May 5, 2009

Microsoft Word နှင့် registry ကို စောင့်ကြည့်ခြင်း

window registry ကို စောင့်ကြည့်နိုင်ဖို့ Third party software တွေ စမ်းသုံးရင်းနဲ့ တော်တော်ကြာခဲ့ပါပြီ။ ဖြစ်နေကြ ပြဿနာကတော့ စက်တိုင်း လိုက်တင်တင်နေရတာပါပဲ ခုတော့ microsoft word နဲ့အဆင်ပြေသွားပြီ။
word ဆိုတာက စက်တိုင်းလိုလို ရှိနေတယ် မဟုတ်လား။ ကဲလိုရင်းကိုစပြောတော့မယ်။ ပထမဆုံး Trace လိုက်ချင်တဲ့ regisity key ကိုမပြောင်းမီတခါ ပြောင်းပြီးတစ်ခါ export လုပ်ထားရမယ်။ ပြီးမှတိုက်ကြည့်မယ်လေ။ microsoft word က Tools Menu ထဲက Compare & Merge Document... နဲ့ပေါ့။

နမူနာအနေနဲ့ ကျွန်တော်စမ်းထားပုံလေး ပြောပြပါ့မယ်။
>ကျွန်တော်က gtalk မဖွင့်ခင်မှာ HKEY_CURRENT_USER\Software\Google ကို အရင် export လုပ်ထားလိုက်တယ် (1.reg)
>>နောက်တော့ gtalk ကိုဖွင့်လိုက်တယ် gtalk တတ်လာတဲ့အခါ HKEY_CURRENT_USER\Software\Google ကို နောက်တစ်ကြိမ် export လုပ်ထားလိုက်တယ် (2.reg)
>>>ပြီးတော့ 1.reg ကို microsoft word နဲ့ ဖွင့်လိုက်တယ် encode မှာသူ့အတိုင်း ok ပေးလိုက်တယ်
>>>> Tools > Compare & Merge Document... ကိုရွှေးပြီး 2.reg ရွှေးပေးလိုက်တယ်လေ ပြီးရော


have a nice day :)

No comments:

Post a Comment