April 30, 2009

How to Improve Hard Disk Performance

ကျွန်တော် ဟိုတစ်နေ့က ကွန်ပျူတာတစ်လုံးကို လိုက်ဝယ်ပြီး ဆင်ပေးခဲ့ရပါတယ်။ ၀ယ်တုန်းကတော့ စိတ်ကြိုက် ရွေးဝယ်ခဲ့တာပါပဲ။ ပစ္စည်းတွေကို တစ်ခုချင်းစီ ရွေးဝယ်တာပေါ့။ အဲဒီမှာ ဆိုင်ကို ကျွန်တော်က Hard disk ဘာ အမျိုးအစားတွေရှိသလဲ၊ ဘယ်လောက် GB တွေ ရှိလဲလို့မေးတော့ သူတို့က Seagate 160 GB တစ်မျိုးပဲ ရှိတာ လို့ ပြောပါတယ်။ ကဲ ယူပါ့မယ်လေဆိုပြီး ကွန်ပျူတာတစ်စုံစာလုံးအတွက် ငွေချေလိုက်တယ်။ တခြားပစ္စည်းတွေကို စစ်ဆေးကြည့်မိပေမဲ့ အဲဒီ့ Hard disk ကိုတော့ မကြည့်မိဘူး။

ပြဿနာက အဲဒီမှာ စတာပါပဲ။ စင်တာရောက်တော့ စက်ကလေး ဆင်မယ် လုပ်တော့ Hard disk က ခါတိုင်းလိုမဟုတ်ဘဲ တရုတ်စာတွေ ပါနေတယ်။ စိတ်ထဲမှာ နည်းနည်းတော့ ထင့်သွားတယ်။ ဒီဟာကြီးက တရုတ် ပြည်တွင်းသုံးကြီးပဲ ဖြစ်မှာ သေချာနေပြီလေ။ Export Quality ရှိမှာမဟုတ်ဘူး။

အဲဒါနဲ့ Windows တင်၊ Software တွေ တင်ပြီး သုံးကြည့်တယ်။ ဘာမှ မဖြစ်သေးဘူး။ Nero 8 ကို တင်ပြီး ခွေကူးကြည့်တော့မှ ခွေကူးတာဟာ အရမ်းနှေးတာကို သတိထားမိတယ်။ အောက်မှာ မြင်ရတဲ့အတိုင်းပဲ။

ခွေကူးတဲ့အချိန်မှာ ခွေမကူးခင် Hard Disk ထဲ Image ရိုက်ထည့်တဲ့အချိန်မှာ ကြာနေတာ။ အစပိုင်း ကျွန်တော် DVD Driver ကြောင့်လားလို့ ထင်မိတယ်။ ၀ယ်လာတဲ့ DVD Drive က Aopen အမျိုးအစားပါ။ တစ်ခါမှ မသုံးဖူးသေးဘူး။

ကျွန်တော့်စက်ကလေးကတော့ Asus DVD Writer တပ်ထားတယ်။ အဲဒါနဲ့ Sandra ကို သုံးပြီး Aopen DVD Writer ရဲ့ specification နဲ့ Asus DVD Writer ရဲ့ Specification ကို ယှဉ်ကြည့်တယ်။ သိပ်မကွာဘူး။ အဲဒီတော့ Drive ကြောင့် ဖြစ်တာမဟုတ်နိုင်ဘူးဆိုပြီး သုံးသပ်လိုက်တယ်။

နောက်ထပ် စဉ်းစားမိတာက Hard Disk။ သိတယ်မလား။ ပေါက်ဖော်ကြီးလေ။ စိတ်မချရဘူး။ ပြီးတော့ ကျွန်တော်က 160GB ကို Windows အတွက် 40GB တစ်ပိုင်း၊ Data အတွက် 120GB တစ်ပိုင်း စုစုပေါင်း partition ကို နှစ်ပိုင်း ပိုင်းထားတယ်။

ကဲ အဲဒီတော့ Hard Disk ရဲ့ Write Speed ကို စမ်းဖို့ လိုလာပြီ။ Nero Burning ROM ကို ဖွင့်လိုက်တယ်။ New Compilation Dialog box မှာ CD Copy ကို ရွေးလိုက်တယ်။ ပြီးတော့ Image tab ကို နှိပ်တယ်။ ပြီးတော့ Test Speed ကို နှိပ်လိုက်တယ်။ အဲဒီအခါ Partition တစ်ခုချင်းစီရဲ့ Write Speed တွေ ပေါ်လာပါတယ်။ ပုံမှာ ပြထားသလိုပေါ့။


သိထားစရာကောင်းတာက C: D: E: partition သုံးခုမှာ E: ဟာ အနှေးဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူက platter ရဲ့ အပြင်ဆုံးမှာ ရှိတာလေ။ အဲဒီတော့ hard disk က arm ကို ရွေ့နေရတာနဲ့ ကြာသွားတာနဲ့ တူပါတယ်။ အဲ..အဲ.. ဘေးရောက်ကုန်ပြီ။ ဒီလိုဗျာ အဲဒီလို စမ်းကြည့်တော့ စက်အသစ်လေးခဗျာ ကျွန်တော့် စက်အဟောင်းလေးကရဲ့ speed ကို မမှီဘူးခင်ဗျ။

