May 27, 2009

How to Block Spam Mails

Spam တွေ ရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက်

(၁) Forum တွေ Website တွေပေါ်မှာ မိမိရဲ့ email လိပ်စာ ရိုက်ထည့်ခြင်းမျိုးကို ရှောင်ပါ။ မဖြစ်မနေဆိုပါက ဥပမာ kyawkyaw at gmail dot com ဟုသာ ရိုက်ပါ။ format အမှန်အတိုင်းသာ ရိုက်မယ်ဆိုရင်တော့ Google မှာ @gmail.com ဆိုပြီး ရိုက်ထည့် ရှာလိုက်တာနဲ့ ကိုယ့်လိပ်စာကြီးကို တန်းခနဲ တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။

(၂) ဖြစ်နိုင်ရင် အီးမေးလ်လိပ်စာကို နှစ်ခုသုံးပါ။ Website တွေမှာ Registration လုပ်ဖို့အတွက်တစ်ခုသုံး၊ personal အတွက် တစ်ခုသုံးပေါ့။ ကိုယ့်အီးမေးလ်လိပ်စာကို spammer တွေကို ရောင်းစားတဲ့ Site တွေ အင်တာနက်မှာ အများကြီး ရှိနေပါတယ်။ အီးမေးလ်လိပ်စာ တစ်ခုတည်းပဲ သုံးချင်ရင်တော့ Registration လုပ်တဲ့အခါမှာ gmail ရဲ့ plus addressing ကို သုံးပါ။ ဒါမှ Gmail ရဲ့ Filter နဲ့ ပိတ်ပစ်လို့ ရမှာကိုး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ Plus addressing ကို လက်မခံတဲ့ site တွေကို တွေ့လာပါတယ်။ ကျွန်တော်ကတော့ အဲဒီလို site ဆိုရင် ဘာပဲပေးပေး register မလုပ်တော့ပါ။

(၃) File sharing site တွေကို သုံးသူတွေ သတိထားပါ။ File sharing မှာ ပေးပို့တဲ့သူရဲ့ mail ကို တောင်းတဲ့အခါ မိမိရဲ့ personal mail လိပ်စာကို လုံးဝမပေးမိပါစေနဲ့။

(၄) Spam တော်တော်များများကို Gmail ကသိပေမဲ့ Invitation mail တွေကို Gmail က မတားတော့ပါ။ ကိုယ့်ရဲ့ Inbox ထဲသာ ရောက်လာပါလိမ့်မယ်။ ဥပမာ Tagged ရဲ့ invitation mail ကို လက်မခံချင်တော့ဘူးဆိုရင် အဲဒီမေးလ်ရဲ့ အောက်ဆုံးနားမှာ Unsubscribe သို့မဟုတ် block လုပ်တဲ့ link တွေပါပါတယ်။ အဲဒါတွေကို အသုံးချပြီး ကိုယ့်ဆီကို နောက်ထပ် invitation mail တွေ ရောက်လာတဲ့ရန်ကနေ ကာကွယ်ပါ။

(၅) Forward တွေကို ပြန် Forward လုပ်တဲ့သူတွေ သတိထားပါ။ Forward mail တစ်ခုကို ပြန် Forward လုပ်လိုက်တာနဲ့ ကိုယ့်မေးလ် လိပ်စာက အဲဒီ Forward စာရင်းအတွဲကြီးထဲမှာ ပါသွားပြီဆိုတာ သတိရပါ။ မယုံရင် Forward မေးလ်တစ်စောင်လောက်ကို ဖွင့်ကြည့်ပါ။ Show Details ကို နှိပ်လိုက်တာနဲ့ မေးလ်လိပ်စာတွေ တစ်သီကြီးကို တွေ့ရပါလိမ့်မယ်။ တကယ်လို့များ အဲဒီမေးလ်သာ Spammer တစ်ယောက်ဆီရောက်သွားရင်...ကဲ ဘယ်လိုလုပ်မလဲဗျာ။

No comments:

Post a Comment