March 15, 2009

Mulitproxy

Multiproxy ဟာ proxy program လေးတစ်ခုပါပဲ။ အဲဒါလေးနဲ့ အင်တာနက်သုံးတာ ပိုမြန်အောင် လုပ်လို့ရတယ်လေ။ ကျွန်တော်တို့ အင်တာနက်သုံးတဲ့အခါ Proxy Server တစ်လုံးတည်းဆီကနေပဲ Web Content တွေကို လှမ်းယူနေရတာလေ။ Mutiproxy ကတော့ သူ့နာမည်လေးအတိုင်းပဲ Proxy Server အများကြီးဆီကနေ Web Content တွေကို သွားယူပေးပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ Proxy List အတိုင်း ဆွဲပေးပါတယ်။ သူက default ပေးထားတဲ့ proxy တွေ ပါပေမဲ့လည်း အများအားဖြင့် ကျွန်တော်တို့ရဲ့ Local Proxy တွေလောက်တော့ response မကောင်းတာ တွေ့ရပါတယ်။

MPT လိုင်းကို သုံးတဲ့သူတွေအတွက်တော့ Multiproxy က သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ MPT က public အတွက် Proxy Server တစ်လုံးတည်းပဲ ပေးထားလို့ပါ။ Bagan လိုင်းကတော့ Proxy Server တစ်လုံးထက်ပိုပေးထားပါတယ်။ Bagan ရဲ့ Proxy Server IP တွေကိုတော့ နောက်ရက်ကျ တင်ပေးထားပါတယ်။ စာဖတ်သူတွေထဲက Bagan Proxy Server တွေရဲ့ IP ကိုသိတဲ့သူတွေ ရှိရင်လည်း Comment လေး ပေးခဲ့ဖို့ တလေးတစား ဖိတ်ခေါ်ပါတယ်။

http://www.multiproxy.org/mproxy12.zip

No comments:

Post a Comment