May 24, 2009

Bit rate, Sample Rate, Codec

Audio CD ကနေ MP3 ပြောင်းတဲ့အခါပဲဖြစ်ဖြစ်၊ VCD ကနေ MP4 ပြောင်းတဲ့အခါပဲ ဖြစ်ဖြစ် sample rate တို့ bit rate တို့ codec တို့ဆိုတာက မမြင်ချင်မှ အဆုံးပါ။ အရင်တုန်းကတော့ အသေပဲ မှတ်ထားတယ်။ bit rate များရင် သီချင်းက ပိုနားထောင်ကောင်းတယ်။ ဒါပေမဲ့ ဖိုင်ဆိုက်ဒ်ကြီးတယ်ပေါ့။ sample rate ဆိုတာကျ ဘာမှန်းလဲမသိတော့ အဲဒီ value တွေကို သွားတောင် မထိဘူး။ အခုနောက်ပိုင်း Xilisoft Video Converter ကို တော်တော်လေး မွှေကြည့်ရင်းနဲ့ audio ဖိုင်တွေ video ဖိုင်တွေ converting လုပ်တဲ့အခါမှာ codec ကို သုံးတယ်ဆိုတာ သိလာပါတယ်။ အရင်တုန်းက avi ဖိုင်၊ dat ဖိုင်၊ wmv ဖိုင် စသည်ဖြင့် အဲဒီလိုတွေပဲ သိရာကနေ အခုတော့ avi ဖိုင်တောင်မှ အများကြီး ကွဲတယ်ဆိုတာ သိလာပါတယ်။ codec ကြောင့် ကွဲသွားတာပေါ့လေ။
ဟိုတစ်နေ့က MP4 Model အသစ်တစ်လုံးကို စမ်းသုံးကြည့်တဲ့အခါ သူက avi ဖိုင်တစ်မျိုးထဲပဲ လက်ခံတယ်။ အဲဒါနဲ့ စက်ထဲရှိတဲ့ avi ဖိုင်တစ်ဖိုင်ကို ကောက်ထည့်လိုက်တယ်။ ပြီးတော့ ဖွင့်ကြည့်တော့ ဖွင့်မရဘူး။ အဲဒါနဲ့ သူ့ထဲမှာပါပြီးသား sample video file ရဲ့ properties ကို ကြည့်လိုက်တော့ သူက xvid codec ကို သုံးထားတာကို သိရပါတယ်။ အဲဒါနဲ့ avi ဖိုင်ကိုမှ xvid codec သုံးပြီး convert လုပ်လိုက် အတော်လေး အဆင်ပြေသွားပါတယ်။
bit rate တွေ sample rate တွေဟာ ဘာလဲဆိုတာ သိချင်တော့ Wikipeida ထဲ ရှာကြည့်ပါတယ်။ သူ့ description တွေ ဖတ်ကြည့်လိုက်တာ ခေါင်းကို မူးသွားတာပါပဲ။ အဲဒါနဲ့ google မှာ ထပ်မွှေကြည့်တဲ့အခါ www.techterms.com က အတော်လေး ကောင်းတာကို တွေ့ခဲ့ပါတယ်။ ရှင်းပြတာလည်း တိုတယ်၊ နားလည်လွယ်တယ်ဗျာ။

No comments:

Post a Comment