ကျွန်တော် စဉ်းစားရပြီလေ။ ဘာကြောင့်လဲပေါ့။ ဘာဖြစ်လို့ Hard Disk ရဲ့ Speed က နှေးနေရတာလဲပေါ့။ ပထမဆုံး ကျွန်တော်တွေးမိတာက partition size က ကြီးလွန်းနေတယ်ဆိုတာကို တွေးမိတာ။ 120GB ကို တစ်ပိုင်း ပိုင်းထားတာ။ partition size ကြီးလွန်းတာဟာ performance ကို ထိခိုက်နိုင်သလားဆိုတာကို internet ထဲရှာကြည့်တော့ ထိခိုက်နိုင်တယ်ဆိုတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မယုံပါဘူး။ သူများပြောတိုင်း ယုံစရာလားလို့။

လက်တွေ့စမ်းကြည့်လိုက်တယ်။ 120GB Partition ကို 60GB နှစ်ပိုင်း ပိုင်းလိုက်တယ်။ ပြီးတော့ Nero Burning ROM နဲ့ Test Speed လုပ်လိုက်တယ်။ အားပါးပါး speed အတော်လေး တက်လာတာကို ၀မ်းသာအားရ တွေ့လိုက်ပါတယ်။ အင်တာနက်ထဲ ထပ်ရှာကြည့်တော့လည်း တွေ့ပါပြီ။ Partition များလေ Performance တက်လေတဲ့။ အနည်းဆုံး သုံးပိုင်းလောက်တော့ ရှိသင့်တယ်တဲ့။

ကျွန်တော် ဒီလောက်နဲ့ တင်းတိမ်မှုမရှိခဲ့ဘူးဗျ။ Hard Disk ကို ပိုပြီးတော့ မြန်ချင်သေးတယ်။ အဲဒါနဲ့ ထပ်ရှာပြန်ရော။ ဟော တွေ့ပြန်ပြီ။ Cluster size ပြောင်းပါတဲ့။ Cluster size ကို ခပ်ကြီးကြီး ထားလိုက်တာဟာ အကျိုးကျေးဇူးလည်း ရှိတယ်၊ တစ်ဘက်က ဆိုးကျိုးလည်း ရှိပါတယ်တဲ့။

ဘယ်လိုလည်းဆိုတော့
ဆိုပါစို့ Cluster size ကို 128 KBytes ထားမယ်ဆိုပါစို့။
အဲဒါဆို 1 MB ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါ 1MB(1024 KB) ကို 8 ပိုင်း ပိုင်းရမှာလေ။ (file size/cluster size=number of block) ပြဿနာမရှိသေးဘူး။ ကွက်တိဖြစ်တုန်းပဲ။

ကဲ တကယ်လို့များ 1.3 MB (1331.2 KB) ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါမှာတော့ တကယ်တမ်းယူရမှာက cluster အရေအတွက် 10.4 (1331.2/128=10.4) ပဲယူရမှာ ဖြစ်ပေမဲ့ cluster တွေဟာ ဖဲ့ယူလို့ မရတော့ cluter 11 ခုစာ နေရာယူပါလိမ့်မယ်။ 25.6 Kbytes ပုပ်သွားပါတယ်။
Kbytes လောက် နေရာပုပ်တာကို စာထဲထည့်ရေးတယ်လို့ မထင်ပါနဲ့ဦး။ ဖိုင်တွေအများကြီးနဲ့ဆို MBytes နဲ့ချီပြီးတော့ နေရာပုပ်နိုင်ပါတယ်။ ဒါတွေက cluster size ကြီးကြီးထားလို့ ရလာတဲ့ ဆိုးကျိုးပါ။

အကျိုးကျေးဇူးက ဘာလဲဆိုတော့
cluster size 4 Kbytes ရှိတဲ့ hard disk (A) နဲ့ 128 Kbytes ရှိတဲ့ Hard Disk (B) နှစ်လုံးကို ယှဉ်ကြည့်ရအောင်ဗျာ။
အဲဒီနှစ်လုံးမှာ 1 MB ရှိတဲ့ ဖိုင်ကို အတူတူသွားရေးမယ်ဆိုရင် A ဟာ အဲဒီဖိုင်လေးအတွက် block ပေါင်း 256 ခု ခွဲရပါမယ်။ B ကတော့ block 8 ခုပဲ ခွဲရမှာပါ။ block ခွဲရတဲ့အချိန်နည်းသွားတဲ့အတွက် B ဟာ A ထက် ပိုမြန်ပါလိမ့်မယ်။

အခုလောက်ဆို စာဖတ်သူရဲ့ Hard Disk ကို cluster size ပြောင်းဖို့ စဉ်းစားနေပြီလား။ နေဦးဗျ Windows ကပါတဲ့ Format ဟာ cluster size ကို အများဆုံး 4KB ထိပဲ ခွင့်ပြုပါတယ်။ အပေါ်က ပြောခဲ့သလို cluster size ကို 128 ထားချင်ရင်တော့ Paragon Partition Manager သို့မဟုတ် Acronis Disk Director အစရှိသည်တို့ကို သုံးစွဲနိုင်ပါကြောင်း........

No comments:

Post a Comment