရင်တော့ Google ကြီးကို မြန်မာလို မြင်ရတော့မှာပါ။

စာဖတ်သူလည်း အချိန်ရရင် ရသလို Volunteer လုပ်ပြီး Google ကြီး မြန်မာလိုဖြစ်အောင် ကူညီကြည့်ပါလား။
လိပ်စာက www.google.com/transconsole ဖြစ်ကြောင်းပါဗျား။

No comments:

Post a Comment